< בראשית 35 >
ויאמר אלהים אל יעקב קום עלה בית אל ושב שם ועשה שם מזבח לאל הנראה אליך בברחך מפני עשו אחיך׃ | 1 |
၁ဘုရားသခင်ကယာကုပ်အား``ဗေသလအရပ် သို့ယခုသွား၍နေထိုင်လော့။ သင်၏အစ်ကို ဧသောရန်ကိုကြောက်၍ထွက်ပြေးနေရစဉ်က သင်ဖူးတွေ့ရသောငါဘုရားအတွက်ပူဇော် ရာယဇ်ပလ္လင်ကိုတည်လော့'' ဟုမိန့်တော်မူ ၏။
ויאמר יעקב אל ביתו ואל כל אשר עמו הסרו את אלהי הנכר אשר בתככם והטהרו והחליפו שמלתיכם׃ | 2 |
၂ယာကုပ်သည်မိမိ၏မိသားစုနှင့်မိမိထံတွင် နေထိုင်သူအပေါင်းတို့အား``သင်တို့၌ရှိသော အခြားဘုရားများကိုပစ်ပယ်ကြလော့။ ကိုယ် ကိုသန့်စင်စေ၍အဝတ်ကိုလဲလှယ်ဝတ်ဆင် ကြလော့။-
ונקומה ונעלה בית אל ואעשה שם מזבח לאל הענה אתי ביום צרתי ויהי עמדי בדרך אשר הלכתי׃ | 3 |
၃ငါတို့သည်ဤအရပ်မှဗေသလအရပ်သို့ သွားကြမည်။ ငါဒုက္ခရောက်စဉ်ကငါ့ကိုကယ်မ ၍ငါသွားလေရာရာခရီးလမ်းတွင် ငါနှင့် အတူရှိတော်မူသောဘုရားသခင်အားပူ ဇော်ရန်ထိုအရပ်၌ယဇ်ပလ္လင်တည်မည်'' ဟု ဆိုလေ၏။-
ויתנו אל יעקב את כל אלהי הנכר אשר בידם ואת הנזמים אשר באזניהם ויטמן אתם יעקב תחת האלה אשר עם שכם׃ | 4 |
၄ထို့ကြောင့်သူတို့တွင်ရှိသမျှသောအခြား ဘုရားများကိုလည်းကောင်း၊ သူတို့တွင်ဆင် ယင်ထားသောနားကပ်များကိုလည်းကောင်း ယာကုပ်ထံပေးအပ်ကြ၏။ ယာကုပ်သည်ထို ပစ္စည်းများကိုရှေခင်မြို့အနီးဝက်သစ်ချ ပင်ရင်း၌မြှုပ်ထားလေ၏။
ויסעו ויהי חתת אלהים על הערים אשר סביבתיהם ולא רדפו אחרי בני יעקב׃ | 5 |
၅ထိုနောက်သူတို့စခန်းသိမ်း၍ထွက်ခွာသွား ကြသောအခါ ပတ်ဝန်းကျင်ရှိမြို့သားတို့ သည်အလွန်ကြောက်ရွံ့ကြသဖြင့် သူတို့ကို လိုက်လံ၍မတိုက်ခိုက်ဝံ့ကြချေ။-
ויבא יעקב לוזה אשר בארץ כנען הוא בית אל הוא וכל העם אשר עמו׃ | 6 |
၆ယာကုပ်သည်မိမိ၏လူစုနှင့်အတူ ခါနာန် ပြည်ရှိဗေသလမြို့ဟုခေါ်တွင်သောလုဇ မြို့သို့ရောက်ရှိလာလေ၏။-
ויבן שם מזבח ויקרא למקום אל בית אל כי שם נגלו אליו האלהים בברחו מפני אחיו׃ | 7 |
၇ထိုအရပ်တွင်ယဇ်ပလ္လင်ကိုတည်၍သူ၏အစ်ကို ထံမှထွက်ပြေးနေရစဉ်က ဘုရားသခင်ကို ထိုအရပ်၌ဖူးတွေ့ခဲ့ရသောကြောင့်ဗေသလ ဟုခေါ်တွင်စေ၏။-
ותמת דברה מינקת רבקה ותקבר מתחת לבית אל תחת האלון ויקרא שמו אלון בכות׃ | 8 |
၈ရေဗက္က၏အထိန်းဒေဗောရကွယ်လွန်၍ ဗေသလ တောင်ဘက်ရှိဝက်သစ်ချပင်အောက်၌အလောင်း ကိုမြှုပ်လေသည်။ ထိုကြောင့်ထိုအပင်ကို``မျက်ရည် ယိုဝက်သစ်ချပင်'' ဟုနာမည်မှည့်လေ၏။
וירא אלהים אל יעקב עוד בבאו מפדן ארם ויברך אתו׃ | 9 |
၉ယာကုပ်သည်ပါဒနာရံပြည်မှပြန်လည် ရောက်ရှိသောအခါ ဘုရားသခင်ကိုရူပါရုံ တွင်တစ်ဖန်မြင်ရလေ၏။ ဘုရားသခင်သည် သူ့အားကောင်းချီးပေးလျက်၊-
ויאמר לו אלהים שמך יעקב לא יקרא שמך עוד יעקב כי אם ישראל יהיה שמך ויקרא את שמו ישראל׃ | 10 |
၁၀``သင်၏နာမည်သည်ယာကုပ်ဖြစ်၏။ သို့ရာတွင် ယခုမှစ၍သင်၏နာမည်ကိုဣသရေလဟူ၍ ခေါ်ရမည်'' ဟုမိန့်တော်မူ၏။ သို့ဖြစ်၍ဘုရားသခင်သည်ယာကုပ်အားဣသရေလနာမည် ဖြင့်သမုတ်တော်မူ၏။-
ויאמר לו אלהים אני אל שדי פרה ורבה גוי וקהל גוים יהיה ממך ומלכים מחלציך יצאו׃ | 11 |
၁၁တစ်ဖန်ဘုရားသခင်ကသူ့အား``ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။ သား သမီးများစွာမွေးဖွားလော့။ လူအမျိုးမျိုး တို့သည်သင်မှဆင်းသက်ကြလိမ့်မည်။ သင် ၏အမျိုးအနွယ်မှဘုရင်များပေါ်ထွန်း လိမ့်မည်။-
ואת הארץ אשר נתתי לאברהם וליצחק לך אתננה ולזרעך אחריך אתן את הארץ׃ | 12 |
၁၂ငါသည်အာဗြဟံနှင့်ဣဇာက်တို့အားပေး သောပြည်ကိုသင့်အားလည်းကောင်း၊ သင်၏ အဆက်အနွယ်တို့အားလည်းကောင်းငါ ပေးမည်'' ဟုမိန့်တော်မူ၏။-
ויעל מעליו אלהים במקום אשר דבר אתו׃ | 13 |
၁၃ထို့နောက်ဘုရားသခင်သည်သူ့ထံမှကြွ သွားတော်မူ၏။-
ויצב יעקב מצבה במקום אשר דבר אתו מצבת אבן ויסך עליה נסך ויצק עליה שמן׃ | 14 |
၁၄ယာကုပ်သည်ဘုရားသခင်ကသူ့အားမိန့်ကြား တော်မူသောအရပ်တွင်မှတ်တိုင်ကိုစိုက်ထူ၍ ၎င်းအပေါ်တွင်စပျစ်ရည်နှင့်ဆီလောင်းလျက် ဆက်ကပ်လေ၏။-
ויקרא יעקב את שם המקום אשר דבר אתו שם אלהים בית אל׃ | 15 |
၁၅သူသည်ထိုအရပ်ကိုဗေသလဟုနာမည်မှည့် ခေါ်လေသည်။
ויסעו מבית אל ויהי עוד כברת הארץ לבוא אפרתה ותלד רחל ותקש בלדתה׃ | 16 |
၁၆ယာကုပ်နှင့်သူ၏မိသားစုတို့သည်ဗေသလ အရပ်မှခရီးထွက်ခဲ့ကြရာ ဧဖရတ်မြို့သို့ မရောက်မီခရီးအတန်ကွာနေရာသို့ရောက် သော်ရာခေလသည်မီးဖွားရန်အချိန်စေ့၍ ဝေဒနာပြင်းပြစွာခံရလေ၏။-
ויהי בהקשתה בלדתה ותאמר לה המילדת אל תיראי כי גם זה לך בן׃ | 17 |
၁၇သူသည်သားကိုဖွားချိန်၌ဝေဒနာအပြင်း ဆုံးခံရ၏။ ထိုအခါဝမ်းဆွဲကသူ့ကို``ရာခေလ၊ မစိုးရိမ်နှင့်။ သားတစ်ယောက်ထပ်၍ရပြီ'' ဟု ပြောလေ၏။-
ויהי בצאת נפשה כי מתה ותקרא שמו בן אוני ואביו קרא לו בנימין׃ | 18 |
၁၈သို့ရာတွင်သူသည်သေအံ့ဆဲဆဲအချိန်တွင် ထိုသားကိုဗေနောနိဟူ၍နာမည်မှည့်လေ သည်။ ဖခင်ကမူထိုသားကိုဗင်္ယာမိန်ဟုနာ မည်မှည့်လေ၏။
ותמת רחל ותקבר בדרך אפרתה הוא בית לחם׃ | 19 |
၁၉ရာခေလကွယ်လွန်သော်ဗက်လင်မြို့ဟုခေါ် တွင်သော ဧဖရတ်မြို့သို့သွားရာလမ်းအနီး တွင်သူ့အလောင်းကိုသင်္ဂြိုဟ်ကြလေ၏။-
ויצב יעקב מצבה על קברתה הוא מצבת קברת רחל עד היום׃ | 20 |
၂၀ယာကုပ်သည်သင်္ချိုင်းပေါ်တွင်မှတ်တိုင်ကိုစိုက် ထူခဲ့ရာ ယနေ့ထက်တိုင်ထိုမှတ်တိုင်ကိုရာ ခေလ၏သင်္ချိုင်းမှတ်တိုင်ဟုခေါ်တွင်လေသည်။-
ויסע ישראל ויט אהלה מהלאה למגדל עדר׃ | 21 |
၂၁ထိုနောက်ယာကုပ်သည်ခရီးဆက်ခဲ့၍ဧဒါ လင့်စင်အလွန်၌စခန်းချလေသည်။
ויהי בשכן ישראל בארץ ההוא וילך ראובן וישכב את בלהה פילגש אביו וישמע ישראל ויהיו בני יעקב שנים עשר׃ | 22 |
၂၂ယာကုပ်သည်ထိုအရပ်တွင်နေထိုင်စဉ်ရုဗင် သည် ဖခင်၏မယားငယ်ဗိလဟာနှင့်ဖောက် ပြန်မှားယွင်းလေ၏။ ယာကုပ်သည်ထိုအကြောင်း ကိုကြားသိလေသည်။ ယာကုပ်တွင်သားတစ်ဆယ့်နှစ်ယောက်ရှိ၏။-
בני לאה בכור יעקב ראובן ושמעון ולוי ויהודה ויששכר וזבלון׃ | 23 |
၂၃လေအာမှဖွားမြင်သောသားများမှာရုဗင် (ယာကုပ်၏သားဦး) ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါနှင့်ဇာဗုလုန်တို့ဖြစ်သည်။
၂၄ရာခေလ၏သားများမှာယောသပ်နှင့် ဗင်္ယာမိန်တို့ဖြစ်သည်။-
ובני בלהה שפחת רחל דן ונפתלי׃ | 25 |
၂၅ရာခေလ၏ကျွန်မဗိလဟာ၏သားများ မှာဒန်နှင့်နဿလိတို့ဖြစ်သည်။-
ובני זלפה שפחת לאה גד ואשר אלה בני יעקב אשר ילד לו בפדן ארם׃ | 26 |
၂၆လေအာ၏ကျွန်မဇိလပ၏သားများမှာ ဂဒ်နှင့်အာရှာတို့ဖြစ်သည်။ ဤသားတို့သည် မက်ဆိုပိုတေးမီးယားပြည်မြောက်ပိုင်း၌ ဖွားမြင်ခဲ့ကြသည်။
ויבא יעקב אל יצחק אביו ממרא קרית הארבע הוא חברון אשר גר שם אברהם ויצחק׃ | 27 |
၂၇ယာကုပ်သည်အာဗြဟံနှင့်ဣဇာက်တို့နေထိုင် ခဲ့သောဟေဗြုန်မြို့အနီးမံရေအရပ်ရှိသူ ၏ဖခင်ဣဇာက်ထံသို့ရောက်ရှိလာလေ၏။-
ויהיו ימי יצחק מאת שנה ושמנים שנה׃ | 28 |
၂၈ဣဇာက်သည်အသက်တစ်ရာ့ရှစ်ဆယ်ထိအသက် ရှင်၏။ သူသည်အရွယ်ကြီးရင့်၍နေ့ရက်နှစ် ပေါင်းများစွာပြည့်ပြီဖြစ်သောကြောင့် နောက် ဆုံးထွက်သက်ကိုရှူ၍ကွယ်လွန်လေသည်။ သူသည်မိမိလူမျိုးစုနှင့်စုဝေးခွင့်ရ၏။-
ויגוע יצחק וימת ויאסף אל עמיו זקן ושבע ימים ויקברו אתו עשו ויעקב בניו׃ | 29 |
၂၉သူ၏သားများဖြစ်ကြသောဧသောနှင့် ယာကုပ်တို့ကသူ့အားသင်္ဂြိုဟ်ကြ၏။