< עזרא 4 >
וישמעו צרי יהודה ובנימן כי בני הגולה בונים היכל ליהוה אלהי ישראל׃ | 1 |
၁ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသောသူတို့သည် ဣသရေလအမျိုးသားတို့ဘုရားသခင်ထာဝရဘုရား၏ဗိမာန်တော်ကို ပြန်လည်တည်ဆောက်လျက်ရှိကြောင်း ယုဒအနွယ်နှင့်ဗင်္ယာမိန်အနွယ်တို့၏ရန်သူများကြားသိကြသောအခါ၊-
ויגשו אל זרבבל ואל ראשי האבות ויאמרו להם נבנה עמכם כי ככם נדרוש לאלהיכם ולא אנחנו זבחים מימי אסר חדן מלך אשור המעלה אתנו פה׃ | 2 |
၂သူတို့သည်ဇေရုဗဗေလနှင့်သားချင်းစုခေါင်းဆောင်များထံသို့သွား၍``ဗိမာန်တော်တည်ဆောက်မှုတွင် ငါတို့ကိုလည်းသင်တို့နှင့်အတူပါဝင်ခွင့်ပြုပါ။ ငါတို့သည်သင်တို့ကိုးကွယ်သည့်ဘုရားကိုပင်ကိုးကွယ်ပါ၏။ ငါတို့အားဤအရပ်တွင်နေထိုင်ရန်အာရှုရိဘုရင်ဧသရဟဒ္ဒုန်စေလွှတ်လိုက်ချိန်မှအစပြု၍ ထိုဘုရားကိုယဇ်ပူဇော်ခဲ့ကြပါသည်'' ဟုပြောကြားကြ၏။
ויאמר להם זרבבל וישוע ושאר ראשי האבות לישראל לא לכם ולנו לבנות בית לאלהינו כי אנחנו יחד נבנה ליהוה אלהי ישראל כאשר צונו המלך כורש מלך פרס׃ | 3 |
၃ဇေရုဗဗေလ၊ ယောရှုနှင့်သားချင်းစုဦးစီးများက သူတို့အား``ငါတို့သည်ငါတို့၏ဘုရားသခင်ထာဝရဘုရားအတွက်ဗိမာန်တော်တည်ဆောက်ရာတွင် သင်တို့၏အကူအညီကိုမလိုပါ။ ပေရသိဘုရင်ကုရု၏အမိန့်တော်အရ ထိုဗိမာန်တော်ကိုငါတို့ကိုယ်တိုင်တည်ဆောက်ကြပါမည်'' ဟုပြန်ပြောကြ၏။
ויהי עם הארץ מרפים ידי עם יהודה ומבלהים אותם לבנות׃ | 4 |
၄ထိုအခါထိုပြည်တွင်နေထိုင်လာခဲ့ကြသူများသည် တည်ဆောက်သောယုဒအမျိုးသားတို့ကို စိတ်ပျက်အားလျော့၍အထမမြောက်စေရန် အစိုးရအရာရှိတို့အားတံစိုးလက်ဆောင်ပေးကြ၏။-
וסכרים עליהם יועצים להפר עצתם כל ימי כורש מלך פרס ועד מלכות דריוש מלך פרס׃ | 5 |
၅ဧကရာဇ်မင်းကုရုလက်ထက်မှဧကရာဇ်မင်းဒါရိလက်ထက်တိုင်အောင် သူတို့သည်ဤအတိုင်းနှောင့်ယှက်ကြလေသည်။
ובמלכות אחשורוש בתחלת מלכותו כתבו שטנה על ישבי יהודה וירושלם׃ | 6 |
၆ပေရသိဧကရာဇ်ဘုရင်ဇေရဇ်နန်းတက်စ၌ ယုဒပြည်နှင့်ယေရုရှလင်မြို့တွင်နေထိုင်ကြသူတို့၏ရန်သူများသည် သူတို့အပေါ်၌စွပ်စွဲချက်တင်သွင်းကြ၏။
ובימי ארתחששתא כתב בשלם מתרדת טבאל ושאר כנותו על ארתחששתא מלך פרס וכתב הנשתון כתוב ארמית ומתרגם ארמית׃ | 7 |
၇တစ်ဖန်ပေရသိဧကရာဇ်ဘုရင်အာတဇေရဇ်လက်ထက်၌ဗိရှလံ၊ မိသရေဒတ်၊ တဗေလနှင့်သူတို့၏အပေါင်းအဖော်တို့သည် မင်းကြီးထံသို့လျှောက်လွှာတင်သွင်းကြ၏။ ထိုလျှောက်လွှာကိုအာရမိဘာသာစကားဖြင့် ရေးသားပြန်ဆိုကာဖတ်ပြရန်ပင်ဖြစ်သည်။
רחום בעל טעם ושמשי ספרא כתבו אגרה חדה על ירושלם לארתחששתא מלכא כנמא׃ | 8 |
၈ထို့ပြင်ယေရုရှလင်မြို့အကြောင်းနှင့်ပတ်သက်၍ ဘုရင်ခံရေဟုံနှင့်အတွင်းဝန်ရှိမရှဲတို့က အာတဇေရဇ်မင်းထံသို့အောက်ဖော်ပြပါစာကိုရေးသားပေးပို့ကြလေသည်။
אדין רחום בעל טעם ושמשי ספרא ושאר כנותהון דיניא ואפרסתכיא טרפליא אפרסיא ארכוי בבליא שושנכיא דהוא עלמיא׃ | 9 |
၉``ဘုရင်ခံရေဟုံ၊ အတွင်းဝန်ရှိမရှဲနှင့်သူတို့၏အပေါင်းအဖော်များ၊ တရားသူကြီးများ၊ ဘေရက်မြို့၊ ဗာဗုလုန်မြို့၊ ဧလံပြည်ရှိရှုရှန်မြို့တို့မှ လာရောက်အမှုထမ်းကြသောအရာရှိများ၊-
ושאר אמיא די הגלי אסנפר רבא ויקירא והותב המו בקריה די שמרין ושאר עבר נהרה וכענת׃ | 10 |
၁၀ရှမာရိမြို့နှင့်ဥဖရတ်မြစ်ကြီးအနောက်ဘက်ရှိပြည်နယ် သို့ပြောင်းရွှေ့နေထိုင်စေရန်တန်ခိုးကြီးမားသည့်အာသနပ္ပါမင်းစေလွှတ်လိုက်သည့်အခြားပြည်သူများထံမှ''
דנה פרשגן אגרתא די שלחו עלוהי על ארתחששתא מלכא עבדיך אנש עבר נהרה וכענת׃ | 11 |
၁၁(စာတွင်ပါရှိသည့်အကြောင်းအရာများမှာ အောက်ပါအတိုင်းဖြစ်သည်။) ``အာတဇေရဇ်မင်းထံသို့ဘုရင်အစေခံများဖြစ်ကြသော ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်သားတို့ကအစီရင်ခံအပ်ပါသည်။''
ידיע להוא למלכא די יהודיא די סלקו מן לותך עלינא אתו לירושלם קריתא מרדתא ובאישתא בנין ושורי אשכללו ואשיא יחיטו׃ | 12 |
၁၂``အရှင်၏အခြားနယ်မြေများမှ ဤအရပ်သို့လာရောက်ကြသောယုဒအမျိုးသားတို့သည် ယေရုရှလင်မြို့တွင်အခြေစိုက်နေထိုင်ကာ ထိုဆိုးညစ်ပုန်ကန်တတ်သောမြို့ကိုပြန်လည်တည်ဆောက်လျက်ရှိကြောင်း အရှင့်အားအကျွန်ုပ်တို့လျှောက်ထားအပ်ပါသည်။ သူတို့သည်မြို့ရိုးများကို ပြန်လည်စတင်ဆောက်လုပ်လျက်နေကြပြီဖြစ်၍မကြာမီပြီးစီးပါမည်။-
כען ידיע להוא למלכא די הן קריתא דך תתבנא ושוריה ישתכללון מנדה בלו והלך לא ינתנון ואפתם מלכים תהנזק׃ | 13 |
၁၃အရှင်မင်းကြီး၊ ဤမြို့ကိုပြန်လည်တည်ထောင်ကာမြို့ရိုးများကိုလည်းဆောက်လုပ်ပြီးစီးသွားပါက မြို့သူမြို့သားတို့သည်အကောက်အခွန်များကိုပေးဆောင်ကြတော့မည်မဟုတ်ပါ။ သို့ဖြစ်၍အရှင်၏အခွန်တော်လျော့နည်းသွားပါလိမ့်မည်။''
כען כל קבל די מלח היכלא מלחנא וערות מלכא לא אריך לנא למחזא על דנה שלחנא והודענא למלכא׃ | 14 |
၁၄``အကျွန်ုပ်တို့သည်အရှင်၏ကျေးဇူးတော်နှင့်မကင်းသူများဖြစ်သည့်အလျောက် ယင်းသို့အခွန်တော်ယုတ်လျော့မှုကိုမတွေ့မမြင်လိုကြပါ။-
די יבקר בספר דכרניא די אבהתך ותהשכח בספר דכרניא ותנדע די קריתא דך קריא מרדא ומהנזקת מלכין ומדנן ואשתדור עבדין בגוה מן יומת עלמא על דנה קריתא דך החרבת׃ | 15 |
၁၅ထို့ကြောင့်အရှင်၏ဘိုးတော်ဘေးတော်များထားရှိခဲ့သည့် မှတ်တမ်းများကိုအမိန့်ထုတ်ဆင့်၍ရှာဖွေကြည့်ရှုစေတော်မူပါက ဤမြို့သည်ပုန်ကန်လေ့ရှိကြောင်းကိုလည်းကောင်း၊ ရှေးကာလမှအစပြု၍ပြည်နယ်များကိုအုပ်စိုးသောဘုရင်များ၊ ဘုရင်ခံများအားဒုက္ခပေးခဲ့ဖူးကြောင်းကိုလည်းကောင်းတွေ့ရှိရပါလိမ့်မည်။ ဤမြို့သားတို့သည်အစဉ်ပင်အုပ်ချုပ်ရခက်သူများဖြစ်ကြပါ၏။ ဤအကြောင်းကြောင့်ဤမြို့သည်ဖျက်ဆီးခြင်းခံခဲ့ရပါသည်။-
מהודעין אנחנה למלכא די הן קריתא דך תתבנא ושוריה ישתכללון לקבל דנה חלק בעבר נהרא לא איתי לך׃ | 16 |
၁၆သို့ဖြစ်၍ဤမြို့နှင့်မြို့ရိုးကိုပြီးစီးအောင်ပြန်လည်တည်ဆောက်ခဲ့လျှင် အရှင်မင်းကြီးသည်ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်ကိုထိန်းသိမ်းအုပ်ချုပ်နိုင်တော့မည်မဟုတ်ကြောင်းလျှောက်ထားအပ်ပါသည်'' ဟူ၍တည်း။
פתגמא שלח מלכא על רחום בעל טעם ושמשי ספרא ושאר כנותהון די יתבין בשמרין ושאר עבר נהרה שלם וכעת׃ | 17 |
၁၇မင်းကြီး၏ပြန်ကြားလွှာမှာ၊ ``ဘုရင်ခံရေဟုံ၊ အတွင်းဝန်ရှိမရှဲနှင့်တကွ အပေါင်းအဖော်များဖြစ်ကြသောရှမာရိမြို့သားများနှင့် ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်သားတို့အား နှုတ်ခွန်းဆက်သလိုက်ပါသည်။''
נשתונא די שלחתון עלינא מפרש קרי קדמי׃ | 18 |
၁၈``သင်တို့ပေးပို့လိုက်သောစာကိုဘာသာပြန်၍ ငါ့အားဖတ်ပြကြသည်။-
ומני שים טעם ובקרו והשכחו די קריתא דך מן יומת עלמא על מלכין מתנשאה ומרד ואשתדור מתעבד בה׃ | 19 |
၁၉ငါသည်အမိန့်ထုတ်ဆင့်၍ရှာဖွေကြည့်ရှုရာယေရုရှလင်မြို့သည်ရှေးကာလမှအစပြု၍ ဧကရာဇ်မင်းတို့ကိုတော်လှန်ပုန်ကန်လေ့ရှိကြောင်းကိုလည်းကောင်း၊ ပုန်ကန်သူများ၊ အနှောင့်အယှက်ပေးတတ်သူများနှင့်ပြည့်နှက်နေကြောင်းကိုလည်းကောင်းတွေ့ရှိရသည်။-
ומלכין תקיפין הוו על ירושלם ושליטין בכל עבר נהרה ומדה בלו והלך מתיהב להון׃ | 20 |
၂၀တန်ခိုးကြီးသောဘုရင်များသည်ထိုမြို့တွင်စိုးစံကာ ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်တစ်ခုလုံးမှအခွန်ဘဏ္ဍာတော်များကိုကောက်ခံခဲ့ကြ၏။-
כען שימו טעם לבטלא גבריא אלך וקריתא דך לא תתבנא עד מני טעמא יתשם׃ | 21 |
၂၁သို့ဖြစ်၍ငါ၏ထံမှနောက်ထပ်အမိန့်တစ်စုံတစ်ရာမရမချင်း၊ ထိုမြို့ပြန်လည်တည်ဆောက်မှုကိုရပ်ဆိုင်းထားကြရန်သင်တို့အမိန့်ထုတ်ဆင့်ကြရမည်။-
וזהירין הוו שלו למעבד על דנה למה ישגא חבלא להנזקת מלכין׃ | 22 |
၂၂ငါ၏အကျိုးကိုထပ်မံ၍မထိမခိုက်စေရန်ယင်းအမိန့်ကိုချက်ချင်းထုတ်ပြန်ကြရမည်'' ဟူ၍တည်း။
אדין מן די פרשגן נשתונא די ארתחששתא מלכא קרי קדם רחום ושמשי ספרא וכנותהון אזלו בבהילו לירושלם על יהודיא ובטלו המו באדרע וחיל׃ | 23 |
၂၃ဧကရဇ်ဘုရင်အာတဇေရဇ်ထံမှဤစာကို ရေဟုံ၊ ရှိမရှဲနှင့်သူတို့၏အပေါင်းအဖော်တို့အားဖတ်ပြသောအခါ သူတို့သည်ချက်ချင်းပင်ယေရုရှလင်မြို့သို့အလျင်အမြန်သွား၍ ယုဒအမျိုးသားတို့အားဗိမာန်တော်တည်ဆောက်မှုကိုအနိုင်အထက်ရပ်ဆိုင်းစေကြ၏။
באדין בטלת עבידת בית אלהא די בירושלם והות בטלא עד שנת תרתין למלכות דריוש מלך פרס׃ | 24 |
၂၄ဗိမာန်တော်တည်ဆောက်မှုသည်ပေရသိဧကရာဇ်ဒါရိ နန်းစံဒုတိယနှစ်တိုင်အောင်ရပ်စဲခဲ့လေသည်။