< יחזקאל 9 >
ויקרא באזני קול גדול לאמר קרבו פקדות העיר ואיש כלי משחתו בידו׃ | 1 |
၁ထိုနောက်ဘုရားသခင်က``ယေရုရှလင်မြို့ ကိုစောင့်နေသူတို့လာကြလော့။ သင်တို့နှင့် အတူလက်နက်များကိုလည်းယူခဲ့ကြ လော့'' ဟုကျယ်သောအသံနှင့် မိန့်တော်မူ သည်ကိုငါကြားရ၏။-
והנה ששה אנשים באים מדרך שער העליון אשר מפנה צפונה ואיש כלי מפצו בידו ואיש אחד בתוכם לבש בדים וקסת הספר במתניו ויבאו ויעמדו אצל מזבח הנחשת׃ | 2 |
၂ထိုအခါချက်ချင်းပင်လက်နက်တစ်ခု စီကိုင်ဆောင်ထားသောလူခြောက်ယောက်တို့ သည် ဗိမာန်တော်မြောက်ဘက်အပြင်တံခါး မှထွက်၍လာကြ၏။ သူတို့နှင့်အတူပိတ် ချောထည်ကိုဝတ်ဆင်ကာ စာရေးကိရိယာ ကိုယူဆောင်လာသူလူတစ်ဦးလည်းပါ၏။ သူတို့အားလုံးပင်ကြေးဝါယဇ်ပလ္လင် အနီးသို့လာ၍ရပ်ကြ၏။
וכבוד אלהי ישראל נעלה מעל הכרוב אשר היה עליו אל מפתן הבית ויקרא אל האיש הלבש הבדים אשר קסת הספר במתניו׃ | 3 |
၃ထိုအခါဣသရေလအမျိုးသားတို့ ကိုး ကွယ်သောဘုရားသခင်၏တောက်ပသော ဘုန်းအသရေတော်သည် ကျိန်းဝပ်တော်မူ ရာခေရုဗိမ်များမှလျှံတက်လျက်ဗိမာန် တော်အဝင်ဝသို့ရွေ့လျားသွားတော်မူ၏။ ထာဝရဘုရားသည်ပိတ်ချောထည်ကိုဝတ် ဆင်ထား၍ စာရေးကိရိယာကိုယူဆောင် လာသူအားခေါ်တော်မူ၍၊-
ויאמר יהוה אלו עבר בתוך העיר בתוך ירושלם והתוית תו על מצחות האנשים הנאנחים והנאנקים על כל התועבות הנעשות בתוכה׃ | 4 |
၄``သင်သည်ယေရုရှလင်မြို့တစ်လျှောက်လုံး တွင်လှည့်လည်ကာ ယခုလူတို့ပြုကျင့်လျက် ရှိသောစက်ဆုပ်ဖွယ်ရာအမှုများကြောင့် ညည်းတွားမြည်တမ်းနေသူမှန်သမျှ၏ နဖူးတွင် အမှတ်သညာကိုရေးမှတ်လော့'' ဟုမိန့်တော်မူ၏။
ולאלה אמר באזני עברו בעיר אחריו והכו על תחס עיניכם ואל תחמלו׃ | 5 |
၅ထိုနောက်ဘုရားသခင်ကအခြားသူတို့ အား``ထိုသူ၏နောက်သို့လိုက်၍မြို့တွင်း တစ်လျှောက်တွင်သတ်ဖြတ်ကြလော့။ မည်သူ့ ကိုမျှချမ်းသာမပေးနှင့်။ မည်သူ့ကိုမျှ မသနားမညှာတာနှင့်။-
זקן בחור ובתולה וטף ונשים תהרגו למשחית ועל כל איש אשר עליו התו אל תגשו וממקדשי תחלו ויחלו באנשים הזקנים אשר לפני הבית׃ | 6 |
၆အသက်ကြီးသူများ၊ ပျိုရွယ်သူယောကျာ်း မိန်းမများ၊ ကလေးအမေများနှင့်ကလေး များကိုသတ်ကြလော့။ သို့ရာတွင်နဖူး တွင်အမှတ်သညာရှိသူတစ်စုံတစ်ယောက် ကိုမျှမထိနှင့်။ ငါ၏ဗိမာန်တော်မှအစ ပြု၍ဆောင်ရွက်လော့'' ဟုမိန့်တော်မူသည် ကိုငါကြားရ၏။ သို့ဖြစ်၍ထိုသူတို့သည် ဗိမာန်တော်တွင်ရပ်လျက်နေသော ဣသရေလ အမျိုးသားအသက်ကြီးသူများကိုဦး စွာသတ်ကြ၏။
ויאמר אליהם טמאו את הבית ומלאו את החצרות חללים צאו ויצאו והכו בעיר׃ | 7 |
၇ဘုရားသခင်က``ဗိမာန်တော်ကိုညစ်ညမ်း စေကြလော့။ တံတိုင်းများကိုလူသေကောင် များဖြင့်ပြည့်စေကြလော့။ အလုပ်စ၍ လုပ်ကြလော့။'' ဟုမိန့်တော်မူ၏။ သို့ဖြစ်၍ ထိုသူခြောက်ယောက်တို့သည်မြို့တွင်းရှိ လူတို့ကိုစတင်သတ်ဖြတ်ကြ၏။
ויהי כהכותם ונאשאר אני ואפלה על פני ואזעק ואמר אהה אדני יהוה המשחית אתה את כל שארית ישראל בשפכך את חמתך על ירושלם׃ | 8 |
၈ယင်းသို့ထိုသူတို့သတ်ဖြတ်နေကြချိန် ၌ငါသည်တစ်ယောက်တည်းကျန်ခဲ့၏။ ငါ သည်မြေပေါ်သို့လှဲချပျပ်ဝပ်ကာ``အရှင် ထာဝရဘုရား၊ ကိုယ်တော်သည်ဣသရေလ ပြည်တွင်ကျန်ရှိသမျှသောလူတို့ကိုသတ် ဖြတ်စေသည့်တိုင်အောင် ယေရုရှလင်မြို့ကို အမျက်ထွက်တော်မူပါသလော'' ဟုဟစ် အော်လျှောက်ထား၏။
ויאמר אלי עון בית ישראל ויהודה גדול במאד מאד ותמלא הארץ דמים והעיר מלאה מטה כי אמרו עזב יהוה את הארץ ואין יהוה ראה׃ | 9 |
၉ဘုရားသခင်က``ဣသရေလနှင့်ယုဒပြည် သူပြည်သားတို့၏အပြစ်များသည်အကယ် ပင်ကြီးလေး၏။ သူတို့သည်ပြည်တွင်းနေရာ တကာတွင်လူသတ်မှုများ၊ ပြစ်မှုများဖြင့် ပြည့်နှက်စေကြလျက်`ထာဝရဘုရားသည် ငါတို့ပြည်ကိုစွန့်တော်မူလေပြီ။ ထာဝရ ဘုရားသည်ငါတို့ကိုမြင်တော်မမူ' ဟု ဆိုကြ၏။-
וגם אני לא תחוס עיני ולא אחמל דרכם בראשם נתתי׃ | 10 |
၁၀သို့ရာတွင်ငါသည်သူတို့ကိုသနားမည် မဟုတ်။ ချမ်းသာပေးလိမ့်မည်မဟုတ်။ ထိုသူ တို့သူတစ်ပါးအားပြုကြသည်အတိုင်း သူတို့အားငါပြုမည်'' ဟုမိန့်တော်မူ၏။
והנה האיש לבש הבדים אשר הקסת במתניו משיב דבר לאמר עשיתי כאשר צויתני׃ | 11 |
၁၁ထိုနောက်ပိတ်ချောထည်ကိုဝတ်ဆင်ထား၍ စာရေးကိရိယာကိုယူဆောင်လာသူက``အ ကျွန်ုပ်သည်ကိုယ်တော်ရှင်၏အမိန့်တော်အ တိုင်းဆောင်ရွက်ပြီးပါပြီ'' ဟု ထာဝရ ဘုရားအားလာရောက်အစီရင်ခံလေ သည်။