< שמות 28 >
ואתה הקרב אליך את אהרן אחיך ואת בניו אתו מתוך בני ישראל לכהנו לי אהרן נדב ואביהוא אלעזר ואיתמר בני אהרן׃ | 1 |
၁``သင်၏အစ်ကိုအာရုန်နှင့် သူ၏သားများဖြစ် သောနာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာတို့ အထဲကရွေးထုတ်လော့။-
ועשית בגדי קדש לאהרן אחיך לכבוד ולתפארת׃ | 2 |
၂သင့်အစ်ကိုအာရုန်အတွက်ခန့်ညားထည်ဝါ သောယဇ်ပုရောဟိတ်ဝတ်စုံကိုချုပ်လုပ်ပေး ရမည်။-
ואתה תדבר אל כל חכמי לב אשר מלאתיו רוח חכמה ועשו את בגדי אהרן לקדשו לכהנו לי׃ | 3 |
၃အာရုန်သည်ငါ့ထံ၌ယဇ်ပုရောဟိတ်အဖြစ် ဆက်ကပ်၍ အမှုတော်ကိုထမ်းဆောင်နိုင်စေရန်၊ ငါကျွမ်းကျင်မှုပညာပေးထားသူတို့ကိုဆင့် ခေါ်၍သူ့အတွက်ဝတ်စုံကိုချုပ်စေရမည်။-
ואלה הבגדים אשר יעשו חשן ואפוד ומעיל וכתנת תשבץ מצנפת ואבנט ועשו בגדי קדש לאהרן אחיך ולבניו לכהנו לי׃ | 4 |
၄ထိုသူတို့ချုပ်လုပ်ရမည့်အထည်ဝတ်စုံတို့ သည်ကား ရင်ဖုံး၊ သင်တိုင်း၊ ဝတ်ရုံ၊ ပန်းဖောက်ထား သောအင်္ကျီ၊ ခေါင်းပေါင်း၊ ခါးပန်းတို့ဖြစ်သည်။ ထို အဝတ်တန်ဆာတို့သည်သင်၏အစ်ကိုအာရုန် နှင့်သူ၏သားများသည်၊ ယဇ်ပုရောဟိတ်များ အဖြစ် ငါ၏အမှုကိုထမ်းဆောင်ရာ၌ဝတ် ဆင်ရမည့်ယဇ်ပုရောဟိတ်ဝတ်စုံများဖြစ် သည်။-
והם יקחו את הזהב ואת התכלת ואת הארגמן ואת תולעת השני ואת השש׃ | 5 |
၅အတတ်ပညာရှင်တို့သည်ချုပ်လုပ်ရာ၌ သိုးမွေးအပြာရောင်၊ ခရမ်းရောင်၊ အနီရောင်၊ ရွှေချည်၊ ပိတ်ချော၊ တို့ကိုအသုံးပြုရမည်။
ועשו את האפד זהב תכלת וארגמן תולעת שני ושש משזר מעשה חשב׃ | 6 |
၆``သင်တိုင်းကိုအပြာရောင်၊ ခရမ်းရောင်၊ အနီ ရောင်သိုးမွေး၊ ရွှေချည်၊ ပိတ်ချောတို့နှင့်ချုပ် ၍ပန်းဖော်ထားရမည်။-
שתי כתפת חברת יהיה לו אל שני קצותיו וחבר׃ | 7 |
၇သင်တိုင်းနှစ်စွန်းကိုဆက်စပ်ရန်ပခုံးသိုင်း ကြိုးနှစ်ပင်ရှိရမည်။-
וחשב אפדתו אשר עליו כמעשהו ממנו יהיה זהב תכלת וארגמן ותולעת שני ושש משזר׃ | 8 |
၈ရင်စည်းကိုလည်းအလားတူပစ္စည်းတို့ဖြင့်ချုပ် လုပ်၍ သင်တိုင်းနှင့်တစ်ဆက်တည်းဖြစ်စေရမည်။-
ולקחת את שתי אבני שהם ופתחת עליהם שמות בני ישראל׃ | 9 |
၉မဟူရာကျောက်နှစ်လုံးကိုယူ၍၊ ၎င်းတို့အပေါ် တွင် ယာကုပ်၏သားတစ်ဆယ့်နှစ်ယောက်တို့၏ နာမည်များကိုထွင်းရမည်။-
ששה משמתם על האבן האחת ואת שמות הששה הנותרים על האבן השנית כתולדתם׃ | 10 |
၁၀တစ်လုံးပေါ်တွင်သားခြောက်ယောက်၏နာမည် များကိုကြီးစဉ်ငယ်လိုက်ထွင်း၍၊ အခြား ကျောက်တစ်လုံးပေါ်တွင် ကျန်သောသားခြောက် ယောက်၏နာမည်ကိုထွင်းရမည်။-
מעשה חרש אבן פתוחי חתם תפתח את שתי האבנים על שמת בני ישראל מסבת משבצות זהב תעשה אתם׃ | 11 |
၁၁ပန်းထိမ်ပညာသည်၏လက်စွမ်းဖြင့်ကျောက်နှစ် လုံးပေါ်တွင် ယာကုပ်သားတို့၏နာမည်များကို ထွင်း၍၊ ထိုကျောက်များကိုရွှေပန်းထည်၌ထည့် ထားရမည်။-
ושמת את שתי האבנים על כתפת האפד אבני זכרן לבני ישראל ונשא אהרן את שמותם לפני יהוה על שתי כתפיו לזכרן׃ | 12 |
၁၂ဣသရေလတစ်ဆယ့်နှစ်မျိုးတို့ကိုသတိရ စေရန် ထိုကျောက်နှစ်လုံးကိုသင်တိုင်း၏ပခုံး သိုင်းကြိုးများပေါ်မှာတပ်ဆင်ရမည်။ ထိုနည်း အားဖြင့်အာရုန်သည်သူတို့၏နာမည်များ ကိုပခုံးပေါ်တွင်ဆောင်ထားသဖြင့် ငါ ထာဝရဘုရားသည်ငါ၏လူမျိုးတော် ကိုအစဉ်သတိရတော်မူလိမ့်မည်။-
၁၃ရွှေပန်းထည်နှစ်ခုကိုပြုလုပ်၍၊-
ושתי שרשרת זהב טהור מגבלת תעשה אתם מעשה עבת ונתתה את שרשרת העבתת על המשבצת׃ | 14 |
၁၄ရွှေကြိုးလိမ်နှစ်ပင်ကိုပန်းထည်များတွင် တပ်ထားရမည်။
ועשית חשן משפט מעשה חשב כמעשה אפד תעשנו זהב תכלת וארגמן ותולעת שני ושש משזר תעשה אתו׃ | 15 |
၁၅``ဘုရားသခင်၏အလိုတော်မည်သို့ရှိသည် ကိုသိနိုင်ရန် အသုံးပြုသည့်ရင်ဖုံးကိုယဇ် ပုရောဟိတ်မင်းအတွက်ချုပ်လုပ်လော့။ ရင်ဖုံး ကိုသင်တိုင်းချုပ်သည့်ပစ္စည်းများနှင့်ချုပ်လုပ် ၍အလားတူပန်းဖော်ထားရမည်။-
רבוע יהיה כפול זרת ארכו וזרת רחבו׃ | 16 |
၁၆ရင်ဖုံးသည်နှစ်ထပ်ခေါက်လျက်အလျားအနံ ကိုးလက်မစီစတုရန်းဖြစ်ရမည်။-
ומלאת בו מלאת אבן ארבעה טורים אבן טור אדם פטדה וברקת הטור האחד׃ | 17 |
၁၇ရင်ဖုံးပေါ်တွင်ကျောက်မျက်လေးတန်းတပ် ဆင်ထားရမည်။ ပထမအတန်းတွင်ပတ္တမြား၊ ဥဿဖယား၊ ကျောက်နီ၊-
והטור השני נפך ספיר ויהלם׃ | 18 |
၁၈ဒုတိယအတန်းတွင် မြ၊ နီလာ၊ စိန်၊-
והטור השלישי לשם שבו ואחלמה׃ | 19 |
၁၉တတိယအတန်းတွင်ကျောက်စိမ်း၊ မဟူရာ၊ ဂေါ်မိတ်၊-
והטור הרביעי תרשיש ושהם וישפה משבצים זהב יהיו במלואתם׃ | 20 |
၂၀စတုတ္ထအတန်းတွင်မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့တို့ ကိုရွှေပန်းထည်များ၌ထည့်သွင်းထားရမည်။-
והאבנים תהיין על שמת בני ישראל שתים עשרה על שמתם פתוחי חותם איש על שמו תהיין לשני עשר שבט׃ | 21 |
၂၁ဣသရေလတစ်ဆယ်နှစ်မျိုးကိုရည်ဆောင်၍ ကျောက်မျက်တစ်ဆယ်နှစ်လုံးတွင်တစ်လုံးစီ ၌ ယာကုပ်၏သားတစ်ယောက်စီ၏နာမည်ကို ထွင်းထားရမည်။-
ועשית על החשן שרשת גבלת מעשה עבת זהב טהור׃ | 22 |
၂၂ရင်ဖုံးအတွက်ရွှေကြိုးလိမ်များကိုပြုလုပ်လော့။-
ועשית על החשן שתי טבעות זהב ונתת את שתי הטבעות על שני קצות החשן׃ | 23 |
၂၃ရင်ဖုံးအထက်ထောင့်စွန်းများတွင်ချိတ်တပ် ဆင်ရန် ရွှေကွင်းနှစ်ကွင်းကိုပြုလုပ်ရမည်။-
ונתתה את שתי עבתת הזהב על שתי הטבעת אל קצות החשן׃ | 24 |
၂၄ရွှေကြိုးအစနှစ်စကိုကွင်းနှစ်ကွင်းတွင်တပ် ထားရမည်။-
ואת שתי קצות שתי העבתת תתן על שתי המשבצות ונתתה על כתפות האפד אל מול פניו׃ | 25 |
၂၅အခြားရွှေကြိုးနှစ်စကိုရွှေပန်းထည်နှစ်ခုတွင် တပ်ဆင်သဖြင့် ရင်ဖုံးကိုသင်တိုင်းပခုံးသိုင်း ကြိုးများနှင့်ဆက်လျက်ရှိစေမည်။-
ועשית שתי טבעות זהב ושמת אתם על שני קצות החשן על שפתו אשר אל עבר האפד ביתה׃ | 26 |
၂၆ထိုနောက်ရွှေကွင်းနှစ်ကွင်းကိုပြုလုပ်၍ သင် တိုင်းနှင့်ကပ်လျက်ရှိသောရင်ဖုံးအောက်ထောင့် အတွင်းနားတွင်တပ်ဆင်ထားရမည်။-
ועשית שתי טבעות זהב ונתתה אתם על שתי כתפות האפוד מלמטה ממול פניו לעמת מחברתו ממעל לחשב האפוד׃ | 27 |
၂၇ရွှေကွင်းနှစ်ကွင်းကိုထပ်မံပြုလုပ်၍၊ လှပစွာ ရက်ထားသောရင်စည်းအထက်၊ သင်တိုင်းအရှေ့ အနားပတ်အနီးတွင်တပ်ဆင်ထားရမည်။-
וירכסו את החשן מטבעתו אל טבעת האפד בפתיל תכלת להיות על חשב האפוד ולא יזח החשן מעל האפוד׃ | 28 |
၂၈ရင်ဖုံးမှကွင်းများကိုသင်တိုင်းမှကွင်းများ နှင့်ကြိုးပြာဖြင့်ချည်ထားသဖြင့်၊ ရင်ဖုံးသည် လျှောမကျဘဲရင်စည်းအထက်တွင်တည်မြဲ နေမည်။
ונשא אהרן את שמות בני ישראל בחשן המשפט על לבו בבאו אל הקדש לזכרן לפני יהוה תמיד׃ | 29 |
၂၉``အာရုန်သည်သန့်ရှင်းရာဌာနသို့ဝင်သော အခါ ရင်ဖုံးကိုဝတ်ဆင်ရမည်။ ရင်ဖုံးပေါ် တွင်ဣသရေလအမျိုးများ၏နာမည်များ ပါရှိသဖြင့်၊ ငါထာဝရဘုရားသည်ငါ ၏လူမျိုးတော်ကိုအစဉ်သတိရလိမ့်မည်။-
ונתת אל חשן המשפט את האורים ואת התמים והיו על לב אהרן בבאו לפני יהוה ונשא אהרן את משפט בני ישראל על לבו לפני יהוה תמיד׃ | 30 |
၃၀အာရုန်သည်ငါ၏ရှေ့တော်သို့ဝင်သောအခါ ဥရိမ်နှင့်သုမိမ် ပါဆောင်လျက်ဝင်နိုင်စေရန်၊ သူ၏ရင်ဖုံးထဲ ၌ဥရိမ်နှင့်သုမိမ်ကိုထည့်ထားရမည်။ ဣသ ရေလအမျိုးသားတို့သည်ငါ၏အလိုတော် မည်သို့ရှိသည်ကို သိနိုင်ရန်အာရုန်သည်ငါ ၏ရှေ့တော်သို့ဝင်လာသောအခါတိုင်းဤ ရင်ဖုံးကိုဝတ်ဆင်ထားရမည်။
ועשית את מעיל האפוד כליל תכלת׃ | 31 |
၃၁``သင်တိုင်းပေါ်တွင်ဝတ်ရသောဝတ်ရုံကို သိုးမွေးအပြာဖြင့်ချုပ်လုပ်ရမည်။-
והיה פי ראשו בתוכו שפה יהיה לפיו סביב מעשה ארג כפי תחרא יהיה לו לא יקרע׃ | 32 |
၃၂ဦးခေါင်းစွပ်ရန်လည်ပေါက်ရှိစေရမည်။ ထို လည်ပေါက်မစုတ်ပြဲစေရန်ပတ်လည်နားကို ရက်ထည်ဖြင့်ကွပ်ထားရမည်။-
ועשית על שוליו רמני תכלת וארגמן ותולעת שני על שוליו סביב ופעמני זהב בתוכם סביב׃ | 33 |
၃၃ဝတ်ရုံအောက်နားပတ်လည်တစ်လျှောက်တွင် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေး သလဲသီးလုံးများနှင့်ရွှေဆည်းလည်းများ ကိုတစ်လုံးကျော်စီတပ်ဆင်ထားရမည်။-
פעמן זהב ורמון פעמן זהב ורמון על שולי המעיל סביב׃ | 34 |
၃၄
והיה על אהרן לשרת ונשמע קולו בבאו אל הקדש לפני יהוה ובצאתו ולא ימות׃ | 35 |
၃၅အာရုန်သည်ယဇ်ပုရောဟိတ်အမှုကိစ္စကို ဆောင်ရွက်ရသည့်အခါ၌ ဤဝတ်ရုံကိုဝတ် ဆင်ရမည်။ သူသည်သန့်ရှင်းရာဌာနအတွင်း ငါ၏ရှေ့တော်သို့ဝင်သည့်အခါဖြစ်စေ၊ ထို နေရာမှထွက်လာသည့်အခါ၌ဖြစ်စေ ဆည်းလည်းသံများကိုကြားရမည်ဖြစ် သဖြင့်သူသည်သေဘေးမှလွတ်လိမ့်မည်။
ועשית ציץ זהב טהור ופתחת עליו פתוחי חתם קדש ליהוה׃ | 36 |
၃၆``ရွှေပြားတစ်ချပ်ကိုပြုလုပ်ပြီးလျှင် `ထာ ဝရဘုရားအား ဆက်ကပ်ထားသည်' ဟူ၍ ကမ္ပည်းထိုးထားလော့။-
ושמת אתו על פתיל תכלת והיה על המצנפת אל מול פני המצנפת יהיה׃ | 37 |
၃၇နဖူးအထက်ခေါင်းပေါင်းပေါ်တွင်ထိုရွှေ ပြားကိုကြိုးပြာဖြင့်ချည်ထားရမည်။-
והיה על מצח אהרן ונשא אהרן את עון הקדשים אשר יקדישו בני ישראל לכל מתנת קדשיהם והיה על מצחו תמיד לרצון להם לפני יהוה׃ | 38 |
၃၈ဣသရေလအမျိုးသားတို့သည်ငါထာဝရ ဘုရားအား ပူဇော်သကာဆက်သရာ၌မှား ယွင်းချွတ်ချော်မှုရှိသော်လည်း၊ ထိုပူဇော် သကာကိုငါလက်ခံနိုင်ရန်အာရုန်သည်ရွှေ ပြားကိုနဖူးပေါ်တွင်တပ်ဆင်ထားရမည်။
ושבצת הכתנת שש ועשית מצנפת שש ואבנט תעשה מעשה רקם׃ | 39 |
၃၉``အင်္ကျီနှင့်ခေါင်းပေါင်းကိုပိတ်ချောဖြင့် ရက်လုပ်၍ ခါးပန်းကိုပန်းထိုးထားရမည်။
ולבני אהרן תעשה כתנת ועשית להם אבנטים ומגבעות תעשה להם לכבוד ולתפארת׃ | 40 |
၄၀``အာရုန်၏သားများဝတ်ဆင်ရန်ထည်ဝါခန့် ညားသောအင်္ကျီ၊ ခါးပန်းနှင့်ဦးထုပ်ရှည်များ ကိုချုပ်ပေးရမည်။-
והלבשת אתם את אהרן אחיך ואת בניו אתו ומשחת אתם ומלאת את ידם וקדשת אתם וכהנו לי׃ | 41 |
၄၁ထိုအဝတ်အင်္ကျီများကိုသင်၏အစ်ကိုအာရုန် နှင့် သူ၏သားတို့အားဝတ်ဆင်ပေးလော့။ ထိုနောက် သူတို့သည်ငါ၏အမှုတော်ကိုထမ်းဆောင်နိုင် ရန် ယဇ်ပုရောဟိတ်များအဖြစ်သင်သည်သူတို့ အားသံလွင်ဆီဖြင့်ဘိသိက်ပေးလော့။-
ועשה להם מכנסי בד לכסות בשר ערוה ממתנים ועד ירכים יהיו׃ | 42 |
၄၂သူတို့၏အရှက်လုံရန်ခါးမှပေါင်အထိရှည် သောအတွင်းခံဘောင်းဘီတိုများချုပ်ပေး ရမည်။-
והיו על אהרן ועל בניו בבאם אל אהל מועד או בגשתם אל המזבח לשרת בקדש ולא ישאו עון ומתו חקת עולם לו ולזרעו אחריו׃ | 43 |
၄၃အာရုန်နှင့်သူ၏သားတို့သည်ငါစံတော်မူ ရာတဲတော်ထဲသို့ဝင်သည့်အခါ၌ဖြစ်စေ၊ သန့်ရှင်းရာဌာန၌ယဇ်ပုရောဟိတ်အမှုကို ဆောင်ရန်ပလ္လင်နားသို့ချဉ်းကပ်သည့်အခါ၌ ဖြစ်စေ၊ အရှက်ပေါ်၍အသက်မသေစေအံ့ ငှာထိုဘောင်းဘီတိုများကိုဝတ်ဆင်ရမည်။ ဤပညတ်ကိုအာရုန်နှင့်သူ၏အဆက် အနွယ်တို့အမြဲစောင့်ထိန်းရမည်။