< אסתר 2 >
אחר הדברים האלה כשך חמת המלך אחשורוש זכר את ושתי ואת אשר עשתה ואת אשר נגזר עליה׃ | 1 |
၁တဖန် ရှင်ဘုရင် အာရွှေရု သည် စိတ် တော်ပြေ သောအခါ ၊ ဝါရှိတိ ကို၎င်း ၊ သူပြု သောအမှုနှင့် သူ့ တစ်ဘက် ၌စီရင်သော အမှု ကို၎င်း အောက်မေ့ တော်မူ၏။
ויאמרו נערי המלך משרתיו יבקשו למלך נערות בתולות טובות מראה׃ | 2 |
၂အထံတော်၌ ခစား သော ကျွန် တော်တို့ကလည်း ၊ အဆင်း လှ သော သမီးကညာ တို့ကို အရှင်မင်းကြီး အဘို့ ရှာ ရပါမည်အကြောင်းအခွင့်ပေးတော်မူပါ။
ויפקד המלך פקידים בכל מדינות מלכותו ויקבצו את כל נערה בתולה טובת מראה אל שושן הבירה אל בית הנשים אל יד הגא סריס המלך שמר הנשים ונתון תמרוקיהן׃ | 3 |
၃အဆင်း လှ သော သမီးကညာ အပေါင်း တို့ကို ရှုရှန် နန်းတော် တွင် အပျို တော်နေရာသို့ စုဝေး စေ၍ ၊ နန်းတော်မိန်းမစိုး ၊ အပျိုတော်အုပ်ဟေဂဲ ၌ အပ်စေခြင်းငှါ၊ နိုင်ငံ တော်အတိုင်း တိုင်း အပြည်ပြည် မင်း အရာရှိ တို့ကို ခန့် ထားတော်မူပါ။ စင်ကြယ်စေခြင်းငှါ ဆေးမျိုးကို အပ်ပေးတော်မူပါ။
והנערה אשר תיטב בעיני המלך תמלך תחת ושתי וייטב הדבר בעיני המלך ויעש כן׃ | 4 |
၄နှစ်သက် တော်မူသောသမီးကညာ ကို မိဖုရား ဝါရှတိ အရာ ၌ ခန့် ထားတော်မူပါဟု လျှောက်သော စကား ကို ရှင်ဘုရင် နှစ်သက် ၍ ထိုသို့ စီရင် တော်မူ၏။
איש יהודי היה בשושן הבירה ושמו מרדכי בן יאיר בן שמעי בן קיש איש ימיני׃ | 5 |
၅ထိုကာလတွင် ရှုရှန် မြို့တော်၌ ၊ ဗင်္ယာမိန် အမျိုး ကိရှ ၊ ရှိမိ ၊ ယာဣရ တို့မှ ဆင်းသက်သော မော်ဒကဲ အမည် ရှိသောယုဒ လူ တယောက်ရှိ ၏။
אשר הגלה מירושלים עם הגלה אשר הגלתה עם יכניה מלך יהודה אשר הגלה נבוכדנאצר מלך בבל׃ | 6 |
၆ထိုသူသည် ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သိမ်း သွားသော ယုဒ ရှင်ဘုရင် ယေခေါနိ မှစ၍ ၊ ဘမ်းဆီး သိမ်း သွားခြင်းကို ခံရသောလူစု၌ ပါသတည်း။
ויהי אמן את הדסה היא אסתר בת דדו כי אין לה אב ואם והנערה יפת תאר וטובת מראה ובמות אביה ואמה לקחה מרדכי לו לבת׃ | 7 |
၇ထိုသူသည် အထွေးသမီး ဟဒဿ တည်းဟူသော ဧသတာ ကို မွေးမြူ ၏။ ထိုသတို့သမီးသည် မိဘ မ ရှိ၊ ပုံပြင်ယဉ်ကျေး ၍ အသွေး အဆင်းလည်း လှ ၏။ မိဘ သေ သောအခါ ၊ မော်ဒကဲ သည် ယူ ၍ ကိုယ် သမီး ကဲ့သို့ မှတ်သတည်း။
ויהי בהשמע דבר המלך ודתו ובהקבץ נערות רבות אל שושן הבירה אל יד הגי ותלקח אסתר אל בית המלך אל יד הגי שמר הנשים׃ | 8 |
၈ရှင်ဘုရင် အမိန့် တော်ကိုထုတ်၍ ကျော်သောအခါ ၊ အပျို များတို့ကို ရှုရှန် နန်းတော် သို့ စုဝေး စေ၍ ၊ မိန်းမစိုးဟေဂဲ ၌ အပ်ရာတွင်၊ ဧသတာ ကိုလည်း နန်းတော် သို့ ခေါ် ဆောင်၍ ဟေဂဲ ၌ အပ်ကြ၏။
ותיטב הנערה בעיניו ותשא חסד לפניו ויבהל את תמרוקיה ואת מנותה לתת לה ואת שבע הנערות הראיות לתת לה מבית המלך וישנה ואת נערותיה לטוב בית הנשים׃ | 9 |
၉ဧသတာသည် ဟေဂဲ စိတ် နှင့်တွေ့၍ မျက်နှာ ရသဖြင့် ၊ ဟေဂဲသည် စင်ကြယ် စေသော ဆေးမျိုးနှင့် ပေး ရသောအဝတ် အစားကို အလျင် အမြန်ပေး၏။ နန်းတော် ၌ ရွေး ကောက်သော ကျွန် မခုနစ် ယောက် တို့ကိုလည်းပေး ၍ ၊ ဧသတာ နှင့် သူ ၏ကျွန် မတို့ကို အပျိုတော်နန်း တွင် အမြတ် ဆုံးသောနေရာ၌ ချီးမြှောက်လေ၏။
לא הגידה אסתר את עמה ואת מולדתה כי מרדכי צוה עליה אשר לא תגיד׃ | 10 |
၁၀ဧသတာ သည် မိမိ အမျိုး နှင့် မိမိ ဆွေညာ တကာကို မ ဘော် မပြမည်အကြောင်း၊ မော်ဒကဲ သတိပေး သည်အတိုင်း မ ဘော် မပြဘဲ နေ၏။
ובכל יום ויום מרדכי מתהלך לפני חצר בית הנשים לדעת את שלום אסתר ומה יעשה בה׃ | 11 |
၁၁ဧသတာ သည် အဘယ်သို့ရှိသည်ကို၎င်း၊ သူ ၌ အဘယ်သို့ ပြု ကြလိမ့်မည်ကို၎င်း၊ မော်ဒကဲ သည် သိ ခြင်းငှါ အပျိုတော်နန်း ဝင်း ရှေ့ မှာ နေ့ တိုင်းသွား လာ၏။
ובהגיע תר נערה ונערה לבוא אל המלך אחשורוש מקץ היות לה כדת הנשים שנים עשר חדש כי כן ימלאו ימי מרוקיהן ששה חדשים בשמן המר וששה חדשים בבשמים ובתמרוקי הנשים׃ | 12 |
၁၂ထိုအပျိုတော်တို့ ထုံးစံ အတိုင်း ၊ တနှစ် စေ့ သောအခါ တယောက်နောက်တယောက် အလှည့် သင့်သည် အတိုင်း ၊ ရှင်ဘုရင် အာရွှေရု ထံ သို့ ဝင် ရ၏။ ခြောက် လ ပတ်လုံးမုရန် ဆီ ၊ ခြောက် လ ပတ်လုံးနံ့သာ မျိုးအစရှိ သော စင်ကြယ် စေသောဆေးမျိုးကိုသုံး၍၊ စင်ကြယ် ခြင်းအမှုသည် ပြီး သည် တိုင်အောင် ထိုမျှကာလ ကိုလွန် စေရ၏။
ובזה הנערה באה אל המלך את כל אשר תאמר ינתן לה לבוא עמה מבית הנשים עד בית המלך׃ | 13 |
၁၃ထိုနောက်မှအပျို တော်သည် ရှင်ဘုရင် ထံ သို့ဝင် ချိန်ရောက်သောအခါ ၊ အလို ရှိသမျှ တို့ကို တောင်း၍၊ အပျိုတော်နန်း မှ ရှင်ဘုရင် နန်းတော် သို့ ယူ သွားရ၏။
בערב היא באה ובבקר היא שבה אל בית הנשים שני אל יד שעשגז סריס המלך שמר הפילגשים לא תבוא עוד אל המלך כי אם חפץ בה המלך ונקראה בשם׃ | 14 |
၁၄ည ဦးအချိန်၌ ဝင် ၍ နံနက် အချိန်၌ နန်းတော်မိန်းမစိုး ၊ မောင်းမမိဿံ အုပ် ၊ ရှာရှဂါဇ စောင့် ဒုတိယ မိန်းမနန်း သို့ ပြန် ရ၏။ ရှင်ဘုရင် ချစ် ၍ နာမည် အားဖြင့် ခေါ် တော်မမူလျှင် နောက် တဖန် အထံတော်သို့ မ ဝင် ရ။
ובהגיע תר אסתר בת אביחיל דד מרדכי אשר לקח לו לבת לבוא אל המלך לא בקשה דבר כי אם את אשר יאמר הגי סריס המלך שמר הנשים ותהי אסתר נשאת חן בעיני כל ראיה׃ | 15 |
၁၅မိမိ သမီး ကဲ့သို့ မော်ဒကဲ မွေးမြူ သော ဘထွေး အဘိဟဲလ သမီး ဧသတာ သည် အလှည့် သင့်၍၊ ရှင်ဘုရင် ထံ သို့ဝင် ရသောအခါ ၊ နန်းတော်မိန်းမစိုး ၊ အပျို တော်အုပ် ဟေဂဲ စီရင် သော အရာမှတပါး အဘယ် အရာကိုမျှ မ တောင်း ၊ ဧသတာ ကို တွေ့မြင် သမျှ သောသူတို့ သည် ချစ် တတ်ကြ၏။
ותלקח אסתר אל המלך אחשורוש אל בית מלכותו בחדש העשירי הוא חדש טבת בשנת שבע למלכותו׃ | 16 |
၁၆ထိုသို့ ရှင်ဘုရင် အာရွှေရု သည် နန်းစံ ခုနစ် နှစ် ၊ တေဗက် အမည်ရှိသောဒသမ လ တွင် ၊ ဧသတာ ကို နန်းတော် ၌ သိမ်း တော်မူပြီးလျှင်၊
ויאהב המלך את אסתר מכל הנשים ותשא חן וחסד לפניו מכל הבתולת וישם כתר מלכות בראשה וימליכה תחת ושתי׃ | 17 |
၁၇အခြားသော သမီး ကညာအပေါင်း တို့ထက် ဧသတာ သည် စိတ်တော်ကိုနူးညွတ် စေ၍ ၊ အထံ တော်၌ မျက်နှာ ရသဖြင့် ၊ ရှင်ဘုရင်သည် အခြားသော မိန်းမ တကာ တို့ကို ချစ်သည်ထက် ဧသတာကိုသာ၍ ချစ်သောကြောင့်၊ သူ့ ခေါင်း ပေါ် မှာ ရာဇ သရဖူ ကိုတင် ၍ မိဖုရား ဝါရှတိ အရာ ၌ ချီးမြှောက် တော်မူ၏။
ויעש המלך משתה גדול לכל שריו ועבדיו את משתה אסתר והנחה למדינות עשה ויתן משאת כיד המלך׃ | 18 |
၁၈ထိုအခါ ရှင် ဘုရင်သည် ဧသတာ ပွဲ ဟူ၍ကြီး သောပွဲ ကို မှူး တော်မတ်တော်ကျွန် တော်တို့အဘို့ လုပ် သဖြင့် ၊ နိုင်ငံ တော်တိုင်းပြည်တို့ကို မင်းမှုလွှတ် ၍ ၊ စည်းစိမ်တော်နှင့် လျော်စွာ ဆု ချတော်မူ၏။
ובהקבץ בתולות שנית ומרדכי ישב בשער המלך׃ | 19 |
၁၉သမီး ကညာတို့သည် ဒုတိယ အချိန်၌ စုဝေး သောအခါ ၊ မော်ဒကဲ သည် နန်းတော်၌ တံခါးမှူး ဖြစ် ၏။
אין אסתר מגדת מולדתה ואת עמה כאשר צוה עליה מרדכי ואת מאמר מרדכי אסתר עשה כאשר היתה באמנה אתו׃ | 20 |
၂၀ဧသတာ သည် မော်ဒကဲထံမွေးမြူ ခြင်းကိုခံ ၍ နေစဉ် အခါ၊ သူ ၏စကား ကို နားထောင်သည်နည်းတူ နားထောင် သေးသည်ဖြစ်၍၊ မော်ဒကဲ သတိ ပေးသည်အတိုင်း ၊ မိမိ အမျိုး ၊ မိမိ ဆွေညာ တကာတို့ကို မ ဘော် မပြဘဲနေ သတည်း။
בימים ההם ומרדכי ישב בשער המלך קצף בגתן ותרש שני סריסי המלך משמרי הסף ויבקשו לשלח יד במלך אחשורש׃ | 21 |
၂၁ထို ကာလ တွင် ၊ မော်ဒကဲ သည် နန်းတော်၌ တံခါးမှူး ဖြစ် စဉ် ၊ ဗိဂသန် နှင့် တေရက် တည်းဟူသောနန်းတော်မိန်းမစိုး ၊ တံခါး စောင့် နှစ် ယောက်တို့သည် ဒေါသစိတ်ရှိ၍ ရှင်ဘုရင် အာရွှေရု ကို လုပ်ကြံ မည်ဟု အားထုတ် ကြ၏။
ויודע הדבר למרדכי ויגד לאסתר המלכה ותאמר אסתר למלך בשם מרדכי׃ | 22 |
၂၂ထိုအမှုကို မော်ဒကဲ သိ ၍ မိဖုရား ဧသတာ အား ဘော်ပြ ၏။ ထိုသို့ မော်ဒကဲ ဘော်ပြကြောင်းကို ဧသတာ သည် ရှင်ဘုရင် အား လျှောက် လေ၏။
ויבקש הדבר וימצא ויתלו שניהם על עץ ויכתב בספר דברי הימים לפני המלך׃ | 23 |
၂၃ထိုအမှု ကို စစ်ကြော ၍ အမှန် သိသောအခါ ၊ ထိုသူ နှစ် ယောက်တို့ကို သစ်ပင် ၌ လည်ဆွဲ ချပြီးမှ ၊ ရှင်ဘုရင် ရှေ့ ၊ နန်းတော်မှတ် စာ၌ ရေး မှတ်သတည်း။