< מלכים ב 8 >
ואלישע דבר אל האשה אשר החיה את בנה לאמר קומי ולכי אתי וביתך וגורי באשר תגורי כי קרא יהוה לרעב וגם בא אל הארץ שבע שנים׃ | 1 |
၁ဧလိရှဲသည်မိမိအသက်ပြန်၍ရှင်စေခဲ့ သည့်ကလေး၏မိခင်၊ ရှုနင်မြို့သူအား``ထာဝရ ဘုရားသည်ခုနစ်နှစ်တိုင်တိုင်တစ်ပြည်လုံးတွင် အစာငတ်မွတ်ခေါင်းပါးခြင်းဘေးဆိုက်ရောက် စေတော်မူလိမ့်မည်။ သို့ဖြစ်၍သင်သည်သင်၏ မိသားစုနှင့်အတူ အရပ်တစ်ပါးသို့ပြောင်း ရွှေ့နေထိုင်ပါလော့'' ဟုပြောကြားခဲ့၏။-
ותקם האשה ותעש כדבר איש האלהים ותלך היא וביתה ותגר בארץ פלשתים שבע שנים׃ | 2 |
၂ထိုအမျိုးသမီးသည်ဧလိရှဲညွှန်ကြားသည့် အတိုင်း မိမိ၏မိသားစုနှင့်အတူဖိလိတ္တိပြည် သို့သွားရောက်၍ခုနစ်နှစ်တိုင်တိုင်နေထိုင်လေ သည်။
ויהי מקצה שבע שנים ותשב האשה מארץ פלשתים ותצא לצעק אל המלך אל ביתה ואל שדה׃ | 3 |
၃ခုနစ်နှစ်စေ့သောအခါသူသည်ဣသရေလ ပြည်သို့ပြန်လာပြီးလျှင် မင်းကြီးထံသို့သွား ၍မိမိ၏အိမ်နှင့်မြေကိုပြန်လည်ပေးသနား တော်မူရန်လျှောက်ထား၏။-
והמלך מדבר אל גחזי נער איש האלהים לאמר ספרה נא לי את כל הגדלות אשר עשה אלישע׃ | 4 |
၄ထိုအချိန်၌မင်းကြီးသည်ဧလိရှဲ၏အစေခံ ဂေဟာဇိနှင့်ဆွေးနွေးဆဲဖြစ်၏။ မင်းကြီးသည် ဧလိရှဲပြခဲ့သည့်နိမိတ်လက္ခဏာများအ ကြောင်းကိုကြားသိလို၏။-
ויהי הוא מספר למלך את אשר החיה את המת והנה האשה אשר החיה את בנה צעקת אל המלך על ביתה ועל שדה ויאמר גחזי אדני המלך זאת האשה וזה בנה אשר החיה אלישע׃ | 5 |
၅သို့ဖြစ်၍ဂေဟာဇိသည်သေသူအား အဘယ်သို့ ဧလိရှဲရှင်ပြန်စေကြောင်းကိုသံတော်ဦးတင် လျက်နေ၏။ ထိုအချိန်၌ရှုနင်မြို့သူသည်ရောက် ရှိလာ၍ မင်းကြီးအားအသနားခံခြင်းဖြစ်၏။ ဂေဟာဇိကမင်းကြီးအား``အရှင်မင်းကြီး၊ ဧလိရှဲအသက်ရှင်ပြန်စေသောသူငယ်နှင့် မိခင်မှာဤသူတို့ပင်ဖြစ်ကြပါ၏'' ဟု လျှောက်၏။-
וישאל המלך לאשה ותספר לו ויתן לה המלך סריס אחד לאמר השיב את כל אשר לה ואת כל תבואת השדה מיום עזבה את הארץ ועד עתה׃ | 6 |
၆မင်းကြီးကဂေဟာဇိ၏စကားမှန်မမှန် ကိုမေးမြန်းတော်မူသောအခါ အမျိုးသမီး က``မှန်ပါသည်'' ဟုလျှောက်၏။ သို့ဖြစ်၍မင်း ကြီးသည်အမတ်တစ်ယောက်ကိုခေါ်၍``ဤ အမျိုးသမီးအဝေးသို့ရောက်ရှိနေခဲ့သည့် ခုနစ်နှစ်အတွင်း သူ၏လယ်များမှထွက်သည့် အသီးအနှံတန်ဖိုးအပါအဝင်သူပိုင် ဆိုင်ခဲ့သမျှကိုသူ့အားပြန်၍ပေးစေ'' ဟုအမိန့်ပေးတော်မူ၏။
ויבא אלישע דמשק ובן הדד מלך ארם חלה ויגד לו לאמר בא איש האלהים עד הנה׃ | 7 |
၇ရှုရိဘုရင်ဗင်္ဟာဒဒ်နာမကျန်းရှိတော်မူ ချိန်၌ ဧလိရှဲသည်ဒမာသက်မြို့သို့ရောက် ရှိလာ၏။ ဧလိရှဲရောက်ရှိနေကြောင်းမင်း ကြီးကြားသိတော်မူသောအခါ၊-
ויאמר המלך אל חזהאל קח בידך מנחה ולך לקראת איש האלהים ודרשת את יהוה מאותו לאמר האחיה מחלי זה׃ | 8 |
၈အမတ်တစ်ဦးဖြစ်သောဟာဇေလအား လက်ဆောင်ယူပြီးလျှင် ပရောဖက်ထံသို့ သွား၍မိမိသည်ပြန်လည်ကျန်းမာလာ မည်မလာမည်ကိုထာဝရဘုရားအား မေးမြန်းလျှောက်စေရန်စေလွှတ်တော်မူ၏။-
וילך חזאל לקראתו ויקח מנחה בידו וכל טוב דמשק משא ארבעים גמל ויבא ויעמד לפניו ויאמר בנך בן הדד מלך ארם שלחני אליך לאמר האחיה מחלי זה׃ | 9 |
၉ထို့ကြောင့်ဟာဇေလသည်ဒမာသက်မြို့မှ ထွက်သော အဖိုးတန်ပစ္စည်းတို့ကိုကုလား အုတ်လေးဆယ်ဖြင့်တင်၍ ဧလိရှဲထံသို့ သွားပြီးနောက်``အရှင်၏အစေခံဗင်္ဟာဒဒ် မင်းက မိမိပြန်လည်ကျန်းမာလာမည် မလာမည်ကိုအရှင့်ထံစုံစမ်းမေးမြန်းရန် အကျွန်ုပ်အားစေလွှတ်လိုက်ပါသည်'' ဟု လျှောက်၏။
ויאמר אליו אלישע לך אמר לא חיה תחיה והראני יהוה כי מות ימות׃ | 10 |
၁၀ဧလိရှဲက``မင်းကြီးသည်ကွယ်လွန်မည်ဖြစ် ကြောင်း ငါ့အားထာဝရဘုရားဖော်ပြတော် မူပြီ။ သို့ရာတွင်သူသည်ပြန်လည်ကျန်းမာ လာလိမ့်မည်ဟုသူ့အားပြောကြားလော့'' ဟုဆို၏။-
ויעמד את פניו וישם עד בש ויבך איש האלהים׃ | 11 |
၁၁ထိုနောက်ဧလိရှဲသည်ဟာဇေလအားအနေ ခက်စေသည့်တိုင်အောင် ထိတ်လန့်သည့်အမူ အရာဖြင့်စိုက်၍ကြည့်ပြီးလျှင်ငိုလေ၏။-
ויאמר חזאל מדוע אדני בכה ויאמר כי ידעתי את אשר תעשה לבני ישראל רעה מבצריהם תשלח באש ובחריהם בחרב תהרג ועלליהם תרטש והרתיהם תבקע׃ | 12 |
၁၂ဟာဇေလက``အရှင်၊ အဘယ်ကြောင့်ငိုပါ သနည်း'' ဟုမေး၏။ ဧလိရှဲက``ဣသရေလအမျိုးသားတို့အား သင်ပြုမည့်ကြမ်းကြုတ်ဆိုးယုတ်သည့်အမှု တို့ကို ငါသိမြင်သောကြောင့်ဖြစ်၏။ သင်သည် သူတို့၏ရဲတိုက်များကိုမီးရှို့ကာ အဖိုးတန် လူငယ်လူရွယ်တို့ကိုသတ်ဖြတ်လိမ့်မည်။ ကလေးသူငယ်တို့ကိုဆောင့်၍သတ်ပြီးလျှင် ကိုယ်ဝန်ဆောင်အမျိုးသမီးတို့၏ဝမ်းကို ခွဲလိမ့်မည်'' ဟုဆို၏။
ויאמר חזהאל כי מה עבדך הכלב כי יעשה הדבר הגדול הזה ויאמר אלישע הראני יהוה אתך מלך על ארם׃ | 13 |
၁၃ဟာဇေလက``အကျွန်ုပ်သည်မရေရာသူ တစ်ဦးဖြစ်ပါသည်။ အဘယ်သို့လျှင်ဤ မျှတန်ခိုးကြီးနိုင်ပါမည်နည်း'' ဟုမေး၏။ ဧလိရှဲက``သင်သည်ရှုရိပြည်ကိုစိုးစံရလိမ့် မည်ဖြစ်ကြောင်း ငါ့အားထာဝရဘုရားဖော်ပြ တော်မူလေပြီ'' ဟုဆို၏။
וילך מאת אלישע ויבא אל אדניו ויאמר לו מה אמר לך אלישע ויאמר אמר לי חיה תחיה׃ | 14 |
၁၄ဟာဇေလသည်ဗင်္ဟာဒဒ်ထံသို့ပြန်ရောက်သော အခါ မင်းကြီးက``ဧလိရှဲအဘယ်သို့အမိန့် ရှိသနည်း'' ဟုမေးတော်မူလျှင် ``အရှင်ပြန်လည်ကျန်းမာလာလိမ့်မည်ဟု ပြောပါသည်'' ဟုလျှောက်၏။-
ויהי ממחרת ויקח המכבר ויטבל במים ויפרש על פניו וימת וימלך חזהאל תחתיו׃ | 15 |
၁၅သို့ရာတွင်နောက်တစ်နေ့၌ဟာဇေလသည် စောင်တစ်ထည်ကိုရေဆွတ်ပြီးလျှင်မင်းကြီး ၏မျက်နှာကိုဖုံးအုပ်၍သတ်လေ၏။ ထိုနောက်ဟာဇေလသည်ဗင်္ဟာဒဒ်၏အရိုက် အရာကိုဆက်ခံ၍နန်းတက်လေ၏။
ובשנת חמש ליורם בן אחאב מלך ישראל ויהושפט מלך יהודה מלך יהורם בן יהושפט מלך יהודה׃ | 16 |
၁၆ဣသရေလဘုရင်အာဟပ်၏သားတော်ယောရံ ၏နန်းစံငါးနှစ်မြောက်၌ ယောရှဖတ်၏သားတော် ယဟောရံသည်အသက်သုံးဆယ့်နှစ်နှစ်ရှိသော အခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက်၏။ သူ သည်ယေရုရှလင်မြို့တွင်ရှစ်နှစ်မျှနန်းစံရ၏။-
בן שלשים ושתים שנה היה במלכו ושמנה שנה מלך בירושלם׃ | 17 |
၁၇
וילך בדרך מלכי ישראל כאשר עשו בית אחאב כי בת אחאב היתה לו לאשה ויעש הרע בעיני יהוה׃ | 18 |
၁၈သူ၏မိဖုရားမှာအာဟပ်၏သမီးဖြစ်သဖြင့် မင်းကြီးသည်အာဟပ်မင်းမျိုးတို့ကဲ့သို့ ဣသ ရေလဘုရင်များ၏ဒုစရိုက်လမ်းစဉ်ကို လိုက်လျှောက်လေသည်။ သူသည်ထာဝရဘုရား အားပြစ်မှား၏။-
ולא אבה יהוה להשחית את יהודה למען דוד עבדו כאשר אמר לו לתת לו ניר לבניו כל הימים׃ | 19 |
၁၉သို့သော်လည်းထာဝရဘုရားသည် ဒါဝိဒ်အား``သင် ၏သားမြေးတို့ကိုထာဝစဉ်အုပ်စိုးစေမည်'' ဟု ပြုခဲ့သည့်ကတိတော်ကိုထောက်၍ ယုဒပြည် ကိုဖျက်ဆီးရန်အလိုတော်မရှိချေ။
בימיו פשע אדום מתחת יד יהודה וימלכו עליהם מלך׃ | 20 |
၂၀ယဟောရံနန်းစံနေချိန်၌ဧဒုံပြည်သည် ယုဒ ပြည်ကိုပုန်ကန်၍လွတ်လပ်သောနိုင်ငံဖြစ်လာ လေသည်။-
ויעבר יורם צעירה וכל הרכב עמו ויהי הוא קם לילה ויכה את אדום הסביב אליו ואת שרי הרכב וינס העם לאהליו׃ | 21 |
၂၁သို့ဖြစ်၍ယဟောရံသည်မိမိ၏စစ်ရထား အလုံးအရင်းနှင့် ဇာဣရမြို့သို့ချီတက်တော် မူရာထိုအရပ်တွင် ဧဒုံတပ်မတော်၏ဝိုင်းရံ ခြင်းကိုခံရလေသည်။ မင်းကြီးနှင့်စစ်ရထား မှူးတို့သည် ယင်းသို့ဝိုင်းရံမှုကိုချိုးဖောက်လွတ် မြောက်သွားကြ၏။ သူ၏စစ်သည်တော်တို့သည် မိမိတို့နေရပ်သို့ကစဥ့်ကရဲထွက်ပြေး ကြကုန်၏။-
ויפשע אדום מתחת יד יהודה עד היום הזה אז תפשע לבנה בעת ההיא׃ | 22 |
၂၂ထိုအခါမှအစပြု၍ယခုတိုင်ဧဒုံပြည် သည် ယုဒသြဇာခံမဟုတ်တော့ဘဲလွတ်လပ် သောနိုင်ငံဖြစ်လာလေသည်။ ထိုအချိန်ကာလ ၌လိဗနမြို့သည်လည်းပုန်ကန်လေ၏။
ויתר דברי יורם וכל אשר עשה הלוא הם כתובים על ספר דברי הימים למלכי יהודה׃ | 23 |
၂၃ယဟောရံလုပ်ဆောင်ခဲ့သည့်အခြားအမှု အရာရှိသမျှတို့ကို ယုဒရာဇဝင်တွင်ရေး ထားသတည်း။-
וישכב יורם עם אבתיו ויקבר עם אבתיו בעיר דוד וימלך אחזיהו בנו תחתיו׃ | 24 |
၂၄ယဟောရံကွယ်လွန်သောအခါသူ့ကိုဒါဝိဒ် မြို့ရှိသင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ ထိုနောက် သားတော်အာခဇိသည် ခမည်းတော်၏အရိုက် အရာကိုဆက်ခံ၍နန်းတက်လေသည်။
בשנת שתים עשרה שנה ליורם בן אחאב מלך ישראל מלך אחזיהו בן יהורם מלך יהודה׃ | 25 |
၂၅အာဟပ်၏သားတော်၊ ဣသရေလဘုရင်ယောရံ ၏နန်းစံတစ်ဆယ့်နှစ်နှစ်မြောက်၌ ယုဒပြည် ဘုရင်အဖြစ်ယဟောရံ၏သားအသက်နှစ် ဆယ့်နှစ်နှစ်ရှိအာခဇိနန်းတက်၏။-
בן עשרים ושתים שנה אחזיהו במלכו ושנה אחת מלך בירושלם ושם אמו עתליהו בת עמרי מלך ישראל׃ | 26 |
၂၆သူသည်ယေရုရှလင်မြို့တွင်တစ်နှစ်မျှအုပ် စိုးရ၏။ သူ၏မယ်တော်မှာဣသရေလဘုရင် သြမရိ၏မြေးအာသလိဖြစ်၏။-
וילך בדרך בית אחאב ויעש הרע בעיני יהוה כבית אחאב כי חתן בית אחאב הוא׃ | 27 |
၂၇အာခဇိသည်အာဟပ်မင်းနှင့်အိမ်ထောင်ရေး အရဆွေမျိုးတော်စပ်သဖြင့် အာဟပ်မင်းအိမ် ထောင်စုနည်းတူထာဝရဘုရားအားပြစ်မှား လေသည်။
וילך את יורם בן אחאב למלחמה עם חזהאל מלך ארם ברמת גלעד ויכו ארמים את יורם׃ | 28 |
၂၈ဣသရေလဘုရင်ယောရံနှင့်ရှုရိဘုရင် ဟာဇေလတို့စစ်ဖြစ်ကြသောအခါ အာခဇိ ကယောရံ၏ဘက်မှဝင်၍တိုက်ခိုက်လေသည်။ ဂိလဒ်ပြည်ရာမုတ်မြို့တွင် တိုက်ပွဲဖြစ်ပွားရာ ယောရံသည်ဒဏ်ရာများရရှိသဖြင့်၊-
וישב יורם המלך להתרפא ביזרעאל מן המכים אשר יכהו ארמים ברמה בהלחמו את חזהאל מלך ארם ואחזיהו בן יהורם מלך יהודה ירד לראות את יורם בן אחאב ביזרעאל כי חלה הוא׃ | 29 |
၂၉အနာကိုကုသရန်ယေဇရေလမြို့သို့ပြန် လေ၏။ အာခဇိသည်လည်းသူ့ကိုကြည့်ရှုရန် ထိုမြို့သို့သွားလေ၏။