< לוּקָס 22 >
בהתקרב חג הפסח חיפשו ראשי הכוהנים והסופרים דרך להיפטר מישוע בלי לעורר מהומות בעם – דבר שפחדו ממנו מאוד. | 1 |
၁ပသခါအမည်ရှိသော အဇုမပွဲခံခါနီးတွင်၊
၂ယဇ်ပုရောဟိတ်အကြီးတို့နှင့် ကျမ်းပြုဆရာတို့သည် ကိုယ်တော်ကို အဘယ်သို့သတ်ရအံ့နည်းဟု ရှာကြံရကြသနည်းဟူမူကား၊ လူများတို့ကို ကြောက်ကြ၏။
אז נכנס השטן ביהודה איש קריות, שהיה אחד משנים־עשר תלמידי ישוע. | 3 |
၃ထိုအခါ စာတန်သည် တပည့်တော်တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်အထဲသို့ဝင်သည် ဖြစ်၍၊
יהודה הלך אל ראשי הכוהנים ואל מפקדי משמר בית־המקדש כדי להתייעץ איתם כיצד להסגיר את ישוע לידיהם. | 4 |
၄ထိုသူသည် ယဇ်ပုရောဟိတ်အကြီးများ၊ ဗိမာန်တော်မှူးများတို့ထံသို့ သွားပြီးလျှင်၊ ယေရှုကို အဘယ် သို့ အပ်ရမည်နည်းဟူ၍ တိုင်ပင်လေ၏။
ראשי הכוהנים ומפקדי משמר בית־המקדש שמחו מאוד על העזרה שהציע להם יהודה, והבטיחו לו כסף. | 5 |
၅ထိုသူတို့သည် ဝမ်းမြောက်သောစိတ်ရှိ၍ ငွေပေးမည်ဟု ဝန်ခံကြ၏။
מאותה עת חיפש יהודה הזדמנות להסגיר את ישוע לידיהם, כשלא יהיה בחברת אנשים רבים. | 6 |
၆ယုဒရှကာရုတ်သည်လည်း ဝန်ခံပြီးမှ လူများမရှိစဉ်တွင် ကိုယ်တော်ကို အပ်ခြင်းငှါ အဆင်သင့်သော အချိန်ကာလကို ကြံလျက်နေ၏။
בהגיע חג הפסח, ביום שבו מקריבים זבח, | 7 |
၇ပသခါသိုးသငယ်ကို သတ်ရသောနေ့တည်းဟူသော အဇုမပွဲနေ့ရောက်သောအခါ၊
שלח ישוע את פטרוס ויוחנן להכין את הסדר. | 8 |
၈ကိုယ်တော်က၊ ငါတို့ စားဘို့ရာ သင်တို့သည်သွား၍ ပသခါပွဲကို ပြင်ဆင်ကြလော့ဟု ပေတရုနှင့် ယောဟန်ကို စေလွှတ်တော်မူ၏။
”היכן אתה רוצה שנכין את הסעודה?“שאלו את ישוע. | 9 |
၉သူတို့ကလည်း၊ အဘယ်အရပ်၌ ပြင်ဆင်စေခြင်းငှါ အလိုရှိတော်မူသနည်းဟု မေးလျှောက်ကြသော်၊
”בכניסה לירושלים תפגשו אדם נושא כד מים“, השיב ישוע.”לכו אחריו, היכנסו אל הבית שאליו יכנס | 10 |
၁၀ကိုယ်တော်က၊ သင်တို့သည် မြို့ထဲသို့ဝင်သောအခါ ရေအိုးဆောင်သောသူကိုတွေ့လိမ့်မည်။ ထိုသူ နောက်သို့ လိုက်၍ သူဝင်သောအိမ်သို့ ဝင်ပြီးမှ၊
ואמרו לבעל הבית:’רבנו ביקש שתראה לנו את חדר האורחים אשר הכנת לו ולתלמידיו בשביל הסדר‘. | 11 |
၁၁ငါသည် ငါ့တပည့်တို့နှင့်တကွ ပသခါပွဲကိုစားရသော ဧည့်သည်အခန်းကား အဘယ်မှာရှိသနည်း။ ဆရာက မေးသည်ဟု အိမ်ရှင်ကို ပြောကြလော့။
הוא יוביל אתכם אל הקומה השנייה ויראה לכם חדר גדול שהכין למעננו. שם תכינו את הסעודה.“ | 12 |
၁၂ထိုသူသည် ပြင်ဆင်လျက်ရှိသော အထက်အခန်းကြီးကို ပြလိမ့်မည်။ ထိုအခန်း၌ ပြင်ဆင်ကြလော့ဟု မိန့်တော်မူ၏။
פטרוס ויוחנן הלכו העירה; הכול התרחש בדיוק כפי שאמר ישוע, והם הכינו את הסדר. | 13 |
၁၃တပည့်တောတို့သည် သွား၍ စကားတော်အတိုင်းတွေ့လျှင်၊ ပသခါပွဲကို ပြင်ဆင်ကြ၏။
מאוחר יותר הגיעו ישוע ושאר התלמידים, וכשהגיעה השעה התיישבו כולם סביב השולחן. | 14 |
၁၄အချိန်ရောက်မှ တမန်တော်တကျိပ်နှစ်ပါးတို့နှင့်အတူ စားပွဲ၌ လျောင်းတော်မူ၍၊
”נכספתי לאכול עמכם את סעודת הפסח לפני שאתייסר“, פתח ישוע ואמר: | 15 |
၁၅ငါသည် အသေမခံမှီ ဤပသခါပွဲကို သင်တို့နှင့်အတူ စားခြင်းငှါ အလွန်အလိုရှိလေပြီ။
”אני אומר לכם ששוב לא אוכל את סעודת הפסח, עד אשר תתקיים במלוא משמעותה במלכות האלוהים.“ | 16 |
၁၆ငါဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်၌ ပသခါပွဲမပြည့်စုံမှီတိုင်အောင် ယခုမှစ၍ ဤပွဲကို တဖန် ငါမစားရဟု မိန့်တော်မူလျက်၊
לאחר מכן לקח ישוע כוס יין, ברך ואמר:”קחו את היין ושתו ממנו כולכם. | 17 |
၁၇ခွက်ဖလားကို ယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ၊ ဤခွက်ကို ယူ၍ အချင်းချင်းဝေကြလော့။
”דעו לכם ששוב לא אשתה יין עד אשר תבוא מלכות האלוהים.“ | 18 |
၁၈ငါဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော် မတည်မှီတိုင်အောင် ယခုမှစ၍ စပျစ်ရည်ကိုတဖန် ငါ မသောက်ရဟု မိန့်တော်မူ၏။
לאחר מכן הוא לקח כיכר לחם (מצה), הודה לאלוהים עליו, פרס את הלחם לפרוסות, נתן לתלמידיו ואמר:”זהו גופי הניתן בעדכם. עשו זאת לזיכרוני.“ | 19 |
၁၉ထိုအခါ မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား သင်တို့အဘို့ အလိုငှါ စွန့်သော ငါ၏ကိုယ် ဖြစ်၏။ ငါ့ကို အောက်မေ့ဘို့ရာ ဤသို့ပြုကြလော့ဟု မိန့်တော်မူ၏။
בתום הסעודה הגיש להם ישוע עוד כוס יין ואמר:”כוס זאת מסמלת את הברית החדשה בין אלוהים לביניכם – ברית שנחתמה בדמי. | 20 |
၂၀ထိုနည်းတူညစာစားပြီးမှ ခွက်ကိုလည်းယူ၍၊ ဤခွက်ကား သင်တို့အဘို့အလိုငှါ သွန်းသော ငါ၏ အသွေး၌တည်သော ပဋိညာဉ်တရားသစ်ဖြစ်၏။
אולם ליד השולחן יושב האיש שיסגיר אותי. | 21 |
၂၁သို့သော်လည်း ငါ့ကို အပ်နှံသောသူ၏လက်သည် ဤစားပွဲပေါ်မှာ ငါ့လက်နှင့်အတူရှိ၏။
בן־האדם הולך למות כפי שנגזר עליו, אולם אני אומר לכם: אוי לו לאיש שיסגיר אותו!“ | 22 |
၂၂ခွဲခန့်မှတ်သားတော်မူသည်အတိုင်း လူသားသည် သွားရမည်။ သို့သော်လည်း လူသားကို အပ်နှံသော သူသည် အမင်္ဂလာရှိ၏ဟု မိန့်တော်မူ၏။
התלמידים החלו לשאול זה את זה מי מהם עלול לעשות מעשה נורא שכזה. | 23 |
၂၃တပည့်တော်တို့သည်လည်း ထိုအမှုကို အဘယ်သူပြုအံ့နည်းဟု အချင်းချင်း မေးမြန်းကြ၏။
בין התלמידים התעורר ויכוח: מי מהם החשוב ביותר. | 24 |
၂၄ထိုမှတပါး တပည့်တော်တို့သည် မိမိတို့တွင် အဘယ်သူသည် သာ၍ ကြီးမြတ်သနည်းဟု အချင်းချင်း ငြင်းခုံခြင်းရှိသည်ဖြစ်၍၊
אמר להם ישוע:”בעולמנו רודים המלכים והשליטים בנתיניהם, ובכל זאת אלה נחשבים לדורשים בטוב נתיניהם. | 25 |
၂၅ကိုယ်တော်က၊ လောကီမင်းတို့သည် အစိုးတရပြုတတ်ကြ၏။ အာဏာထားသောသူတို့ကိုလည်း ကျေးဇူးရှင်ဟူ၍ ခေါ်ဝေါ်ကြ၏။
אולם אצלכם המצב שונה; מי שמרבה לשרת אתכם הוא יהיה הגדול מביניכם, והמנהיג יהיה משרת. | 26 |
၂၆သင်တို့မူကား ထိုသို့မပြုကြနှင့်၊ သင်တို့တွင် အကဲအမှူးပြုသောသူကို ငယ်သားကဲ့သို့ဖြစ်စေ။ အုပ်စိုး သောသူကိုလည်း အစေခံကဲ့သို့ဖြစ်စေ။
ומי נחשב גדול, מי שיושב בשולחן או מי שמשרת את מי שבשולחן? כמובן שהיושב בשולחן. ואילו אני ביניכם כמשרת. | 27 |
၂၇အဘယ်သူသည် သာ၍ ကြီးမြတ်သနည်း။ စားပွဲ၌ လျောင်းသောသူသည် ကြီးမြတ်သလော။ လုပ် ကျွေးသောသူသည် ကြီးမြတ်သလော။ စားပွဲ၌ လျောင်းသောသူသည်ကြီးမြတ်သည်မဟုတ်လော။ သို့သော် လည်း ငါသည် သင်တို့တွင် လုပ်ကျွေးသောသူကဲ့သို့ဖြစ်၏။
”מאחר ששמרתם לי אמונים על־אף הצרות והקשיים, | 28 |
၂၈ငါသည် စုံစမ်းနှောင့်ရှက်ခြင်းကို ခံစဉ်တွင် သင်တို့သည် ငါ၌မှီဝဲသောသူဖြစ်ရာ၏။
ומאחר שאבי הנחיל לי מלכות, הריני מעניק לכם בזאת את הזכות | 29 |
၂၉ငါ့ခမည်းတော်သည် ငါ့အား နိုင်ငံကို ပေးတော်မူသည်နှင့်အညီ၊
לאכול ולשתות על שולחני במלכותי, ולשבת על כסאות לשפוט את שנים־עשר שבטי ישראל.“ | 30 |
၃၀သင်တို့သည် ငါ၏နိုင်ငံတွင် ငါ့စားပွဲ၌ စားသောက်သောအခွင့်ကို၎င်း၊ တရားပလ္လင်ပေါ်မှာထိုင်၍ ဣသရေလလူတဆယ်နှစ်မျိုးကို အုပ်စိုးရသောအခွင့်ကို၎င်း၊ ငါသည် သင်တို့အား ပေးမည်ဟု မိန့်တော်မူ၏။
”שמעון, שמעון, “המשיך האדון,”השטן דורש את כולכם, לסנן אתכם כמו חיטה. | 31 |
၃၁တဖန် သခင်ဘုရားက၊ ရှိမုန်၊ ရှိမုန်၊ ဂျုံဆန်ကို ဆန်ခါနှင့်ချသကဲ့သို့ စာတန်သည် သင်တို့ကို ချရမည် အကြောင်း အခွင့်တောင်းသည်ဖြစ်၍၊
אבל התפללתי בעדך שלא תאבד את אמונתך. לאחר שתחזור בתשובה חזק את אחיך.“ | 32 |
၃၂သင်၏ယုံကြည်သောစိတ် မပျက်စေခြင်းငှါ ငါသည် သင့်အဘို့ဆုတောင်းလေပြီ။ သင်သည် သတိရ ပြန်သောအခါ သင်၏ညီအစ်ကိုတို့ကို တည်ကြည်စေလော့ဟု မိန့်တော်မူလျှင်၊
”אדוני, “קרא שמעון פטרוס,”אני מוכן ללכת איתך לבית־הסוהר ואף למות איתך!“ | 33 |
၃၃ပေတရုက၊ သခင်၊ အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူ ထောင်ထဲသို့၎င်း၊ အသေသတ်ခြင်းသို့၎င်း လိုက်ခြင်းငှါ အသင့်ရှိပါ၏ဟု လျှောက်လေသော်၊
אולם ישוע ענה:”פטרוס, אני אומר לך שעוד היום, לפני קריאת התרנגול, תתכחש לי שלוש פעמים ותאמר שאינך מכיר אותי כלל. | 34 |
၃၄သခင်ဘုရားက၊ ပေတရု၊ ငါဆိုသည်ကား၊ ယနေ့တွင် ကြက်မတွန်မှီ သင်သည် ငါ့ကို မသိဟု သုံးကြိမ်မြောက်အောင် ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူ၏။
”כאשר שלחתי אתכם לבשר את הבשורה בלי כסף, בלי תרמיל ובלי נעליים האם חסרתם משהו?“המשיך ישוע.”לא חסר לנו דבר“, השיבו. | 35 |
၃၅တဖန် မိန့်တော်မူသည်ကား၊ အထက်က ငွေအိတ်၊ လွယ်အိတ်၊ ခြေနင်းမပါဘဲ သွားကြလော့ဟု သင်တို့ကို ငါစေလွှတ်သောအခါ တစုံတခုလိုသလောဟု မေးလျှင်၊ တစုံတခုမျှ မလိုပါဟု လျှောက်ကြသော်၊
”אבל עכשיו, “אמר להם ישוע,”למי שיש כסף ותרמיל שייקח אותם איתו; ולמי שאין חרב – שימכור את מעילו ויקנה אחת. | 36 |
၃၆ယခုမူကား ငွေအိတ်ရှိသောသူသည် ယူစေ။ လွယ်အိတ်ရှိသောသူသည် ယူစေ။ ထားမရှိသော သူသည် အဝတ်ကိုရောင်း၍ ထားကိုဝယ်စေ။
כי הגיע המועד שתתקיים הנבואה הכתובה עלי:’הוא נימנה בין פושעים‘. כן, כל מה שכתבו עלי הנביאים יתקיים במלואו.“ | 37 |
၃၇အကြောင်းမူကား၊ ထိုသူသည် မတရားသောသူတို့နှင့် ရေတွက်ဝင်ခြင်းသို့ ရောက်၏ဟူသော ကျမ်းစာ ချက်သည် ငါ၌ ယခုပင် ပြည့်စုံရမည်။ ငါ့အမှုအရာတို့သည် ပြီးစီးခြင်းသို့ ရောက်ကြပြီဟု မိန့်တော်မူ၏။
”אדון, “קראו התלמידים,”יש לנו כאן שתי חרבות.“”אלה מספיקות לכם“, השיב ישוע. | 38 |
၃၈ထိုသူတို့ကလည်း၊ သခင်၊ ထားနှစ်စင်းရှိပါ၏ဟု လျှောက်လျှင်၊ တန်ပြီဟု မိန့်တော်မူ၏။
לאחר מכן יצא ישוע מהעיר והלך אל הר הזיתים, כמנהגו מדי יום, והתלמידים הלכו בעקבותיו. | 39 |
၃၉ထိုနောက် အလေ့တော်ရှိသည်အတိုင်း သံလွင်တောင်သို့ ထွက်ကြွတော်မူ၍၊ တပည့်တော်တို့သည် နောက်တော်သို့ လိုက်ကြ၏။
בהגיעו אל המקום אמר ישוע לתלמידיו:”התפללו שלא תבואו לידי ניסיון.“ | 40 |
၄၀ထိုအရပ်သို့ ရောက်တော်မူလျှင်၊ သင်တို့သည် စုံစမ်းနှောင့်ရှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆု တောင်းကြလော့ဟု မိန့်တော်မူပြီးမှ၊
ישוע התרחק מתלמידיו מרחק־מה, כרע על ברכיו והתפלל: | 41 |
၄၁တပည့်တော်တို့နှင့် ကျောက်ခဲတပစ်လောက် ခွာသွား၍ ဒူးထောက်လျက်၊
”אבי, אם יש ברצונך, אנא, הרחק ממני את כוס הייסורים. אולם אני רוצה שייעשה רצונך ולא רצוני!“ | 42 |
၄၂အိုအဘ၊ အလိုတော်ရှိလျှင် ဤခွက်ကို အကျွန်ုပ်မှ လွှဲတော်မူပါ။ သို့သော်လည်း အကျွန်ုပ်အလိုရှိ သည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းတော်မူ၏။
לאחר מכן נגלה אליו מלאך מן השמים וחיזק אותו. | 43 |
၄၃ထိုအခါ ကောင်းကင်တမန်သည် ထင်ရှားလာ၍ ကိုယ်တော်ကို အားပေးရ၏။
בגלל סבלו הרב הוא התפלל בדבקות רבה, וזיעתו נפלה על הארץ כטיפות דם גדולות. | 44 |
၄၄ပြင်းစွာသောဝေဒနာကိုခံလျက် အထူးသဖြင့်ကြိုးစား၍ ဆုတောင်းတော်မူ၏။ ချွေးထွက်တော်မူသည် ကား၊ မြေပေါ်၌ကျသော သွေးစက်ခဲကဲ့သို့ ဖြစ်သတည်း။
כאשר סיים ישוע את תפילתו וחזר אל תלמידיו, מצא אותם ישנים מרוב צער ועייפות. | 45 |
၄၅ထိုသို့ ဆုတောင်းပြီးမှ၊ ယေရှုသည်ထ၍ တပည့်တော်တို့ရှိရာသို့ ပြန်သောအခါ၊ သူတို့သည် ဝမ်းနည်း သောစိတ်ရှိသည်နှင့် အိပ်ပျော်လျက် နေကြသည်ကို တွေ့တော်မူလျှင်၊
”מדוע אתם ישנים?“שאל ישוע.”קומו והתפללו שלא תבואו לידי ניסיון.“ | 46 |
၄၆သင်တို့သည် အဘယ်ကြောင့် အိပ်ပျော်ကြသနည်း။ ထကြ။ စုံစမ်းနှောင့်ရှက်ခြင်းနှင့် ကင်းလွတ်မည် အကြောင်း ဆုတောင်းကြလော့ဟု မိန့်တော်မူ၏။
בעודו מדבר התקרב אליו קהל גדול של אנשים ובראשם צעד יהודה, שהיה אחד מתלמידיו. יהודה קרב אל ישוע כדי לנשקו, | 47 |
၄၇ထိုသို့ မိန့်တော်မူစဉ်တွင်ပင် တပည့်တော်တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်သည် လူ အပေါင်းတို့ကို လမ်းပြလျက်လာ၍၊ ယေရှုကို နမ်းခြင်းငှါ ချဉ်းကပ်လေ၏။
אולם ישוע אמר לו:”יהודה, האם בנשיקה אתה עומד להסגיר את בן־האדם?“ | 48 |
၄၈ယေရှုကလည်း၊ ယုဒါ သင်သည် နမ်းခြင်းကို ပြုလျက် လူသားကိုအပ်သလောဟု မေးတော်မူ၏။
כשראו התלמידים את העומד להתרחש שאלו את ישוע:”אדון, אתה רוצה שנכה אותם בחרבות שלנו?“ | 49 |
၄၉ယေရှုနှင့်အတူပါသော သူတို့သည် ဖြစ်အံ့သောအမှုကို မြင်လျှင်၊ သခင်၊ အကျွန်ုပ်တို့သည် ထားနှင့် ခုတ်ရပါမည်လောဟု မေးလျှောက်ပြီးမှ၊
ואחד מהם קיצץ את אוזנו הימנית של עבד הכוהן הגדול. | 50 |
၅၀တယောက်သည် ယဇ်ပုရောဟိတ်မင်း၏ ကျွန်တယောက်ကို ခုတ်သဖြင့် လက်ျာနားရွက်ပြတ်လေ၏။
ישוע עצר בעדם ואמר:”הניחו להם לעשות את שלהם.“לאחר מכן נגע באוזנו של העבד וריפא אותה. | 51 |
၅၁ယေရှုကလည်း၊ တန်စေဟု မိန့်တော်မူ၍ နားရွက်ကို လက်တော်နှင့်တို့သဖြင့် အနာကို ပျောက်စေ တော်မူ၏။
ישוע פנה אל ראשי הכוהנים, מפקדי משמר בית־המקדש והזקנים שבאו לאסרו:”מדוע אתם באים אלי בחרבות ובמקלות, האם אני גנב או שודד? | 52 |
၅၂ထိုအခါ အထံတော်သို့ရောက်လာသော ယဇ်ပုရောဟိတ်အကြီး၊ ဗိမာန်တော်မှူး၊ လူအကြီးအကဲတို့ အား ယေရှုက၊ သင်တို့သည် ထားပြကို ဘမ်းသကဲ့သို့ ငါ့ကို ဘမ်းအံ့သောငှါ ထားနှင့် ဒုတ်များကို လက်စွဲလျက် လာကြသည်တကား။
מדוע לא אסרתם אותי בבית־המקדש? הרי הייתי שם כל יום. אבל זוהי שעתכם, ושעת שלטון החושך.“ | 53 |
၅၃ငါသည် ဗိမာန်တော်၌ သင်တို့နှင့်အတူ ရှိနေစဉ်အခါ သင်တို့သည် ငါ့ကို မဘမ်းမဆီးကြ။ သို့သော် လည်း ယခုအချိန်ကား သင်တို့အချိန်ဖြစ်၏။ မှောင်မိုက်တန်ခိုးလည်းဖြစ်၏ဟု မိန့်တော်မူ၏။
הם אסרו את ישוע והובילוהו אל בית הכוהן הגדול. פטרוס הלך אחריהם במרחק־מה, | 54 |
၅၄ထိုသူတို့သည် ကိုယ်တော်ကို ဘမ်းဆီး၍ ယဇ်ပုရောဟိတ်မင်း၏အိမ်သို့ ဆောင်သွားကြ၏။ ပေတရု သည်လည်း သူတို့နှင့် ဝေးစွာလိုက်လေ၏။
אולם הצטרף אליהם כשהדליקו מדורה בחצר והתיישבו סביבה. | 55 |
၅၅အိမ်ဦးအလယ်၌ မီးမွေးပြီးမှ၊ လူများတို့သည် စုဝေး၍ ထိုင်ကြလျှင်၊ ပေတရုသည်လည်း သူတို့အထဲ၌ ထိုင်နေ၏။
משרתת אחת הבחינה בפטרוס לאור המדורה. היא נעצה בו מבט וקראה:”האיש הזה היה עם ישוע!“ | 56 |
၅၆ထိုသို့ ပေတရုသည် မီးအနားမှာ ထိုင်နေသည်ကို အစေအပါးမိန်းမတယောက်သည်မြင်လျှင်၊ သူ့ကို စေ့စေ့ကြည့်၍၊ ဤသူသည် ယေရှုနှင့် ပေါင်းဘော်သောသူဖြစ်သည်ဟု ဆိုသော်၊
פטרוס הכחיש בתוקף את דבריה:”אישה, איני מכיר אותו כלל!“ | 57 |
၅၇ပေတရုက၊ အချင်းမိန်းမ၊ ထိုသူကို ငါမသိဟု ငြင်းလေ၏။
כעבור זמן קצר הבחין מישהו אחר בפטרוס.”אתה ודאי אחד מהם!“אמר.”מה פתאום, “הכחיש פטרוס,”אינני אחד מהם!“ | 58 |
၅၈ထိုနောက် များမကြာ အခြားသောသူသည် ပေတရုကိုမြင်လျှင်၊ သင်သည်လည်း ထိုသူတို့အဝင်ဖြစ် သည်ဟုဆိုသော်၊ ပေတရုက၊ အချင်းလူ၊ ငါသည် သူတို့ အဝင်မဟုတ်ဟု ဆို၏။
כעבור שעה בערך העיר אדם נוסף:”אין לי ספק שהאיש הזה היה עם ישוע, כי שניהם מהגליל.“ | 59 |
၅၉တဖန် တနာရီလောက်ကြာပြီးမှ အခြားသောသူက၊ အကယ်စင်စစ် ဤသူသည် ယေရှုနှင့် ပေါင်းဘော် သောသူဖြစ်၏။ ဂါလိလဲလူလည်း ဖြစ်၏ဟု ခိုင်မာစွာဆိုလျှင်၊
פטרוס הכחיש שוב:”בן־אדם, איני יודע על מה אתה מדבר!“לפני שסיים פטרוס את דבריו נשמעה קריאת התרנגול. | 60 |
၆၀ပေတရုက၊ အချင်းလူ၊ သင်ပြောသောအရာကို ငါမသိဟုဆို၏။ ထိုစကားကိုပြောသော ခဏခြင်းတွင် ကြက်တွန်လေ၏။
באותו רגע פנה ישוע והביט בעיניו של פטרוס. אז נזכר פטרוס בדברי האדון:”לפני קריאת התרנגול תתכחש לי שלוש פעמים.“ | 61 |
၆၁ထိုအခါ သခင်ဘုရားသည်လှည့်၍ ပေတရုကို ကြည့်တော်မူ၏။ ကြက် မတွန်မှီ သင်သည် သုံးကြိမ် မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူသော စကားကို ပေတရုသည် သတိရသဖြင့်၊
הוא יצא מהחצר ומירר בבכי. | 62 |
၆၂ပြင်သို့ထွက်၍ ပြင်းစွာငိုကြွေးလေ၏။
החיילים שהופקדו על שמירת ישוע לעגו לו, הכו אותו והתעללו בו. | 63 |
၆၃ယေရှုကို ကိုင်ဆွဲသောသူတို့သည် ကိုယ်တော်ကို ပြက်ယယ်ပြု၍ ရိုက်ပုတ်ကြ၏။
הם קשרו את עיניו, הכו אותו באגרופים וקראו בלעג:”נביא שכמוך, נחש מי הכה אותך?“ | 64 |
၆၄မျက်နှာတော်ကိုဖုံးပြီးလျှင် လက်နှင့်ပုတ်လျက်၊ ကိုယ်တော်ကို အဘယ်သူပုတ်သည်ကို ပရောဖက်ပြု ၍ ဟောတော်မူပါဟုဆိုကြ၏။
הם המשיכו לקלל ולהעליב אותו. | 65 |
၆၅အခြားသောစကားများဖြင့်လည်း ကိုယ်တော်ကို ကဲ့ရဲ့၍ ပြောဆိုကြသေး၏။
למחרת בבוקר הובא ישוע לפני חברי הסנהדרין, ראשי הכוהנים, הסופרים וזקני העם. | 66 |
၆၆မိုဃ်းလင်းသောအခါ လူတို့တွင် အကြီးအကဲဖြစ်သောသူ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့ သည် စည်းဝေး၍ ကိုယ်တော်ကို လွှတ်တော်သို့ ဆောင်သွားပြီးလျှင်၊
”האם אתה באמת המשיח?“שאלו אותו. אך ישוע השיב:”אם אגיד לכם, לא תאמינו לי, | 67 |
၆၇သင်သည် ခရစ်တော်မှန်လျှင် ငါတို့အား ပြောလော့ဟုဆိုကြ၏။ ယေရှုကလည်း၊ ငါပြောလျှင် သင်တို့ သည် မယုံ။
ואם אשאל אתכם שאלות לא תשיבו לי. | 68 |
၆၈ငါမေးလျှင်လည်း သင်တို့သည် မဖြေဘဲ၊ ငါ့ကို မလွှတ်ဘဲနေကြလိမ့်မည်။
אולם עוד מעט בן־האדם ישב לימין גבורת האלוהים.“ | 69 |
၆၉နောက်၌ လူသားသည် ဘုရားသခင်၏ တန်ခိုးတော်လက်ျာဘက်၌ ထိုင်တော်မူလတံ့ဟု မိန့်တော်မူ သော်၊
”אם כך, בן־אלוהים אתה?“”אתם אמרתם שאני הוא“השיב ישוע. | 70 |
၇၀ထိုသူအပေါင်းတို့က၊ သို့ဖြစ်၍ သင်သည် ဘုရားသခင်၏ သားတော်မှန်သည်တကားဟု ဆိုကြလျှင်၊ သင်တို့ဆိုသည်အတိုင်းမှန်သည်ဟု မိန့်တော်မူ၏။
”איננו זקוקים לעדויות נוספות!“הם קראו.”במו אוזנינו שמענו אותו אומר דברים אלה!“ | 71 |
၇၁ထိုသူတို့ကလည်း၊ အဘယ်သက်သေလိုသေးသနည်း။ သူ၏စကားကို ငါတို့ကိုယ်တိုင် ကြားရပြီဟု ဆိုကြ၏။