< ג'ון 13 >
לפני חג הפסח, ישוע ידע שהגיעה שעתו לעזוב את העולם ולשוב אל אביו. ישוע תמיד אהב מאוד את בחיריו בעולם הזה, ועתה עמד להוכיח להם כי אין גבול לאהבתו. | 1 |
၁ပသခါပွဲမခံမှီ၌ ယေရှုသည် ဤလောကမှခမည်းတော်ထံသို့ ပြောင်းရသောအချိန်ရောက်သည်ကို သိ တော်မူသည်ဖြစ်၍၊ ဤလောက၌ရှိသောမိမိလူတို့ကိုချစ်တော်မူသောကြောင့် အဆုံးတိုင်အောင်ချစ်တော်မူ၏။
לעט סעודת הערב השטן כבר המריץ את יהודה איש־קריות להסגיר את ישוע. | 2 |
၂ကိုယ်တော်ကို အပ်နှံမည်အကြောင်း မာရ်နတ်သည် ရှိမုန်၏သားယုဒရှကာရုတ်၏ စိတ်နှလုံး၌ အကြံ ပေးသွင်းနှင့်သတည်း။ ထိုအခါ ညစာကိုစားကြစဉ်၊
ישוע ידע כי אביו נתן בידו את הכול, וכי הוא בא מאלוהים וישוב אל אלוהים. | 3 |
၃ခမည်းတော်သည် အလုံးစုံတို့ကို သူ၏လက်သို့အပ်ပေးတော်မူသည်ကို၎င်း၊ သူသည်ဘုရားသခင့်ထံ တော်မှ ထွက်လာသည်ကို၎င်း၊ ဘုရားသခင့်ထံတော်သို့ ကြွသွားမည်ကို၎င်း ယေရှုသည်သိတော်မူသည်နှင့်၊
לכן הוא קם מהשולחן בארוחת הערב, הסיר את בגדיו וקשר למותניו מגבת. | 4 |
၄စားပွဲမှထ၍ ဝတ်လုံတော်ကိုချွတ်ပြီးလျှင်၊ ပဝါကိုယူ၍ ခါးကိုစည်းတော်မူ၏။
אחר כך לקח קערה, מילא אותה מים, החל לרחוץ את רגלי תלמידיו וניגב אותן במגבת הקשורה למתניו. | 5 |
၅ထိုနောက်မှ ရေကိုအင်တုံ၌လောင်း၍ တပည့်တော်တို့၏ခြေကို ဆေးပြီးမှခါး၌စည်းထားသောပုဝါနှင့် သုတ်တော်မူ၏။
כאשר הגיע תורו של שמעון פטרוס הוא קרא:”אדוני, איך ייתכן שאתה תרחץ את רגלי?“ | 6 |
၆ရှိမုန်ပေတရုဆီသို့ရောက်တော်မူသောအခါ ထိုတပည့်တော်က၊ သခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ ခြေကိုဆေးတော်မူမည်လောဟု မေးလျှောက်၏။
”כעת אינך מבין מדוע אני עושה זאת, אולם יבוא יום שתבין זאת“, השיב ישוע. | 7 |
၇ယေရှုကလည်း၊ သင်သည် ငါပြုသောအမှုကို ယခုနားမလည်သေး။ နောက်မှသိလိမ့်မည်ဟု မိန့်တော် မူ၏။
”לא, “מחה פטרוס,”לעולם לא תרחץ את רגלי!“”אם לא ארחץ אותך, לא יהיה לך חלק בי“, השיב ישוע. (aiōn ) | 8 |
၈ပေတရုကလည်း၊ ကိုယ်တော်သည်အကျွန်ုပ်၏အခြေအနေကို အလျှင်းဆေးတော်မမူရဟု လျှောက်၏။ ယေရှုကလည်း၊ သင့်ကို ငါမဆေးရလျှင် အသင်သည် ငါနှင့်အဆက်ဆံရဟု မိန့်တော်မူ၏။ (aiōn )
”אם כך, “קרא פטרוס,”רחץ לא רק את רגלי, אלא גם את ידי וראשי.“ | 9 |
၉ရှိမုန်ပေတရုကလည်း၊ အကျွန်ုပ်၏ခြေကိုသာ မဆေးပါနှင့်။ လက်ကို၎င်း၊ ဦးခေါင်းကို၎င်း ဆေးတော် မူပါဟု လျှောက်ပြန်၏။
”מי שרחץ כבר את כל גופו צריך לרחוץ את רגליו בלבד כדי להיות נקי וטהור. עתה אתם נקיים, אבל לא כולכם.“ | 10 |
၁၀ယေရှုကလည်း၊ ရေချိုးပြီးသောသူမည်သည်ကား၊ ခြေဆေးခြင်းမှတပါး ဆေးရသောအကြောင်းမရှိ၊ တကိုယ်လုံးစင်ကြယ်၏။ သင်တို့သည် စင်ကြယ်သော်လည်း အချို့မစင်ကြယ်ဟု မိန့်တော်မူ၏။
ישוע אמר דברים אלה מפני שידע מי עמד להסגירו. | 11 |
၁၁ကိုယ်တော်ကို အပ်နှံမည့်သူကို သိတော်မူသောကြောင့်၊ သင်တို့တွင် အချို့မစင်ကြယ်ဟု မိန့်တော်မူ သတည်း။
כשסיים ישוע לרחוץ את רגליהם לבש את בגדיו, התיישב ושאל:”האם אתם מבינים מה עשיתי לכם? | 12 |
၁၂ထိုသို့သူတို့၏ ခြေကိုဆေးတော်မူပြီးမှ တဖန်ဝတ်လုံကိုဝတ်၍ လျောင်းတော်မူလျက်၊ သင်တို့၌ ငါပြုခဲ့ သောအမှုကို နားလည်ကြသလော။
אתם קוראים לי’מורה‘ו’אדון‘, ואכן נוהגים אתם בצדק, כי זוהי האמת. | 13 |
၁၃သင်တို့သည် ငါ့ကိုအရှင်ဘုရားဟူ၍၎င်း၊ သခင်ဟူ၍၎င်းခေါ်တတ်ကြ၏။ ထိုစကားသည်လည်း ဟုတ် မှန်သောစကားဖြစ်၏။ အကြောင်းမူကား၊ သင်တို့ကိုခေါ်ကြသည့်အတိုင်း ငါမှန်၏။
לכן אם אני, האדון והמורה, רחצתי את רגליכם, גם אתם צריכים לרחוץ איש את רגלי רעהו. | 14 |
၁၄ငါသည် သခင်ဖြစ်လျက်၊ အရှင်ဘုရားလည်းဖြစ်လျက်နှင့် သင်တို့၏ခြေကိုဆေးလျှင် သင်တို့သည် အချင်းချင်းတို့၏ခြေကို ဆေးရကြမည်။
נתתי לכם דוגמה כדי שתנהגו כמוני. | 15 |
၁၅ငါသည် သင်တို့၌ပြုသကဲ့သို့ သင်တို့သည်ပြုစုစေခြင်းငှါ ပုံသက်သေကို ပြခဲ့ပြီ။
האמינו לי, העבד אינו חשוב מאדוניו, והשליח אינו חשוב משולחו. | 16 |
၁၆ငါအမှန်အကန်ဆိုသည်ကား၊ ကျွန်သည် သခင်ထက်သာ၍ ကြီးမြတ်သည်မဟုတ် တမန်သည်လည်း စေလွှတ်သောသူထက်သာ၍ ကြီးမြတ်သည်မဟုတ်။
כאשר תבינו את משמעות הדברים האלה ותנהגו לפיהם, יהיה לכם טוב ותתברכו. | 17 |
၁၇ဤအရာများကို သင်တို့သိ၍ သိသည်အတိုင်းကျင့်လျှင် မင်္ဂလာရှိကြ၏။
”איני מתכוון לכולכם, כי אני יודע במי בחרתי. הכתובים מנבאים שאחד מאוכלי לחמי יבגוד בי. | 18 |
၁၈သင်တို့ရှိသမျှကို ငါရည်မှတ်၍ပြောသည်မဟုတ်။ ငါရွေးကောက်သောသူတို့ကို ငါသိ၏။ ကျမ်းစာချက် ပြည့်စုံစေမည်အကြောင်း ငါနှင့်အတူစားသောသူသည် ငါ့ကိုခြေနှင့်ကျောက်သတည်း။
אני מספר לכם זאת עכשיו כדי שתאמינו לי כשכל זה יתרחש. | 19 |
၁၉ထိုအမှုအရာရောက်သောအခါ ငါသည် ဤမည်သောသူဖြစ်သည်ကို သင်တို့သည် ယုံကြည်စေခြင်းငှါ၊ မရောက်မှီ ယခုပင် သင်တို့အားငါပြောနှင့်ပြီ။
”אמן אומר אני לכם: כל המקבל את מי שאני שולח מקבל למעשה אותי, וכל המקבל אותי מקבל למעשה את שולחי.“ | 20 |
၂၀ငါအမှန်အကန်ဆိုသည်ကား၊ ငါစေလွှတ်သောသူကိုလက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကို လက်ခံသောသူသည် ငါ့ကိုစေလွှတ်တော်မူသောသူကို လက်ခံသည်ဟု မိန့်တော်၏။
בסיימו דברים אלה נאנח ישוע אנחה עמוקה ואמר:”אכן, זוהי האמת – אחד מכם יבגוד בי.“ | 21 |
၂၁ထိုသို့ယေရှုသည်မိန့်တော်မူပြီမှ စိတ်နှလုံးတော်ပူပန်ခြင်းရှိ၏။ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့ တွင် တစုံတယောက်သောသူသည် ငါ့ကိုအပ်နှံလိမ့်မည်ဟု သက်သေခံလျက်မိန့်တော်မူ၏။
התלמידים הביטו איש ברעהו בתמיהה ובמבוכה, משום שלא ידעו למי התכוון. | 22 |
၂၂အဘယ်သူကိုရည်ဆောင်၍ မိန့်တော်မူသည်ကိုတပည့်တော်တို့သည် တွေးတောခြင်းရှိသဖြင့်၊ အချင်း ချင်း တယောက်ကိုတယောက် ကြည့်ရှုကြ၏။
תלמידו החביב של ישוע היה סמוך לחיקו, | 23 |
၂၃ယေရှုချစ်တော်မူသောတပည့်တော်သည် ရင်ခွင်တော်နားမှာ လျောင်းသဖြင့်၊
ולכן רמז לו שמעון פטרוס לשאל אותו למי כוונתו. | 24 |
၂၄အဘယ်သူကိုရည်ဆောင်၍ မိန့်တော်မူသနည်းဟု မေးစေခြင်းငှါ၊ ရှိမုန်ပေတရုသည် ထိုတပည့်တော် ကို အမှတ်ပေး၏။
התלמיד הטה את ראשו וקרבו לראשו של ישוע.”אדוני, למי כוונתך?“שאל בלחישה. | 25 |
၂၅ထိုတပည့်တော်သည် ယေရှု၏ရင်တော်ကိုမှီ၍ လျောင်းနေလျက် သခင်၊ အဘယ်သူနည်းဟု လျှောက်၏။
”למי שאגיש את פרוסתי הטבולה ברוטב“, השיב ישוע. הוא טבל את הפרוסה והגישה ליהודה בן שמעון איש־קריות. | 26 |
၂၆ယေရှုကလည်း၊ ဤမုန့်တလုပ်စာကို ငါနှစ်၍ပေးသောသူဖြစ်၏ဟု မိန့်တော်မူပြီးလျှင်၊ မုန့်တလုပ်စာကို နှစ်ပြီးမှ ရှိမုန်၏သားယုဒရှကာရုတ်အား ပေးတော်မူ၏။
כאשר סיים יהודה לאכול את הלחם נכנס השטן ללבו.”סיים את העניין במהירות“, אמר לו ישוע. | 27 |
၂၇ထိုသူသည် မုန့်တလုပ်စာကိုခံပြီးမှ၊ စာတန်သည် သူ့အထဲသို့ဝင်လေ၏။ ယေရှုကလည်း၊ သင်ပြု ရသောအမှုကို အလျင်အမြန်ပြုလော့ဟု ထိုသူအားမိန့်တော်မူ၏။
איש מהנוכחים לא ידע למה ישוע התכוון. | 28 |
၂၈အဘယ်ကြောင့် ထိုသို့မိန့်တော်မူသည်ကို စားပွဲ၌လျောင်းသောသူတို့တွင် အဘယ်သူမျှမသိ။
היו שחשבו כי ישוע ביקש ממנו לקנות את צרכי החג או לתת כסף לעניים, מפני שיהודה היה הגזבר. | 29 |
၂၉အချို့တို့က၊ ယုဒရှကာရုတ်သည် ငွေအိတ်ကိုဆောင်ကြသောကြောင့်၊ ဤပွဲ၌ ငါတို့သုံးစရာအဘိုးကို ဝယ်လော့ဟူ၍၎င်း၊ သို့မဟုတ် ဆင်းရဲသောသူတို့အား တစုံတခုကိုပေးလော့ဟူ၍၎င်း။ ယေရှုမိန့်တော်မူ သည်ဟု ထင်မှတ်ကြ၏။
יהודה עזב מיד את המקום ויצא. היה אז לילה. | 30 |
၃၀ယုဒရှကာရုတ်သည် မုန့်တလုပ်စာကိုခံပြီးမှ ချက်ခြင်းထွက်သွား၏။ ထိုအချိန်ကားညအချိန်ဖြစ်၏။
לאחר שעזב יהודה את החדר אמר ישוע:”הגיעה שעתי; עתה יתפאר בן־האדם, ואלוהים יפואר בו. | 31 |
၃၁ထိုသူသွားသည်နောက်၊ ယေရှုက၊ ယခုတွင်လူသားသည် ဘုန်းထင်ရှားခြင်းရှိသည်ဖြစ်၍၊ ဘုရား သခင်သည်လည်း လူသားအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိ၏။
אם אלוהים יפואר בי, הוא בעצמו יפאר אותי ואף יעשה זאת במהרה. | 32 |
၃၂ဘုရားသခင်သည် လူသားအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိလျှင်၊ ဘုရားသခင်သည် ကိုယ်တော်တိုင် အားဖြင့် သူ၏ဘုန်းကို ထင်ရှားစေတော်မူလိမ့်မည်။
ילדי היקרים, עוד מעט עלי ללכת מאתכם. לאחר שאלך לא תוכלו לבוא אלי גם אם תחפשו אותי, כפי שכבר אמרתי למנהיגי היהודים. | 33 |
၃၃ချစ်သားတို့ ငါသည်သင်တို့နှင့်အတူ ခဏသာနေရ၏။ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။ ငါသွားရာ အရပ်သို့ သင်တို့မရောက်နိုင်ကြဟု ယုဒတို့အား ငါပြောသကဲ့သို့ ယခုသင်တို့အား ငါပြော၏။
”אני מפקיד בידיכם מצווה חדשה: אהבו איש את רעהו כשם שאני אוהב אתכם. | 34 |
၃၄သင်တို့သည် အချင်းချင်းတယောက်ကိုတယောက် ချစ်ကြလော့။ ငါသည်သင်တို့ကို ချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏။
אהבתכם החזקה איש לרעהו תוכיח לעולם שאתם תלמידי.“ | 35 |
၃၅သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏ တပည့်ဖြစ်သည်ကို သိကြလိမ့်မည်ဟု မိန့်တော်မူ၏။
”לאן אתה הולך, אדון?“שאל שמעון פטרוס.”אינך יכול לבוא איתי עכשיו, אולם עוד זמן מה תצטרף אלי גם אתה“, השיב ישוע. | 36 |
၃၆ရှိမုန်ပေတရုက၊ သခင်၊ ကိုယ်တော်သည် အဘယ်အရပ်သို့ ကြွတော်မူမည်နည်းဟု မေးလျှောက်လျှင်၊ ယေရှုက၊ ငါသွားရာအရပ်သို့ သင်သည်ယခုမလိုက်နိုင်။ နောက်မှလိုက်ရလိမ့်မည်ဟု မိန့်တော်မူ၏။
”אבל מדוע איני יכול ללכת איתך כעת?“פטרוס לא הבין.”אני מוכן אפילו למות למענך!“ | 37 |
၃၇ပေတရုကလည်း၊ သခင်၊ အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူအဘယ်ကြောင့် ယခုမလိုက်နိုင်သနည်း။ ကိုယ်တော်အဘို့ အကျွန်ုပ်၏အသက်ကို စွန့်ပါမည်ဟုလျှောက်လျှင်၊
”למות למעני?“שאל ישוע.”אני אומר לך שעד מחר בבוקר לפני קריאת התרנגול, תכחיש שלוש פעמים אפילו את העובדה שאתה מכיר אותי!“ | 38 |
၃၈ယေရှုက၊ ငါ့အဘို့သင့်အသက်ကိုစွန့်မည်လော။ ငါအမှန်အကန်ဆိုသည်ကား၊ ကြက်မတွန်မှီသင်သည် သုံးကြိမ်မြောက်အောင် ငါ့ကိုငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူ၏။