< מַעֲשֵׂי הַשְּׁלִיחִים 28 >

עד מהרה גילינו שאנו על האי מלטה. 1
ကုန်းပေါ်သို့ ရောက်သောအခါ၊ ထိုကျွန်းကား မေလိတေကျွန်းဖြစ်သည်ကို သိကြ၏။
תושבי המקום נהגו בנו בטוב־לב ראוי לציון, והבעירו מדורה כדי לחמם אותנו בקור העז ובגשם הסוחף. 2
မိုဃ်းရွာ၍ ချမ်းသောကြောင့်လူရိုင်းတို့သည် မီးမွေးပြီးလျှင်၊ ငါတို့အပေါင်းကို လက်ခံ၍ အထူးသဖြင့် ကျေးဇူးပြုကြ၏။
פולוס קושש ענפים וזרדים יבשים, והשליך אותם אל תוך המדורה. לפתע זינק על זרועו נחש ארסי שביקש מפלט מהחום. 3
ပေါလုသည် ထင်းကိုစုသိမ်း၍ မီးပေါ်မှာ ထည့်စဉ်တွင်၊ မြွေဆိုးသည်မီးငွေ့ထဲကထွက်၍ ပေါလု၏ လက်ကို တွယ်လျက်နေ၏။
כשראו אנשי האי את הנחש התלוי על זרועו, אמרו זה לזה:”הוא בטח רוצח! הוא אמנם ניצל מן הים, אולם הצדק לא יניח לו לחיות!“ 4
ထိုလူရိုင်းတို့သည်မြင်လျှင်၊ ဤလူကား၊ လူ အသက်ကို သတ်သောသူ အမှန်ဖြစ်၏။ ပင်လယ်ဘေးမှ လွတ်သော်လည်း၊ အသက်ရှင်စေခြင်းငှါ တရားသည် အခွင့်မပေးဟု အချင်းချင်းဆိုကြ၏။
אך פולוס ניער את הנחש אל תוך האש, והוא עצמו כלל לא נפגע. 5
ပေါလုသည်မြွေကို မီးထဲသို့ခါချ၍ အဘယ် ဘေးမျှမသင့်။
האנשים הביטו בו בדריכות וציפו לראות את גופו מתנפח או נופל מת. אולם לאחר שחיכו זמן רב ולא קרה דבר, שינו את דעתם והחליטו שפולוס הוא ודאי אל! 6
သူသည်တကိုယ်လုံးရောင်မည်၊ တခဏခြင်း တွင်လဲ၍သေမည်ဟု ထိုသူတို့သည်ကြာမြင့်စွာ ငံ့လင့် သော်လည်း၊ သူ၌မကောင်းသော အပြစ်တစုံတခုကိုမျှ မမြင်လျှင် သဘောပြောင်းလဲ၍ ဤသူကားနတ် ဘုရား ဖြစ်သည်ဟု ဆိုကြ၏။
אחוזתו של פובליוס, מושל האי, הייתה בקרבת החוף. הוא הזמין אותנו לביתו ואירח אותנו שלושה ימים. 7
ထိုအရပ်နှင့်မနီးမဝေးပုဗလိ အမည်ရှိသော ကျွန်းသူကြီး၏ နေရာရှိ၏။ ထိုသူကြီးသည် ငါတို့ကိုလက်ခံ ၍၊ သုံးရက်ပတ်လုံး ကောင်းမွန်စွာ လုပ်ကျွေးပြုစုလေ၏။
באותה עת היה אביו של פובליוס חולה מאוד – הייתה לו דיזנטריה והוא קדח מחום. פולוס הלך לחדרו של החולה, התפלל בעדו, סמך את ידיו עליו, והאיש נרפא. 8
ပုဗလိမင်း၏အဘသည်ဖျားနာနှင့် ဝမ်းကျသွေးသွန်နာစွဲ၍၊ တုံးလုံးနေသည်ကို ပေါလုဝင်၍ ဆုတောင်း ပြီးမှ၊ သူ့အပေါ်၌ လက်တင်၍ အနာကို ငြိမ်းစေ၏။
לאחר מכן באו שאר חולי האי אל פולוס, וגם הם נרפאו. 9
ဤသို့ပြုသောကြောင့်၊ ထိုကျွန်း၌ အနာရောဂါစွဲသော အခြားသူရှိသမျှတို့သည် လာ၍ ချမ်းသာခြင်းကို ရကြ၏။
התושבים היו אסירי תודה והציפו אותנו במתנות הוקרה. כאשר הגיע מועד הפלגתנו, הם מילאו את האונייה באוכל ובציוד. 10
၁၀ထိုသူတို့သည် များစွာသော လက်ဆောင်တို့ကို ပေး၍ ၊ ငါတို့သည် လွှင့်ပြန်သောအခါ၊ ရိက္ခာများကို လည်း သင်္ဘောပေါ်သို့ တင်ကြ၏။
שלושה חודשים לאחר שעלתה ספינתנו על שירטון עלינו על אונייה אחרת והמשכנו בדרכנו. הפעם הפלגנו באונייה”התאומים“, שבאה מאלכסנדריה ועגנה באי מלטה במשך החורף. 11
၁၁သုံးလလွန်လျှင်၊ နတ်သားအမြွှာတို့၏ ရုပ်တု ပါသော ထိုကျွန်း၌ ဆောင်းကာလပတ်လုံးနေခဲ့ဘူးသော အာလေဇန္ဒြိသင်္ဘောကို ငါတို့သည် စီးပြန်၍၊
תחנתנו הראשונה הייתה סירקוז, שם נשארנו שלושה ימים. 12
၁၂သုရကုတ်မြို့သို့ဆိုက်လျှင် သုံးရက်နေကြ၏။
מסירקוז הפלגנו לרגיום. כעבור יום החלה לנשוב רוח דרומית, וביום השני הגענו לפוטיולי. 13
၁၃ထိုမြို့မှလွှင့်ပြန်၍ ဝိုက်သွားသဖြင့်၊ ရေဂျုန်မြို့ သို့ရောက်၍ တရက်နေပြီးမှ တောင်လေလာသော ကြောင့်၊ နှစ်ရက်တွင်ပေါတယောလိ မြို့သို့ရောက်ကြ၏။
בפוטיולי פגשנו לבסוף מאמינים. הם הפצירו בנו להישאר איתם שבוע ימים, ומשם הפלגנו לרומא. 14
၁၄ထိုမြို့၌ ညီအစ်ကိုအချို့တို့ကိုတွေ့၍ ခုနစ်ရက် နေကြပါဟု သူတို့သည်တောင်းပန်သည် အတိုင်းနေပြီးမှ၊ ရောမမြို့သို့ ခရီးသွားကြ၏။
כאשר שמעו האחים ברומא על דבר בואנו, נסעו מרחק רב מחוץ לעירם כדי לקבל את פנינו. חלקם חיכו לנו בכיכר אפיוס (כשישים ושמונה ק״מ מרומא), וחלקם הצטרפו אלינו ב”שלושת הפונדקים“(כ־חמישים וחמישה ק״מ מרומא). כשפולוס ראה אותם הוא התעודד מאוד והודה לה׳. 15
၁၅ရောမမြို့သားညီအစ်ကိုတို့သည် ငါတို့လာကြောင်းကို ကြားသိလျှင်၊ ခရီးဦးကြိုပြုအံ့သောငှါ အချို့တို့ သည် အပ္ပိဈေးတိုင်အောင်၎င်း၊ အချို့တို့သည် သုံးစရပ်တိုင်အောင်၎င်းလာကြ၏။ ပေါလုသည် ထိုသူတို့ကို မြင်လျှင်၊ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်း၍ စိတ်သက်သာခြင်းသို့ ရောက်လေ၏။
בהגיעם לרומא הורשה פולוס לגור בכל מקום שרצה, אם כי תמיד נלווה אליו חייל. 16
၁၆ရောမမြို့သို့ရောက်ကြသောအခါ တပ်မှူးသည် အကျဉ်းခံသောသူတို့ကို ကိုယ်ရံတော်မှူး၌ အပ်လေသော်၊ ပေါလုသည်မိမိကို စောင့်သောစစ်သူရဲတယောက်နှင့် အတူမိမိအလိုအလျောက်နေရသော အခွင့်ကိုရ၏။
כעבור שלושה ימים כינס פולוס את מנהיגי היהודים המקומיים, ואמר להם:”היהודים בירושלים אסרו אותי ומסרו אותי לידי הממשל הרומאי, למרות שלא פגעתי באיש ולא עברתי על חוקי אבותינו. 17
၁၇သုံးရက်လွန်သောအခါ၊ ပေါလုသည် ယုဒလူ အကြီးအကဲတို့ကို ခေါ်၍စုဝေးစေပြီးလျှင်၊ ညီအစ်ကိုတို့၊ အကျွန်ုပ်သည်ယုဒလူမျိုးကို မပြစ်မှား၊ မိစဉ်ဘဆက် ကျင့်သောထုံးတမ်းကို မပယ်သောသူဖြစ်လျက်ပင်၊ ယေရှုရှလင်မြို့သားတို့သည် အကျွန်ုပ်ကို အကျဉ်းထား၍ ရောမလူတို့ လက်သို့ အပ်လိုက်ကြ၏။
הרומאים ערכו לי משפט ורצו לשחרר אותי, מכיוון שלא מצאו כל סיבה לדון אותי למוות, כפי שדרשו היהודים. 18
၁၈ရောမလူတို့သည် အကျွန်ုပ်ကိုစစ်ကြောပြီးမှ၊ သေထိုက်သော အပြစ်တစုံတခုကိုမျှ မတွေ့သဖြင့် လွှတ်ခြင်းငှါအလိုရှိကြ၏။
אולם מאחר שהיהודים מחו נגד ההחלטה, מצאתי לנחוץ לערער לפני הקיסר, למרות שלא רציתי לתבוע את עמי. 19
၁၉ထိုအလိုကိုယုဒလူတို့သည် ဆီးတားသောအခါ၊ ကဲသာဘုရင်၏ အယူတော်ခံပါမည်ဟုအကျွန်ုပ် ဆိုရ၏။ ထိုသို့ဆိုသော် အမျိုးသားချင်းတို့ကို အပြစ်တင်စရာ တစုံတခုရှိသောကြောင့်ဆိုသည်မဟုတ်။ ထိုကြောင့် သင်တို့ကိုမြင်၍ နှုတ်ဆက်ခြင်းငှါ အကျွန်ုပ်ခေါ်ပါပြီ။
ביקשתי מכם לבוא הנה היום כדי שנכיר זה את זה, וכדי שאוכל לומר לכם שאני אסור באזיקים אלה רק משום שאני מאמין שהמשיח כבר בא!“ 20
၂၀ဣသရေလအမျိုး၏မြောက်လင့်ရာ အတွက်ကြောင့်၊ အကျွန်ုပ်သည် ဤသံကြိုးနှင့်ချည်နှောင်ခြင်းကို ခံရပါ၏ဟု ပြောဆိုလျှင်၊
”לא שמענו עליך שום דבר רע.“ענו מנהיגי היהודים.”לא קיבלנו מכתבים מיהודה, ולא שמענו דיווחים מפי הבאים לכאן מירושלים. 21
၂၁ထိုသူတို့က၊ သင်၏အကြောင်းကို ကြားလိုက်သောစာကို ယုဒပြည်မှအကျွန်ုပ်တို့မရကြ။ ထိုပြည်မှ လာသော ညီအစ်ကိုတို့တွင် အဘယ်သူမျှ သင်၌ အပြစ် ရှိကြောင်းကို မကြားမပြောပါ။
אולם אנחנו רוצים לשמוע במה אתה מאמין, כי הדבר היחיד שאנו יודעים על המשיחיים האלה הוא שבכל מקום מתנגדים לכת הזאת.“ 22
၂၂သို့သော်လည်း ဤဘာသာသည် အရပ်ရပ်တို့၌ ကဲ့ရဲ့အပြစ်တင်ခြင်းကို ခံရသော ဘာသာဖြစ်သည်ကို အကျွန်ုပ်တို့သိကြသည်ဖြစ်၍ သင်၏အယူဝါဒကို သင်သည် ကိုယ်တိုင်တော်ပြသောစကားကို အကျွန်ုပ် တို့သည် နားထောင်သင့်သည်ထင်ပါ၏ဟု ဆိုကြလျှင်၊
הם קבעו מועד לפגישתם הבאה, ובאותו יום התאסף קהל רב ליד ביתו של פולוס. הוא סיפר להם על מלכות האלוהים, ולימד אותם על אודות ישוע מתוך כתבי־הקודש – מהתורה ומהנביאים. הוא החל ללמד אותם בבוקר, ולא הפסיק עד הערב. 23
၂၃နေ့ရက်ကိုချိန်းချက်၍ လူများတို့သည်ပေါလု တည်းခိုရာ အရပ်သို့ လာကြသည်ရှိသော်၊ ပေါလုသည် ဘုရားသခင်၏ နိုင်ငံတော် အကြောင်းကိုသက်သေခံ သဖြင့်၎င်း၊ ထိုသူတို့သည် ယေရှု၏အကြောင်းများကို ယုံကြည်စေခြင်းငှါ၊ မောရှေ၏ပညတ္တိကျမ်းနှင့် အနာဂတ္တိ ကျမ်းတို့ကို အမှီပြု၍ ဖြားယောင်းသွေးဆောင် သဖြင့်၎င်း၊ နံနက်အချိန်မှစ၍ ညအချိန်တိုင်အောင်ထုတ်သော် ဟောပြောလေ၏။
אחדים האמינו לדבריו, ואחרים לא האמינו. 24
၂၄အချို့တို့သည် ပေါလု၏စကားကို ယုံကြ၏။ အချို့တို့သည် မယုံဘဲနေကြ၏။
לאחר שהתווכחו בינם לבין עצמם, הם עזבו את המקום כשדבריו של פולוס מהדהדים באוזניהם:”רוח הקודש צדק כששם דברים אלה בפי ישעיהו הנביא: 25
၂၅ထိုသို့အချင်းချင်းသဘောကွဲပြား၍ သွားကြ၏။ သွားကြစဉ်တွင် ပေါလုသည် စကားတခွန်းကို ပြောလိုက် သည်မှာ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ပရောဖက် ဟေရှာယအားဖြင့် မိန့်တော်မူချက်ဟူမူကား၊
’לך ואמרת לעם הזה: שמעו שמוע ואל תבינו, וראו ראו ואל תדעו; 26
၂၆သင်တို့သည် ကြားလျက်ပင်အနက်ကို နား မလည်ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင် အာရုံမပြုဘဲ မြင်ကြလိမ့် မည်ဟု ထိုလူမျိုးရှိရာသို့ သွား၍ပြောလော့။
השמן לב העם הזה ואזניו הכבד ועיניו השע, פן יראה בעיניו ובאזניו ישמע, ולבבו יבין ושב ורפא לו‘. 27
၂၇အကြောင်းမူကား၊ သူတို့မျက်စိမမြင်၊ နား မကြား၊ စိတ်နှလုံးမသိ၊ အကျင့်မပြောင်းလဲ သူတို့အနာ ရောဂါကို ငါမငြိမ်းစေရသည်တိုင်အောင် သူတို့၏ စိတ်နှလုံးသည် မိုက်လျက်၊ နားသည်ထိုင်းလျက်၊ ကိုယ်မျက်စိကိုပိတ်လျက် ရှိကြ၏ဟုငါတို့ဘိုးဘေးများအား လျောက်ပတ်စွာ မိန့်တော်မူ၏။
משום כך אני רוצה שתדעו כי ישועה זאת מוצעת גם לגויים, והם ישמעו.“ 28
၂၈ထိုကြောင့် ဘုရားသခင်၏ ကယ်တင်တော်မူ ခြင်း ကျေးဇူးတော်ကို တပါးအမျိုးသားတို့အား ပေးလိုက် သည်ဖြစ်၍၊ သူတို့သည်နားထောင်မည်အရာကို သင်တို့ သိမှတ်ကြလော့ဟု၊
29
၂၉ပေါလုပြောဆိုပြီးမှ၊ ယုဒလူတို့သည် သွား၍ အချင်းချင်းများစွာသော ဆွေးနွေးနှီးနှောခြင်းရှိကြ၏။
במשך השנתיים הבאות התגורר פולוס בבית ששכר לעצמו, וקיבל בברכה את כל מי שבא לבקרו. 30
၃၀ထိုနောက်မှပေါလုသည် နှစ်နှစ်ပတ်လုံး မိမိငှါးသော အိမ်၌နေသဖြင့်၊ မိမိထံသို့လာသော သူအပေါင်း တို့ကို ဧည့်ခံ၍၊
הוא בישר באומץ את דבר מלכות האלוהים, לימד על אודות האדון ישוע המשיח, ואיש לא ניסה להפריע לו. 31
၃၁အဘယ်သူမျှမမြစ်တားဘဲ၊ ဘုရားသခင်၏ နိုင်ငံတော် အကြောင်းကိုအတည့်အလင်းဟောပြော၍၊ သခင်ယေရှုခရစ်၏ အကြောင်းများကို သွန်သင်ပြသလျက်နေ၏။

< מַעֲשֵׂי הַשְּׁלִיחִים 28 >