< צְפַנְיָה 2 >
הִֽתְקוֹשְׁשׁ֖וּ וָק֑וֹשּׁוּ הַגּ֖וֹי לֹ֥א נִכְסָֽף׃ | 1 |
၁အို အရှက်မဲ့သောလူမျိုး၊-
בְּטֶ֙רֶם֙ לֶ֣דֶת חֹ֔ק כְּמֹ֖ץ עָ֣בַר י֑וֹם בְּטֶ֣רֶם ׀ לֹא־יָב֣וֹא עֲלֵיכֶ֗ם חֲרוֹן֙ אַף־יְהוָ֔ה בְּטֶ֙רֶם֙ לֹא־יָב֣וֹא עֲלֵיכֶ֔ם י֖וֹם אַף־יְהוָֽה׃ | 2 |
၂သင်တို့သည်ပန်းသဖွယ်ညှိုးနွမ်းခြောက်သွေ့ လျက်ခန္ဓာမရွေ့မီ၊ သင်တို့အပေါ်သို့ ထာဝရဘုရား၏အမျက်တော်မသက် ရောက်မီ၊ ကိုယ်တော်အမျက်ထွက်တော်မူ ရာကာလမကျရောက်မီအမြင်မှန်ရ ကြလော့။-
בַּקְּשׁ֤וּ אֶת־יְהוָה֙ כָּל־עַנְוֵ֣י הָאָ֔רֶץ אֲשֶׁ֥ר מִשְׁפָּט֖וֹ פָּעָ֑לוּ בַּקְּשׁוּ־צֶ֙דֶק֙ בַּקְּשׁ֣וּ עֲנָוָ֔ה אוּלַי֙ תִּסָּ֣תְר֔וּ בְּי֖וֹם אַף־יְהוָֽה׃ | 3 |
၃ကိုယ်တော်၏အမိန့်တော်တို့ကိုလိုက်နာ လျက် စိတ်နှလုံးနှိမ့်ချသူပြည်သူပြည် သားအပေါင်းတို့၊ ထာဝရဘုရား၏ထံ တော်သို့လာကြလော့။ ဖြောင့်မှန်ရာကိုပြု ကျင့်လျက်ထာဝရဘုရား၏ရှေ့တော်၌ မိမိတို့ကိုယ်ကိုနှိမ့်ချကြလော့။ ထာဝရ ဘုရားအမျက်တော်ထွက်ရာကာလ၌ သင်တို့သည်အပြစ်ဒဏ်စီရင်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။
כִּ֤י עַזָּה֙ עֲזוּבָ֣ה תִֽהְיֶ֔ה וְאַשְׁקְל֖וֹן לִשְׁמָמָ֑ה אַשְׁדּ֗וֹד בַּֽצָּהֳרַ֙יִם֙ יְגָ֣רְשׁ֔וּהָ וְעֶקְר֖וֹן תֵּעָקֵֽר׃ ס | 4 |
၄ဂါဇမြို့တွင်လူတစ်စုံတစ်ယောက်မျှကျန် ရှိလိမ့်မည်မဟုတ်။ အာရှကေလုန်မြို့သည် လူသူဆိတ်ငြိမ်ရာဖြစ်လိမ့်မည်။ အာဇုတ် မြို့သားတို့သည်တစ်နေ့ချင်းတွင်အနှင် ခံရကြလျက်ဧကြုန်မြို့သားတို့သည် ထိုမြို့မှထွက်ပြေးရကြလိမ့်မည်။-
ה֗וֹי יֹֽשְׁבֵ֛י חֶ֥בֶל הַיָּ֖ם גּ֣וֹי כְּרֵתִ֑ים דְּבַר־יְהוָ֣ה עֲלֵיכֶ֗ם כְּנַ֙עַן֙ אֶ֣רֶץ פְּלִשְׁתִּ֔ים וְהַאֲבַדְתִּ֖יךְ מֵאֵ֥ין יוֹשֵֽׁב׃ | 5 |
၅အို ဖိလိတ္တိလူတို့၊ ပင်လယ်ကမ်းခြေတွင်နေ ထိုင်သူခေရသိအမျိုးသားတို့၊ သင်တို့ သည်အမင်္ဂလာရှိကြ၏။ ထာဝရဘုရား သည်သင်တို့အားအပြစ်ဒဏ်စီရင်ချမှတ် တော်မူလေပြီ။ ကိုယ်တော်သည်သင်တို့ကို သုတ်သင်ဖျက်ဆီးတော်မူမည်ဖြစ်၍ သင် တို့တစ်ဦးတစ်ယောက်မျှကျန်ရှိရလိမ့် မည်မဟုတ်။-
וְֽהָיְתָ֞ה חֶ֣בֶל הַיָּ֗ם נְוֺ֛ת כְּרֹ֥ת רֹעִ֖ים וְגִדְר֥וֹת צֹֽאן׃ | 6 |
၆ပင်လယ်အနီးရှိ သင်တို့၏ပြည်သည်သိုး များကျက်စားရာကွင်းပြင်ဖြစ်၍နေ လိမ့်မည်။-
וְהָ֣יָה חֶ֗בֶל לִשְׁאֵרִ֛ית בֵּ֥ית יְהוּדָ֖ה עֲלֵיהֶ֣ם יִרְע֑וּן בְּבָתֵּ֣י אַשְׁקְל֗וֹן בָּעֶ֙רֶב֙ יִרְבָּצ֔וּן כִּ֧י יִפְקְדֵ֛ם יְהוָ֥ה אֱלֹהֵיהֶ֖ם וְשָׁ֥ב שבותם׃ | 7 |
၇အသက်မသေဘဲကျန်ရှိသူယုဒပြည် သားတို့သည်သင်တို့ပြည်ကိုသိမ်းယူကြ လိမ့်မည်။ သူတို့သည်ထိုအရပ်တွင်သိုးအုပ် များကိုထိန်းကျောင်းကာအာရှကေလုန် မြို့ရှိနေအိမ်များတွင်အိပ်ကြလိမ့်မည်။ သူ တို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့နှင့်အတူရှိတော်မူ၍သူတို့အား တစ်ဖန်ပြန်ကောင်းစားစေတော်မူလိမ့်မည်။
שָׁמַ֙עְתִּי֙ חֶרְפַּ֣ת מוֹאָ֔ב וְגִדּוּפֵ֖י בְּנֵ֣י עַמּ֑וֹן אֲשֶׁ֤ר חֵֽרְפוּ֙ אֶת־עַמִּ֔י וַיַּגְדִּ֖ילוּ עַל־גְּבוּלָֽם ׃ | 8 |
၈အနန္တတန်ခိုးရှင်ထာဝရဘုရား က ``မောဘပြည်သားများနှင့်အမ္မုန်ပြည် သားများသည်ငါ၏လူမျိုးတော်ကိုစော် ကားရန်စကြသည်ကိုလည်းကောင်း၊ သူ တို့၏ပြည်ကိုဝင်ရောက်သိမ်းယူရန်ကြွား ဝါလျက်နေသည်ကိုလည်းကောင်းငါ ကြားသိတော်မူလေပြီ။-
לָכֵ֣ן חַי־אָ֡נִי נְאֻם֩ יְהוָ֨ה צְבָא֜וֹת אֱלֹהֵ֣י יִשְׂרָאֵ֗ל כִּֽי־מוֹאָ֞ב כִּסְדֹ֤ם תִּֽהְיֶה֙ וּבְנֵ֤י עַמּוֹן֙ כַּֽעֲמֹרָ֔ה מִמְשַׁ֥ק חָר֛וּל וּמִכְרֵה־מֶ֥לַח וּשְׁמָמָ֖ה עַד־עוֹלָ֑ם שְׁאֵרִ֤ית עַמִּי֙ יְבָזּ֔וּם וְיֶ֥תֶר גוי יִנְחָלֽוּם׃ | 9 |
၉ငါသည်ဧကန်အမှန်ဣသရေလအမျိုး သားတို့၏အသက်ရှင်တော်မူသောဘုရား ဖြစ်တော်မူသည်အတိုင်း မောဘပြည်နှင့် အမ္မုန်ပြည်သည်သောဒုံနှင့်ဂေါမောရမြို့ တို့ကဲ့သို့သုတ်သင်ဖျက်ဆီးခြင်းခံရလိမ့် မည်ဖြစ်ကြောင်းကျိန်ဆိုဖော်ပြပါ၏။ ထို ပြည်တို့သည်ဆားမြေတူးရာအရပ်ဖြစ် လျက် ထာဝရယိုယွင်းပျက်စီးကာပေါင်း ပင်များနှင့်ဖုံးလွှမ်း၍နေလိမ့်မည်။ ငါ၏ လူမျိုးတော်အနက်မှအသက်မသေဘဲ ကျန်ရှိနေသူတို့သည် ထိုသူတို့ကိုတိုက် ခိုက်လုယက်ကာသူတို့၏ပြည်ကိုသိမ်း ယူကြလိမ့်မည်။
זֹ֥את לָהֶ֖ם תַּ֣חַת גְּאוֹנָ֑ם כִּ֤י חֵֽרְפוּ֙ וַיַּגְדִּ֔לוּ עַל־עַ֖ם יְהוָ֥ה צְבָאֽוֹת׃ | 10 |
၁၀ဤသို့လျှင်မောဘပြည်သားများနှင့်အမ္မုန် ပြည်သားများသည်မိမိတို့၏မာနကြီး မှု၊ မောက်မာထောင်လွှားမှုနှင့်အနန္တတန်ခိုး ရှင်ထာဝရဘုရား၏လူတို့ကိုစော်ကား မှုတို့ကြောင့်အပြစ်ဒဏ်ခံရကြလိမ့်မည်။-
נוֹרָ֤א יְהוָה֙ עֲלֵיהֶ֔ם כִּ֣י רָזָ֔ה אֵ֖ת כָּל־אֱלֹהֵ֣י הָאָ֑רֶץ וְיִשְׁתַּֽחֲווּ־לוֹ֙ אִ֣ישׁ מִמְּקוֹמ֔וֹ כֹּ֖ל אִיֵּ֥י הַגּוֹיִֽם׃ | 11 |
၁၁ထာဝရဘုရားသည်သူတို့အားထိတ်လန့် တုန်လှုပ်စေတော်မူလိမ့်မည်။ ကိုယ်တော်သည် လောကီဘုရားများကိုဆိတ်သုဉ်းစေတော် မူမည်ဖြစ်၍လူမျိုးတကာတို့သည် မိမိ တို့ပြည်အသီးသီးတွင်ကိုယ်တော်ကိုဝတ် ပြုကိုးကွယ်ကြလိမ့်မည်။
גַּם־אַתֶּ֣ם כּוּשִׁ֔ים חַֽלְלֵ֥י חַרְבִּ֖י הֵֽמָּה׃ | 12 |
၁၂ထာဝရဘုရားသည်ဆူဒန်ပြည်သားတို့ ကိုလည်းကွပ်မျက်တော်မူလိမ့်မည်။
וְיֵ֤ט יָדוֹ֙ עַל־צָפ֔וֹן וִֽיאַבֵּ֖ד אֶת־אַשּׁ֑וּר וְיָשֵׂ֤ם אֶת־נִֽינְוֵה֙ לִשְׁמָמָ֔ה צִיָּ֖ה כַּמִּדְבָּֽר׃ | 13 |
၁၃ထာဝရဘုရားသည်လက်တော်ကိုဆန့်၍ တန်ခိုးတော်ဖြင့်အာရှုရိပြည်ကိုသုတ် သင်ဖျက်ဆီးတော်မူလိမ့်မည်။ ကိုယ်တော် သည်နိနေဝေမြို့ကိုရေမရှိသည့်ကန္တာရ သဖွယ် လူသူဆိတ်ငြိမ်ရာမြို့ပျက်ဖြစ်စေ တော်မူမည်။-
וְרָבְצ֨וּ בְתוֹכָ֤הּ עֲדָרִים֙ כָּל־חַיְתוֹ־ג֔וֹי גַּם־קָאַת֙ גַּם־קִפֹּ֔ד בְּכַפְתֹּרֶ֖יהָ יָלִ֑ינוּ ק֠וֹל יְשׁוֹרֵ֤ר בַּֽחַלּוֹן֙ חֹ֣רֶב בַּסַּ֔ף כִּ֥י אַרְזָ֖ה עֵרָֽה׃ | 14 |
၁၄ထိုအရပ်သည်သိုးအုပ်နှင့်တိရစ္ဆာန်အမျိုး မျိုးတို့နားနေရာဖြစ်လိမ့်မည်။ ဇီးကွက် တို့သည်တိုက်ပြိုတိုက်ပျက်များတွင်ခို အောင်းကာ ပြူတင်းပေါက်များမှအော်မြည် ကြလိမ့်မည်။ ကျီးတို့သည်လည်းလှေကား ထစ်များအပေါ်မှနေ၍အာကြလိမ့်မည်။ ထိုမြို့ရှိအဆောက်အဦးများမှသစ်က တိုးသားတို့ကိုလည်းလူတို့ဖြုတ်ယူကြ လိမ့်မည်။-
זֹ֠את הָעִ֤יר הָעַלִּיזָה֙ הַיּוֹשֶׁ֣בֶת לָבֶ֔טַח הָאֹֽמְרָה֙ בִּלְבָבָ֔הּ אֲנִ֖י וְאַפְסִ֣י ע֑וֹד אֵ֣יךְ ׀ הָיְתָ֣ה לְשַׁמָּ֗ה מַרְבֵּץ֙ לַֽחַיָּ֔ה כֹּ֚ל עוֹבֵ֣ר עָלֶ֔יהָ יִשְׁרֹ֖ק יָנִ֥יעַ יָדֽוֹ׃ ס | 15 |
၁၅ဤသည်လျှင်မိမိကိုယ်ကိုတန်ခိုးကြီးလှ ပြီဟူ၍လည်းကောင်း၊ လုံခြုံမှုရှိလှပြီ ဟူ၍လည်းကောင်းထင်မှတ်သည့်မြို့ကြုံ တွေ့ရမည့်ကံကြမ္မာပင်ဖြစ်တော့၏။ ထို မြို့၏မြို့သူမြို့သားတို့ကမိမိတို့မြို့ ကိုကမ္ဘာပေါ်တွင်အကြီးဆုံးဟုထင်မှတ် ကြပေသည်။ ထိုမြို့သည်တောတိရစ္ဆာန် များနားနေရာဖြစ်လျက်အဘယ်မျှလူ သူဆိတ်ညံ၍နေပါလိမ့်မည်နည်း။ ယင်း အနီးမှဖြတ်သန်းသွားလာသူအပေါင်း တို့သည်ထိတ်လန့်လျက် နောက်သို့တွန့်ဆုတ် သွားကြလိမ့်မည်။