< זְכַרְיָה 9 >
מַשָּׂ֤א דְבַר־יְהוָה֙ בְּאֶ֣רֶץ חַדְרָ֔ךְ וְדַמֶּ֖שֶׂק מְנֻחָת֑וֹ כִּ֤י לַֽיהוָה֙ עֵ֣ין אָדָ֔ם וְכֹ֖ל שִׁבְטֵ֥י יִשְׂרָאֵֽל׃ | 1 |
၁ထာဝရဘုရား၏ဗျာဒိတ်တော်ကားဤသို့ တည်း။ ကိုယ်တော်သည်ဟာဒရက်ပြည်နှင့်ဒမာသက် မြို့ကိုအပြစ်ဒဏ်ခတ်ရန်စီရင်ချက်ချမှတ် တော်မူလေပြီ။ ထာဝရဘုရားသည်ဣသရေ လလူမျိုးနွယ်များကိုသာလျှင်မဟုတ်၊ ရှုရိ ပြည်၏မြို့တော်ကိုလည်းပိုင်တော်မူ၏။-
וְגַם־חֲמָ֖ת תִּגְבָּל־בָּ֑הּ צֹ֣ר וְצִיד֔וֹן כִּ֥י חָֽכְמָ֖ה מְאֹֽד׃ | 2 |
၂ဟာဒရက်ပြည်နှင့်ကပ်လျက်နေသောဟာမက် ပြည်ကိုလည်းကောင်း ကျွမ်းကျင်လိမ္မာမှုရှိသည့် တုရုမြို့နှင့်ဇိဒုန်မြို့တို့ကိုလည်းကောင်း ကိုယ်တော်ပိုင်တော်မူ၏။-
וַתִּ֥בֶן צֹ֛ר מָצ֖וֹר לָ֑הּ וַתִּצְבָּר־כֶּ֙סֶף֙ כֶּֽעָפָ֔ר וְחָר֖וּץ כְּטִ֥יט חוּצֽוֹת׃ | 3 |
၃တုရုမြို့သည်မိမိအတွက်ခံတပ်များကို ဆောက်လုပ်ကာ ရွှေနှင့်ငွေများကိုမြေမှုန့် တမျှပေါများလောက်အောင်စုပုံ၍ထား၏။-
הִנֵּ֤ה אֲדֹנָי֙ יֽוֹרִשֶׁ֔נָּה וְהִכָּ֥ה בַיָּ֖ם חֵילָ֑הּ וְהִ֖יא בָּאֵ֥שׁ תֵּאָכֵֽל׃ | 4 |
၄သို့ရာတွင်ထာဝရဘုရားသည်ထိုမြို့၏ စည်းစိမ်ဥစ္စာမှန်သမျှကိုသိမ်းယူတော် မူ၍ ပင်လယ်ထဲသို့ပစ်ချတော်မူလိမ့်မည်။ ထိုမြို့သည်လည်းမီးလောင်ကျွမ်း၍သွား လိမ့်မည်။
תֵּרֶ֨א אַשְׁקְל֜וֹן וְתִירָ֗א וְעַזָּה֙ וְתָחִ֣יל מְאֹ֔ד וְעֶקְר֖וֹן כִּֽי־הֹבִ֣ישׁ מֶבָּטָ֑הּ וְאָ֤בַד מֶ֙לֶךְ֙ מֵֽעַזָּ֔ה וְאַשְׁקְל֖וֹן לֹ֥א תֵשֵֽׁב׃ | 5 |
၅ဤအမှုကိုအာရှကေလုန်မြို့သည်မြင်၍ ကြောက်လန့်သွားလိမ့်မည်။ ဂါဇမြို့သည် လည်းမြင်သဖြင့်စိတ်နှလုံးတုန်လှုပ်ခြောက် ချား၍သွားလိမ့်မည်။ ဧကြုန်မြို့သည်လည်း ထိုနည်းလည်းကောင်းဖြစ်၍သူ၏မျှော်လင့် ချက်များပျက်ပြား၍သွားလိမ့်မည်။ ဂါဇ မြို့သည်မင်းဆက်ပြတ်လျက်၊ အာရှကေလုန် မြို့သည်လူသူဆိတ်ငြိမ်ရာဖြစ်၍ကျန်ရစ် လိမ့်မည်။-
וְיָשַׁ֥ב מַמְזֵ֖ר בְּאַשְׁדּ֑וֹד וְהִכְרַתִּ֖י גְּא֥וֹן פְּלִשְׁתִּֽים׃ | 6 |
၆အာဇုတ်မြို့တွင်အမျိုးမစစ်သည့်လူတို့နေ ထိုင်ကြလိမ့်မည်။ ထာဝရဘုရားက``ငါသည် ဖိလိတ္တိအမျိုးသားတို့မာန်မာနကိုချိုးနှိမ် မည်။-
וַהֲסִרֹתִ֨י דָמָ֜יו מִפִּ֗יו וְשִׁקֻּצָיו֙ מִבֵּ֣ין שִׁנָּ֔יו וְנִשְׁאַ֥ר גַּם־ה֖וּא לֵֽאלֹהֵ֑ינוּ וְהָיָה֙ כְּאַלֻּ֣ף בִּֽיהוּדָ֔ה וְעֶקְר֖וֹן כִּיבוּסִֽי׃ | 7 |
၇သူသည်သွေးပါသည့်အသားကိုသော်လည်း ကောင်း၊ အခြားတားမြစ်ရာပါအစားအစာ ကိုသော်လည်းကောင်းစားကြတော့မည်မဟုတ်။ အသက်မသေဘဲကြွင်းကျန်နေသူမှန်သမျှ သည် ငါ၏လူမျိုးတော်တွင်ပါ၍လာကြလိမ့် မည်။ သူတို့သည်ယုဒအနွယ်ဝင်သားချင်း စုတစ်စုကဲ့သို့ဖြစ်ကြလိမ့်မည်။ ဧကြုန်မြို့ သားတို့သည်ယေဗုသိမြို့သားများနည်း တူငါ၏လူမျိုးတွင်အပါအဝင်ဖြစ် လာကြလိမ့်မည်။-
וְחָנִ֨יתִי לְבֵיתִ֤י מִצָּבָה֙ מֵעֹבֵ֣ר וּמִשָּׁ֔ב וְלֹֽא־יַעֲבֹ֧ר עֲלֵיהֶ֛ם ע֖וֹד נֹגֵ֑שׂ כִּ֥י עַתָּ֖ה רָאִ֥יתִי בְעֵינָֽי׃ ס | 8 |
၈ငါသည်မိမိ၏ပြည်တော်ကိုအဘယ်တပ် မျှဖြတ်သန်း၍ မသွားနိုင်စေရန်ကာကွယ် စောင့်ထိန်းမည်။ မင်းဆိုးမင်းညစ်တို့အားလည်း ငါ၏လူမျိုးတော်ကိုညှင်းပန်းနှိပ်စက်ခွင့် ပြုတော့မည်မဟုတ်။ ငါ၏လူတို့ဒုက္ခခံစား ခဲ့ရသည်ကိုငါမြင်တော်မူပြီ'' ဟုမိန့် တော်မူပါ၏။
גִּילִ֨י מְאֹ֜ד בַּת־צִיּ֗וֹן הָרִ֙יעִי֙ בַּ֣ת יְרוּשָׁלִַ֔ם הִנֵּ֤ה מַלְכֵּךְ֙ יָ֣בוֹא לָ֔ךְ צַדִּ֥יק וְנוֹשָׁ֖ע ה֑וּא עָנִי֙ וְרֹכֵ֣ב עַל־חֲמ֔וֹר וְעַל־עַ֖יִר בֶּן־אֲתֹנֽוֹת׃ | 9 |
၉ဇိအုန်မြို့သူ၊မြို့သားအပေါင်းတို့၊ အားရ ရွှင်မြူး ကြလော့။ အားရရွှင်မြူးကြလော့။ အချင်းယေရုရှလင်မြို့သူ၊မြို့သားတို့၊ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ ကြည့်ကြ။ သင်တို့၏ဘုရင်ကြွလာတော်မူပြီ။ ထိုအရှင်သည်အောင်ပွဲခံ၍ကယ်တင်တော် မူရန် ကြွလာသည်ဖြစ်သော်လည်း စိတ်နှလုံးနှိမ့်ချလျက်မြည်းမ၏သား မြည်းကလေးကိုစီး၍လာ၏။
וְהִכְרַתִּי־רֶ֣כֶב מֵאֶפְרַ֗יִם וְסוּס֙ מִיר֣וּשָׁלִַ֔ם וְנִכְרְתָה֙ קֶ֣שֶׁת מִלְחָמָ֔ה וְדִבֶּ֥ר שָׁל֖וֹם לַגּוֹיִ֑ם וּמָשְׁלוֹ֙ מִיָּ֣ם עַד־יָ֔ם וּמִנָּהָ֖ר עַד־אַפְסֵי־אָֽרֶץ׃ | 10 |
၁၀ထာဝရဘုရားက၊ ``ငါသည်ဣသရေလပြည်မှစစ်မြင်းရထား များကို ဖယ်ရှား၍၊မြင်းများကိုယေရုရှလင်မြို့သို့ ယူဆောင်သွားမည်။ စစ်ပွဲတွင်အသုံးပြုသည့်လေးတို့ကိုလည်း ချိုးပစ်မည်။ သင်တို့ဘုရင်သည်နိုင်ငံတကာနှင့်စစ်ပြေ ငြိမ်းရေး ဆောင်ရွက်ပြီးလျှင်၊ ပင်လယ်တစ်ပြင်မှတစ်ပြင်သို့တိုင်အောင် လည်းကောင်း၊ ဥဖရတ်မြစ်မှကမ္ဘာမြေကြီးစွန်းသို့တိုင် အောင် လည်းကောင်းအစိုးရလိမ့်မည်'' ဟုမိန့်တော် မူ၏။
גַּם־אַ֣תְּ בְּדַם־בְּרִיתֵ֗ךְ שִׁלַּ֤חְתִּי אֲסִירַ֙יִךְ֙ מִבּ֔וֹר אֵ֥ין מַ֖יִם בּֽוֹ׃ | 11 |
၁၁ထာဝရဘုရားက၊ ``ယဇ်ကောင်များ၏သွေးနှင့်တံဆိပ်ခတ် နှိပ်ကာ၊ သင်တို့နှင့်ငါပြုသည့်ပဋိညာဉ်တော်ကို ထောက်၍ ငါသည်သင်တို့၏အမျိုးသားများအား ကယ်လွှတ်မည်။ ရေမရှိသောတွင်းနက်တည်းဟူသောပြည်နှင်ဒဏ် ဘဝမှကယ်လွှတ်မည်။
שׁ֚וּבוּ לְבִצָּר֔וֹן אֲסִירֵ֖י הַתִּקְוָ֑ה גַּם־הַיּ֕וֹם מַגִּ֥יד מִשְׁנֶ֖ה אָשִׁ֥יב לָֽךְ׃ | 12 |
၁၂အချင်းပြည်နှင်ဒဏ်သင့်သူတို့ပြန်လာကြလော့။ မျှော်လင့်ချက်ရှိကြပေပြီ။ ဘေးမဲ့လုံခြုံရာသင်တို့၏ရဲတိုက်သို့ပြန်လာ ကြလော့။ သင်တို့ခံခဲ့ရသည့်ဆင်းရဲဒုက္ခများ၏ နှစ်ဆမျှသော ကောင်းချီးမင်္ဂလာကိုသင်တို့အားငါပေးမည် ဖြစ်ကြောင်းယခုပင်ပြောကြားပါ၏။
כִּֽי־דָרַ֨כְתִּי לִ֜י יְהוּדָ֗ה קֶ֚שֶׁת מִלֵּ֣אתִי אֶפְרַ֔יִם וְעוֹרַרְתִּ֤י בָנַ֙יִךְ֙ צִיּ֔וֹן עַל־בָּנַ֖יִךְ יָוָ֑ן וְשַׂמְתִּ֖יךְ כְּחֶ֥רֶב גִּבּֽוֹר׃ | 13 |
၁၃ငါသည်ယုဒပြည်ကိုစစ်သူရဲ၏လေးအဖြစ် နှင့်လည်းကောင်း၊ ဣသရေလပြည်ကိုမြားများအဖြစ် နှင့်လည်းကောင်း အသုံးပြုမည်။ ဂရိတ်ပြည်ကိုတိုက်ခိုက်ရန်ငါသည်ဇိအုန် မြို့သားတို့အား ဋ္ဌားအဖြစ်အသုံးပြုမည်'' ဟုမိန့်တော်မူ၏။
וַֽיהוָה֙ עֲלֵיהֶ֣ם יֵֽרָאֶ֔ה וְיָצָ֥א כַבָּרָ֖ק חִצּ֑וֹ וַֽאדֹנָ֤י יְהֹוִה֙ בַּשּׁוֹפָ֣ר יִתְקָ֔ע וְהָלַ֖ךְ בְּסַעֲר֥וֹת תֵּימָֽן׃ | 14 |
၁၄ထာဝရဘုရားသည်မိမိလူမျိုးတော်ရှိရာ အရပ်သို့ ကြွလာတော်မူ၍မြားတော်တို့ကိုလျှပ်စစ်ပြက် သကဲ့သို့ပစ်လွှတ်တော်မူလိမ့်မည်။ ထာဝရဘုရားသည်တံပိုးခရာမှုတ်တော်မူ၍ တောင်အရပ်မှလာသည့်လေမုန်တိုင်းနှင့်အတူ ချီတက်တော်မူလိမ့်မည်။
יְהוָ֣ה צְבָאוֹת֮ יָגֵ֣ן עֲלֵיהֶם֒ וְאָכְל֗וּ וְכָֽבְשׁוּ֙ אַבְנֵי־קֶ֔לַע וְשָׁת֥וּ הָמ֖וּ כְּמוֹ־יָ֑יִן וּמָֽלְאוּ֙ כַּמִּזְרָ֔ק כְּזָוִיּ֖וֹת מִזְבֵּֽחַ׃ | 15 |
၁၅အနန္တတန်ခိုးရှင်ထာဝရဘုရားသည် မိမိ၏လူမျိုးတော်ကိုကာကွယ်စောင့်ထိန်း တော်မူလိမ့်မည်။ သူတို့သည်လည်းရန်သူများကို နှိမ်နင်းအောင်မြင်ကြလိမ့်မည်။ သူတို့သည်သေသောက်ကြူးများကဲ့သို့စစ် ပွဲတွင် ဟစ်အော်ကြလျက်ရန်သူများကိုသတ်ဖြတ် ကြလိမ့်မည်။ ထိုသူတို့၏သွေးသည်အင်တုံမှယဇ်ပလ္လင် ပေါ်သို့ သွန်းလောင်းလိုက်သည့်သွေးကဲ့သို့စီးဆင်း လာလိမ့်မည်။
וְֽהוֹשִׁיעָ֞ם יְהוָ֧ה אֱלֹהֵיהֶ֛ם בַּיּ֥וֹם הַה֖וּא כְּצֹ֣אן עַמּ֑וֹ כִּ֚י אַבְנֵי־נֵ֔זֶר מִֽתְנוֹסְס֖וֹת עַל־אַדְמָתֽוֹ ׃ | 16 |
၁၆ထိုနေ့ရက်ကာလကျရောက်လာသောအခါ သိုးထိန်းသည်သိုးစုအားဘေးအန္တရာယ်မှ ကယ်တင်သကဲ့သို့ သူတို့၏ဘုရားသခင်ထာဝရဘုရားသည် မိမိလူမျိုးတော်အားကယ်တင်တော်မူ လိမ့်မည်။ သူတို့သည်သရဖူမှကျောက်မျက်ရတနာ များကဲ့သို့၊ ကိုယ်တော်၏ပြည်တွင်အရောင်အဝါ ထွန်းတောက်ကြလိမ့်မည်။
כִּ֥י מַה־טּוּב֖וֹ וּמַה־יָפְי֑וֹ דָּגָן֙ בַּֽחוּרִ֔ים וְתִיר֖וֹשׁ יְנוֹבֵ֥ב בְּתֻלֽוֹת׃ | 17 |
၁၇ပြည်တော်သည်အဘယ်မျှသာယာတင့် တယ်လျက် နေပါလိမ့်မည်နည်း။ လူငယ်လူရွယ်တို့သည်ပြည်တော်ထွက်ဂျုံဆန်နှင့် စပျစ်ရည်ကိုမှီဝဲလျက်၊အားအင်ပြည့်ဖြိုး၍ လာကြလိမ့်မည်။