< תְהִלִּים 36 >
לַמְנַצֵּ֬חַ ׀ לְעֶֽבֶד־יְהוָ֬ה לְדָוִֽד׃ נְאֻֽם־פֶּ֣שַׁע לָ֭רָשָׁע בְּקֶ֣רֶב לִבִּ֑י אֵֽין־פַּ֥חַד אֱ֝לֹהִ֗ים לְנֶ֣גֶד עֵינָֽיו׃ | 1 |
၁ဘုရားသခင်ကို ကြောက်ရွံ့ရသောအကြောင်း သည် မတရားသောသူ၏ မျက်စိ၌မထင်ဟု၊ ထိုသူပြု တတ်သော ဒုစရိုက်ကို ငါထောက်၍ သဘောကျ၏။
כִּֽי־הֶחֱלִ֣יק אֵלָ֣יו בְּעֵינָ֑יו לִמְצֹ֖א עֲוֺנ֣וֹ לִשְׂנֹֽא׃ | 2 |
၂သူ၏အပြစ်ကို တွေ့တော်မမူ၊ ရွံရှာတော်မမူဟု ကိုယ်မျက်စိရှေ့၌ ကိုယ်ကောင်းသော အယောင်ကို ဆောင်တတ်၏။
דִּבְרֵי־פִ֭יו אָ֣וֶן וּמִרְמָ֑ה חָדַ֖ל לְהַשְׂכִּ֣יל לְהֵיטִֽיב׃ | 3 |
၃သူပြောသောစကားသည် အဓမ္မစကား၊ လှည့် စားသောစကားဖြစ်၏။ ကောင်းသောအကျင့်ကို ကျင့်စေ တတ်သောပညာကို စွန့်လေပြီ။
אָ֤וֶן ׀ יַחְשֹׁ֗ב עַֽל־מִשְׁכָּ֫ב֥וֹ יִ֭תְיַצֵּב עַל־דֶּ֣רֶךְ לֹא־ט֑וֹב רָ֝֗ע לֹ֣א יִמְאָֽס׃ | 4 |
၄အိပ်ရာပေါ်မှာ မကောင်းသောအမှုကို ကြံစည် တတ်၏။ မကောင်းသော လမ်းသို့အမြဲလိုက်၍၊ ဆိုးယုတ် သောအကျင့်ကို ရွံရှာခြင်းမရှိ။
יְ֭הוָה בְּהַשָּׁמַ֣יִם חַסְדֶּ֑ךָ אֱ֝מֽוּנָתְךָ֗ עַד־שְׁחָקִֽים׃ | 5 |
၅အိုထာဝရဘုရား၊ ကရုဏာတော်သည် ကောင်း ကင်သို့၎င်း၊ သစ္စာတော်သည် မိုဃ်းတိမ်သို့၎င်း မှီပါ၏။
צִדְקָֽתְךָ֨ ׀ כְּֽהַרְרֵי־אֵ֗ל מִ֭שְׁפָּטֶךָ תְּה֣וֹם רַבָּ֑ה אָ֤דָֽם־וּבְהֵמָ֖ה תוֹשִׁ֣יעַ יְהוָֽה׃ | 6 |
၆ဖြောင့်မတ်တော်မူခြင်းတရားသည် ကြီးမားစွာ သောတောင်ရိုးနှင့် တူပါ၏။ တရားစီရင်တော်မူချက် တို့သည် အလွန်နက်နဲရာ ဖြစ်ကြပါ၏။ အိုထာဝရာဘုရား၊ ကိုယ်တော်သည် လူမျိုးနှင့် တိရစ္ဆာန်မျိုးကို စောင့်မတော် မူ၏။
מַה־יָּקָ֥ר חַסְדְּךָ֗ אֱלֹ֫הִ֥ים וּבְנֵ֥י אָדָ֑ם בְּצֵ֥ל כְּ֝נָפֶ֗יךָ יֶחֱסָיֽוּן׃ | 7 |
၇အိုဘုရားသခင်၊ ကရုဏာတော်သည် အလွန် မြတ်နိုးဘွယ်ဖြစ်ပါ၏။ ထိုကြောင့် လူသားတို့သည် အတောင်တော်အရိပ်ကို ခိုလှုံလျက်နေရကြပါ၏။
יִ֭רְוְיֻן מִדֶּ֣שֶׁן בֵּיתֶ֑ךָ וְנַ֖חַל עֲדָנֶ֣יךָ תַשְׁקֵֽם׃ | 8 |
၈အိမ်တော်၏ကြွယ်ဝခြင်းနှင့် ရောင့်ရဲလျက် နေ၍၊ ကိုယ်တော်၏ချမ်းသာမြစ်ရေကို သောက်စေခြင်း ငှါ အခွင့်ပေးတော်မူ၏။
כִּֽי־עִ֭מְּךָ מְק֣וֹר חַיִּ֑ים בְּ֝אוֹרְךָ֗ נִרְאֶה־אֽוֹר׃ | 9 |
၉အကြောင်းမူကား၊ ကိုယ်တော်ထံမှာ အသက် စမ်းရေတွင်းရှိပါ၏။ အလင်းတော်ထဲမှာ အကျွန်ုပ်တို့ သည် အလင်းကို ရကြပါ၏။
מְשֹׁ֣ךְ חַ֭סְדְּךָ לְיֹדְעֶ֑יךָ וְ֝צִדְקָֽתְךָ֗ לְיִשְׁרֵי־לֵֽב׃ | 10 |
၁၀ကိုယ်တော်ကို သိသောသူတို့အား၊ ကရုဏာ တော်ကို၎င်း၊ သဘောဖြောင့်သောသူတို့အား ဖြောင့်မတ် တော်မူခြင်း တရားကို၎င်း တည်မြဲတည်စေတော်မူပါ။
אַל־תְּ֭בוֹאֵנִי רֶ֣גֶל גַּאֲוָ֑ה וְיַד־רְ֝שָׁעִ֗ים אַל־תְּנִדֵֽנִי׃ | 11 |
၁၁မာန၏ခြေသည် အကျွန်ုပ်ကို မနင်းပါစေနှင့်။ မတရားသောသူတို့သည် အကျွန်ုပ်ကို နေရာမရွေ့ကြပါ စေနှင့်။
שָׁ֣ם נָ֭פְלוּ פֹּ֣עֲלֵי אָ֑וֶן דֹּ֝ח֗וּ וְלֹא־יָ֥כְלוּ קֽוּם׃ | 12 |
၁၂ဒုစရိုက်ကို ပြုသောသူတို့သည် ထိုအရပ်၌ပင် လဲလျက်နေရကြပါ၏။ လှဲခြင်းကို ခံရသောကြောင့်၊ တဖန်ထခြင်းငှါ မတတ်နိုင်ကြပါ။