< תְהִלִּים 2 >

לָ֭מָּה רָגְשׁ֣וּ גוֹיִ֑ם וּ֝לְאֻמִּ֗ים יֶהְגּוּ־רִֽיק׃ 1
တိုင်း​နိုင်​ငံ​တို့​သည်​အ​ဘယ်​ကြောင့်​ဆူ​ပူ​ပုန်​ကန်​ရန် ကြံ​စည်​ကြ​သ​နည်း။ လူ​တို့​သည်​အ​ဘယ်​ကြောင့်​အ​ချည်း​နှီး လျှို့​ဝှက်​ကြံ​စည်​ကြ​သ​နည်း။
יִ֥תְיַצְּב֨וּ ׀ מַלְכֵי־אֶ֗רֶץ וְרוֹזְנִ֥ים נֽוֹסְדוּ־יָ֑חַד עַל־יְ֝הוָה וְעַל־מְשִׁיחֽוֹ׃ 2
ထို​သူ​တို့​၏​ဘု​ရင်​တို့​သည်​ပုန်​ကန်​ကြ​၏။ သူ​တို့​၏​ဘု​ရင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့် ကိုယ်​တော်​ဘိ​သိက်​ပေး​တော်​မူ​သော​ဘု​ရင်​အား ပုန်​ကန်​ရန်​လျှို့​ဝှက်​တိုင်​ပင်​ကြ​၏။
נְֽ֭נַתְּקָה אֶת־מֽוֹסְרוֹתֵ֑ימוֹ וְנַשְׁלִ֖יכָה מִמֶּ֣נּוּ עֲבֹתֵֽימוֹ׃ 3
သူ​တို့​က``ငါ​တို့​သည်​သူ​တို့​စိုး​မိုး​မှု​မှ လွတ်​မြောက်​အောင်​ဆောင်​ရွက်​ကြ​ကုန်​အံ့။ သူ​တို့​၏​အ​ချုပ်​အ​နှောင်​ကို​ပယ်​ရှား​ကြ ကုန်​အံ့'' ဟု​ဆို​ကြ​၏။
יוֹשֵׁ֣ב בַּשָּׁמַ֣יִם יִשְׂחָ֑ק אֲ֝דֹנָ֗י יִלְעַג־לָֽמוֹ׃ 4
ကောင်း​ကင်​ဘုံ​ရှိ​ပလ္လင်​တော်​ပေါ်​မှာ​ထာ​ဝ​ရ ဘု​ရား​သည် ပြုံး​ရယ်​တော်​မူ​လျက် ထို​သူ​တို့​၏​အ​ကြံ​အ​စည်​ကို​ပြက်​ရယ်​ပြု တော်​မူ​၏။
אָ֤ז יְדַבֵּ֣ר אֵלֵ֣ימוֹ בְאַפּ֑וֹ וּֽבַחֲרוֹנ֥וֹ יְבַהֲלֵֽמוֹ׃ 5
ထို​နောက်​ကိုယ်​တော်​သည်​အ​မျက်​တော်​ထွက် လျက် သူ​တို့​အား​သ​တိ​ပေး​တော်​မူ​သ​ဖြင့် သူ​တို့​သည်​အ​မျက်​တော်​အ​ရှိန်​ကြောင့် ကြောက်​လန့်​တုန်​လှုပ်​ကြ​ကုန်​၏။
וַ֭אֲנִי נָסַ֣כְתִּי מַלְכִּ֑י עַל־צִ֝יּ֗וֹן הַר־קָדְשִֽׁי׃ 6
ကိုယ်​တော်​က``သန့်​ရှင်း​မြင့်​မြတ်​သော ဇိ​အုန်​တောင် ပေါ်​တွင် ငါ​ရွေး​ချယ်​ထား​သော​ရှင်​ဘု​ရင်​ကို​ငါ​ကိုယ်​တိုင် တင်​မြှောက်​ပြီ'' ဟု​မိန့်​တော်​မူ​၏။
אֲסַפְּרָ֗ה אֶֽ֫ל חֹ֥ק יְֽהוָ֗ה אָמַ֘ר אֵלַ֥י בְּנִ֥י אַ֑תָּה אֲ֝נִ֗י הַיּ֥וֹם יְלִדְתִּֽיךָ׃ 7
မင်း​ကြီး​က``ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​ကို ငါ​ကြေ​ငြာ​မည်။ ကိုယ်​တော်​က​ငါ့​အား`သင်​သည်​ငါ​၏​သား ဖြစ်​၏။ ယ​နေ့​ပင်​လျှင်​ငါ​သည်​သင်​၏​အ​ဖ​ဖြစ်​လာ ပြီ။
שְׁאַ֤ל מִמֶּ֗נִּי וְאֶתְּנָ֣ה ג֭וֹיִם נַחֲלָתֶ֑ךָ וַ֝אֲחֻזָּתְךָ֗ אַפְסֵי־אָֽרֶץ׃ 8
တောင်း​လော့။ လူ​မျိုး​တ​ကာ​တို့​ကို​သင့်​အား ငါ​ပေး​မည်။ ကမ္ဘာ​မြေ​ပြင်​တစ်​ခု​လုံး​ကို​သင်​ပိုင်​ဆိုင်​ရ လိမ့်​မည်။
תְּ֭רֹעֵם בְּשֵׁ֣בֶט בַּרְזֶ֑ל כִּכְלִ֖י יוֹצֵ֣ר תְּנַפְּצֵֽם׃ 9
သင်​သည်​လူ​မျိုး​တ​ကာ​တို့​ကို​သံ​လှံ​တံ​ဖြင့် အုပ်​စိုး​လိမ့်​မည်။ သူ​တို့​အား​မြေ​အိုး​ကို​ခွဲ​သ​ကဲ့​သို့ အ​စိတ်​စိတ်​အ​မြွှာ​မြွှာ​ဖြစ်​စေ​လိမ့်​မည်' ဟု မိန့်​တော်​မူ​ပါ​၏'' ဟူ​၍​ဆို​၏။
וְ֭עַתָּה מְלָכִ֣ים הַשְׂכִּ֑ילוּ הִ֝וָּסְר֗וּ שֹׁ֣פְטֵי אָֽרֶץ׃ 10
၁၀အ​ချင်း​ဘု​ရင်​တို့၊ပ​ညာ​သ​တိ​ရှိ​ကြ​လော့။ အ​ချင်း​မင်း​အ​ပေါင်း​တို့၊သ​တိ​မူ​ကြ​လော့။
עִבְד֣וּ אֶת־יְהוָ֣ה בְּיִרְאָ֑ה וְ֝גִ֗ילוּ בִּרְעָדָֽה׃ 11
၁၁သင်​တို့​သည်​ကြောက်​ရွံ့​ရို​သေ​သော​စိတ်​နှင့် ထာ​ဝ​ရ​ဘု​ရား​၏​အ​မှု​တော်​ကို​ထမ်း​ရွက်​ကြ​လော့။
נַשְּׁקוּ־בַ֡ר פֶּן־יֶאֱנַ֤ף ׀ וְתֹ֬אבְדוּ דֶ֗רֶךְ כִּֽי־יִבְעַ֣ר כִּמְעַ֣ט אַפּ֑וֹ אַ֝שְׁרֵ֗י כָּל־ח֥וֹסֵי בֽוֹ׃ 12
၁၂တုန်​လှုပ်​လျက်​ရှေ့​တော်​တွင်​ဦး​ညွှတ်​ပျပ်​ဝပ်​ကြ​လော့။ ယင်း​သို့​မ​ပြု​ပါ​မူ​ကိုယ်​တော်​သည် အ​မျက်​တော်​ထွက်​တော်​မူ​သ​ဖြင့် သင်​တို့​သည်​မု​ချ​သေ​ကြေ​ပျက်​စီး​ကြ​လိမ့်​မည်။ ကိုယ်​တော်​ထံ​တော်​သို့​ချဉ်း​ကပ်​ခို​လှုံ​သူ အ​ပေါင်း​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။

< תְהִלִּים 2 >