< תְהִלִּים 129 >
שִׁ֗יר הַֽמַּ֫עֲל֥וֹת רַ֭בַּת צְרָר֣וּנִי מִנְּעוּרַ֑י יֹֽאמַר־נָ֝א יִשְׂרָאֵֽל׃ | 1 |
၁ဣသရေလ၊သင်ငယ်စဉ်အခါမှစ၍ ရန်သူများသည် သင့်ကိုအဘယ်သို့ရက်စက်စွာညှဉ်းဆဲ နှိပ်စက်ကြကြောင်းကိုငါတို့အားဖော်ပြလော့။
רַ֭בַּת צְרָר֣וּנִי מִנְּעוּרָ֑י גַּ֝ם לֹא־יָ֥כְלוּ לִֽי׃ | 2 |
၂``ငယ်စဉ်အခါမှအစပြု၍ငါ့အားရန်သူတို့သည် ရက်စက်စွာညှဉ်းဆဲခဲ့ကြလေပြီ။ သို့ရာတွင်သူတို့သည်ငါ့အပေါ်တွင် အနိုင်မရခဲ့ကြ။
עַל־גַּ֭בִּי חָרְשׁ֣וּ חֹרְשִׁ֑ים הֶ֝אֱרִ֗יכוּ למענותם׃ | 3 |
၃သူတို့သည်ငါ၏ကျောကုန်းကိုပြင်းထန်သည့် ဒဏ်ရာများရစေသဖြင့်ထွန်ကြောင်းများရှိသည့် လယ်ကွက်သဖွယ်ဖြစ်စေကြ၏။
יְהוָ֥ה צַדִּ֑יק קִ֝צֵּ֗ץ עֲב֣וֹת רְשָׁעִֽים׃ | 4 |
၄သို့ရာတွင်ဖြောင့်မတ်တော်မူသောအရှင် ထာဝရဘုရားသည်ငါ့ကိုကျွန်ဘဝမှ လွတ်မြောက်စေတော်မူလေပြီ''
יֵ֭בֹשׁוּ וְיִסֹּ֣גוּ אָח֑וֹר כֹּ֝֗ל שֹׂנְאֵ֥י צִיּֽוֹן׃ | 5 |
၅ဇိအုန်မြို့ကိုမုန်းသောသူအပေါင်းတို့သည် အရေးရှုံးနိမ့်လျက်တပ်လန်ကြပါစေသော။
יִ֭הְיוּ כַּחֲצִ֣יר גַּגּ֑וֹת שֶׁקַּדְמַ֖ת שָׁלַ֣ף יָבֵֽשׁ׃ | 6 |
၆သူတို့သည်အိမ်ခေါင်မိုးပေါ်တွင်ပေါက်၍ မကြီးထွားမီခြောက်သွေ့သွားသည့် မြက်ပင်များကဲ့သို့ဖြစ်ပါစေသော။
שֶׁלֹּ֤א מִלֵּ֖א כַפּ֥וֹ קוֹצֵ֗ר וְחִצְנ֥וֹ מְעַמֵּֽר׃ | 7 |
၇ထိုမြက်တို့ကိုအဘယ်သူမျှစုသိမ်းသယ်ယူမှုကို ပြုလိမ့်မည်မဟုတ်။
וְלֹ֤א אָֽמְר֨וּ ׀ הָעֹבְרִ֗ים בִּרְכַּֽת־יְהוָ֥ה אֲלֵיכֶ֑ם בֵּרַ֥כְנוּ אֶ֝תְכֶ֗ם בְּשֵׁ֣ם יְהוָֽה׃ | 8 |
၈``ထာဝရဘုရားသည်သင်တို့ကိုကောင်းချီး ပေးတော်မူပါစေသော။ ထာဝရဘုရား၏နာမတော်ကိုအမှီပြု၍ ငါတို့သည်သင်တို့အားကောင်းချီးပေး ပါ၏'' ဟူ၍ အနီးမှဖြတ်သန်းသွားလာသူတို့ကသူတို့အား ပြောဆိုကြလိမ့်မည်မဟုတ်။