< תְהִלִּים 115 >
לֹ֤א לָ֥נוּ יְהוָ֗ה לֹ֫א לָ֥נוּ כִּֽי־לְ֭שִׁמְךָ תֵּ֣ן כָּב֑וֹד עַל־חַ֝סְדְּךָ֗ עַל־אֲמִתֶּֽךָ׃ | 1 |
၁အို ထာဝရဘုရား၊ ကိုယ်တော်၏ခိုင်မြဲသောမေတ္တာတော်နှင့် သစ္စာတော်ကြောင့်ကိုယ်တော်တစ်ပါးတည်း ၌သာလျှင် ဘုန်းအသရေရှိတော်မူပါ၏။ ကျွန်တော်မျိုးတို့၌ဘုန်းအသရေမရှိပါ။
לָ֭מָּה יֹאמְר֣וּ הַגּוֹיִ֑ם אַיֵּה־נָ֝֗א אֱלֹהֵיהֶֽם׃ | 2 |
၂``သင်တို့၏ဘုရားသည်အဘယ်မှာရှိသနည်း'' ဟု လူမျိုးတကာတို့သည်အဘယ်ကြောင့်ငါတို့အား မေးရကြပါသနည်း။
וֵֽאלֹהֵ֥ינוּ בַשָּׁמָ֑יִם כֹּ֭ל אֲשֶׁר־חָפֵ֣ץ עָשָֽׂה׃ | 3 |
၃ငါတို့ဘုရားသည်ကောင်းကင်ဘုံတွင်ရှိတော်မူ၍ အလိုတော်အရခပ်သိမ်းသောအမှုတို့ကို ပြုတော်မူ၏။
עֲֽ֭צַבֵּיהֶם כֶּ֣סֶף וְזָהָ֑ב מַ֝עֲשֵׂ֗ה יְדֵ֣י אָדָֽם׃ | 4 |
၄သူတို့ဘုရားများကားရွှေငွေဖြင့်ပြီး၍ လူ့လက်ဖြင့် ပြုလုပ်သောဘုရားများဖြစ်ကြ၏။
פֶּֽה־לָ֭הֶם וְלֹ֣א יְדַבֵּ֑רוּ עֵינַ֥יִם לָ֝הֶ֗ם וְלֹ֣א יִרְאֽוּ׃ | 5 |
၅ယင်းတို့သည်နှုတ်များပါရှိလျက်နှင့်စကား မပြောနိုင်။ မျက်စိများပါရှိလျက်နှင့်မမြင်နိုင်။
אָזְנַ֣יִם לָ֭הֶם וְלֹ֣א יִשְׁמָ֑עוּ אַ֥ף לָ֝הֶ֗ם וְלֹ֣א יְרִיחֽוּן׃ | 6 |
၆နားများပါရှိလျက်နှင့်မကြားနိုင်။ နှာခေါင်းများရှိပါလျက်နှင့်အနံ့မရနိုင်။
יְדֵיהֶ֤ם ׀ וְלֹ֬א יְמִישׁ֗וּן רַ֭גְלֵיהֶם וְלֹ֣א יְהַלֵּ֑כוּ לֹֽא־יֶ֝הְגּ֗וּ בִּגְרוֹנָֽם׃ | 7 |
၇လက်များပါရှိလျက်နှင့်မထိမတွေ့နိုင်။ ခြေများရှိပါလျက်နှင့်လမ်းမလျှောက်နိုင်။ သူတို့သည်အသံတစ်စုံတစ်ခုကိုမျှ မပြုနိုင်။
כְּ֭מוֹהֶם יִהְי֣וּ עֹשֵׂיהֶ֑ם כֹּ֭ל אֲשֶׁר־בֹּטֵ֣חַ בָּהֶֽם׃ | 8 |
၈ထိုရုပ်တုတို့ကိုပြုလုပ်သူများနှင့်ကိုးစား သူတို့သည် မိမိတို့ပြုလုပ်သည့်ရုပ်တုများကဲ့သို့ ဖြစ်ကြပါစေသော။
יִ֭שְׂרָאֵל בְּטַ֣ח בַּיהוָ֑ה עֶזְרָ֖ם וּמָגִנָּ֣ם הֽוּא׃ | 9 |
၉ဣသရေလအမျိုးသားတို့၊ထာဝရဘုရား ကို ကိုးစားကြလော့။ ကိုယ်တော်သည်သင်တို့ကိုကူမတော်မူ၍ ကာကွယ်စောင့်ရှောက်တော်မူ၏။
בֵּ֣ית אַ֭הֲרֹן בִּטְח֣וּ בַיהוָ֑ה עֶזְרָ֖ם וּמָגִנָּ֣ם הֽוּא׃ | 10 |
၁၀အချင်းဘုရားသခင်၏ယဇ်ပုရောဟိတ် တို့၊ ထာဝရဘုရားကိုကိုးစားကြလော့။ ကိုယ်တော်သည်သင်တို့ကိုကူမတော်မူ၍ ကာကွယ်စောင့်ရှောက်တော်မူ၏။
יִרְאֵ֣י יְ֭הוָה בִּטְח֣וּ בַיהוָ֑ה עֶזְרָ֖ם וּמָגִנָּ֣ם הֽוּא׃ | 11 |
၁၁ထာဝရဘုရားကိုကြောက်ရွံ့ရိုသေသူ အပေါင်းတို့၊ ကိုယ်တော်ကိုကိုးစားကြလော့။ ကိုယ်တော်သည်သင်တို့ကိုကူမတော်မူ၍ ကာကွယ်စောင့်ရှောက်တော်မူ၏။
יְהוָה֮ זְכָרָ֪נוּ יְבָ֫רֵ֥ךְ יְ֭בָרֵךְ אֶת־בֵּ֣ית יִשְׂרָאֵ֑ל יְ֝בָרֵ֗ךְ אֶת־בֵּ֥ית אַהֲרֹֽן׃ | 12 |
၁၂ထာဝရဘုရားသည်ငါတို့ကိုသတိရတော် မူ၍ ကောင်းချီးပေးတော်မူလိမ့်မည်။ ကိုယ်တော်သည်ဣသရေလအမျိုးသားတို့ ကိုလည်းကောင်း၊ဘုရားသခင်၏ ယဇ်ပုရောဟိတ်အပေါင်းတို့ကိုလည်း ကောင်း ကောင်းချီးပေးတော်မူလိမ့်မည်။
יְ֭בָרֵךְ יִרְאֵ֣י יְהוָ֑ה הַ֝קְּטַנִּ֗ים עִם־הַגְּדֹלִֽים׃ | 13 |
၁၃ကိုယ်တော်သည်မိမိအားကြောက်ရွံ့ရိုသေသူ အပေါင်းတို့အားယုတ်မြတ်မရွေးကောင်းချီး ပေးတော်မူလိမ့်မည်။
יֹסֵ֣ף יְהוָ֣ה עֲלֵיכֶ֑ם עֲ֝לֵיכֶ֗ם וְעַל־בְּנֵיכֶֽם׃ | 14 |
၁၄ထာဝရဘုရားသည်သင်တို့နှင့် သင်တို့၏သားမြေးတို့အားသားသမီးများကို ပေးတော်မူပါစေသော။
בְּרוּכִ֣ים אַ֭תֶּם לַיהוָ֑ה עֹ֝שֵׂ֗ה שָׁמַ֥יִם וָאָֽרֶץ׃ | 15 |
၁၅ကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုဖန်ဆင်းတော် မူသော ထာဝရဘုရားသည်သင်တို့အားကောင်းချီးပေး တော်မူပါစေသော။
הַשָּׁמַ֣יִם שָׁ֭מַיִם לַיהוָ֑ה וְ֝הָאָ֗רֶץ נָתַ֥ן לִבְנֵי־אָדָֽם׃ | 16 |
၁၆ကောင်းကင်ကိုထာဝရဘုရားတစ်ပါးတည်း သာလျှင် ပိုင်တော်မူ၏။ ကမ္ဘာမြေကြီးကိုမူကားလူသားတို့အား ပေးတော်မူ၏။
לֹ֣א הַ֭מֵּתִים יְהַֽלְלוּ־יָ֑הּ וְ֝לֹ֗א כָּל־יֹרְדֵ֥י דוּמָֽה׃ | 17 |
၁၇သေလွန်ကြသူ၊ဆိတ်ငြိမ်ရာသို့ သက်ဆင်းကြသူများသည်ထာဝရဘုရားကို ထောမနာမပြုကြ။
וַאֲנַ֤חְנוּ ׀ נְבָ֘רֵ֤ךְ יָ֗הּ מֵֽעַתָּ֥ה וְעַד־עוֹלָ֗ם הַֽלְלוּ־יָֽהּ׃ | 18 |
၁၈သို့ရာတွင်အသက်ရှင်နေသူငါတို့မူကား ယခုမှစ၍အစဉ်အဆက်ကိုယ်တော်၏ ကျေးဇူးတော်ကိုချီးမွမ်းကြပါမည်။ ထာဝရဘုရားအားထောမနာပြုကြလော့။