< מִשְׁלֵי 6 >
בְּ֭נִי אִם־עָרַ֣בְתָּ לְרֵעֶ֑ךָ תָּקַ֖עְתָּ לַזָּ֣ר כַּפֶּֽיךָ׃ | 1 |
၁ငါ့ သား ၊ သင် သည် အဆွေ ခင်ပွန်းအတွက် အာမခံ မိသော် ၎င်း၊ သူတပါး နှင့် လက်ဝါး ချင်း ရိုက် မိ သော်၎င်း၊
נוֹקַ֥שְׁתָּ בְאִמְרֵי־פִ֑יךָ נִ֝לְכַּ֗דְתָּ בְּאִמְרֵי־פִֽיךָ ׃ | 2 |
၂ကိုယ် နှုတ်ထွက် စကား ဖြင့် ကျော့မိ ပြီ။ ကိုယ် ပြော သောစကား ကြောင့် အမှု ရောက်လေပြီ။
עֲשֵׂ֨ה זֹ֥את אֵפ֪וֹא ׀ בְּנִ֡י וְֽהִנָּצֵ֗ל כִּ֘י בָ֤אתָ בְכַף־רֵעֶ֑ךָ לֵ֥ךְ הִ֝תְרַפֵּ֗ס וּרְהַ֥ב רֵעֶֽיךָ׃ | 3 |
၃ငါ့ သား ၊ သင် သည် အဆွေ ခင်ပွန်းလက် သို့ ရောက် မိလျှင် ၊ ကိုယ်ကိုနှုတ် အံ့သောငှါအဘယ်သို့ပြု ရမည်နည်းဟူမူကား ၊ အဆွေ ခင်ပွန်းထံသို့သွား ၍ ၊ ကိုယ်ကိုနှိမ့်ချ လျက် သူ့ကို နှိုးဆော်လော့။
אַל־תִּתֵּ֣ן שֵׁנָ֣ה לְעֵינֶ֑יךָ וּ֝תְנוּמָ֗ה לְעַפְעַפֶּֽיךָ׃ | 4 |
၄အိပ် မ ပျော်နှင့်။ မျက်စိ မှိတ် ၍ မငိုက် နှင့်။
הִ֭נָּצֵל כִּצְבִ֣י מִיָּ֑ד וּ֝כְצִפּ֗וֹר מִיַּ֥ד יָקֽוּשׁ׃ פ | 5 |
၅မုဆိုး လက် မှ သမင်ဒရယ် ကို၎င်း၊ ငှက် ကို၎င်းနှုတ် ရသကဲ့သို့ ကိုယ်ကိုနှုတ် လော့။
לֵֽךְ־אֶל־נְמָלָ֥ה עָצֵ֑ל רְאֵ֖ה דְרָכֶ֣יהָ וַחֲכָֽם׃ | 6 |
၆အချင်း လူပျင်း၊ ပရွက်ဆိတ် ထံသို့ သွား ၍၊ သူ ၏ အပြု အမူတို့ကို ဆင်ခြင် သဖြင့် ပညာ ရှိစေလော့။
אֲשֶׁ֖ר אֵֽין־לָ֥הּ קָצִ֗ין שֹׁטֵ֥ר וּמֹשֵֽׁל׃ | 7 |
၇ပရွတ်ဆိတ် သည်ဆရာ မ ရှိ၊ ပဲ့ပြင် သောသူမရှိ၊ မင်း မရှိဘဲလျက် ၊
תָּכִ֣ין בַּקַּ֣יִץ לַחְמָ֑הּ אָגְרָ֥ה בַ֝קָּצִ֗יר מַאֲכָלָֽהּ׃ | 8 |
၈နွေ ကာလနှင့် စပါး ရိတ်ရာကာလ၌ မိမိ စားစရာ အစာ ကို ရှာဖွေသိုထား တတ်၏။
עַד־מָתַ֖י עָצֵ֥ל ׀ תִּשְׁכָּ֑ב מָ֝תַ֗י תָּק֥וּם מִשְּׁנָתֶֽךָ׃ | 9 |
၉အိုလူပျင်း ၊ သင် သည် အဘယ် မျှကာလ ပတ်လုံးအိပ် လျက်နေလိမ့်မည်နည်း။ အဘယ် သောအခါနိုး လိမ့်မည်နည်း။
מְעַ֣ט שֵׁ֭נוֹת מְעַ֣ט תְּנוּמ֑וֹת מְעַ֓ט ׀ חִבֻּ֖ק יָדַ֣יִם לִשְׁכָּֽב׃ | 10 |
၁၀ခဏ အိပ် လျက်၊ ခဏ ပျော် လျက်၊ အိပ်ပျော် အံ့သောငှါ ခဏ လက် ချင်းပိုက် လျက် နေစဉ်တွင်၊
וּבָֽא־כִמְהַלֵּ֥ךְ רֵאשֶׁ֑ךָ וּ֝מַחְסֹֽרְךָ֗ כְּאִ֣ישׁ מָגֵֽן׃ פ | 11 |
၁၁ဆင်းရဲ ခြင်းသည် ခရီးသွား သော သူကဲ့သို့ ၎င်း၊ ဥစ္စာ ပြုန်းတီးခြင်းသည် သူရဲ ကဲ့သို့ ၎င်း ရောက် လာ လိမ့်မည်။
אָדָ֣ם בְּ֭לִיַּעַל אִ֣ישׁ אָ֑וֶן ה֝וֹלֵ֗ךְ עִקְּשׁ֥וּת פֶּֽה׃ | 12 |
၁၂ဆိုးယုတ် သော သူ နှင့်မ တရားသောသူ သည် ကောက်လိမ် သော စကား၌ ကျင်လည် တတ်၏။
קֹרֵ֣ץ בְּ֭עֵינָו מֹלֵ֣ל בְּרַגְלָ֑ו מֹ֝רֶ֗ה בְּאֶצְבְּעֹתָֽיו׃ | 13 |
၁၃မျက်တောင် ခတ် လျက် ၊ ခြေ ဖြင့် အမှတ် ပေးလျက် ၊ လက် ချောင်းတို့ဖြင့် သွန်သင် လျက် ပြုတတ်၏။
תַּֽהְפֻּכ֨וֹת ׀ בְּלִבּ֗וֹ חֹרֵ֣שׁ רָ֣ע בְּכָל־עֵ֑ת מדנים יְשַׁלֵּֽחַ׃ | 14 |
၁၄ကောက် သောစိတ် သဘောနှင့် ပြည့်စုံ၍၊ မ ကောင်းသော အကြံကို အစဉ် ကြံစည် တတ်၏။ သူတပါးချင်းရန်တွေ့ စေခြင်းငှါပြုတတ်၏။
עַל־כֵּ֗ן פִּ֭תְאֹם יָב֣וֹא אֵיד֑וֹ פֶּ֥תַע יִ֝שָּׁבֵ֗ר וְאֵ֣ין מַרְפֵּֽא׃ פ | 15 |
၁၅ထိုကြောင့် သူ သည် အမှတ်တမဲ့ အမှု ရောက် ၍၊ ကိုးကွယ် ရာမ ရဘဲ ချက်ခြင်း ကျိုးပဲ့ ပျက်စီးရလိမ့်မည်။
שֶׁשׁ־הֵ֭נָּה שָׂנֵ֣א יְהוָ֑ה וְ֝שֶׁ֗בַע תועבות נַפְשֽׁוֹ׃ | 16 |
၁၆ထာဝရဘုရား မုန်း တော်မူသောအရာ ခြောက် ပါးမက၊ စက်ဆုပ် ရွံ့ရှာတော်မူသောအရာ ခုနစ် ပါး ဟူမူကား ၊
עֵינַ֣יִם רָ֭מוֹת לְשׁ֣וֹן שָׁ֑קֶר וְ֝יָדַ֗יִם שֹׁפְכ֥וֹת דָּם־נָקִֽי׃ | 17 |
၁၇ထောင်လွှား သော မျက်နှာ တပါး၊ မုသာ ၌ ကျင်လည် သော လျှာ တပါး၊ အပြစ် မရှိသောသူ၏ အသက် ကိုသတ် သော လက် တပါး၊
לֵ֗ב חֹ֭רֵשׁ מַחְשְׁב֣וֹת אָ֑וֶן רַגְלַ֥יִם מְ֝מַהֲר֗וֹת לָר֥וּץ לָֽרָעָה׃ | 18 |
၁၈မ ကောင်းသော အကြံ ကို ကြံစည် သော နှလုံး တပါး၊ အပြစ် ပြုရာသို့ အလျင် အမြန်ပြေး တတ်သော ခြေ တပါး၊
יָפִ֣יחַ כְּ֭זָבִים עֵ֣ד שָׁ֑קֶר וּמְשַׁלֵּ֥חַ מְ֝דָנִ֗ים בֵּ֣ין אַחִֽים׃ פ | 19 |
၁၉မုသာ စကားကိုပြော ၍ မ မှန်သောသက်သေ တပါး၊ အပေါင်း အဘော်ချင်း ရန်တွေ့ စေခြင်းငှါပြုတတ် သော သူတပါးတည်း။
נְצֹ֣ר בְּ֭נִי מִצְוַ֣ת אָבִ֑יךָ וְאַל־תִּ֝טֹּ֗שׁ תּוֹרַ֥ת אִמֶּֽךָ׃ | 20 |
၂၀ငါ့ သား ၊ အဘ ၏ပညတ် စကားကို နားထောင် လော့။ အမိ ပေးသော တရား ကို မ ပယ် နှင့်။
קָשְׁרֵ֣ם עַל־לִבְּךָ֣ תָמִ֑יד עָ֝נְדֵ֗ם עַל־גַּרְגְּרֹתֶֽךָ׃ | 21 |
၂၁နှလုံး ပေါ် မှာ အမြဲ ချည် ၍ လည်ပင်း ၌ ဆွဲ ထား လော့။
בְּהִתְהַלֶּכְךָ֨ ׀ תַּנְחֶ֬ה אֹתָ֗ךְ בְּֽ֭שָׁכְבְּךָ תִּשְׁמֹ֣ר עָלֶ֑יךָ וַ֝הֲקִיצ֗וֹתָ הִ֣יא תְשִׂיחֶֽךָ׃ | 22 |
၂၂သင် သည် အခြားသို့ သွား သောအခါ ၊ ထိုပညတ် တရားသည် လမ်း ပြလိမ့်မည်။ အိပ် သောအခါ သင့် ကို စောင့် လိမ့်မည်။ နိုး သောအခါ သင် နှင့် နှုတ်ဆက် လိမ့်မည်။
כִּ֤י נֵ֣ר מִ֭צְוָה וְת֣וֹרָה א֑וֹר וְדֶ֥רֶךְ חַ֝יִּ֗ים תּוֹכְח֥וֹת מוּסָֽר׃ | 23 |
၂၃အကြောင်း မူကား၊ ပညတ် တော်သည် မီးခွက် ဖြစ်၏။ တရား တော်သည် အလင်း ဖြစ်၏။ အပြစ်ကို ပြတတ်သော ဩဝါဒ စကားသည် အသက် လမ်း ဖြစ်၏။
לִ֭שְׁמָרְךָ מֵאֵ֣שֶׁת רָ֑ע מֵֽ֝חֶלְקַ֗ת לָשׁ֥וֹן נָכְרִיָּֽה׃ | 24 |
၂၄ဆိုး သောမိန်းမ နှင့် ၎င်း၊ အမျိုး ပျက်သော မိန်းမချော့မော့ တတ်သော နှုတ် နှင့်၎င်း လွတ်စေခြင်းငှါ၊ သင့် ကို စောင့် ဘို့ရာဖြစ်သတည်း။
אַל־תַּחְמֹ֣ד יָ֭פְיָהּ בִּלְבָבֶ֑ךָ וְאַל־תִּ֝קָּֽחֲךָ֗ בְּעַפְעַפֶּֽיהָ׃ | 25 |
၂၅ထိုသို့သောမိန်းမ သည် အဆင်း လှသော်လည်း ၊ တပ်မက် သောစိတ် မ ရှိနှင့်။ သူ သည် မျက်ခမ်း တို့ဖြင့် သင့် ကိုမ ကျော့မိ စေနှင့်။
כִּ֤י בְעַד־אִשָּׁ֥ה זוֹנָ֗ה עַֽד־כִּכַּ֫ר לָ֥חֶם וְאֵ֥שֶׁת אִ֑ישׁ נֶ֖פֶשׁ יְקָרָ֣ה תָצֽוּד׃ פ | 26 |
၂၆အကြောင်း မူကား၊ ပြည်တန်ဆာ မကို မှီဝဲသော ယောက်ျား သည် ဆင်းရဲ၍၊ မုန့် တလုံးကိုသာ ရတတ်၏။ မျောက်မထားသော မိန်းမ သည်လည်း မြတ် သောအသက် ကို ဘမ်း တတ်၏။
הֲיַחְתֶּ֤ה אִ֓ישׁ אֵ֬שׁ בְּחֵיק֑וֹ וּ֝בְגָדָ֗יו לֹ֣א תִשָּׂרַֽפְנָה׃ | 27 |
၂၇လူ သည်အဝတ် မ လောင် ဘဲ မီး ကို ပိုက် ဘက်နိုင် သလော ။
אִם־יְהַלֵּ֣ךְ אִ֭ישׁ עַל־הַגֶּחָלִ֑ים וְ֝רַגְלָ֗יו לֹ֣א תִכָּוֶֽינָה׃ | 28 |
၂၈ခြေ မ လောင် ဘဲမီး ခဲပေါ် မှာ နင်း နိုင်သလော။
כֵּ֗ן הַ֭בָּא אֶל־אֵ֣שֶׁת רֵעֵ֑הוּ לֹ֥א יִ֝נָּקֶ֗ה כָּֽל־הַנֹּגֵ֥עַ בָּֽהּ׃ | 29 |
၂၉သူ့ မယား ထံသို့ ဝင် သောသူသည် ထိုနည်းတူ ဖြစ်၏။ သူ့ မယားကို ပြစ်မှား သော သူမည်သည် ကား၊ အပြစ် နှင့် မ ကင်းမလွတ်နိုင်ရာ၊
לֹא־יָב֣וּזוּ לַ֭גַּנָּב כִּ֣י יִגְנ֑וֹב לְמַלֵּ֥א נַ֝פְשׁ֗וֹ כִּ֣י יִרְעָֽב׃ | 30 |
၃၀မွတ်သိပ် သောစိတ် ပြေ စေခြင်းငှါ ၊ ခိုး သောသူ ပင် အပြစ် မလွတ်ရ။
וְ֭נִמְצָא יְשַׁלֵּ֣ם שִׁבְעָתָ֑יִם אֶת־כָּל־ה֖וֹן בֵּית֣וֹ יִתֵּֽן׃ | 31 |
၃၁တွေ့ မိလျှင် ခုနစ် ဆပြန်ပေး ရမည်။ ကိုယ် အိမ် ၌ ရှိသမျှ သော ဥစ္စာ တို့ကို လျော် ရမည်။
נֹאֵ֣ף אִשָּׁ֣ה חֲסַר־לֵ֑ב מַֽשְׁחִ֥ית נַ֝פְשׁ֗וֹ ה֣וּא יַעֲשֶֽׂנָּה׃ | 32 |
၃၂သူ့မယား ကိုပြစ်မှား သောသူသည် ဉာဏ် မ ရှိ။ ထိုသို့ ပြု သောသူ သည် မိမိ အသက် ကို ဖျက်ဆီး တတ်၏။
נֶֽגַע־וְקָל֥וֹן יִמְצָ֑א וְ֝חֶרְפָּת֗וֹ לֹ֣א תִמָּחֶֽה׃ | 33 |
၃၃နာကျင် စွာ ထိခိုက်ခြင်းနှင့် အသရေ ရှုတ်ချခြင်း ကိုခံရ လိမ့်မည်။ သူ ၏အရှက် ကွဲခြင်းသည် မ ပြေ နိုင်။
כִּֽי־קִנְאָ֥ה חֲמַת־גָּ֑בֶר וְלֹֽא־יַ֝חְמ֗וֹל בְּי֣וֹם נָקָֽם׃ | 34 |
၃၄အကြောင်း မူကား၊ ယောက်ျား သည် မယားကို မယုံ သောစိတ်ရှိလျှင် ၊ ပြင်းထန်စွာ အမျက်ထွက် တတ်၏။ အပြစ် ပေးချိန် ရောက်သောအခါ သနား ခြင်းမ ရှိတတ်။
לֹא־יִ֭שָּׂא פְּנֵ֣י כָל־כֹּ֑פֶר וְלֹֽא־יֹ֝אבֶ֗ה כִּ֣י תַרְבֶּה־שֹֽׁחַד׃ פ | 35 |
၃၅လျော်ပြစ်ငွေ မည်မျှ ကို ပမာဏ မ ပြုတတ်။ များစွာ သော လက်ဆောင် တို့ကိုပေးသော်လည်း စိတ် မ ပြေတတ်။