< נחמיה 13 >

בַּיּ֣וֹם הַה֗וּא נִקְרָ֛א בְּסֵ֥פֶר מֹשֶׁ֖ה בְּאָזְנֵ֣י הָעָ֑ם וְנִמְצָא֙ כָּת֣וּב בּ֔וֹ אֲ֠שֶׁר לֹא־יָב֨וֹא עַמֹּנִ֧י וּמֹאָבִ֛י בִּקְהַ֥ל הָאֱלֹהִ֖ים עַד־עוֹלָֽם׃ 1
ထို​နေ့​၌​မော​ရှေ​၏​ပ​ညတ်​ကျမ်း​ကို​လူ​များ ရှေ့​မှာ​ဖတ်​ရွတ်​ကြ​ရာ``အမ္မုန်​အ​မျိုး​သား​နှင့် မော​ဘ​အ​မျိုး​သား​တို့​အား​ဘု​ရား​သ​ခင် ၏​လူ​မျိုး​တော်​ထဲ​တွင်​အ​ဘယ်​အ​ခါ​၌​မျှ ပါ​ဝင်​ခွင့်​မ​ပြု​ရ'' ဟူ​သော​ကျမ်း​ပိုဒ်​သို့ ရောက်​ရှိ​လာ​လေ​သည်။-
כִּ֣י לֹ֧א קִדְּמ֛וּ אֶת־בְּנֵ֥י יִשְׂרָאֵ֖ל בַּלֶּ֣חֶם וּבַמָּ֑יִם וַיִּשְׂכֹּ֨ר עָלָ֤יו אֶת־בִּלְעָם֙ לְקַֽלְל֔וֹ וַיַּהֲפֹ֧ךְ אֱלֹהֵ֛ינוּ הַקְּלָלָ֖ה לִבְרָכָֽה׃ 2
ဤ​သို့​ပ​ညတ်​ရ​ခြင်း​မှာ​အမ္မုန်​နှင့်​မော​ဘ ပြည်​သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား များ​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​ချိန်​၌ အ​စာ​ရေ​စာ​ကို​မ​ပေး​ဘဲ​နေ​ခဲ့​ကြ​သော ကြောင့်​ဖြစ်​၏။ ထို​ပြင်​ဗာ​လမ်​ကို​ငှား​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကျိန်​ဆဲ စေ​ကြ​၏။ သို့​ရာ​တွင်​ငါ​တို့​ဘု​ရား​သ​ခင် သည်​ထို​ကျိန်​ဆဲ​သော​စ​ကား​ကို​ကောင်း​ချီး ပေး​သော​စ​ကား​ဖြစ်​စေ​တော်​မူ​၏။-
וַיְהִ֖י כְּשָׁמְעָ֣ם אֶת־הַתּוֹרָ֑ה וַיַּבְדִּ֥ילוּ כָל־עֵ֖רֶב מִיִּשְׂרָאֵֽל׃ 3
ထို​ကျမ်း​စ​ကား​ဖတ်​ရွတ်​သည်​ကို​ကြား​ကြ သော​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​အ​သိုင်း​အ​ဝိုင်း​မှ​လူ​မျိုး​ခြား​များ ကို​ပယ်​ထုတ်​လိုက်​ကြ​လေ​သည်။
וְלִפְנֵ֣י מִזֶּ֔ה אֶלְיָשִׁיב֙ הַכֹּהֵ֔ן נָת֖וּן בְּלִשְׁכַּ֣ת בֵּית־אֱלֹהֵ֑ינוּ קָר֖וֹב לְטוֹבִיָּֽה׃ 4
ဗိ​မာန်​တော်​ပစ္စည်း​သို​လှောင်​ခန်း​များ​ကို​တာ​ဝန် ယူ​ထိန်း​သိမ်း​ရ​သူ ယဇ်​ပု​ရော​ဟိတ်​ဧ​လျာ​ရှိပ် သည်​တော​ဘိ​နှင့်​ခင်​မင်​ရင်း​နှီး​လျက်​နေ သ​ဖြင့်၊-
וַיַּ֨עַשׂ ל֜וֹ לִשְׁכָּ֣ה גְדוֹלָ֗ה וְשָׁ֣ם הָי֪וּ לְפָנִ֟ים נֹ֠תְנִים אֶת־הַמִּנְחָ֨ה הַלְּבוֹנָ֜ה וְהַכֵּלִ֗ים וּמַעְשַׂ֤ר הַדָּגָן֙ הַתִּיר֣וֹשׁ וְהַיִּצְהָ֔ר מִצְוַת֙ הַלְוִיִּ֔ם וְהַמְשֹׁרְרִ֖ים וְהַשֹּׁעֲרִ֑ים וּתְרוּמַ֖ת הַכֹּהֲנִֽים׃ 5
ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​များ၊ နံ့​သာ​ပေါင်း၊ ဗိ​မာန်​တော်​အ​သုံး​အ​ဆောင်​များ​မှ​စ​၍ ယဇ်​ပု​ရော​ဟိတ်​များ​အ​တွက်​လှူ​ရ​သော အ​လှူ​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ၊ ဗိ​မာန်​တော်​ဂီ​တ​ပ​ညာ​သည်​များ၊ ဗိ​မာန် တော်​အ​စောင့်​တပ်​သား​များ​အ​တွက် ဆယ် ဖို့​တစ်​ဖို့​ပေး​လှူ​သော​ဆန်​စ​ပါး၊ စ​ပျစ် ရည်​နှင့်​သံ​လွင်​ဆီ​ကို​သို​လှောင်​ရန်​အ​တွက် သာ​လျှင် အ​သုံး​ပြု​သော​အ​ခန်း​ကြီး​ကို တော​ဘိ​အား​အ​သုံး​ပြု​ခွင့်​ပေး​ထား​လေ သည်။-
וּבְכָל־זֶ֕ה לֹ֥א הָיִ֖יתִי בִּֽירוּשָׁלִָ֑ם כִּ֡י בִּשְׁנַת֩ שְׁלֹשִׁ֨ים וּשְׁתַּ֜יִם לְאַרְתַּחְשַׁ֤סְתְּא מֶֽלֶךְ־בָּבֶל֙ בָּ֣אתִי אֶל־הַמֶּ֔לֶךְ וּלְקֵ֥ץ יָמִ֖ים נִשְׁאַ֥לְתִּי מִן־הַמֶּֽלֶךְ ׃ 6
ဤ​သို့​ဖြစ်​ပျက်​လျက်​နေ​ချိန်​တွင်​ငါ​သည် ယေ​ရု​ရှ​လင်​မြို့​၌​မ​ရှိ။ ဗာ​ဗု​လုန်​ဘု​ရင် အာ​တ​ဇေ​ရဇ်​၏ နန်း​စံ​သုံး​ဆယ့်​နှစ်​နှစ်​မြောက်​၌​ငါ​သည်​မင်း ကြီး​ထံ​သို့​အ​စီ​ရင်​ခံ​ရန်​သွား​ရောက်​ချိန် ဖြစ်​၏။ ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ ငါ​သည်​မင်း​ကြီး​ထံ​မှ​ခွင့်​ပြု​ချက်​ရ​သ​ဖြင့်၊-
וָאָב֖וֹא לִֽירוּשָׁלִָ֑ם וָאָבִ֣ינָה בָרָעָ֗ה אֲשֶׁ֨ר עָשָׂ֤ה אֶלְיָשִׁיב֙ לְט֣וֹבִיָּ֔ה לַעֲשׂ֥וֹת לוֹ֙ נִשְׁכָּ֔ה בְּחַצְרֵ֖י בֵּ֥ית הָאֱלֹהִֽים׃ 7
ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​ရောက်​၍​ဗိ​မာန်​တော် အ​ခန်း​တစ်​ခု​ကို တော​ဘိ​အား​ဧလျာရှိပ်​ပေး အပ်​ထား​ကြောင်း​ကြား​သိ​ရ​သော​အ​ခါ ငါ​သည်​ထိတ်​လန့်​၍၊-
וַיֵּ֥רַֽע לִ֖י מְאֹ֑ד וָֽאַשְׁלִ֜יכָה אֶֽת־כָּל־ כְּלֵ֧י בֵית־טוֹבִיָּ֛ה הַח֖וּץ מִן־הַלִּשְׁכָּֽה׃ 8
လွန်​စွာ​အ​မျက်​ထွက်​ပြီး​လျှင်​တော​ဘိ​၏ ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ​ကို​ပစ်​ထုတ်​လိုက်​၏။-
וָאֹ֣מְרָ֔ה וַֽיְטַהֲר֖וּ הַלְּשָׁכ֑וֹת וָאָשִׁ֣יבָה שָּׁ֗ם כְּלֵי֙ בֵּ֣ית הָאֱלֹהִ֔ים אֶת־הַמִּנְחָ֖ה וְהַלְּבוֹנָֽה׃ פ 9
အ​ခန်း​များ​ကို​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​စင်​မှု​ကို​ပြု​စေ​၍​ဗိ​မာန်​တော်​အ​သုံး အ​ဆောင်​များ၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​များ နှင့်​နံ့​သာ​ပေါင်း​တို့​ကို​ပြန်​သွင်း​ရန်​အ​မိန့် ပေး​၏။
וָאֵ֣דְעָ֔ה כִּֽי־מְנָי֥וֹת הַלְוִיִּ֖ם לֹ֣א נִתָּ֑נָה וַיִּבְרְח֧וּ אִישׁ־לְשָׂדֵ֛הוּ הַלְוִיִּ֥ם וְהַמְשֹׁרְרִ֖ים עֹשֵׂ֥י הַמְּלָאכָֽה׃ 10
၁၀လေ​ဝိ​အ​နွယ်​ဝင်​များ​နှင့်​ဗိ​မာန်​တော်​ဂီ​တ ပ​ညာ​သည်​များ​သည်​ရိက္ခာ​အ​လုံ​အ​လောက် မ​ရ​ကြ​သ​ဖြင့် မိ​မိ​တို့​၏​လယ်​ယာ​များ​ရှိ ရာ​သို့​ပြန်​သွား​ကြ​ကြောင်း​ကို​ငါ​ကြား သိ​ရ​၏။-
וָאָרִ֙יבָה֙ אֶת־הַסְּגָנִ֔ים וָאֹ֣מְרָ֔ה מַדּ֖וּעַ נֶעֱזַ֣ב בֵּית־הָאֱלֹהִ֑ים וָֽאֶ֨קְבְּצֵ֔ם וָֽאַעֲמִדֵ֖ם עַל־עָמְדָֽם׃ 11
၁၁ယင်း​သို့​ဗိ​မာန်​တော်​ကို​စွန့်​ပစ်​ထား​ခဲ့​ရန် ခွင့်​ပြု​သူ​အုပ်​ချုပ်​ရေး​မှူး​တို့​အား ငါ​သည် ပြစ်​တင်​ပြော​ဆို​ကာ​လေ​ဝိ​အ​နွယ်​ဝင်​များ နှင့်​ဂီ​တ​ပ​ညာ​သည်​များ​ကို​ဗိ​မာန်​တော် သို့​ခေါ်​ယူ​ပြီး​လျှင်​အ​မှု​တော်​ကို​တစ်​ဖန် ပြန်​လည်​ထမ်း​ဆောင်​စေ​၏။-
וְכָל־יְהוּדָ֗ה הֵבִ֜יאוּ מַעְשַׂ֧ר הַדָּגָ֛ן וְהַתִּיר֥וֹשׁ וְהַיִּצְהָ֖ר לָאוֹצָרֽוֹת׃ 12
၁၂ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် မိ​မိ​တို့​၏​ဆယ်​ဖို့​တစ်​ဖို့​အ​လှူ​ဖြစ် သည့်​ဆန်​စ​ပါး၊ စ​ပျစ်​ရည်​နှင့်​သံ​လွင်​ဆီ​ကို ဗိ​မာန်​တော်​ပစ္စည်း​သို​လှောင်​ခန်း​များ​သို့​ယူ ဆောင်​လာ​ကြ​လေ​သည်။-
וָאוֹצְרָ֣ה עַל־א֠וֹצָרוֹת שֶׁלֶמְיָ֨ה הַכֹּהֵ֜ן וְצָד֣וֹק הַסּוֹפֵ֗ר וּפְדָיָה֙ מִן־הַלְוִיִּ֔ם וְעַל־יָדָ֔ם חָנָ֥ן בֶּן־זַכּ֖וּר בֶּן־מַתַּנְיָ֑ה כִּ֤י נֶאֱמָנִים֙ נֶחְשָׁ֔בוּ וַעֲלֵיהֶ֖ם לַחֲלֹ֥ק לַאֲחֵיהֶֽם׃ פ 13
၁၃ငါ​သည်​ယဇ်​ပု​ရော​ဟိတ်​ရှေ​လ​မိ၊ ပ​ညတ် ကျမ်း​တတ်​မြောက်​သူ​ဇာ​ဒုတ်​နှင့်​လေ​ဝိ​အ​နွယ် ဝင်​ပေ​ဒါ​ယ​တို့​အား​တာ​ဝန်​ခံ​ပစ္စည်း​ထိန်း များ​အ​ဖြစ်​ခန့်​ထား​၏။ မ​ဿ​နိ​၏​မြေး၊ ဇက္ကု​ရ ၏​သား​ဟာ​နန်​အား​ထို​သူ​တို့​၏​လက်​ထောက် အ​ဖြစ်​ခန့်​ထား​၏။ ဤ​သူ​တို့​သည်​မိ​မိ​တို့ ၏​လုပ်​ဖော်​ဆောင်​ဘက်​များ​အား​သစ္စာ​ရှိ​စွာ ရိက္ခာ​ဖြန့်​ဖြူး​ပေး​မည့်​သူ​များ​ဖြစ်​ကြောင်း ငါ​စိတ်​ချ​ယုံ​ကြည်​၏။
זָכְרָה־לִּ֥י אֱלֹהַ֖י עַל־זֹ֑את וְאַל־תֶּ֣מַח חֲסָדַ֗י אֲשֶׁ֥ר עָשִׂ֛יתִי בְּבֵ֥ית אֱלֹהַ֖י וּבְמִשְׁמָרָֽיו׃ 14
၁၄အို အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင်၊ကိုယ်​တော်​၏​ဗိ​မာန် တော်​အ​တွက်​နှင့်​ဗိ​မာန်​တော်​တွင်​ဝတ်​ပြု​ကိုး ကွယ်​မှု​အ​တွက်​အ​ကျွန်ုပ်​ပြု​ခဲ့​သ​မျှ​သော အ​မှု​တို့​ကို​သ​တိ​ရ​တော်​မူ​ပါ။
בַּיָּמִ֣ים הָהֵ֡מָּה רָאִ֣יתִי בִֽיהוּדָ֣ה ׀ דֹּֽרְכִֽים־גִּתּ֣וֹת ׀ בַּשַּׁבָּ֡ת וּמְבִיאִ֣ים הָעֲרֵמ֣וֹת וְֽעֹמְסִ֪ים עַל־הַחֲמֹרִ֟ים וְאַף־יַ֜יִן עֲנָבִ֤ים וּתְאֵנִים֙ וְכָל־מַשָּׂ֔א וּמְבִיאִ֥ים יְרוּשָׁלִַ֖ם בְּי֣וֹם הַשַּׁבָּ֑ת וָאָעִ֕יד בְּי֖וֹם מִכְרָ֥ם צָֽיִד׃ 15
၁၅ထို​ကာ​လ​ယု​ဒ​ပြည်​သူ​အ​ချို့​တို့​သည် ဥ​ပုသ် နေ့​၌​စ​ပျစ်​သီး​များ​နယ်​လျက်​နေ​ကြ​သည် ကို​လည်း​ကောင်း၊ အ​ချို့​တို့​သည်​ဂျုံ​စ​ပါး၊ စ​ပျစ်​ရည်၊ စ​ပျစ်​သီး၊ သ​ဖန်း​သီး​အ​စ​ရှိ သည်​တို့​ကို မိ​မိ​တို့​၏​မြည်း​များ​ပေါ်​တင်​ပြီး လျှင်​ယေ​ရု​ရှ​လင်​မြို့​သို့​သယ်​ဆောင်​လျက် နေ​ကြ​သည်​ကို​လည်း​ကောင်း​ငါ​မြင်​၏။ သို့ ဖြစ်​၍​ဥ​ပုသ်​နေ့​တွင်​မည်​သည့်​အ​ရာ​ကို မျှ​မ​ရောင်း​ချ​ရန်​သူ​တို့​အား​ငါ​သ​တိ ပေး​၏။-
וְהַצֹּרִים֙ יָ֣שְׁבוּ בָ֔הּ מְבִיאִ֥ים דָּ֖אג וְכָל־מֶ֑כֶר וּמֹכְרִ֧ים בַּשַּׁבָּ֛ת לִבְנֵ֥י יְהוּדָ֖ה וּבִירוּשָׁלִָֽם׃ 16
၁၆ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သူ​တု​ရု​မြို့ သား​အ​ချို့​တို့​သည်​ငါး​နှင့်​အ​ခြား​ပစ္စည်း အ​မျိုး​မျိုး​ကို ငါ​တို့​အ​မျိုး​သား​များ​အား ဥ​ပုသ်​နေ့​တွင်​ရောင်း​ချ​ရန်​ယူ​ဆောင်​လာ ကြ​၏။-
וָאָרִ֕יבָה אֵ֖ת חֹרֵ֣י יְהוּדָ֑ה וָאֹמְרָ֣ה לָהֶ֗ם מָֽה־הַדָּבָ֨ר הָרָ֤ע הַזֶּה֙ אֲשֶׁ֣ר אַתֶּ֣ם עֹשִׂ֔ים וּֽמְחַלְּלִ֖ים אֶת־י֥וֹם הַשַּׁבָּֽת׃ 17
၁၇ထို​အ​ခါ​ငါ​သည်​ယု​ဒ​ခေါင်း​ဆောင်​များ အား``သင်​တို့​ပြု​လျက်​ရှိ​သည့်​ဒု​စ​ရိုက်​ကို ကြည့်​ကြ​လော့။ သင်​တို့​သည်​ဥ​ပုသ်​နေ့​ကို ညစ်​ညမ်း​စေ​ကြ​၏။-
הֲל֨וֹא כֹ֤ה עָשׂוּ֙ אֲבֹ֣תֵיכֶ֔ם וַיָּבֵ֨א אֱלֹהֵ֜ינוּ עָלֵ֗ינוּ אֵ֚ת כָּל־הָרָעָ֣ה הַזֹּ֔את וְעַ֖ל הָעִ֣יר הַזֹּ֑את וְאַתֶּ֞ם מוֹסִיפִ֤ים חָרוֹן֙ עַל־יִשְׂרָאֵ֔ל לְחַלֵּ֖ל אֶת־הַשַּׁבָּֽת׃ פ 18
၁၈သင်​တို့​၏​ဘိုး​ဘေး​များ​သည်​ဒု​စ​ရိုက်​ကို ပြု​သ​ဖြင့် ဘု​ရား​သ​ခင်​သည်​ဤ​မြို့​ကို ဖျက်​ဆီး​စေ​ခြင်း​အား​ဖြင့်​သူ​တို့​အား​ဒဏ် ခတ်​တော်​မူ​၏။ သို့​ပါ​လျက်​သင်​တို့​သည် ဥ​ပုသ်​နေ့​ကို​ညစ်​ညမ်း​စေ​သော​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ်​သို့ ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ကို ပို​မို ပြင်း​ထန်​စွာ​သက်​ရောက်​စေ​ကြ​မည်​လော'' ဟု​ပြစ်​တင်​ပြော​ဆို​၏။
וַיְהִ֡י כַּאֲשֶׁ֣ר צָֽלֲלוּ֩ שַׁעֲרֵ֨י יְרוּשָׁלִַ֜ם לִפְנֵ֣י הַשַּׁבָּ֗ת וָאֹֽמְרָה֙ וַיִּסָּגְר֣וּ הַדְּלָת֔וֹת וָאֹ֣מְרָ֔ה אֲשֶׁר֙ לֹ֣א יִפְתָּח֔וּם עַ֖ד אַחַ֣ר הַשַּׁבָּ֑ת וּמִנְּעָרַ֗י הֶֽעֱמַ֙דְתִּי֙ עַל־הַשְּׁעָרִ֔ים לֹא־יָב֥וֹא מַשָּׂ֖א בְּי֥וֹם הַשַּׁבָּֽת׃ 19
၁၉ထို​နောက်​ငါ​သည်​အ​ဖိတ်​နေ့​နေ​ဝင်​ချိန်​မှ ဥ​ပုသ်​နေ့​ကုန်​အ​ထိ​မြို့​တံ​ခါး​များ​ကို​ပိတ် ထား​ရန်​အ​မိန့်​ပေး​၏။ ဥ​ပုသ်​နေ့​၌​အ​ဘယ် ကုန်​စည်​ကို​မျှ​မြို့​ထဲ​သို့​မ​သွင်း​စေ​ရန်​ငါ သည်​လူ​အ​ချို့​တို့​အား​မြို့​တံ​ခါး​များ တွင်​အ​စောင့်​ချ​ထား​၏။-
וַיָּלִ֨ינוּ הָרֹכְלִ֜ים וּמֹכְרֵ֧י כָל־מִמְכָּ֛ר מִח֥וּץ לִירוּשָׁלִָ֖ם פַּ֥עַם וּשְׁתָּֽיִם׃ 20
၂၀ကုန်​ပစ္စည်း​အ​မျိုး​မျိုး​ရောင်း​ချ​သူ​ကုန်​သည် အ​ချို့​တို့​သည်​သော​ကြာ​နေ့​ည​၌​မြို့​တံ​ခါး ပြင်​တွင်​လာ​၍​အိပ်​ကြ​၏။ သူ​တို့​သည်​ယင်း​သို့ တစ်​ကြိမ်​နှစ်​ကြိမ်​ပြု​ကြ​၏။-
וָאָעִ֣ידָה בָהֶ֗ם וָאֹמְרָ֤ה אֲלֵיהֶם֙ מַדּ֜וּעַ אַתֶּ֤ם לֵנִים֙ נֶ֣גֶד הַחוֹמָ֔ה אִם־תִּשְׁנ֕וּ יָ֖ד אֶשְׁלַ֣ח בָּכֶ֑ם מִן־הָעֵ֣ת הַהִ֔יא לֹא־בָ֖אוּ בַּשַּׁבָּֽת׃ ס 21
၂၁ငါ​သည်​သူ​တို့​အား``သင်​တို့​သည်​မိုး​လင်း​ချိန် ကို​မြို့​ပြင်​မှ​စောင့်​ဆိုင်း​လျက်​နေ​သော်​လည်း အ​ချည်း​နှီး​သာ​လျှင်​ဖြစ်​၏။ သင်​တို့​နောက် တစ်​ကြိမ်​ဤ​သို့​ပြု​ကြ​လျှင် ငါ​သည်​သင် တို့​အား​အ​ကြမ်း​ဖက်​၍​နှင်​ထုတ်​ရ​လိမ့်​မည်'' ဟု​သ​တိ​ပေး​၏။ ထို​အ​ခါ​မှ​အ​စ​ပြု​၍ သူ​တို့​သည်​ဥ​ပုသ်​နေ့​၌​မ​လာ​ကြ​တော့ ပေ။-
וָאֹמְרָ֣ה לַלְוִיִּ֗ם אֲשֶׁ֨ר יִֽהְי֤וּ מִֽטַּהֲרִים֙ וּבָאִים֙ שֹׁמְרִ֣ים הַשְּׁעָרִ֔ים לְקַדֵּ֖שׁ אֶת־י֣וֹם הַשַּׁבָּ֑ת גַּם־זֹאת֙ זָכְרָה־לִּ֣י אֱלֹהַ֔י וְח֥וּסָה עָלַ֖י כְּרֹ֥ב חַסְדֶּֽךָ׃ פ 22
၂၂ဥ​ပုသ်​နေ့​ကို​သန့်​ရှင်း​စေ​ခြင်း​ငှာ​လေ​ဝိ အ​နွယ်​ဝင်​တို့​အား မိ​မိ​တို့​ကိုယ်​ကို​သန့်​စင် စေ​ပြီး​လျှင်​မြို့​တံ​ခါး​များ​သို့​သွား​၍ စောင့်​ရန်​ငါ​အ​မိန့်​ပေး​၏။ အို ဘု​ရား​သ​ခင်​ဤ​အ​မှု​ကို​လည်း​ထောက်​၍ အ​ကျွန်ုပ်​ကို​သ​တိ​ရ​တော်​မူ​ပါ။ မေတ္တာ​တော် နှင့်​အ​ညီ​အ​ကျွန်ုပ်​အား​သ​နား​တော်​မူ​ပါ။
גַּ֣ם ׀ בַּיָּמִ֣ים הָהֵ֗ם רָאִ֤יתִי אֶת־הַיְּהוּדִים֙ הֹשִׁ֗יבוּ נָשִׁים֙ אשדודיות עמוניות מוֹאֲבִיּֽוֹת׃ 23
၂၃ထို​ကာ​လ​၌​ယု​ဒ​အ​မျိုး​သား​အ​မြောက် အ​မြား​ပင်​အာ​ဇုတ်၊ အမ္မုန်​နှင့်​မော​ဘ အ​မျိုး​သ​မီး​များ​နှင့်​ထိမ်း​မြား​စုံ​ဖက် ထား​ကြ​ကြောင်း​ကို​လည်း​ငါ​တွေ့​ရှိ​ရ လေ​သည်။-
וּבְנֵיהֶ֗ם חֲצִי֙ מְדַבֵּ֣ר אַשְׁדּוֹדִ֔ית וְאֵינָ֥ם מַכִּירִ֖ים לְדַבֵּ֣ר יְהוּדִ֑ית וְכִלְשׁ֖וֹן עַ֥ם וָעָֽם׃ 24
၂၄သူ​တို့​၏​သား​သ​မီး​တစ်​ဝက်​မျှ​သည်​ငါ​တို့ ဘာ​သာ​စ​ကား​ကို​မ​ပြော​တတ်။ အာ​ဇုတ်​သို့ မ​ဟုတ်​အ​ခြား​ဘာ​သာ​စ​ကား​တစ်​မျိုး မျိုး​ကို​သာ​ပြော​တတ်​ကြ​၏။-
וָאָרִ֤יב עִמָּם֙ וָאֲקַֽלְלֵ֔ם וָאַכֶּ֥ה מֵהֶ֛ם אֲנָשִׁ֖ים וָֽאֶמְרְטֵ֑ם וָאַשְׁבִּיעֵ֣ם בֵּֽאלֹהִ֗ים אִם־תִּתְּנ֤וּ בְנֹֽתֵיכֶם֙ לִבְנֵיהֶ֔ם וְאִם־תִּשְׂאוּ֙ מִבְּנֹ֣תֵיהֶ֔ם לִבְנֵיכֶ֖ם וְלָכֶֽם׃ 25
၂၅သို့​ဖြစ်​၍​ငါ​သည်​ထို​အ​မျိုး​သား​တို့​အား ပြစ်​တင်​ကျိန်​ဆဲ​ရိုက်​နှက်​၏။ သူ​တို့​ဆံ​ပင် ကို​လည်း​ဆွဲ​နုတ်​၏။ ထို​နောက်``အ​ကျွန်ုပ်​တို့ သည်​လည်း​ကောင်း၊ အ​ကျွန်ုပ်​တို့​၏​သား​သ​မီး များ​သည်​လည်း​ကောင်း နောင်​အ​ဘယ်​အ​ခါ ၌​မျှ​လူ​မျိုး​ခြား​များ​နှင့်​အိမ်​ထောင်​မ​ပြု တော့​ပါ'' ဟု​သူ​တို့​အား​ဘု​ရား​သ​ခင်​၏ နာ​မ​တော်​ကို​တိုင်​တည်​၍​ကျိန်​ဆို​က​တိ ပြု​စေ​၏။-
הֲל֣וֹא עַל־אֵ֣לֶּה חָטָֽא־שְׁלֹמֹ֣ה מֶ֣לֶךְ יִשְׂרָאֵ֡ל וּבַגּוֹיִ֣ם הָרַבִּים֩ לֹֽא־הָיָ֨ה מֶ֜לֶךְ כָּמֹ֗הוּ וְאָה֤וּב לֵֽאלֹהָיו֙ הָיָ֔ה וַיִּתְּנֵ֣הוּ אֱלֹהִ֔ים מֶ֖לֶךְ עַל־כָּל־יִשְׂרָאֵ֑ל גַּם־אוֹת֣וֹ הֶחֱטִ֔יאוּ הַנָּשִׁ֖ים הַנָּכְרִיּֽוֹת׃ 26
၂၆ငါ​သည်​သူ​တို့​အား``ရှော​လ​မုန်​မင်း​ကို​အ​ပြစ် ကူး​လွန်​စေ​သူ​များ​ကား​လူ​မျိုး​ခြား​အ​မျိုး သ​မီး​များ​ပင်​တည်း။ ထို​မင်း​သည်​အ​ခြား​လူ မျိုး​တို့​၏​ဘု​ရင်​ရှိ​သ​မျှ​ထက်​ပို​၍​တန်​ခိုး ကြီး​၏။ ဘု​ရား​သ​ခင်​သည်​သူ့​ကို​ချစ်​တော် မူ​သ​ဖြင့်​ဣ​သ​ရေ​လ​တစ်​နိုင်​ငံ​လုံး​ကို​အုပ် စိုး​စေ​တော်​မူ​၏။ သို့​ရာ​တွင်​သူ​သည်​လူ​မျိုး ခြား​များ​နှင့်​ထိမ်း​မြား​စုံ​ဖက်​သည့်​အ​ပြစ် ကို​ကူး​လွန်​ပေ​သည်။-
וְלָכֶ֣ם הֲנִשְׁמַ֗ע לַעֲשֹׂת֙ אֵ֣ת כָּל־הָרָעָ֤ה הַגְּדוֹלָה֙ הַזֹּ֔את לִמְעֹ֖ל בֵּֽאלֹהֵ֑ינוּ לְהֹשִׁ֖יב נָשִׁ֥ים נָכְרִיּֽוֹת׃ 27
၂၇သို့​ဖြစ်​၍​ငါ​တို့​သည်​လူ​မျိုး​ခြား​အ​မျိုး သ​မီး​များ​နှင့်​ထိမ်း​မြား​စုံ​ဖက်​ခြင်း​သင် တို့​၏​စံ​န​မူ​နာ​အား​ဖြင့်​ဘု​ရား​သ​ခင် ကို​ပြစ်​မှား​ရ​မည်​လော'' ဟု​ပြော​၏။
וּמִבְּנֵ֨י יוֹיָדָ֤ע בֶּן־אֶלְיָשִׁיב֙ הַכֹּהֵ֣ן הַגָּד֔וֹל חָתָ֖ן לְסַנְבַלַּ֣ט הַחֹרֹנִ֑י וָאַבְרִיחֵ֖הוּ מֵעָלָֽי׃ 28
၂၈ယော​ယ​ဒ​သည်​ယဇ်​ပု​ရော​ဟိတ်​မင်း​ဧ​လျာ ရှိပ်​၏​သား​ဖြစ်​၏။ သို့​ရာ​တွင်​သူ​၏​သား​တစ် ယောက်​သည်​ဗေ​သ​ဟော​ရ​နိ​မြို့​သား​သမ္ဘာ လတ်​၏​သ​မီး​နှင့်​အိမ်​ထောင်​ပြု​သ​ဖြင့် ငါ သည်​ယော​ယ​ဒ​အား​ယေ​ရု​ရှ​လင်​မြို့​မှ နှင်​ထုတ်​လိုက်​လေ​သည်။
זָכְרָ֥ה לָהֶ֖ם אֱלֹהָ֑י עַ֚ל גָּאֳלֵ֣י הַכְּהֻנָּ֔ה וּבְרִ֥ית הַכְּהֻנָּ֖ה וְהַלְוִיִּֽם׃ 29
၂၉အို ဘု​ရား​သ​ခင်၊ထို​သူ​တို့​သည်​ယဇ်​ပု​ရော ဟိတ်​ရာ​ထူး​ကို​လည်း​ကောင်း၊ ယဇ်​ပု​ရော ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ​နှင့်​ကိုယ် တော်​ပြု​တော်​မူ​သည့်​ပ​ဋိ​ညာဉ်​တော်​ကို လည်း​ကောင်း​အ​ဘယ်​သို့​ရှုတ်​ချ​ကြ​သည် ကို​မှတ်​တော်​မူ​ပါ။
וְטִֽהַרְתִּ֖ים מִכָּל־נֵכָ֑ר וָאַעֲמִ֧ידָה מִשְׁמָר֛וֹת לַכֹּהֲנִ֥ים וְלַלְוִיִּ֖ם אִ֥ישׁ בִּמְלַאכְתּֽוֹ׃ 30
၃၀ငါ​သည်​ပြည်​သူ​တို့​အား​လူ​မျိုး​ခြား​နှင့် ဆိုင်​သော​အ​မှု​အ​ရာ​ဟူ​သ​မျှ​နှင့်​ကင်း​စင် စေ​၏။ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ် ဝင်​တို့​အား​မိ​မိ​တို့​တာ​ဝန်​ဝတ္တ​ရား​အ​သီး သီး​ကို​သိ​ရှိ​နား​လည်​ကြ​စေ​ရန်​စည်း မျဉ်း​များ​ကို​ရေး​ဆွဲ​ပေး​၏။-
וּלְקֻרְבַּ֧ן הָעֵצִ֛ים בְּעִתִּ֥ים מְזֻמָּנ֖וֹת וְלַבִּכּוּרִ֑ים זָכְרָה־לִּ֥י אֱלֹהַ֖י לְטוֹבָֽה׃ 31
၃၁အ​ချိန်​ကျ​လျှင်​ထင်း​အ​လှူ​ကို​လည်း​ကောင်း၊ ဆန်​စ​ပါး​အ​ဦး​အ​ဖျား​များ​နှင့်​အ​ဦး မှည့်​သည့်​သစ်​သီး​ပူ​ဇော်​သ​ကာ​များ​ကို လည်း​ကောင်း​ယူ​ဆောင်​လာ​ကြ​စေ​ရန်​စီ​မံ​၏။ အို ဘု​ရား​သ​ခင်​ဤ​အ​မှု​အ​ရာ​အ​ပေါင်း​ကို သ​တိ​ရ​တော်​မူ​၍​အ​ကျွန်ုပ်​အား​ကျေး​ဇူး ပြု​တော်​မူ​ပါ။ နေ​ဟ​မိ​မှတ်​စာ​ပြီး​၏။

< נחמיה 13 >