< מִיכָה 6 >
שִׁמְעוּ־נָ֕א אֵ֥ת אֲשֶׁר־יְהוָ֖ה אֹמֵ֑ר ק֚וּם רִ֣יב אֶת־הֶהָרִ֔ים וְתִשְׁמַ֥עְנָה הַגְּבָע֖וֹת קוֹלֶֽךָ׃ | 1 |
၁ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ကြ လော့။ ထ၍ တောင်ကြီးတို့ရှေ့မှာ တရားတွေ့သဖြင့်၊ တောင်ငယ်တို့သည် သင့်စကားကို ကြားကြစေ။
שִׁמְע֤וּ הָרִים֙ אֶת־רִ֣יב יְהוָ֔ה וְהָאֵתָנִ֖ים מֹ֣סְדֵי אָ֑רֶץ כִּ֣י רִ֤יב לַֽיהוָה֙ עִם־עַמּ֔וֹ וְעִם־יִשְׂרָאֵ֖ל יִתְוַכָּֽח׃ | 2 |
၂အိုတောင်တို့၊ ခိုင်ခံ့သောမြေအမြစ်တို့၊ ထာဝရ ဘုရား၏တရားတွေ့မှုကို နားထောင်ကြလော့။ ထာဝရ ဘုရားသည် မိမိလူမျိုးနှင့် တရားတွေ့စရာရှိ၏။ ဣသရေ လအမျိုးနှင့် ဆွေးနွေးငြင်းခုံတော်မူမည်။
עַמִּ֛י מֶה־עָשִׂ֥יתִי לְךָ֖ וּמָ֣ה הֶלְאֵתִ֑יךָ עֲנֵ֥ה בִּֽי׃ | 3 |
၃အို ငါ၏လူမျိုး၊ သင့်ကို အဘယ်သို့ ငါပြုဘူး သနည်း။ အဘယ်သို့ ညှဉ်းဆဲဘူးသနည်း။ ငါ့တဘက်၌ သက်သေခံလော့။
כִּ֤י הֶעֱלִתִ֙יךָ֙ מֵאֶ֣רֶץ מִצְרַ֔יִם וּמִבֵּ֥ית עֲבָדִ֖ים פְּדִיתִ֑יךָ וָאֶשְׁלַ֣ח לְפָנֶ֔יךָ אֶת־מֹשֶׁ֖ה אַהֲרֹ֥ן וּמִרְיָֽם׃ | 4 |
၄သင့်ကို အဲဂုတ္တုပြည်မှ ငါဆောင်ခဲ့ပြီ။ ကျွန်ခံ နေရာအရပ်မှ ရွေးနှုတ်ပြီ။ သင့်ရှေ့မှာ မောရှေ၊ အာရုန်၊ မိရိအံတို့ကို ငါစေလွှတ်လေပြီ။
עַמִּ֗י זְכָר־נָא֙ מַה־יָּעַ֗ץ בָּלָק֙ מֶ֣לֶךְ מוֹאָ֔ב וּמֶה־עָנָ֥ה אֹת֖וֹ בִּלְעָ֣ם בֶּן־בְּע֑וֹר מִן־הַשִּׁטִּים֙ עַד־הַגִּלְגָּ֔ל לְמַ֕עַן דַּ֖עַת צִדְק֥וֹת יְהוָֽה׃ | 5 |
၅အို ငါ၏လူမျိုး၊ ရှိတ္တိမ်မြို့နှင့် ဂိလဂါလမြို့ စပ်ကြားမှာ မောဘမင်းကြီး ဗာလက်ကြံစည်သော အကြံ ကို၎င်း၊ ဗောရသား ဗာလမ်ပြန်ပြောသောစကားကို၎င်း အောက်မေ့လော့။ ထိုသို့ အောက်မေ့မိလျှင်၊ ထာဝရ ဘုရား၏ ဖြောင့်မတ်တော်မူခြင်းကို နားလည်လိမ့်မည်။
בַּמָּה֙ אֲקַדֵּ֣ם יְהוָ֔ה אִכַּ֖ף לֵאלֹהֵ֣י מָר֑וֹם הַאֲקַדְּמֶ֣נּוּ בְעוֹל֔וֹת בַּעֲגָלִ֖ים בְּנֵ֥י שָׁנָֽה׃ | 6 |
၆ငါသည် ထာဝရဘုရားရှေ့တော်သို့ အဘယ် ပူဇော်သက္ကာပါလျက် ချဉ်းကပ်၍၊ အမြင့်ဆုံးသော ဘုရား သခင့်ရှေ့တော်၌ ကိုးကွယ်ရမည်နည်း။ မီးရှို့ရာယဇ်နှင့် အခါလည်သော နွားသငယ်တို့ကို ဆောင်လျက် ချဉ်းကပ် ရမည်လော။
הֲיִרְצֶ֤ה יְהוָה֙ בְּאַלְפֵ֣י אֵילִ֔ים בְּרִֽבְב֖וֹת נַֽחֲלֵי־שָׁ֑מֶן הַאֶתֵּ֤ן בְּכוֹרִי֙ פִּשְׁעִ֔י פְּרִ֥י בִטְנִ֖י חַטַּ֥את נַפְשִֽׁי׃ | 7 |
၇ထာဝရဘုရားသည် သိုးထီးတထောင်၊ ဆီမြစ် တသောင်းကို အားရနှစ်သက်တော်မူမည်လော။ ငါ့လွန် ကျူးခြင်းအတွက် ငါ၏သားဦးကို၎င်း၊ ငါ့စိတ်ဝိညာဉ်၏ အပြစ်အတွက် ငါ၏ရင်သွေးကို၎င်း ပူဇော်ရမည်လော၊
הִגִּ֥יד לְךָ֛ אָדָ֖ם מַה־טּ֑וֹב וּמָֽה־יְהוָ֞ה דּוֹרֵ֣שׁ מִמְּךָ֗ כִּ֣י אִם־עֲשׂ֤וֹת מִשְׁפָּט֙ וְאַ֣הֲבַת חֶ֔סֶד וְהַצְנֵ֥עַ לֶ֖כֶת עִם־אֱלֹהֶֽיךָ׃ פ | 8 |
၈အချင်းလူ၊ ကောင်းသောလမ်းကို ပြတော်မူပြီ။ တရားသဖြင့် ပြုခြင်း၊ ကရုဏာကို နှစ်သက်ခြင်း၊ သင်၏ ဘုရားသခင့်ရှေ့တော်၌ နှိမ့်ချသော စိတ်နှင့် ကျင့်နေခြင်း မှတပါး အဘယ်ပူဇော်သက္ကာကို ထာဝရဘုရားတောင်း တော်မူသနည်း။
ק֤וֹל יְהוָה֙ לָעִ֣יר יִקְרָ֔א וְתוּשִׁיָּ֖ה יִרְאֶ֣ה שְׁמֶ֑ךָ שִׁמְע֥וּ מַטֶּ֖ה וּמִ֥י יְעָדָֽהּ׃ | 9 |
၉ထာဝရဘုရား၏နှုတ်ကပတ်တော်သည် မြို့ကို ဟစ်ခေါ်တော်မူ၏။ ပညာရှိသော သူသည် နာမတော်ကို ကြောက်ရွံ့ရ၏။ ဆုံးမခြင်းကို၎င်း၊ စီရင်သောသူသည် အဘယ်သူဖြစ်သည်ကို၎င်း နားထောင်ကြလော့။
ע֗וֹד הַאִשׁ֙ בֵּ֣ית רָשָׁ֔ע אֹצְר֖וֹת רֶ֑שַׁע וְאֵיפַ֥ת רָז֖וֹן זְעוּמָֽה׃ | 10 |
၁၀မတရားသော သူတို့၏အိမ်၌ မတရားသဖြင့် ဆည်းဖူးသော ဥစ္စာနှင့်၊ ရွံရှာဘွယ်သော တင်းတောင်း ငယ်ရှိသေးသလော။
הַאֶזְכֶּ֖ה בְּמֹ֣אזְנֵי רֶ֑שַׁע וּבְכִ֖יס אַבְנֵ֥י מִרְמָֽה׃ | 11 |
၁၁မတရားသော ချိန်ခွင်နှင့် စဉ်းလဲသော အလေး အိတ်ရှိသော မြို့ကိုသန့်ရှင်းသော မြို့ဟူ၍ ငါမှတ်ရမည် လော။
אֲשֶׁ֤ר עֲשִׁירֶ֙יהָ֙ מָלְא֣וּ חָמָ֔ס וְיֹשְׁבֶ֖יהָ דִּבְּרוּ־שָׁ֑קֶר וּלְשׁוֹנָ֖ם רְמִיָּ֥ה בְּפִיהֶֽם׃ | 12 |
၁၂မြို့သားသူဌေးတို့သည် အနိုင်အထက်ပြု၍ ရတတ်ကြ၏။ ဆင်းရဲသားတို့သည်လည်း မုသာကို သုံး တတ်ကြ၏။ သူတို့နှုတ်၌ ရှိသောလျှာသည် မုသာဖြစ်၏။
וְגַם־אֲנִ֖י הֶחֱלֵ֣יתִי הַכּוֹתֶ֑ךָ הַשְׁמֵ֖ם עַל־חַטֹּאתֶֽךָ׃ | 13 |
၁၃သို့ဖြစ်၍၊ သင်၏အပြစ်ကြောင့် သင့်ကိုငါ သုတ် သင်ပယ်ရှင်းခြင်းအလိုငှါ နာကျင်စွာ ဒဏ်ခတ်မည်။
אַתָּ֤ה תֹאכַל֙ וְלֹ֣א תִשְׂבָּ֔ע וְיֶשְׁחֲךָ֖ בְּקִרְבֶּ֑ךָ וְתַסֵּג֙ וְלֹ֣א תַפְלִ֔יט וַאֲשֶׁ֥ר תְּפַלֵּ֖ט לַחֶ֥רֶב אֶתֵּֽן׃ | 14 |
၁၄သင်သည် စားသော်လည်းမဝရ။ မွတ်သိပ်ခြင်း ကို ခံရမည်။ သင်သည် ချီသော်လည်းယူ၍ မသွားရ။ ယူသွားသော အရာကိုလည်း ထားဘေးသို့ ငါအပ်မည်။
אַתָּ֥ה תִזְרַ֖ע וְלֹ֣א תִקְצ֑וֹר אַתָּ֤ה תִדְרֹֽךְ־זַ֙יִת֙ וְלֹא־תָס֣וּךְ שֶׁ֔מֶן וְתִיר֖וֹשׁ וְלֹ֥א תִשְׁתֶּה־יָּֽיִן׃ | 15 |
၁၅မျိုးစေ့ကို ကြဲသော်လည်း၊ စပါးကို မရိတ်ရ။ သံလွင်သီးကို နယ်သော်လည်း၊ ဆီနှင့်ကိုယ်ကိုမလိမ်းရ။ စပျစ်သီးကို နယ်သော်လည်း၊ စပျစ်ရည်ကို မသောက်ရ။
וְיִשְׁתַּמֵּ֞ר חֻקּ֣וֹת עָמְרִ֗י וְכֹל֙ מַעֲשֵׂ֣ה בֵית־אַחְאָ֔ב וַתֵּלְכ֖וּ בְּמֹֽעֲצוֹתָ֑ם לְמַעַן֩ תִּתִּ֨י אֹתְךָ֜ לְשַׁמָּ֗ה וְיֹשְׁבֶ֙יהָ֙ לִשְׁרֵקָ֔ה וְחֶרְפַּ֥ת עַמִּ֖י תִּשָּֽׂאוּ׃ פ | 16 |
၁၆အကြောင်းမူကား၊ သင်သည် ဩမရိမင်း၏ စီရင်ထုံးဖွဲ့ချက်တို့ကို၎င်း၊ အာဟပ်မင်းမျိုး ကျင့်သော အကျင့်ရှိသမျှကို၎င်း ကျင့်စောင့်၍၊ သူတို့၏ တိုက်တွန်း ရာသို့ လိုက်တတ်၏။ သို့ဖြစ်၍၊ သင့်ကို ငါ သုတ်သင် ပယ်ရှင်း၍ မြို့သားတို့ကို ဆဲရေးရာဖြစ်စေသဖြင့်၊ သင် သည် ငါ၏လူတို့ကဲ့ရဲ့ခြင်းကို ခံရမည်။