< מַלְאָכִי 1 >
מַשָּׂ֥א דְבַר־יְהוָ֖ה אֶל־יִשְׂרָאֵ֑ל בְּיַ֖ד מַלְאָכִֽי׃ | 1 |
၁ဤဗျာဒိတ်တော်သည်ဣသရေလအမျိုး သားတို့အားပြန်ကြားရန်အတွက် မာလခိ အားထာဝရဘုရားပေးတော်မူသော ဗျာဒိတ်တော်ဖြစ်၏။
אָהַ֤בְתִּי אֶתְכֶם֙ אָמַ֣ר יְהוָ֔ה וַאֲמַרְתֶּ֖ם בַּמָּ֣ה אֲהַבְתָּ֑נוּ הֲלוֹא־אָ֨ח עֵשָׂ֤ו לְיַֽעֲקֹב֙ נְאֻם־יְהוָ֔ה וָאֹהַ֖ב אֶֽת־יַעֲקֹֽב׃ | 2 |
၂ထာဝရဘုရားကမိမိ၏လူမျိုးတော် အား``ငါသည်သင်တို့အားအစဉ်အမြဲ ချစ်မြတ်နိုးပါ၏'' ဟုမိန့်တော်မူသော် လည်း၊ သူတို့က``ကျွန်တော်မျိုးအတွက်မေတ္တာတော် ကိုအဘယ်သို့ကိုယ်တော်ရှင်ပြတော်မူခဲ့ ပါသနည်း'' ဟုမေးလျှောက်ကြ၏။ ထာဝရဘုရားကလည်း``ဧသောနှင့် ယာကုပ်သည်ညီအစ်ကိုတော်သော်လည်း ငါ သည်ယာကုပ်နှင့်သားမြေးများကိုချစ်၍၊-
וְאֶת־עֵשָׂ֖ו שָׂנֵ֑אתִי וָאָשִׂ֤ים אֶת־הָרָיו֙ שְׁמָמָ֔ה וְאֶת־נַחֲלָת֖וֹ לְתַנּ֥וֹת מִדְבָּֽר׃ | 3 |
၃ဧသောနှင့်သားမြေးတို့ကိုမုန်း၏။ ငါသည် ဧသော၏တောင်ကုန်းနယ်မြေကိုပျက်ပြုန်း စေ၍ တောတိရစ္ဆာန်များအတွက်စွန့်ပစ် လျက်ထားလေပြီ'' ဟုပြန်လည်မိန့်ကြား တော်မူ၏။
כִּֽי־תֹאמַ֨ר אֱד֜וֹם רֻשַּׁ֗שְׁנוּ וְנָשׁוּב֙ וְנִבְנֶ֣ה חֳרָב֔וֹת כֹּ֤ה אָמַר֙ יְהוָ֣ה צְבָא֔וֹת הֵ֥מָּה יִבְנ֖וּ וַאֲנִ֣י אֶהֱר֑וֹס וְקָרְא֤וּ לָהֶם֙ גְּב֣וּל רִשְׁעָ֔ה וְהָעָ֛ם אֲשֶׁר־זָעַ֥ם יְהוָ֖ה עַד־עוֹלָֽם׃ | 4 |
၄အကယ်၍ဧသော၏သားမြေးများဖြစ် သောဧဒုံပြည်သားတို့က``ငါတို့မြို့များ သည်ပြိုပျက်၍သွားပြီဖြစ်သော်လည်းယင်း တို့ကိုငါတို့ပြန်လည်တည်ထောင်မည်'' ဟု ဆိုခဲ့သော်အနန္တတန်ခိုးရှင်ထာဝရ ဘုရားသည် ``သူတို့ပြန်လည်တည်ထောင် ကြပါလေစေ။ ထိုမြို့များကိုငါတစ်ဖန် ပြန်၍ဖြိုချမည်။ လူတို့သည်ထိုသူတို့ အား `ဒုစရိုက်ပြည်သားများ' ဟူ၍လည်း ကောင်း၊ ထာဝရဘုရား၏အမျက်တော် ထာဝစဉ်သင့်သောအမျိုးသားများဟူ ၍လည်းကောင်းခေါ်ဆိုကြလတ္တံ့'' ဟုမိန့် တော်မူလိမ့်မည်။
וְעֵינֵיכֶ֖ם תִּרְאֶ֑ינָה וְאַתֶּ֤ם תֹּֽאמְרוּ֙ יִגְדַּ֣ל יְהוָ֔ה מֵעַ֖ל לִגְב֥וּל יִשְׂרָאֵֽל׃ | 5 |
၅ဣသရေလအမျိုးသားတို့သည်ဤအဖြစ် အပျက်ကို မိမိတို့ကိုယ်တိုင်တွေ့မြင်ရကြ သဖြင့်``ထာဝရဘုရားသည်ဣသရေလ ပြည်အပြင်အပ၌ပင်လျှင် ဘုန်းတန်ခိုး ကြီးတော်မူပါပေသည်'' ဟုဆိုကြလိမ့် မည်။
בֵּ֛ן יְכַבֵּ֥ד אָ֖ב וְעֶ֣בֶד אֲדֹנָ֑יו וְאִם־אָ֣ב אָ֣נִי אַיֵּ֣ה כְבוֹדִ֡י וְאִם־אֲדוֹנִ֣ים אָנִי֩ אַיֵּ֨ה מוֹרָאִ֜י אָמַ֣ר ׀ יְהוָ֣ה צְבָא֗וֹת לָכֶם֙ הַכֹּֽהֲנִים֙ בּוֹזֵ֣י שְׁמִ֔י וַאֲמַרְתֶּ֕ם בַּמֶּ֥ה בָזִ֖ינוּ אֶת־שְׁמֶֽךָ׃ | 6 |
၆အနန္တတန်ခိုးရှင်ထာဝရဘုရားသည်ယဇ် ပုရောဟိတ်တို့အား``သားသည်ဖခင်အား လည်းကောင်း၊ အစေခံသည်သခင်အားလည်း ကောင်းရိုသေလေးစား၏။ ငါသည်သင်တို့၏ ဖခင်ဖြစ်ပေသည်။ အဘယ်ကြောင့်သင်တို့ ငါ့အားမရိုသေကြပါသနည်း။ ငါသည် သင်တို့၏သခင်ဖြစ်ပေသည်။ အဘယ်ကြောင့် သင်တို့ငါ့အားမလေးစားကြပါသနည်း။ သင်တို့သည် ငါ့အားမထီမဲ့မြင်ပြုပြီး လျှင်``ကိုယ်တော်ရှင်အားကျွန်တော်မျိုးတို့ အဘယ်သို့မထီမဲ့မြင်ပြုမိကြပါသ နည်း'' ဟုမေးလျှောက်ကြ၏။-
מַגִּישִׁ֤ים עַֽל־מִזְבְּחִי֙ לֶ֣חֶם מְגֹאָ֔ל וַאֲמַרְתֶּ֖ם בַּמֶּ֣ה גֵֽאַלְנ֑וּךָ בֶּאֱמָרְכֶ֕ם שֻׁלְחַ֥ן יְהוָ֖ה נִבְזֶ֥ה הֽוּא׃ | 7 |
၇သင်တို့မထီမဲ့မြင်ပြုပုံမှာငါ၏ယဇ် ပလ္လင်ပေါ်တွင်ညစ်ညမ်းသည့်အစားအစာ များကိုတင်လှူပူဇော်ခြင်းအားဖြင့်ဖြစ် ၏။ ထိုနောက်သင်တို့က``ကျွန်တော်မျိုးတို့ သည်ကိုယ်တော်ရှင်အားအဘယ်သို့မရို မသေပြုခဲ့ကြပါသနည်း'' ဟုမေးကြ ပြန်၏။ သင်တို့မရိုမသေပြုပုံကားငါ ၏ယဇ်ပလ္လင်ကိုမထီမဲ့မြင်ပြုခြင်းဖြစ် ပေသည်။-
וְכִֽי־תַגִּשׁ֨וּן עִוֵּ֤ר לִזְבֹּ֙חַ֙ אֵ֣ין רָ֔ע וְכִ֥י תַגִּ֛ישׁוּ פִּסֵּ֥חַ וְחֹלֶ֖ה אֵ֣ין רָ֑ע הַקְרִיבֵ֨הוּ נָ֜א לְפֶחָתֶ֗ךָ הֲיִּרְצְךָ֙ א֚וֹ הֲיִשָּׂ֣א פָנֶ֔יךָ אָמַ֖ר יְהוָ֥ה צְבָאֽוֹת׃ | 8 |
၈သင်တို့သည်မျက်စိကန်းဖျားနာသို့မဟုတ် ခြေကျိုးသည့်ယဇ်ကောင်တို့အားတင်လှူပူ ဇော်ရန် ယူဆောင်လာကြသောအခါသင် တို့တွင်အပြစ်မရှိဟုထင်မှတ်ကြပါ သလော။ ဤကဲ့သို့သောသိုးနွားမျိုးကို ဘုရင်ခံအားဆက်သကြည့်ပါသလော။ သူသည်သင်တို့အားနှစ်သက်ပါမည်လော။ အခွင့်ထူးများကိုသော်လည်းပေးပါလိမ့် မည်လော'' ဟုမိန့်တော်မူ၏။
וְעַתָּ֛ה חַלּוּ־נָ֥א פְנֵי־אֵ֖ל וִֽיחָנֵ֑נוּ מִיֶּדְכֶם֙ הָ֣יְתָה זֹּ֔את הֲיִשָּׂ֤א מִכֶּם֙ פָּנִ֔ים אָמַ֖ר יְהוָ֥ה צְבָאֽוֹת׃ | 9 |
၉အချင်းယဇ်ပုရောဟိတ်တို့၊ ငါတို့ကို ကျေးဇူးပြုတော်မူရန်ဘုရားသခင်အား ယခုစမ်းသပ်လျှောက်ထားကြည့်ကြလော့။ ကိုယ်တော်သည်သင်တို့၏ဆုတောင်းပတ္ထနာ ကိုနားညောင်းတော်မူလိမ့်မည်မဟုတ်။ ယင်း သို့ဖြစ်ရသည်မှာလည်း သင်တို့၏အပြစ် များကြောင့်ပင်ဖြစ်ပါ၏။-
מִ֤י גַם־בָּכֶם֙ וְיִסְגֹּ֣ר דְּלָתַ֔יִם וְלֹֽא־תָאִ֥ירוּ מִזְבְּחִ֖י חִנָּ֑ם אֵֽין־לִ֨י חֵ֜פֶץ בָּכֶ֗ם אָמַר֙ יְהוָ֣ה צְבָא֔וֹת וּמִנְחָ֖ה לֹֽא־אֶרְצֶ֥ה מִיֶּדְכֶֽם׃ | 10 |
၁၀အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါ ၏ယဇ်ပလ္လင်ပေါ်တွင်ညစ်ညမ်းသည့်မီးများ ကိုသင်တို့မထည့်နိုင်စေရန် ဗိမာန်တော် တံခါးများကိုပိတ်ထားမည့်သူရှိလျှင် အဘယ်မျှကောင်းလိမ့်မည်နည်း။ ငါသည် သင်တို့ကိုမနှစ်သက်။ ငါ့ထံသို့သင်တို့ ယူဆောင်လာသောပူဇော်သကာကိုလည်း လက်မခံလို။-
כִּ֣י מִמִּזְרַח־שֶׁ֜מֶשׁ וְעַד־מְבוֹא֗וֹ גָּד֤וֹל שְׁמִי֙ בַּגּוֹיִ֔ם וּבְכָל־מָק֗וֹם מֻקְטָ֥ר מֻגָּ֛שׁ לִשְׁמִ֖י וּמִנְחָ֣ה טְהוֹרָ֑ה כִּֽי־גָד֤וֹל שְׁמִי֙ בַּגּוֹיִ֔ם אָמַ֖ר יְהוָ֥ה צְבָאֽוֹת׃ | 11 |
၁၁ကမ္ဘာမြေကြီးတစ်စွန်းမှအခြားတစ်စွန်း တိုင်အောင်လူတို့သည် ငါ၏ဂုဏ်တော်ကို ချီးကူးကြပေသည်။ သူတို့သည်အရပ် တကာတွင်နံ့သာပေါင်းကိုမီးရှို့၍ နှစ် သက်ဖွယ်ကောင်းသည့်ယဇ်များကိုငါ့ အားပူဇော်ကြ၏။ သူတို့အားလုံးပင် ငါ၏နာမတော်ကိုချီးကူးကြ၏။-''
וְאַתֶּ֖ם מְחַלְּלִ֣ים אוֹת֑וֹ בֶּאֱמָרְכֶ֗ם שֻׁלְחַ֤ן אֲדֹנָי֙ מְגֹאָ֣ל ה֔וּא וְנִיב֖וֹ נִבְזֶ֥ה אָכְלֽוֹ׃ | 12 |
၁၂``သို့ရာတွင်သင်တို့မူကားငါ၏ယဇ် ပလ္လင်ကိုညစ်ညမ်းသည်ဟုဆိုကာ မိမိတို့ တင်လှူသည့်ဘောဇဉ်ပူဇော်သကာကို လည်းမထီမဲ့မြင်ပြုလျက်ငါ့အားရှုတ် ချကြပေသည်။-
וַאֲמַרְתֶּם֩ הִנֵּ֨ה מַתְּלָאָ֜ה וְהִפַּחְתֶּ֣ם אוֹת֗וֹ אָמַר֙ יְהוָ֣ה צְבָא֔וֹת וַהֲבֵאתֶ֣ם גָּז֗וּל וְאֶת־הַפִּסֵּ֙חַ֙ וְאֶת־הַ֣חוֹלֶ֔ה וַהֲבֵאתֶ֖ם אֶת־הַמִּנְחָ֑ה הַאֶרְצֶ֥ה אוֹתָ֛הּ מִיֶּדְכֶ֖ם אָמַ֥ר יְהוָֽה׃ ס | 13 |
၁၃သင်တို့က`ဤအမှုများပြုရသည်ကိုငါ တို့ငြီးငွေ့လှပါပြီ' ဟုဆိုကာနှာခေါင်း ရှုတ်၍ငါ့အားမလေးမခန့်ပြုကြ၏။ သင် တို့သည်မိမိတို့ခိုးယူရရှိသည့်ယဇ်ကောင် ကိုသော်လည်းကောင်း၊ ခြေကျိုးသို့မဟုတ် ဖျားနာသည့်ယဇ်ကောင်ကိုသော်လည်းကောင်း ငါ၏အတွက်ပူဇော်သကာအဖြစ်နှင့်ယူ ဆောင်ခဲ့ကြ၏။ ငါသည်ဤပူဇော်သကာ များကိုလက်ခံလိမ့်မည်ဟုသင်တို့ထင် မှတ်ကြပါသလော။-''
וְאָר֣וּר נוֹכֵ֗ל וְיֵ֤שׁ בְּעֶדְרוֹ֙ זָכָ֔ר וְנֹדֵ֛ר וְזֹבֵ֥חַ מָשְׁחָ֖ת לַֽאדֹנָ֑י כִּי֩ מֶ֨לֶךְ גָּד֜וֹל אָ֗נִי אָמַר֙ יְהוָ֣ה צְבָא֔וֹת וּשְׁמִ֖י נוֹרָ֥א בַגּוֹיִֽם׃ | 14 |
၁၄``မိမိ၏သိုးအုပ်တွင်အပြစ်အနာကင်း သည့်သိုးများရှိပါလျက် ငါ့အားလိမ်လည် လှည့်စား၍အသုံးမကျသည့်ယဇ်ကောင် ကိုပူဇော်ဆက်သသူသည်ကျိန်စာသင့်ပါ စေသတည်း။ အဘယ်ကြောင့်ဆိုသော်ငါသည် ကြီးမြတ်သည့်ဘုရင်ဖြစ်တော်မူ၍ ငါ၏ နာမတော်ကိုလူမျိုးတကာတို့ကြောက်ရွံ့ ရိုသေရသောကြောင့်တည်း'' ဟုအနန္တတန် ခိုးရှင်ထာဝရဘုရားမိန့်တော်မူ၏။