< מַלְאָכִי 3 >

הִנְנִ֤י שֹׁלֵחַ֙ מַלְאָכִ֔י וּפִנָּה־דֶ֖רֶךְ לְפָנָ֑י וּפִתְאֹם֩ יָב֨וֹא אֶל־הֵיכָל֜וֹ הָאָד֣וֹן ׀ אֲשֶׁר־אַתֶּ֣ם מְבַקְשִׁ֗ים וּמַלְאַ֨ךְ הַבְּרִ֜ית אֲשֶׁר־אַתֶּ֤ם חֲפֵצִים֙ הִנֵּה־בָ֔א אָמַ֖ר יְהוָ֥ה צְבָאֽוֹת׃ 1
အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ သည်​မိ​မိ​၏​တ​မန်​တော်​ကို​စေ​လွှတ်​၍ ငါ့ အ​ဖို့​လမ်း​ခ​ရီး​ကို​ပြင်​ဆင်​စေ​မည်။ ထို နောက်​သင်​တို့​စောင့်​မျှော်​နေ​သော​ထာ​ဝ​ရ ဘု​ရား​သည် မိ​မိ​၏​ဗိ​မာန်​တော်​သို့​ကြွ​လာ တော်​မူ​လိမ့်​မည်။ သင်​တို့​စောင့်​မျှော်​နေ​သော တ​မန်​တော်​သည်​လာ​၍ ငါ​၏​ပ​ဋိ​ညာဉ်​တော် ကို​ဖော်​ပြ​ကြေ​ညာ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။
וּמִ֤י מְכַלְכֵּל֙ אֶת־י֣וֹם בּוֹא֔וֹ וּמִ֥י הָעֹמֵ֖ד בְּהֵרָֽאוֹת֑וֹ כִּֽי־הוּא֙ כְּאֵ֣שׁ מְצָרֵ֔ף וּכְבֹרִ֖ית מְכַבְּסִֽים׃ 2
သို့​ရာ​တွင်​အ​ဘယ်​သူ​သည်​ကိုယ်​တော်​ရှင်​ကြွ လာ​တော်​မူ​မည့်​နေ့​ရက်​ကာ​လ​ကို​တိမ်း​ရှောင် နိုင်​ပါ​မည်​နည်း။ ကိုယ်​တော်​ရှင်​ပေါ်​ထွန်း​တော် မူ​ရာ​ကာ​လ​၌​အ​ဘယ်​သူ​သည်​ကျန်​ရစ်​လိမ့် မည်​နည်း။ ကိုယ်​တော်​သည်​အ​စွမ်း​ထက်​သည့် ဆပ်​ပြာ​နှင့်​လည်း​ကောင်း၊ သတ္တု​ချွတ်​သည့် မီး​နှင့်​လည်း​ကောင်း​တူ​လိမ့်​မည်။-
וְיָשַׁ֨ב מְצָרֵ֤ף וּמְטַהֵר֙ כֶּ֔סֶף וְטִהַ֤ר אֶת־בְּנֵֽי־לֵוִי֙ וְזִקַּ֣ק אֹתָ֔ם כַּזָּהָ֖ב וְכַכָּ֑סֶף וְהָיוּ֙ לַֽיהוָ֔ה מַגִּישֵׁ֥י מִנְחָ֖ה בִּצְדָקָֽה׃ 3
ကိုယ်​တော်​သည်​ချေး​ညှော်​ကင်း​စင်​စေ​ရန်​ငွေ ကို​ချွတ်​သော​သူ​ကဲ့​သို့​ကြွ​လာ​၍ တ​ရား စီ​ရင်​တော်​မူ​လိမ့်​မည်။ ရွှေ​ထည်​ငွေ​ထည်​အ​လုပ် သ​မား​သည်​ရွှေ​နှင့်​ငွေ​ကို​ချွတ်​သ​ကဲ့​သို့ ထာ​ဝ​ရ ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည်​လေ​ဝိ​ယဇ် ပု​ရော​ဟိတ်​တို့​အား​သန့်​စင်​အောင်​ပြု​လိမ့်​မည်။ ယင်း​သို့​ပြု​ရ​သည့်​အ​ကြောင်း​မှာ​ယဇ်​ပု​ရော ဟိတ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ လျောက်​ပတ်​သည့်​ပူ​ဇော်​သ​ကာ​များ​ကို ယူ​ဆောင်​လာ​နိုင်​ကြ​စေ​ရန်​ဖြစ်​ပေ​သည်။-
וְעָֽרְבָה֙ לַֽיהוָ֔ה מִנְחַ֥ת יְהוּדָ֖ה וִירֽוּשָׁלִָ֑ם כִּימֵ֣י עוֹלָ֔ם וּכְשָׁנִ֖ים קַדְמֹנִיּֽוֹת׃ 4
ထို​အ​ခါ​၌​ယု​ဒ​ပြည်​သူ​များ​နှင့်​ယေ​ရု​ရှ လင်​မြို့​သား​တို့​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော် သို့ ယူ​ဆောင်​လာ​သည့်​ပူ​ဇော်​သ​ကာ​များ​သည် ရှေး​ကာ​လ​မှာ​ကဲ့​သို့​ပင်​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​ဖွယ်​ရာ​ဖြစ်​လိမ့်​မည်။
וְקָרַבְתִּ֣י אֲלֵיכֶם֮ לַמִּשְׁפָּט֒ וְהָיִ֣יתִי ׀ עֵ֣ד מְמַהֵ֗ר בַּֽמְכַשְּׁפִים֙ וּבַמְנָ֣אֲפִ֔ים וּבַנִּשְׁבָּעִ֖ים לַשָּׁ֑קֶר וּבְעֹשְׁקֵ֣י שְׂכַר־שָׂ֠כִיר אַלְמָנָ֨ה וְיָת֤וֹם וּמַטֵּי־גֵר֙ וְלֹ֣א יְרֵא֔וּנִי אָמַ֖ר יְהוָ֥ה צְבָאֽוֹת׃ 5
ကိုယ်​တော်​က``ငါ​သည်​တ​ရား​စီ​ရင်​ရန်​သင် တို့​ထံ​သို့​လာ​၍​မှော်​အ​တတ်​ကို​ကျင့်​သုံး သူ​များ၊ သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား သူ​များ၊ မ​မှန်​သော​သက်​သေ​ခံ​သူ​များ၊ မိ​မိ​၏​အ​လုပ်​သ​မား​များ​အ​ပေါ်​အ​ခ ကြေး​ငွေ​ကို​မ​တ​ရား​သ​ဖြင့်​ပြု​သူ​များ၊ မု​ဆိုး​မ၊ မိ​ဖ​မဲ့​သူ​နှင့်​လူ​မျိုး​ခြား​တို့ အား​အ​နိုင်​ကျင့်​သူ​မှ​စ​၍ ငါ့​အား​မ​ရို သေ​မ​လေး​စား​သူ​မှန်​သ​မျှ​တို့​အား​ချက် ချင်း​ထုတ်​ဖော်​ကြေ​ညာ​မည်။
כִּ֛י אֲנִ֥י יְהוָ֖ה לֹ֣א שָׁנִ֑יתִי וְאַתֶּ֥ם בְּנֵֽי־יַעֲקֹ֖ב לֹ֥א כְלִיתֶֽם׃ 6
``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၍ ပြောင်း​လဲ​တော်​မ​မူ။ ထို​ကြောင့်​ယာ​ကုပ်​၏ သား​မြေး​ဖြစ်​သူ​သင်​တို့​သည်​လုံး​ဝ ဆုံး​ရှုံး​မှု​မ​ဖြစ်​ကြ​သေး​ပေ။-
לְמִימֵ֨י אֲבֹתֵיכֶ֜ם סַרְתֶּ֤ם מֵֽחֻקַּי֙ וְלֹ֣א שְׁמַרְתֶּ֔ם שׁ֤וּבוּ אֵלַי֙ וְאָשׁ֣וּבָה אֲלֵיכֶ֔ם אָמַ֖ר יְהוָ֣ה צְבָא֑וֹת וַאֲמַרְתֶּ֖ם בַּמֶּ֥ה נָשֽׁוּב׃ 7
သင်​တို့​သည်​မိ​မိ​တို့​၏​ဘိုး​ဘေး​များ​နည်း တူ ငါ​၏​ပ​ညတ်​တော်​တို့​ကို​မ​စောင့်​ထိန်း ဘဲ​လွှဲ​ရှောင်​လျက်​နေ​ခဲ့​ကြ​လေ​ပြီ။ သင် တို့​သည်​ငါ့​ထံ​သို့​ပြန်​လာ​ကြ​လော့။ ငါ သည်​လည်း​သင်​တို့​ထံ​သို့​ပြန်​လာ​မည်။'' ``သို့ ရာ​တွင်​သင်​တို့​က`အ​ထံ​တော်​သို့​ပြန်​လာ နိုင်​ရန်​ကျွန်​တော်​မျိုး​တို့​အ​ဘယ်​သို့​ပြု​ရ ကြ​ပါ​မည်​နည်း' ဟု​မေး​လျှောက်​ကြ​၏။-
הֲיִקְבַּ֨ע אָדָ֜ם אֱלֹהִ֗ים כִּ֤י אַתֶּם֙ קֹבְעִ֣ים אֹתִ֔י וַאֲמַרְתֶּ֖ם בַּמֶּ֣ה קְבַעֲנ֑וּךָ הַֽמַּעֲשֵׂ֖ר וְהַתְּרוּמָֽה׃ 8
လူ​သည်​ဘု​ရား​သ​ခင်​ကို​လိမ်​လည်​လှည့်​စား အပ်​ပါ​သ​လော​ဟု သင်​တို့​အား​ငါ​မေး​ပါ ၏။ ဤ​သို့​မ​ပြု​အပ်​သော်​လည်း​သင်​တို့​သည် ငါ့​အား​လိမ်​လည်​လှည့်​စား​လျက်​နေ​ပေ သည်။ သင်​တို့​က`ကျွန်​တော်​မျိုး​တို့​သည် အ​ဘယ်​သို့​လိမ်​လည်​လှည့်​စား​ကြ​ပါ သ​နည်း' ဟု​ဆို​ပါ​မူ​ဆယ်​ဖို့​တစ်​ဖို့​အ​လှူ နှင့်​ပူ​ဇော်​သ​ကာ​များ​ဆက်​သ​မျှ​ဟူ​၍ ဖြေ​ရ​ပေ​မည်။-
בַּמְּאֵרָה֙ אַתֶּ֣ם נֵֽאָרִ֔ים וְאֹתִ֖י אַתֶּ֣ם קֹבְעִ֑ים הַגּ֖וֹי כֻּלּֽוֹ׃ 9
တစ်​နိုင်​ငံ​လုံး​ပင်​ငါ့​အား​လိမ်​လည်​လှည့် စား​လျက်​နေ​သ​ဖြင့် သင်​တို့​အား​လုံး​သည် ကျိန်​စာ​သင့်​လျက်​ရှိ​ကြ​၏။-
הָבִ֨יאוּ אֶת־כָּל־הַֽמַּעֲשֵׂ֜ר אֶל־בֵּ֣ית הָאוֹצָ֗ר וִיהִ֥י טֶ֙רֶף֙ בְּבֵיתִ֔י וּבְחָנ֤וּנִי נָא֙ בָּזֹ֔את אָמַ֖ר יְהוָ֣ה צְבָא֑וֹת אִם־לֹ֧א אֶפְתַּ֣ח לָכֶ֗ם אֵ֚ת אֲרֻבּ֣וֹת הַשָּׁמַ֔יִם וַהֲרִיקֹתִ֥י לָכֶ֛ם בְּרָכָ֖ה עַד־בְּלִי־דָֽי׃ 10
၁၀ဗိ​မာန်​တော်​တွင်​စား​နပ်​ရိက္ခာ​အ​မြောက် အ​မြား​ရှိ​စေ​ရန် သင်​တို့​၏​ဆယ်​ဖို့​တစ်​ဖို့ အ​လှူ​ကို​အ​ပြည့်​အ​ဝ​ယူ​ဆောင်​ခဲ့​ကြ လော့။ ငါ​၏​အ​ကဲ​ကို​စမ်း​၍​ကြည့်​ကြ​လော့။ ထို​အ​ခါ​ငါ​သည်​ကောင်း​ကင်​ပြူ​တင်း​ပေါက် များ​ကို​ဖွင့်​၍ သင်​တို့​အ​ပေါ်​သို့​ကောင်း​ချီး မင်္ဂ​လာ​အ​မျိုး​မျိုး​သွန်း​လောင်း​တော်​မူ သည်​ကို​သင်​တို့​တွေ့​မြင်​ကြ​ရ​လိမ့်​မည်။-
וְגָעַרְתִּ֤י לָכֶם֙ בָּֽאֹכֵ֔ל וְלֹֽא־יַשְׁחִ֥ת לָכֶ֖ם אֶת־פְּרִ֣י הָאֲדָמָ֑ה וְלֹא־תְשַׁכֵּ֨ל לָכֶ֤ם הַגֶּ֙פֶן֙ בַּשָּׂדֶ֔ה אָמַ֖ר יְהוָ֥ה צְבָאֽוֹת׃ 11
၁၁ငါ​သည်​ပိုး​မွှား​များ​အား​သင်​တို့​အ​သီး အ​နှံ​များ​ကို​ဖျက်​ဆီး​ခွင့်​ပြု​လိမ့်​မည် မ​ဟုတ်။ သင်​တို့​၏​စ​ပျစ်​နွယ်​များ​သည် လည်း​အ​သီး​များ​နှင့်​ပြည့်​လျက်​နေ​လိမ့် မည်။-''
וְאִשְּׁר֥וּ אֶתְכֶ֖ם כָּל־הַגּוֹיִ֑ם כִּֽי־תִהְי֤וּ אַתֶּם֙ אֶ֣רֶץ חֵ֔פֶץ אָמַ֖ר יְהוָ֥ה צְבָאֽוֹת׃ ס 12
၁၂``ထို​အ​ခါ​သင်​တို့​ပြည်​သည်​နေ​ထိုင်​ဖွယ် ကောင်း​သည့်​အ​ရပ်​ဖြစ်​လိမ့်​မည်။ သို့​ဖြစ်​၍ လူ​မျိုး​တ​ကာ​တို့​သည်​သင်​တို့​အား​မင်္ဂ​လာ ရှိ​သူ​များ​ဟု​ခေါ်​ဝေါ်​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
חָזְק֥וּ עָלַ֛י דִּבְרֵיכֶ֖ם אָמַ֣ר יְהוָ֑ה וַאֲמַרְתֶּ֕ם מַה־נִּדְבַּ֖רְנוּ עָלֶֽיךָ׃ 13
၁၃ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည်​ငါ့​အ​ကြောင်း မ​ကောင်း​သ​တင်း​များ​ကို​ပြော​ဆို​ကြ​လေ​ပြီ။ သို့​သော်​လည်း​သင်​တို့​က`ကျွန်​တော်​မျိုး​တို့ သည်​ကိုယ်​တော်​ရှင်​၏​အ​ကြောင်း​ကို​အ​ဘယ် သို့​ပြော​ဆို​ခဲ့​ကြ​ပါ​သ​နည်း' ဟု​မေး​ကြ​၏။-
אֲמַרְתֶּ֕ם שָׁ֖וְא עֲבֹ֣ד אֱלֹהִ֑ים וּמַה־בֶּ֗צַע כִּ֤י שָׁמַ֙רְנוּ֙ מִשְׁמַרְתּ֔וֹ וְכִ֤י הָלַ֙כְנוּ֙ קְדֹ֣רַנִּ֔ית מִפְּנֵ֖י יְהוָ֥ה צְבָאֽוֹת׃ 14
၁၄သင်​တို့​သည်`ဘု​ရား​သ​ခင်​အား​ဝတ်​ပြု ကိုး​ကွယ်​ရ​သည်​မှာ​အ​ချည်း​နှီး​ပင်​ဖြစ်​၏။ ကိုယ်​တော်​မိန့်​တော်​မူ​သည့်​အ​တိုင်း​လိုက်​နာ ဆောင်​ရွက်​သော်​လည်း​ကောင်း၊ ငါ​တို့​သည် မိ​မိ​တို့​ပြု​မိ​သည့်​အ​ပြစ်​များ​အ​တွက် ဝမ်း​နည်း​ကြောင်း​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​အား​ကြိုး​စား​ဖော်​ပြ​၍​သော်​လည်း ကောင်း​အ​ဘယ်​အ​ကျိုး​ရှိ​ပါ​မည်​နည်း။-
וְעַתָּ֕ה אֲנַ֖חְנוּ מְאַשְּׁרִ֣ים זֵדִ֑ים גַּם־נִבְנוּ֙ עֹשֵׂ֣י רִשְׁעָ֔ה גַּ֧ם בָּחֲנ֛וּ אֱלֹהִ֖ים וַיִּמָּלֵֽטוּ׃ 15
၁၅ငါ​တို့​တွေ့​မြင်​ရ​ကြ​သည့်​အ​တိုင်း​မာန်​မာ​န ကြီး​သူ​များ​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။ သူ​ယုတ်​မာ တို့​သည်​ကောင်း​စား​ကြ​၏။ ထို​မျှ​မ​က​သူ​တို့ သည်​ဘု​ရား​သ​ခင်​၏​ခန္တီ​ပါ​ရ​မီ​တော်​ကို အ​ကဲ​စမ်း​ကြ​သော်​လည်း​အ​ဘယ်​ဒုက္ခ​နှင့် မျှ​မ​တွေ့​ရ​ကြ' ဟု​ဆို​ကြ​၏'' ဟု​မိန့်​တော် မူ​၏။
אָ֧ז נִדְבְּר֛וּ יִרְאֵ֥י יְהוָ֖ה אִ֣ישׁ אֶת־רֵעֵ֑הוּ וַיַּקְשֵׁ֤ב יְהוָה֙ וַיִּשְׁמָ֔ע וַ֠יִּכָּתֵב סֵ֣פֶר זִכָּר֤וֹן לְפָנָיו֙ לְיִרְאֵ֣י יְהוָ֔ה וּלְחֹשְׁבֵ֖י שְׁמֽוֹ׃ 16
၁၆ထို​အ​ခါ​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ​သော သူ​တို့​အ​ချင်း​ချင်း​ပြော​ဆို​နေ​ကြ​သည့် စ​ကား​များ​ကို ထာ​ဝ​ရ​ဘု​ရား​သည်​နား ထောင်​လျက်​နေ​တော်​မူ​သ​ဖြင့်​ကြား​တော် မူ​၏။ ထာ​ဝ​ရ​ဘု​ရား​အား​ကြောက်​ရွံ့​ရို​သေ သူ​များ​၏​စား​ရင်း​ကို ရှေ့​တော်​တွင်​စာ​စောင် တစ်​ခု​၌​ရေး​မှတ်​ထား​ရှိ​၏။-
וְהָ֣יוּ לִ֗י אָמַר֙ יְהוָ֣ה צְבָא֔וֹת לַיּ֕וֹם אֲשֶׁ֥ר אֲנִ֖י עֹשֶׂ֣ה סְגֻלָּ֑ה וְחָמַלְתִּ֣י עֲלֵיהֶ֔ם כַּֽאֲשֶׁר֙ יַחְמֹ֣ל אִ֔ישׁ עַל־בְּנ֖וֹ הָעֹבֵ֥ד אֹתֽוֹ׃ 17
၁၇အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝရ​ဘု​ရား​က``ဤ သူ​တို့​သည်​ငါ​၏​လူ​စု​ဖြစ်​လိမ့်​မည်။ သူ တို့​သည်​ငါ​စီ​ရင်​ချက်​ချ​မှတ်​ရာ​နေ့​၌ ငါ​၏​ကိုယ်​ပိုင်​လူ​စု​ဖြစ်​ကြ​လိမ့်​မည်။ အ​ဖ သည်​မိ​မိ​၏​အ​စေ​အ​ပါး​ကို ခံ​သည့်​သား အ​ပေါ်​တွင် က​ရု​ဏာ​ထား​သ​ကဲ့​သို့​ငါ သည်​လည်း​သူ​တို့​အ​ပေါ်​တွင်​က​ရု​ဏာ ထား​တော်​မူ​မည်။-
וְשַׁבְתֶּם֙ וּרְאִיתֶ֔ם בֵּ֥ין צַדִּ֖יק לְרָשָׁ֑ע בֵּ֚ין עֹבֵ֣ד אֱלֹהִ֔ים לַאֲשֶׁ֖ר לֹ֥א עֲבָדֽוֹ׃ ס 18
၁၈တစ်​ဖန်​တုံ​ငါ​၏​လူ​စု​သည်​သူ​တော်​ကောင်း နှင့် သူ​ယုတ်​မာ​တို့​တွေ့​ကြုံ​ခံ​စား​ရ​မှု​မ​တူ ပုံ​ကို​လည်း​ကောင်း၊ ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ် သူ​နှင့်​ဝတ်​မ​ပြု​မ​ကိုး​ကွယ်​သူ​တို့ တွေ့​ကြုံ ခံ​စား​ရ​မှု​မ​တူ​ပုံ​ကို​လည်း​ကောင်း​သိ​ရှိ ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

< מַלְאָכִי 3 >