< אֵיכָה 3 >

אֲנִ֤י הַגֶּ֙בֶר֙ רָאָ֣ה עֳנִ֔י בְּשֵׁ֖בֶט עֶבְרָתֽוֹ׃ 1
ငါ​သည်​ဘု​ရား​သ​ခင်​၏​အ​ပြစ်​ဒဏ်​ခတ်​ခြင်း ဆို​သည်​မှာ ဘယ်​သို့​ဖြစ်​သည်​ကို​သိ​ရ​သော​သူ​ဖြစ်​ပါ​၏။
אוֹתִ֥י נָהַ֛ג וַיֹּלַ֖ךְ חֹ֥שֶׁךְ וְלֹא־אֽוֹר׃ 2
ကိုယ်​တော်​သည်​ငါ့​ကို​ပို​၍​ပို​၍​မှောင်​မိုက်​သော နေ​ရာ​ထဲ​သို့​ရောက်​ရှိ​စေ​တော်​မူ​လျက်၊
אַ֣ךְ בִּ֥י יָשֻׁ֛ב יַהֲפֹ֥ךְ יָד֖וֹ כָּל־הַיּֽוֹם׃ ס 3
သ​နား​က​ရု​ဏာ​ကင်း​မဲ့​စွာ​အ​ကြိမ်​ကြိမ် အ​ဖန်​ဖန်​ရိုက်​နှက်​တော်​မူ​ပါ​၏။
בִּלָּ֤ה בְשָׂרִי֙ וְעוֹרִ֔י שִׁבַּ֖ר עַצְמוֹתָֽי׃ 4
ကိုယ်​တော်​သည်​ငါ​၏​အ​သား​ကို​ကွဲ​ပြဲ​စေ​ကာ အ​ရိုး​တို့​ကို​ချိုး​၍​ထား​တော်​မူ​ပါ​၏။
בָּנָ֥ה עָלַ֛י וַיַּקַּ֖ף רֹ֥אשׁ וּתְלָאָֽה׃ 5
ငါ့​အား​စိတ်​ဆင်း​ရဲ​မှု​ပူ​ဆွေး​ဒုက္ခ​ရောက်​မှု​တို့​ဖြင့် ချုပ်​နှောင်​ထား​တော်​မူ​ပါ​၏။
בְּמַחֲשַׁכִּ֥ים הוֹשִׁיבַ֖נִי כְּמֵתֵ֥י עוֹלָֽם׃ ס 6
ကိုယ်​တော်​သည်​ငါ့​ကို​ကြာ​ရှည်​စွာ​ဒု​က္ခ မှောင်​မိုက်​တွင်​နေ​စေ​တော်​မူ​ပါ​၏။
גָּדַ֧ר בַּעֲדִ֛י וְלֹ֥א אֵצֵ֖א הִכְבִּ֥יד נְחָשְׁתִּֽי׃ 7
ငါ့​ကို​သံ​ကြိုး​များ​နှင့်​ချည်​နှောင်​ထား​တော်​မူ ပါ​၏။ ငါ​သည်​အ​ကျဉ်း​သား​ဖြစ်​၍ ငါ​လွတ်​မြောက်​ရန်​လမ်း​မ​ရှိ။
גַּ֣ם כִּ֤י אֶזְעַק֙ וַאֲשַׁוֵּ֔עַ שָׂתַ֖ם תְּפִלָּתִֽי׃ 8
ကူ​မ​တော်​မူ​ရန်​ငါ​ဟစ်​အော်​ပါ​သော်​လည်း ဘု​ရား​သ​ခင်​သည်​နား​ထောင်​တော်​မ​မူ။
גָּדַ֤ר דְּרָכַי֙ בְּגָזִ֔ית נְתִיבֹתַ֖י עִוָּֽה׃ ס 9
ငါ​သည်​လမ်း​လျှောက်​သော​အ​ခါ ယိမ်း​ယိုင်​လျက်​နေ​ပါ​၏။ ငါ​လှည့်​လိုက်​သည့်​အ​ခါ​တိုင်း​၌ ကျောက်​နံ​ရံ​များ​ပိတ်​လျက်​ရှိ​ပါ​၏။
דֹּ֣ב אֹרֵ֥ב הוּא֙ לִ֔י אריה בְּמִסְתָּרִֽים׃ 10
၁၀ကိုယ်​တော်​သည်​ဝက်​ဝံ​သ​ဖွယ်​ငါ့​အား​ချောင်း မြောင်း​ကာ ခြင်္သေ့​ကဲ့​သို့​ခုန်​အုပ်​တော်​မူ​ပါ​၏။
דְּרָכַ֥י סוֹרֵ֛ר וַֽיְפַשְּׁחֵ֖נִי שָׂמַ֥נִי שֹׁמֵֽם׃ 11
၁၁လမ်း​နံ​ဘေး​တွင်​ငါ့​ကို​လိုက်​လံ​ဖမ်း​ဆီး​ပြီး​လျှင် အ​ပိုင်း​ပိုင်း​ဆွဲ​ဖြတ်​ကာ​စွန့်​ပစ်​ထား​တော်​မူ​ပါ​၏။
דָּרַ֤ךְ קַשְׁתוֹ֙ וַיַּצִּיבֵ֔נִי כַּמַּטָּרָ֖א לַחֵֽץ׃ ס 12
၁၂ကိုယ်​တော်​သည်​လေး​တော်​ကို​တင်​၍​ငါ့​အား ပစ်​မှတ်​အ​ဖြစ်​အ​သုံး​ပြု​တော်​မူ​ပါ​၏။
הֵבִיא֙ בְּכִלְיוֹתָ֔י בְּנֵ֖י אַשְׁפָּתֽוֹ׃ 13
၁၃ကိုယ်​တော်​သည်​မြား​တော်​တို့​ကို​ငါ​၏ ကိုယ်​ခ​န္ဓာ​အ​တွင်း​သို့​ပစ်​လွှတ်​တော်​မူ​ပါ​၏။
הָיִ֤יתִי שְּׂחֹק֙ לְכָל־עַמִּ֔י נְגִינָתָ֖ם כָּל־הַיּֽוֹם׃ 14
၁၄လူ​တို့​သည်​တစ်​နေ​ကုန်​တစ်​နေ​ခန်း​ငါ့​ကို ပြက်​ရယ်​ပြု​ကြ​ပါ​၏။ ငါ​သည်​လူ​များ​အ​တွက်​ရယ်​စ​ရာ​ဖြစ်​၍ နေ​တော့​၏။
הִשְׂבִּיעַ֥נִי בַמְּרוֹרִ֖ים הִרְוַ֥נִי לַעֲנָֽה׃ ס 15
၁၅ကိုယ်​တော်​သည်​ငါ့​အား​ပြင်း​ထန်​သော ဝေ​ဒ​နာ​ကို​အ​စာ​ရေ​စာ​အ​ဖြစ်​တိုက်​ကျွေး တော်​မူ​ပါ​၏။
וַיַּגְרֵ֤ס בֶּֽחָצָץ֙ שִׁנָּ֔י הִכְפִּישַׁ֖נִי בָּאֵֽפֶר׃ 16
၁၆ကိုယ်​တော်​သည်​ငါ​၏​မျက်​နှာ​ကို​မြေ​ပြင်​နှင့် ပွတ်​တိုက်​တော်​မူ​၍ ငါ​၏​သွား​တို့​ကို​ကျောက်​ပေါ်​တွင်​ချိုး​တော်​မူ​ပါ​၏။
וַתִּזְנַ֧ח מִשָּׁל֛וֹם נַפְשִׁ֖י נָשִׁ֥יתִי טוֹבָֽה׃ 17
၁၇ငါ​သည်​ကျန်း​မာ​ပျော်​ရွှင်​မှု​နှင့်​ငြိမ်း​ချမ်း သာ​ယာ​မှု​ကို​မေ့​ပျောက်​၍​သွား​လေ​ပြီ။
וָאֹמַר֙ אָבַ֣ד נִצְחִ֔י וְתוֹחַלְתִּ֖י מֵיְהוָֽה׃ ס 18
၁၈ငါ​သည်​ကြာ​ကြာ​အ​သက်​ရှင်​ရ​တော့​မည် မ​ဟုတ်​ပါ။ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​ငါ​မျှော်​လင့်​စ​ရာ​လည်း မ​ရှိ​တော့​ပါ။
זְכָר־עָנְיִ֥י וּמְרוּדִ֖י לַעֲנָ֥ה וָרֹֽאשׁ׃ 19
၁၉ငါ​ခံ​ရ​သည့်​ဝေ​ဒ​နာ​နှင့်​ငါ​အိုး​မဲ့​အိမ်​မဲ့ ဖြစ်​ရ​မှု​ကို စဉ်း​စား​ဆင်​ခြင်​ရ​သည်​မှာ ဆိုး​ရွား​သည့်​အ​ဆိပ်​ကို​မျို​ရ​သည်​နှင့် တူ​တော့​၏။
זָכ֣וֹר תִּזְכּ֔וֹר ותשיח עָלַ֖י נַפְשִֽׁי׃ 20
၂၀ယင်း​သို့​အ​ခါ​တ​လဲ​လဲ​ဆင်​ခြင်​၍ ငါ​၏​စိတ်​ကို​ညှိုး​ငယ်​စေ​ပါ​၏။
זֹ֛את אָשִׁ֥יב אֶל־לִבִּ֖י עַל־כֵּ֥ן אוֹחִֽיל׃ ס 21
၂၁သို့​ရာ​တွင်​မျှော်​လင့်​ချက်​ကို​ပြန်​လည်​ရ​ရှိ​စေ​သည့် အ​ချက်​မှာ​အောက်​ပါ​တို့​ကို​သ​တိ​ရ​ခြင်း​ဖြစ်​သည်။
חַֽסְדֵ֤י יְהוָה֙ כִּ֣י לֹא־תָ֔מְנוּ כִּ֥י לֹא־כָל֖וּ רַחֲמָֽיו׃ 22
၂၂ထာ​ဝ​ရ​ဘု​ရား​၏​မ​ကုန်​ဆုံး​နိုင်​သော​မေတ္တာ တော်​နှင့် က​ရု​ဏာ​တော်​သည် မိုး​သောက်​ချိန်​ကဲ့​သို့​လန်း​ဆန်း​လျက်၊ နေ​ထွက်​ချိန် ကဲ့​သို့​ဧ​ကန်​မု​ချ​တည်​မြဲ​၍​နေ​တော်​မူ​သေး​သည်။
חֲדָשִׁים֙ לַבְּקָרִ֔ים רַבָּ֖ה אֱמוּנָתֶֽךָ׃ 23
၂၃
חֶלְקִ֤י יְהוָה֙ אָמְרָ֣ה נַפְשִׁ֔י עַל־כֵּ֖ן אוֹחִ֥יל לֽוֹ׃ ס 24
၂၄ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အ​ဖို့​ဖြစ်​သ​ဖြင့် ငါ​သည်​ကိုယ်​တော်​ကို​မျှော်​ကိုး​ပါ​၏။
ט֤וֹב יְהוָה֙ לְקוָֹ֔ו לְנֶ֖פֶשׁ תִּדְרְשֶֽׁנּוּ׃ 25
၂၅ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အား​ယုံ​ကြည်​ကိုး​စား သူ​မှန်​သ​မျှ​ကို​ကျေး​ဇူး​ပြု​တော်​မူ​တတ်​၏။
ט֤וֹב וְיָחִיל֙ וְדוּמָ֔ם לִתְשׁוּעַ֖ת יְהוָֽה׃ 26
၂၆သို့​ဖြစ်​၍​ငါ​တို့​ကို​ကယ်​တော်​မူ​ရန်​ကိုယ်​တော်​အား သည်း​ခံ​စောင့်​မျှော်​နေ​ခြင်း​သည်​ငါ​တို့​အ​ဖို့ အ​ကောင်း​ဆုံး​ပင်​ဖြစ်​ပါ​၏။
ט֣וֹב לַגֶּ֔בֶר כִּֽי־יִשָּׂ֥א עֹ֖ל בִּנְעוּרָֽיו׃ ס 27
၂၇ယင်း​သို့​သည်း​ခံ​စောင့်​မျှော်​မှု​ကို အ​သက်​ပျို​ရွယ်​စဉ်​အ​ခါ​က​လေ့​ကျက် ခြင်း​သည် အ​ကောင်း​ဆုံး​ပင်​ဖြစ်​ပါ​၏။
יֵשֵׁ֤ב בָּדָד֙ וְיִדֹּ֔ם כִּ֥י נָטַ֖ל עָלָֽיו׃ 28
၂၈ငါ​တို့​ဒုက္ခ​ရောက်​ချိန်​၌​သည်း​ခံ​လျက် တိတ်​ဆိတ်​စွာ​တစ်​ကိုယ်​တည်း​ထိုင်​နေ​ရ​ကြ​မည်။
יִתֵּ֤ן בֶּֽעָפָר֙ פִּ֔יהוּ אוּלַ֖י יֵ֥שׁ תִּקְוָֽה׃ 29
၂၉မျှော်​လင့်​ဖွယ်​ရှိ​ကောင်း​ရှိ​ဦး​မည်​ဖြစ်​၍​ငါ​တို့​သည် ဝန်​ခံ​လျက်​မြေ​သို့​ခေါင်း​ငုံ့​သင့်​ကြ​၏။
יִתֵּ֧ן לְמַכֵּ֛הוּ לֶ֖חִי יִשְׂבַּ֥ע בְּחֶרְפָּֽה׃ ס 30
၃၀ရိုက်​နှက်​စော်​ကား​မှု​ကို​ခံ​ရ​သော်​လည်း နား​လည်​လက်​ခံ​သင့်​ကြ​၏။
כִּ֣י לֹ֥א יִזְנַ֛ח לְעוֹלָ֖ם אֲדֹנָֽי׃ 31
၃၁ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား​တတ်​သော ကြောင့် ငါ​တို့​အား​ထာ​ဝ​စဉ်​ပင်​ပစ်​ပယ်​တော်​မူ​လိမ့် မည်​မ​ဟုတ်။
כִּ֣י אִם־הוֹגָ֔ה וְרִחַ֖ם כְּרֹ֥ב חסדו׃ 32
၃၂ကိုယ်​တော်​သည်​ငါ​တို့​အား​ဝမ်း​နည်း​ကြေ​ကွဲ​ခြင်း​ကို ပေး​သော်​လည်း ငါ​တို့​အ​ပေါ်​၌​ကိုယ်​တော်​ထား​ရှိ​တော်​မူ​သော သ​နား​ညှာ​တာ​မှု​နှင့်​မေတ္တာ​တော်​ကား ကြီး​မား​တော်​မူ​ပါ​ပေ​သည်။
כִּ֣י לֹ֤א עִנָּה֙ מִלִּבּ֔וֹ וַיַּגֶּ֖ה בְנֵי־אִֽישׁ׃ ס 33
၃၃ကိုယ်​တော်​သည်​ငါ​တို့​အား​ဝမ်း​နည်း​ကြေ​ကွဲ​စေ​၍ ဝေ​ဒ​နာ​ခံ​စား​စေ​သော်​လည်း​နှစ်​မြို့​တော်​မ​မူ​ပါ။
לְדַכֵּא֙ תַּ֣חַת רַגְלָ֔יו כֹּ֖ל אֲסִ֥ירֵי אָֽרֶץ׃ 34
၃၄ငါ​တို့​သည်​ထောင်​ထဲ​တွင်​အ​ကျဉ်း​ခံ​ရ​၍ စိတ်​ကျိုး​ပဲ့​ကြေ​မွ​လျက်​ရှိ​သော​အ​ခါ ကိုယ်​တော်​သိ​တော်​မူ​ပါ​၏။
לְהַטּוֹת֙ מִשְׁפַּט־גָּ֔בֶר נֶ֖גֶד פְּנֵ֥י עֶלְיֽוֹן׃ 35
၃၅ကိုယ်​တော်​သည်​မိ​မိ​ပေး​ထား​သည့်​ရ​ပိုင်​ခွင့် များ​ကို ငါ​တို့​ဆုံး​ရှုံး​ရ​ကြ​သော​အ​ခါ​၌​လည်း သိ​တော်​မူ​ပါ​၏။
לְעַוֵּ֤ת אָדָם֙ בְּרִיב֔וֹ אֲדֹנָ֖י לֹ֥א רָאָֽה׃ ס 36
၃၆ရုံး​တော်​တွင်​တ​ရား​စီ​ရင်​မှု​ဖောက်​လွဲ​ဖောက် ပြန် ဖြစ်​သော​အ​ခါ​လည်း ကိုယ်​တော်​သိ​တော်​မူ​ပါ​၏။
מִ֣י זֶ֤ה אָמַר֙ וַתֶּ֔הִי אֲדֹנָ֖י לֹ֥א צִוָּֽה׃ 37
၃၇ထာ​ဝ​ရ​ဘု​ရား​၏​အ​လို​တော်​အ​ရ​သာ​လျှင် အ​ကောင်​အ​ထည်​ဖော်​ရ​ပါ​၏။
מִפִּ֤י עֶלְיוֹן֙ לֹ֣א תֵצֵ֔א הָרָע֖וֹת וְהַטּֽוֹב׃ 38
၃၈အ​ကောင်း​နှင့်​အ​ဆိုး​သည်​ကိုယ်​တော်​၏ အ​မိန့်​တော်​အ​ရ​ဖြစ်​ပျက်​ရ​ပါ​၏။
מַה־יִּתְאוֹנֵן֙ אָדָ֣ם חָ֔י גֶּ֖בֶר עַל־חטאו׃ ס 39
၃၉ငါ​တို့​သည်​မိ​မိ​တို့​အ​ပြစ်​အ​တွက် ဒဏ်​ခတ်​ခြင်း​ခံ​ရ​ကြ​သော​အ​ခါ အ​ဘယ်​ကြောင့်​ညည်း​တွား​ရ​ကြ​ပါ​မည်​နည်း။
נַחְפְּשָׂ֤ה דְרָכֵ֙ינוּ֙ וְֽנַחְקֹ֔רָה וְנָשׁ֖וּבָה עַד־יְהוָֽה׃ 40
၄၀ငါ​တို့​သည်​မိ​မိ​တို့​လမ်း​စဉ်​ကို​စစ်​ဆေး​ကာ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ပြန်​လာ​ကြ ကုန်​အံ့။
נִשָּׂ֤א לְבָבֵ֙נוּ֙ אֶל־כַּפָּ֔יִם אֶל־אֵ֖ל בַּשָּׁמָֽיִם׃ 41
၄၁ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင် အား ငါ​တို့​စိတ်​နှ​လုံး​ကို​ဖွင့်​လျက် အောက်​ပါ​ပတ္ထ​နာ​ကို​ပြု​ကြ​ကုန်​အံ့။
נַ֤חְנוּ פָשַׁ֙עְנוּ֙ וּמָרִ֔ינוּ אַתָּ֖ה לֹ֥א סָלָֽחְתָּ׃ ס 42
၄၂``ကျွန်​တော်​မျိုး​တို့​သည်​အ​ပြစ်​ကူး​ခဲ့​ကြ ပါ​ပြီ။ ပုန်​ကန်​ခဲ့​ကြ​ပါ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည်​လည်း ကျွန်​တော်​မျိုး​တို့​၏​အ​ပြစ်​များ​ကို ဖြေ​လွှတ်​တော်​မ​မူ​ခဲ့​ပါ။
סַכֹּ֤תָה בָאַף֙ וַֽתִּרְדְּפֵ֔נוּ הָרַ֖גְתָּ לֹ֥א חָמָֽלְתָּ׃ 43
၄၃``ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား လိုက်​လံ​ဖမ်း​ဆီး​၍​ကွပ်​မျက်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​၏​ဆု​တောင်း​ပတ္ထ​နာ​များ သည် ထူ​ထပ်​သော​အ​မျက်​တော်​တိမ်​တိုက်​ကို တိုး​၍​မ​ပေါက်​နိုင်​ပါ။
סַכּ֤וֹתָה בֶֽעָנָן֙ לָ֔ךְ מֵעֲב֖וֹר תְּפִלָּֽה׃ 44
၄၄
סְחִ֧י וּמָא֛וֹס תְּשִׂימֵ֖נוּ בְּקֶ֥רֶב הָעַמִּֽים׃ ס 45
၄၅ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား ကမ္ဘာ့​အ​လယ်​တွင်​အ​ညစ်​အ​ကြေး​အ​မှိုက်​ပုံ ဖြစ်​စေ​တော်​မူ​ပါ​ပြီ။
פָּצ֥וּ עָלֵ֛ינוּ פִּיהֶ֖ם כָּל־אֹיְבֵֽינוּ׃ 46
၄၆``ကျွန်​တော်​မျိုး​တို့​သည်​ရန်​သူ​များ​၏​စော်​ကား ပြောင်​လှောင်​မှု​ကို​ခံ​ရ​ကြ​ပါ​၏။
פַּ֧חַד וָפַ֛חַת הָ֥יָה לָ֖נוּ הַשֵּׁ֥את וְהַשָּֽׁבֶר׃ 47
၄၇ပျက်​စီး​ယိုး​ယွင်း​မှု​နှင့်​ကြုံ​တွေ့​ခဲ့​ရ​ကြ​ပါ​ပြီ။ ကျွန်​တော်​မျိုး​တို့​သည်​အ​ဆီး​အ​တား​နှင့် ကြောက်​ရွံ့​မှု​တို့​ဖြင့်​အ​သက်​ရှင်​ရ​ပါ​၏။
פַּלְגֵי־מַ֙יִם֙ תֵּרַ֣ד עֵינִ֔י עַל־שֶׁ֖בֶר בַּת־עַמִּֽי׃ ס 48
၄၈ကျွန်​တော်​မျိုး​တို့​၏​အ​မျိုး​သား​များ​ဆုံး​ပါး ပျက်​စီး​မှု​ကြောင့် ကျွန်​တော်​မျိုး​၏​မျက်​စိ​များ​မှ​မျက်​ရည်​တို့​သည် မြစ်​များ​သ​ဖွယ်​စီး​ဆင်း​၍​လာ​ပါ​၏။
עֵינִ֧י נִגְּרָ֛ה וְלֹ֥א תִדְמֶ֖ה מֵאֵ֥ין הֲפֻגֽוֹת׃ 49
၄၉``ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​ဘုံ​မှ​ငါ တို့​အား ကြည့်​တော်​မူ​၍​မြင်​တော်​မူ​သည်​တိုင်​အောင် ငါ​၏​မျက်​ရည်​များ​သည်​မ​ရပ်​မ​နား​စီး​လျက် နေ​ပါ​လိမ့်​မည်။
עַד־יַשְׁקִ֣יף וְיֵ֔רֶא יְהוָ֖ה מִשָּׁמָֽיִם׃ 50
၅၀
עֵינִי֙ עֽוֹלְלָ֣ה לְנַפְשִׁ֔י מִכֹּ֖ל בְּנ֥וֹת עִירִֽי׃ ס 51
၅၁မိ​မိ​၏​မြို့​မှ​အ​မျိုး​သ​မီး​များ​၏​အ​ဖြစ်​ဆိုး ကြောင့် ကျွန်​တော်​မျိုး​၏​စိတ်​နှ​လုံး​ကြေ​ကွဲ​၍​နေ​ပါ​၏။
צ֥וֹד צָד֛וּנִי כַּצִּפּ֖וֹר אֹיְבַ֥י חִנָּֽם׃ 52
၅၂ကျွန်​တော်​မျိုး​ကို​မုန်း​ရန်​အ​ကြောင်း​မ​ရှိ​ပါ ဘဲ​လျက် ရန်​သူ​များ​သည်​ကျွန်​တော်​မျိုး​အား​ငှက်​သ​ဖွယ် ကျော့​ကွင်း​ထောင်​ကြ​ပါ​၏။
צָֽמְת֤וּ בַבּוֹר֙ חַיָּ֔י וַיַּדּוּ־אֶ֖בֶן בִּֽי׃ 53
၅၃သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​အ​ရှင်​လတ်​လတ် တွင်း​ထဲ​သို့​ပစ်​ချ​ကာ​ကျောက်​တုံး​နှင့် တွင်း​ဝ​ကို​ပိတ်​ကြ​ပါ​၏။
צָֽפוּ־מַ֥יִם עַל־רֹאשִׁ֖י אָמַ֥רְתִּי נִגְזָֽרְתִּי׃ ס 54
၅၄မိ​မိ​၏​အ​ပေါ်​သို့​ရေ​များ​ဖုံး​လွှမ်း​လာ​သ​ဖြင့် ကျွန်​တော်​မျိုး​သည်​သေ​ရ​ပေ​တော့​အံ့​ဟု ထင်​မှတ်​မိ​ပါ​၏။
קָרָ֤אתִי שִׁמְךָ֙ יְהוָ֔ה מִבּ֖וֹר תַּחְתִּיּֽוֹת׃ 55
၅၅``အို ထာ​ဝ​ရ​ဘု​ရား​တွင်း​ထဲ​မှ​နေ​၍ ကျွန်​တော်​မျိုး​သည် ကိုယ်​တော်​ရှင်​အား​ဟစ်​ခေါ်​ပါ​၏။
קוֹלִ֖י שָׁמָ֑עְתָּ אַל־תַּעְלֵ֧ם אָזְנְךָ֛ לְרַוְחָתִ֖י לְשַׁוְעָתִֽי׃ 56
၅၆ဤ​သို့​ဟစ်​ခေါ်​သံ​ကို​နား​ထောင်​တော်​မူ​ရန် ကျွန်​တော်​မျိုး​ပန်​ကြား​လျှောက်​ထား​သော​အ​ခါ ကိုယ်​တော်​ရှင်​ကြား​တော်​မူ​သည်​ဖြစ်​၍
קָרַ֙בְתָּ֙ בְּי֣וֹם אֶקְרָאֶ֔ךָּ אָמַ֖רְתָּ אַל־תִּירָֽא׃ ס 57
၅၇ကျွန်​တော်​မျိုး​အား`မ​ကြောက်​နှင့်' ဟု​ပြန်​လည် ဖြေ​ကြား​တော်​မူ​ပါ​၏။
רַ֧בְתָּ אֲדֹנָ֛י רִיבֵ֥י נַפְשִׁ֖י גָּאַ֥לְתָּ חַיָּֽי׃ 58
၅၈အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​အား​ကူ​မ​ရန်​ကြွ​လာ​တော်​မူ​၍ ကယ်​တင်​တော်​မူ​ပါ​၏။
רָאִ֤יתָה יְהוָה֙ עַוָּ֣תָתִ֔י שָׁפְטָ֖ה מִשְׁפָּטִֽי׃ 59
၅၉ကျွန်​တော်​မျိုး​ခံ​ရ​သည့်​မ​တ​ရား​မှု​များ​ကို ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏။ စီ​ရင်​ပေး​တော်​မူ​ပါ။
רָאִ֙יתָה֙ כָּל־נִקְמָתָ֔ם כָּל־מַחְשְׁבֹתָ֖ם לִֽי׃ ס 60
၆၀ရန်​သူ​များ​သည်​ကျွန်​တော်​မျိုး​အား​အ​ဘယ်​မျှ မုန်း​ကြ​သည်​ကို​လည်း​ကောင်း၊ ကျွန်​တော်​မျိုး​အား​ဆန့်​ကျင်​၍​အ​ဘယ်​သို့ လျှို့​ဝှက်​ကြံ​စည်​ကြ​သည်​ကို​လည်း​ကောင်း ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏။
שָׁמַ֤עְתָּ חֶרְפָּתָם֙ יְהוָ֔ה כָּל־מַחְשְׁבֹתָ֖ם עָלָֽי׃ 61
၆၁``ကိုယ်​တော်​ရှင်​သည်​ထို​သူ​တို့​ကျွန်​တော်​မျိုး အား စော်​ကား​ကြ​သည်​ကို​ကြား​တော်​မူ​၍ သူ​တို့​၏​လျှို့​ဝှက်​သော​အ​ကြံ​အ​စည် မှန်​သ​မျှ​ကို​လည်း​သိ​တော်​မူ​ပါ​၏။
שִׂפְתֵ֤י קָמַי֙ וְהֶגְיוֹנָ֔ם עָלַ֖י כָּל־הַיּֽוֹם׃ 62
၆၂သူ​တို့​သည်​တစ်​နေ​ကုန်​တစ်​နေ​ခန်း ကျွန်​တော်​မျိုး အ​ကြောင်း​ကို​ပြော​ဆို​လျက် မိ​မိ​တို့​အ​ကြံ​အ​စည်​များ​ကို​ပြု​လုပ်​ကြ​ပါ​၏။
שִׁבְתָּ֤ם וְקִֽימָתָם֙ הַבִּ֔יטָה אֲנִ֖י מַנְגִּינָתָֽם׃ ס 63
၆၃မိုး​လင်း​မှ​မိုး​ချုပ်​တိုင်​အောင်​ကျွန်​တော်​မျိုး​ကို ပြက်​ရယ်​ပြု​ကြ​ပါ​၏။
תָּשִׁ֨יב לָהֶ֥ם גְּמ֛וּל יְהוָ֖ה כְּמַעֲשֵׂ֥ה יְדֵיהֶֽם׃ 64
၆၄``အို ထာ​ဝ​ရ​ဘု​ရား​သူ​တို့​အား​မိ​မိ​တို့ ပြု​ကျင့်​ခဲ့​သည့်​အ​မှု​များ​အ​တွက်​ဒဏ် ခတ်​တော်​မူ​ပါ။
תִּתֵּ֤ן לָהֶם֙ מְגִנַּת־לֵ֔ב תַּאֲלָֽתְךָ֖ לָהֶֽם׃ 65
၆၅သူ​တို့​အား​ကျိန်​ဆဲ​တော်​မူ​၍​စိတ်​ဋ္ဌာတ် ကျ​ဆင်း​စေ​တော်​မူ​ပါ။
תִּרְדֹּ֤ף בְּאַף֙ וְתַשְׁמִידֵ֔ם מִתַּ֖חַת שְׁמֵ֥י יְהוָֽה׃ פ 66
၆၆သူ​တို့​ကို​လိုက်​လံ​ဖမ်း​ဆီး​တော်​မူ​၍ က​မ္ဘာ​မြေ​ပေါ်​မှ အ​ကုန်​အ​စင်​သုတ်​သင်​ပယ်​ရှင်း​တော်​မူ​ပါ။''

< אֵיכָה 3 >