< יִרְמְיָהוּ 5 >
שׁוֹטְט֞וּ בְּחוּצ֣וֹת יְרוּשָׁלִַ֗ם וּרְאוּ־נָ֤א וּדְעוּ֙ וּבַקְשׁ֣וּ בִרְחוֹבוֹתֶ֔יהָ אִם־תִּמְצְא֣וּ אִ֔ישׁ אִם־יֵ֛שׁ עֹשֶׂ֥ה מִשְׁפָּ֖ט מְבַקֵּ֣שׁ אֱמוּנָ֑ה וְאֶסְלַ֖ח לָֽהּ׃ | 1 |
၁ယေရုရှလင်မြို့သားတို့၊သင်တို့၏လမ်းများတစ်လျှောက်သွားရောက်၍လှည့်လည်ရှာဖွေကြလော့။ ဆင်ခြင်သုံးသပ်ကြလော့။ သုစရိုက်ကိုပြုကျင့်သူ၊သစ္စာစောင့်ရန်ကြိုးစားသူကိုတွေ့ရှိနိုင်ရန်စျေးရပ်ကွက်များတွင်ရှာဖွေကြလော့။ အကယ်၍ထိုသူကိုသင်တို့ရှာဖွေတွေ့ရှိနိုင်ပါက ထာဝရဘုရားသည်ယေရုရှလင်မြို့ကိုအပြစ်လွှတ်တော်မူလိမ့်မည်။
וְאִ֥ם חַי־יְהֹוָ֖ה יֹאמֵ֑רוּ לָכֵ֥ן לַשֶּׁ֖קֶר יִשָּׁבֵֽעוּ׃ | 2 |
၂သင်တို့သည်ထာဝရဘုရားအသက်ရှင်တော်မူသည့်အတိုင်းဟုဆိုကြသော်လည်း သင်တို့သည်မဟုတ်မမှန်ကျိန်ဆိုကြ၏။
יְהֹוָ֗ה עֵינֶיךָ֮ הֲל֣וֹא לֶאֱמוּנָה֒ הִכִּ֤יתָה אֹתָם֙ וְֽלֹא־חָ֔לוּ כִּלִּיתָ֕ם מֵאֲנ֖וּ קַ֣חַת מוּסָ֑ר חִזְּק֤וּ פְנֵיהֶם֙ מִסֶּ֔לַע מֵאֲנ֖וּ לָשֽׁוּב׃ | 3 |
၃ထာဝရဘုရားသည်သစ္စာရှိမှုကိုအမှန်ပင်လိုလားတော်မူ၏။ ကိုယ်တော်သည်သင်တို့အားဒဏ်ခတ်တော်မူသော်လည်းသင်တို့သည်ဂရုမစိုက်ကြ။ ဖျက်ဆီးချေမှုန်းတော်မူသော်လည်းပဲ့ပြင်ဆုံးမမှုကိုသင်တို့မခံမယူလိုကြ။ သင်တို့သည်ကျောက်ခဲထက်ခေါင်းမာလျက်နောင်တမရဘဲနေကြ၏။
וַאֲנִ֣י אָמַ֔רְתִּי אַךְ־דַּלִּ֖ים הֵ֑ם נוֹאֲל֕וּ כִּ֣י לֹ֤א יָדְעוּ֙ דֶּ֣רֶךְ יְהוָ֔ה מִשְׁפַּ֖ט אֱלֹהֵיהֶֽם׃ | 4 |
၄ထိုနောက်ငါကဤသူတို့ကားဆင်းရဲသူများဖြစ်၏။ မသိနားမလည်သူတို့သည်ထာဝရဘုရား၏အလိုတော်ကိုလည်းကောင်း၊ ဘုရားသခင်ပြဋ္ဌာန်းတော်မူသည့်စည်းမျဉ်းဥပဒေသတော်တို့ကိုသော်လည်းကောင်း မသိကြသဖြင့်မိုက်မဲစွာပြုကျင့်ကြလေပြီ။
אֵֽלֲכָה־לִּ֤י אֶל־הַגְּדֹלִים֙ וַאֲדַבְּרָ֣ה אוֹתָ֔ם כִּ֣י הֵ֗מָּה יָדְעוּ֙ דֶּ֣רֶךְ יְהוָ֔ה מִשְׁפַּ֖ט אֱלֹהֵיהֶ֑ם אַ֣ךְ הֵ֤מָּה יַחְדָּו֙ שָׁ֣בְרוּ עֹ֔ל נִתְּק֖וּ מוֹסֵרֽוֹת׃ | 5 |
၅ငါသည်တန်ခိုးအာဏာရှိသူတို့ထံသွား၍သူတို့အားပြောဆိုမည်။ သူတို့သည်အမှန်ပင်ထာဝရဘုရား၏အလိုတော်ကိုသိရှိကြရာ၏။ ဘုရားသခင်ပြဋ္ဌာန်းတော်မူသည့် စည်းမျဉ်းဥပဒေသတော်တို့ကိုသိရှိကြရာ၏'' ဟုတွေးတောမိ၏။ သို့ရာတွင်သူတို့အားလုံးပင်ထာဝရဘုရား၏ထမ်းပိုးကိုချိုးလျက် နှောင်ကြိုးများကိုလည်းဖြတ်ကြလေပြီ။
עַל־כֵּן֩ הִכָּ֨ם אַרְיֵ֜ה מִיַּ֗עַר זְאֵ֤ב עֲרָבוֹת֙ יְשָׁדְדֵ֔ם נָמֵ֤ר שֹׁקֵד֙ עַל־עָ֣רֵיהֶ֔ם כָּל־הַיּוֹצֵ֥א מֵהֵ֖נָּה יִטָּרֵ֑ף כִּ֤י רַבּוּ֙ פִּשְׁעֵיהֶ֔ם עָצְמ֖וּ משבותיהם׃ | 6 |
၆ဤအကြောင်းကြောင့်တောမှခြင်္သေ့တို့သည်သူတို့ကိုကိုက်သတ်ကြလိမ့်မည်။ သဲကန္တာရမှဝံပုလွေတို့သည်သူတို့အားအပိုင်းပိုင်းကိုက်ဖြတ်ကြလိမ့်မည်။ ကျားသစ်တို့သည်လည်းသူတို့၏မြို့များအနီးတွင် စောင့်ကာမြို့ပြင်သို့ထွက်လာသူမှန်သမျှကိုအပိုင်းပိုင်းကိုက်ဖြတ်ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ထိုသူတို့သည်အပြစ်များသူများဖြစ်သည့်ပြင် ဘုရားသခင်ကို၊အကြိမ်ကြိမ်အဖန်ဖန်ကျောခိုင်းခဲ့ကြသောကြောင့်ဖြစ်၏။
אֵ֤י לָזֹאת֙ אסלוח־לָ֔ךְ בָּנַ֣יִךְ עֲזָב֔וּנִי וַיִּשָּׁבְע֖וּ בְּלֹ֣א אֱלֹהִ֑ים וָאַשְׂבִּ֤עַ אוֹתָם֙ וַיִּנְאָ֔פוּ וּבֵ֥ית זוֹנָ֖ה יִתְגֹּדָֽדוּ׃ | 7 |
၇``ငါသည်မိမိလူမျိုးတော်၏အပြစ်များကိုအဘယ်ကြောင့်ဖြေလွှတ်ရမည်နည်း။ သူတို့၏သားသမီးများသည်ငါ့ကိုစွန့်ပစ်ကာ ဘုရားအတုအယောင်များကိုတိုင်တည်လျက်ကျိန်ဆိုကြလေပြီ။ ငါသည်မိမိလူမျိုးတော်အားဝစွာကျွေးသော်လည်း သူတို့သည်သူတစ်ပါးအိမ်ရာကိုပြစ်မှားကာပြည့်တန်ဆာများနှင့်မှားယွင်းကြ၏။
סוּסִ֥ים מְיֻזָּנִ֖ים מַשְׁכִּ֣ים הָי֑וּ אִ֛ישׁ אֶל־אֵ֥שֶׁת רֵעֵ֖הוּ יִצְהָֽלוּ׃ | 8 |
၈သူတို့သည်အစာဝ၍ရာဂထန်သည့် မြင်းဆိုးများကဲ့သို့ဟီလျက်အိမ်နီးချင်းတို့၏ဇနီးများကိုတပ်မက်ကြ၏။
הַֽעַל־אֵ֥לֶּה לוֹא־אֶפְקֹ֖ד נְאֻם־יְהֹוָ֑ה וְאִם֙ בְּג֣וֹי אֲשֶׁר־כָּזֶ֔ה לֹ֥א תִתְנַקֵּ֖ם נַפְשִֽׁי׃ ס | 9 |
၉ဤအမှုအရာများအတွက်ငါသည်သူတို့အားအပြစ်ဒဏ်မခတ်ဘဲနေသင့်သလော။ ဤသို့သောပြည်သူတို့ကိုလက်စားမချေဘဲနေသင့်သလော။''
עֲל֤וּ בְשָׁרוֹתֶ֙יהָ֙ וְשַׁחֵ֔תוּ וְכָלָ֖ה אַֽל־תַּעֲשׂ֑וּ הָסִ֙ירוּ֙ נְטִ֣ישׁוֹתֶ֔יהָ כִּ֛י ל֥וֹא לַיהוָ֖ה הֵֽמָּה׃ | 10 |
၁၀ငါသည်သူတို့၏စပျစ်ဥယျာဉ်များကိုရန်သူတို့အားခုတ်ပစ်စေမည်။ သို့ရာတွင်စပျစ်ပင်တို့ကိုအကုန်အစင်ဖျက်ဆီးပစ်စေလိမ့်မည်မဟုတ်။ စပျစ်ကိုင်းများသည်ငါမပိုင်မဆိုင်သဖြင့်ယင်းတို့ကိုခုတ်ထွင်ပစ်ရန်ရန်သူတို့အားငါစေခိုင်းမည်။
כִּי֩ בָג֨וֹד בָּגְד֜וּ בִּ֗י בֵּ֧ית יִשְׂרָאֵ֛ל וּבֵ֥ית יְהוּדָ֖ה נְאֻם־יְהוָֽה׃ | 11 |
၁၁ဣသရေလနှင့်ယုဒပြည်သားတို့သည်ငါ့အားလုံးဝသစ္စာဖောက်ကြလေပြီ။ ဤကားငါထာဝရဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
כִּֽחֲשׁוּ֙ בַּיהוָ֔ה וַיֹּאמְר֖וּ לֹא־ה֑וּא וְלֹא־תָב֤וֹא עָלֵ֙ינוּ֙ רָעָ֔ה וְחֶ֥רֶב וְרָעָ֖ב ל֥וֹא נִרְאֶֽה׃ | 12 |
၁၂ထာဝရဘုရား၏လူမျိုးတော်သည် ကိုယ်တော်အကြောင်းကိုမဟုတ်မမှန်ပြောဆိုကြလေပြီ။ သူတို့က``ကိုယ်တော်သည်အဘယ်သို့မျှအရေးယူတော်မူလိမ့်မည်မဟုတ်။ ငါတို့သည်လည်းဆင်းရဲဒုက္ခခံရကြလိမ့်မည်မဟုတ်။ စစ်မက်အန္တရာယ်ကိုသော်လည်းကောင်း၊ ငတ်မွတ်ခြင်းဘေးကိုသော်လည်းကောင်းကြုံတွေ့ရလိမ့်မည်မဟုတ်'' ဟုဆိုကြ၏။-
וְהַנְּבִיאִים֙ יִֽהְי֣וּ לְר֔וּחַ וְהַדִּבֵּ֖ר אֵ֣ין בָּהֶ֑ם כֹּ֥ה יֵעָשֶׂ֖ה לָהֶֽם׃ ס | 13 |
၁၃သူတို့က``ပရောဖက်တို့သည်လေသက်သက်သာလျှင်ဖြစ်၍ သူတို့မှာဟောကြားစရာထာဝရဘုရား၏ဗျာဒိတ်တော်တစ်စုံတစ်ရာမျှမရှိ သူတို့ဟောသည့်အတိုင်းသူတို့၌ဖြစ်ပါစေ'' ဟုဆိုကြ၏။-
לָכֵ֗ן כֹּֽה־אָמַ֤ר יְהוָה֙ אֱלֹהֵ֣י צְבָא֔וֹת יַ֚עַן דַּבֶּרְכֶ֔ם אֶת־הַדָּבָ֖ר הַזֶּ֑ה הִנְנִ֣י נֹתֵן֩ דְּבָרַ֨י בְּפִ֜יךָ לְאֵ֗שׁ וְהָעָ֥ם הַזֶּ֛ה עֵצִ֖ים וַאֲכָלָֽתַם׃ | 14 |
၁၄အနန္တတန်ခိုးရှင်ဘုရားသခင်ထာဝရဘုရားက``အို ယေရမိ၊ ထိုသူတို့သည်ဤသို့ပြောဆိုသဖြင့် ငါ့စကားသည်သင်၏နှုတ်တွင်မီးသဖွယ်ဖြစ်၍ သူတို့သည်လည်းထင်းကဲ့သို့ဖြစ်ရလိမ့်မည်။ မီးသည်သူတို့ကိုကျွမ်းလောင်၍သွားလိမ့်မည်'' ဟု မိန့်တော်မူ၏။
הִנְנִ֣י מֵבִיא֩ עֲלֵיכֶ֨ם גּ֧וֹי מִמֶּרְחָ֛ק בֵּ֥ית יִשְׂרָאֵ֖ל נְאֻם־יְהֹוָ֑ה גּ֣וֹי ׀ אֵיתָ֣ן ה֗וּא גּ֤וֹי מֵעוֹלָם֙ ה֔וּא גּ֚וֹי לֹא־תֵדַ֣ע לְשֹׁנ֔וֹ וְלֹ֥א תִשְׁמַ֖ע מַה־יְדַבֵּֽר׃ | 15 |
၁၅ဣသရေလပြည်သားတို့၊ ထာဝရဘုရားက``ငါသည်သင်တို့အားတိုက်ခိုက်စေရန် ဝေးလံရပ်ခြားမှလူမျိုးစုတစ်စုကိုခေါ်ဆောင်ခဲ့လိမ့်မည်။ သူတို့သည်အင်အားကြီး၍အလွန်ရှေးကျသောလူမျိုး၊ သင်တို့မသိနားမလည်သောဘာသာစကားကိုပြောဆိုသောလူမျိုးဖြစ်၏။-
אַשְׁפָּת֖וֹ כְּקֶ֣בֶר פָּת֑וּחַ כֻּלָּ֖ם גִּבּוֹרִֽים׃ | 16 |
၁၆သူတို့၏လေးသမားတို့သည်ခွန်အားကြီး၍ ပွင့်နေသောသင်္ချိုင်းကဲ့သို့မညှာမတာသတ်တတ်ကြ၏။-
וְאָכַ֨ל קְצִֽירְךָ֜ וְלַחְמֶ֗ךָ יֹאכְלוּ֙ בָּנֶ֣יךָ וּבְנוֹתֶ֔יךָ יֹאכַ֤ל צֹאנְךָ֙ וּבְקָרֶ֔ךָ יֹאכַ֥ל גַּפְנְךָ֖ וּתְאֵנָתֶ֑ךָ יְרֹשֵׁ֞שׁ עָרֵ֣י מִבְצָרֶ֗יךָ אֲשֶׁ֥ר אַתָּ֛ה בּוֹטֵ֥חַ בָּהֵ֖נָּה בֶּחָֽרֶב׃ | 17 |
၁၇သူတို့သည်သင်တို့၏အသီးအနှံများနှင့်အစာရေစာများကိုစားသောက်ကာ သင်တို့သားသမီးများကိုသတ်ကြလိမ့်မည်။ သူတို့သည်သင်တို့သိုးအုပ်၊ နွားအုပ်များကိုစားကြလိမ့်မည်။ သင်တို့စပျစ်ပင်နှင့်သင်္ဘောသဖန်းပင်တို့ကိုလည်းစားကြလိမ့်မည်။ သူတို့၏တပ်မတော်သည်သင်တို့အားကိုးအားထားပြုသည့်ခံတပ်မြို့များကိုဖြိုဖျက်ပစ်ကြလိမ့်မည်။''
וְגַ֛ם בַּיָּמִ֥ים הָהֵ֖מָּה נְאֻם־יְהֹוָ֑ה לֹֽא־אֶעֱשֶׂ֥ה אִתְּכֶ֖ם כָּלָֽה׃ | 18 |
၁၈ထာဝရဘုရားက``ထိုနေ့ရက်ကာလများ၌ပင်လျှင်ငါ၏လူမျိုးတော်အား လုံးဝသုတ်သင်ဖျက်ဆီးလိမ့်မည်မဟုတ်။-
וְהָיָה֙ כִּ֣י תֹאמְר֔וּ תַּ֣חַת מֶ֗ה עָשָׂ֨ה יְהֹוָ֧ה אֱלֹהֵ֛ינוּ לָ֖נוּ אֶת־כָּל־אֵ֑לֶּה וְאָמַרְתָּ֣ אֲלֵיהֶ֗ם כַּאֲשֶׁ֨ר עֲזַבְתֶּ֤ם אוֹתִי֙ וַתַּעַבְד֞וּ אֱלֹהֵ֤י נֵכָר֙ בְּאַרְצְכֶ֔ם כֵּ֚ן תַּעַבְד֣וּ זָרִ֔ים בְּאֶ֖רֶץ לֹ֥א לָכֶֽם׃ ס | 19 |
၁၉ယေရမိ၊ ထိုသူတို့သည်သင့်အား`အဘယ်ကြောင့်ထာဝရဘုရားသည်ဤအမှုတို့ကိုပြုတော်မူပါသနည်း' ဟုမေးကြလိမ့်မည်။ ထိုအခါသူတို့အား`သင်တို့သည်ထာဝရဘုရားအားစွန့်ပစ်ကာ မိမိတို့ပြည်၌ပင်လူမျိုးခြားဘုရားများ၏အစေကိုခံခဲ့ကြ၏။ သို့ဖြစ်၍တိုင်းတစ်ပါးတွင်လူမျိုးခြားတို့၏အစေကိုသင်တို့ခံရကြလိမ့်မည်' ဟုပြန်လည်ဖြေကြားလော့'' ဟုမိန့်တော်မူ၏။
הַגִּ֥ידוּ זֹ֖את בְּבֵ֣ית יַעֲקֹ֑ב וְהַשְׁמִיע֥וּהָ בִיהוּדָ֖ה לֵאמֹֽר׃ | 20 |
၂၀ထာဝရဘုရားက``ယာကုပ်၏သားမြေး ယုဒပြည်သူတို့အားပြောကြားလော့။-
שִׁמְעוּ־נָ֣א זֹ֔את עַ֥ם סָכָ֖ל וְאֵ֣ין לֵ֑ב עֵינַ֤יִם לָהֶם֙ וְלֹ֣א יִרְא֔וּ אָזְנַ֥יִם לָהֶ֖ם וְלֹ֥א יִשְׁמָֽעוּ׃ | 21 |
၂၁မျက်စိရှိလျက်နှင့်မမြင်နိုင်၊ နားရှိလျက်နှင့်မကြားနိုင်သူ၊ အချင်းမိုက်မဲထုံထိုင်းသောလူတို့၊ နားထောင်ကြလော့။-
הַאוֹתִ֨י לֹא־תִירָ֜אוּ נְאֻם־יְהֹוָ֗ה אִ֤ם מִפָּנַי֙ לֹ֣א תָחִ֔ילוּ אֲשֶׁר־שַׂ֤מְתִּי חוֹל֙ גְּב֣וּל לַיָּ֔ם חָק־עוֹלָ֖ם וְלֹ֣א יַעַבְרֶ֑נְהוּ וַיִּֽתְגָּעֲשׁוּ֙ וְלֹ֣א יוּכָ֔לוּ וְהָמ֥וּ גַלָּ֖יו וְלֹ֥א יַעַבְרֻֽנְהוּ׃ | 22 |
၂၂ငါသည်ထာဝရဘုရားဖြစ်၏။ သင်တို့သည်အဘယ်ကြောင့်ငါ့ကိုမကြောက်ကြသနည်း။ ငါ၏ရှေ့တော်၌အဘယ်ကြောင့်မတုန်မလှုပ်ကြသနည်း။ ငါသည်ပင်လယ်အတွက်နယ်နိမိတ်၊ ပင်လယ်ရေမကျော်မဖြတ်နိုင်သည့်အမြဲတမ်းနယ်နိမိတ်ကိုသဲများဖြင့်သတ်မှတ်ထား၏။ ပင်လယ်သည်လှိုင်းတံပိုးထနိုင်သော်လည်း ထိုနယ်နိမိတ်ကိုမဖြတ်မကျော်နိုင်။ လှိုင်းတံပိုးတို့သည်ထ၍မြည်ဟည်းသော်လည်း ထိုနယ်စပ်ကိုမကျော်မလွန်နိုင်။-
וְלָעָ֤ם הַזֶּה֙ הָיָ֔ה לֵ֖ב סוֹרֵ֣ר וּמוֹרֶ֑ה סָ֖רוּ וַיֵּלֵֽכוּ׃ | 23 |
၂၃သို့ရာတွင်အချင်းလူတို့၊ သင်တို့သည်ခေါင်းမာပုန်ကန်ကာလမ်းလွဲ၍ငါ၏ထံမှထွက်ခွာသွားကြလေပြီ။-
וְלֹֽא־אָמְר֣וּ בִלְבָבָ֗ם נִ֤ירָא נָא֙ אֶת־יְהוָ֣ה אֱלֹהֵ֔ינוּ הַנֹּתֵ֗ן גֶּ֛שֶׁם וירה וּמַלְק֖וֹשׁ בְּעִתּ֑וֹ שְׁבֻע֛וֹת חֻקּ֥וֹת קָצִ֖יר יִשְׁמָר־לָֽנוּ׃ | 24 |
၂၄ရာသီအလိုက်၊ မိုးဦးမိုးနှောင်းကိုရွာသွန်းစေလျက်၊ နှစ်စဉ်အသီးအနှံရိတ်သိမ်းရာကာလကိုစီမံတော်မူသောငါ့အား သင်တို့မကြောက်ရွံ့မရိုသေကြ။-
עֲוֺנוֹתֵיכֶ֖ם הִטּוּ־אֵ֑לֶּה וְחַטֹּ֣אותֵיכֶ֔ם מָנְע֥וּ הַטּ֖וֹב מִכֶּֽם׃ | 25 |
၂၅သင်တို့၏အမှားများနှင့်အပြစ်ဒုစရိုက်က ကောင်းချီးမင်္ဂလာများကိုတားဆီးလျက်သင်တို့ထံမှလွှဲရှောင်သွားစေလေပြီ။
כִּי־נִמְצְא֥וּ בְעַמִּ֖י רְשָׁעִ֑ים יָשׁוּר֙ כְּשַׁ֣ךְ יְקוּשִׁ֔ים הִצִּ֥יבוּ מַשְׁחִ֖ית אֲנָשִׁ֥ים יִלְכֹּֽדוּ׃ | 26 |
၂၆``ငါ၏လူမျိုးတော်အထဲ၌ ဆိုးညစ်သူများရှိ၏။ သူတို့သည်ထောင်ချောက်ဖြင့်ငှက်ဖမ်းသူများကဲ့သို့လူကိုဖမ်းရန်ချောင်းမြောင်းကြ၏။-
כִּכְלוּב֙ מָ֣לֵא ע֔וֹף כֵּ֥ן בָּתֵּיהֶ֖ם מְלֵאִ֣ים מִרְמָ֑ה עַל־כֵּ֥ן גָּדְל֖וּ וַֽיַּעֲשִֽׁירוּ׃ | 27 |
၂၇မုဆိုးသည်မိမိ၏လှောင်အိမ်ကိုငှက်များဖြင့်ပြည့်စေသကဲ့သို့ ထိုသူတို့သည်မိမိတို့နေအိမ်များကိုတိုက်ရာပါပစ္စည်းများဖြင့်ပြည့်စေကြလေပြီ။ ထို့ကြောင့်သူတို့သည်တန်ခိုးကြီးမား၍ချမ်းသာကြွယ်ဝကြ၏။-
שָׁמְנ֣וּ עָשְׁת֗וּ גַּ֚ם עָֽבְר֣וּ דִבְרֵי־רָ֔ע דִּ֣ין לֹא־דָ֔נוּ דִּ֥ין יָת֖וֹם וְיַצְלִ֑יחוּ וּמִשְׁפַּ֥ט אֶבְיוֹנִ֖ים לֹ֥א שָׁפָֽטוּ׃ | 28 |
၂၈ဝဝလင်လင်စားသောက်ရ၍ဆူဖြိုးလျက်နေကြ၏။ သူတို့သည်မကောင်းမှုများကိုအတောမသတ်ပြုကျင့်ကြ၏။ မိဘမဲ့သူတို့အားရပိုင်ခွင့်များကိုမပေးကြ။ ညှင်းပန်းနှိပ်စက်ခြင်းခံရသူတို့အားလည်းတရားမျှတမှုကိုမပြုကြ။
הַֽעַל־אֵ֥לֶּה לֹֽא־אֶפְקֹ֖ד נְאֻם־יְהֹוָ֑ה אִ֚ם בְּג֣וֹי אֲשֶׁר־כָּזֶ֔ה לֹ֥א תִתְנַקֵּ֖ם נַפְשִֽׁי׃ ס | 29 |
၂၉``သို့ရာတွင်ဤအမှုအရာများအတွက် သူတို့အားငါထာဝရဘုရားဒဏ်ပေးမည်။ ဤလူမျိုးအားငါလက်စားချေမည်။-
שַׁמָּה֙ וְשַׁ֣עֲרוּרָ֔ה נִהְיְתָ֖ה בָּאָֽרֶץ׃ | 30 |
၃၀ဤပြည်တွင်အံ့သြရွံရှာဖွယ်ကောင်းသည့်အမှုပေါ်ပေါက်လာသည်မှာ၊-
הַנְּבִיאִ֞ים נִבְּא֣וּ־בַשֶּׁ֗קֶר וְהַכֹּהֲנִים֙ יִרְדּ֣וּ עַל־יְדֵיהֶ֔ם וְעַמִּ֖י אָ֣הֲבוּ כֵ֑ן וּמַֽה־תַּעֲשׂ֖וּ לְאַחֲרִיתָֽהּ׃ | 31 |
၃၁ပရောဖက်တို့သည်မှန်သောစကားကိုမပြောကြ။ ယဇ်ပုရောဟိတ်တို့သည်ပရောဖက်အမိန့်ပေးသည်အတိုင်းအုပ်စိုးကြ၏။ ငါ၏လူမျိုးတော်ကလည်းဤသို့ပြုကျင့်မှုတို့ကိုမကန့်ကွက်ကြ။ သို့ရာတွင်သူတို့သည်နောက်ဆုံးတစ်နေ့၌အဘယ်သို့ပြုကြမည်နည်း။