< יְשַׁעְיָהוּ 7 >
וַיְהִ֡י בִּימֵ֣י אָ֠חָז בֶּן־יוֹתָ֨ם בֶּן־עֻזִּיָּ֜הוּ מֶ֣לֶךְ יְהוּדָ֗ה עָלָ֣ה רְצִ֣ין מֶֽלֶךְ־אֲ֠רָם וּפֶ֨קַח בֶּן־רְמַלְיָ֤הוּ מֶֽלֶךְ־יִשְׂרָאֵל֙ יְר֣וּשָׁלִַ֔ם לַמִּלְחָמָ֖ה עָלֶ֑יהָ וְלֹ֥א יָכֹ֖ל לְהִלָּחֵ֥ם עָלֶֽיהָ׃ | 1 |
၁ယုဒပြည်တွင် သြဇိ၏မြေး၊ ယောသံ၏သား၊ အာခတ်နန်းစံစဉ်အခါစစ်ဖြစ်လေသည်။ ရှုရိ ဘုရင်ရေဇိန်နှင့်ဣသရေလဘုရင်ရေမလိ ၏သားပေကာတို့သည် ယေရုရှလင်မြို့ကို တိုက်ခိုက်ကြသော်လည်းထိုမြို့ကိုသိမ်းယူ နိုင်စွမ်းမရှိကြ။
וַיֻּגַּ֗ד לְבֵ֤ית דָּוִד֙ לֵאמֹ֔ר נָ֥חָֽה אֲרָ֖ם עַל־אֶפְרָ֑יִם וַיָּ֤נַע לְבָבוֹ֙ וּלְבַ֣ב עַמּ֔וֹ כְּנ֥וֹעַ עֲצֵי־יַ֖עַר מִפְּנֵי־רֽוּחַ׃ | 2 |
၂ရှုရိတပ်များသည် ဣသရေလနယ်မြေအတွင်း သို့ရောက်ရှိနေပြီဖြစ်ကြောင်း ယုဒဘုရင်ကြား သိရသောအခါ သူနှင့်တကွသူ၏ပြည်သူ အပေါင်းသည်လွန်စွာထိတ်လန့်ကြကုန်၏။ လေ တိုက်၍လှုပ်သောသစ်ရွက်များကဲ့သို့ သူတို့ ၏စိတ်နှလုံးသည်တုန်လှုပ်လျက်နေကုန်၏။
וַיֹּ֣אמֶר יְהוָה֮ אֶֽל־יְשַׁעְיָהוּ֒ צֵא־נָא֙ לִקְרַ֣את אָחָ֔ז אַתָּ֕ה וּשְׁאָ֖ר יָשׁ֣וּב בְּנֶ֑ךָ אֶל־קְצֵ֗ה תְּעָלַת֙ הַבְּרֵכָ֣ה הָעֶלְיוֹנָ֔ה אֶל־מְסִלַּ֖ת שְׂדֵ֥ה כוֹבֵֽס׃ | 3 |
၃ထာဝရဘုရားသည်ဟေရှာယအား``သင်၏ သားရှာယာရှုပ်ကိုခေါ်၍အာခတ်နှင့်သွား ရောက်တွေ့ဆုံလော့။ သင်သည်သူ့ကိုအထက် ရေကန်ရေသွယ်မြောင်းအဆုံးအထည်ယက် သမားများအလုပ်လုပ်သည့်နေရာအနီး ရှိလမ်းပေါ်တွင်တွေ့လိမ့်မည်။-
וְאָמַרְתָּ֣ אֵ֠לָיו הִשָּׁמֵ֨ר וְהַשְׁקֵ֜ט אַל־תִּירָ֗א וּלְבָבְךָ֙ אַל־יֵרַ֔ךְ מִשְּׁנֵ֨י זַנְב֧וֹת הָאוּדִ֛ים הָעֲשֵׁנִ֖ים הָאֵ֑לֶּה בָּחֳרִי־אַ֛ף רְצִ֥ין וַאֲרָ֖ם וּבֶן־רְמַלְיָֽהוּ׃ | 4 |
၄သူ့အားသတိရှိမှု၊ တည်ငြိမ်မှုရှိရန်နှင့်ထိတ် လန့်မှုနှင့်စိတ်အနှောက်အယှက်မဖြစ်ရန် ကိုပြောကြားလော့။ ရေဇိန်မင်းနှင့်တကွ ရှုရိပြည်သူတို့၏အမျက်နှင့်ပေကာမင်း ၏အမျက်သည် ထင်းစနှစ်ခုမှအငွေ့တလူ လူထွက်လျက်နေသောမီးခိုးထက်ပို၍ ဥပဒ်မပေးနိုင်။-
יַ֗עַן כִּֽי־יָעַ֥ץ עָלֶ֛יךָ אֲרָ֖ם רָעָ֑ה אֶפְרַ֥יִם וּבֶן־רְמַלְיָ֖הוּ לֵאמֹֽר׃ | 5 |
၅ရှုရိပြည်သည်ဣသရေလပြည်နှင့် ၎င်း ၏ရှင်ဘုရင်တို့နှင့်အတူ လျှို့ဝှက်သော အကြံအစည်တစ်ခုကိုပြု၏။-
נַעֲלֶ֤ה בִֽיהוּדָה֙ וּנְקִיצֶ֔נָּה וְנַבְקִעֶ֖נָּה אֵלֵ֑ינוּ וְנַמְלִ֥יךְ מֶ֙לֶךְ֙ בְּתוֹכָ֔הּ אֵ֖ת בֶּן־טָֽבְאַֽל׃ ס | 6 |
၆သူတို့သည်ယုဒပြည်ကိုချင်းနင်းဝင်ရောက် ကာပြည်သူတို့အား မိမိဘက်သို့ပါအောင် ခြိမ်းခြောက်၍တဗာလ၏သားကိုနန်းတင် ရန်ကြံရွယ်ထားကြ၏။
כֹּ֥ה אָמַ֖ר אֲדֹנָ֣י יְהוִ֑ה לֹ֥א תָק֖וּם וְלֹ֥א תִֽהְיֶֽה׃ | 7 |
၇သို့ရာတွင် အရှင်ထာဝရဘုရားဖွင့်ဟ ကြေညာသည်မှာ``ဤသို့အဘယ်အခါ ၌မျှဖြစ်ရလိမ့်မည်မဟုတ်။-
כִּ֣י רֹ֤אשׁ אֲרָם֙ דַּמֶּ֔שֶׂק וְרֹ֥אשׁ דַּמֶּ֖שֶׂק רְצִ֑ין וּבְע֗וֹד שִׁשִּׁ֤ים וְחָמֵשׁ֙ שָׁנָ֔ה יֵחַ֥ת אֶפְרַ֖יִם מֵעָֽם׃ | 8 |
၈အဘယ်ကြောင့်ဆိုသော်ရှုရိပြည်၏အင်အား သည် ဒမာသက်မြို့ပင်ဖြစ်၍ဒမာသက်မြို့၏ အင်အားမှာလည်း ရေဇိန်မင်းပင်ဖြစ်သော ကြောင့်တည်း။ ဣသရေလပြည်သည်လည်း ခြောက်ဆယ့်ငါးနှစ်အတွင်း ပြိုကွဲလျက် နိုင်ငံတစ်ခုအနေဖြင့်ရပ်တည်နိုင်တော့ မည်မဟုတ်။-
וְרֹ֤אשׁ אֶפְרַ֙יִם֙ שֹׁמְר֔וֹן וְרֹ֥אשׁ שֹׁמְר֖וֹן בֶּן־רְמַלְיָ֑הוּ אִ֚ם לֹ֣א תַאֲמִ֔ינוּ כִּ֖י לֹ֥א תֵאָמֵֽנוּ׃ ס | 9 |
၉ဣသရေလပြည်၏အင်အားသည် ရှမာရိ မြို့ဖြစ်၍ရှမာရိမြို့၏အင်အားမှာလည်း ပေကာမင်းပင်ဖြစ်ပေသည်။'' ``အကယ်၍သင်တို့သည် ခိုင်မြဲစွာဘုရားသခင်အားယုံကြည်ကိုးစားမှုမပြုလျှင် အဘယ်အခါ၌မျှရပ်တည်နိုင်ကြလိမ့် မည်မဟုတ်'' ဟုမိန့်တော်မူ၏။
וַיּ֣וֹסֶף יְהוָ֔ה דַּבֵּ֥ר אֶל־אָחָ֖ז לֵאמֹֽר׃ | 10 |
၁၀ထာဝရဘုရားသည်အာခတ်ထံသို့ မိမိ ၏စေတမန်ကိုလွှတ်တော်မူပြန်၍၊-
שְׁאַל־לְךָ֣ א֔וֹת מֵעִ֖ם יְהוָ֣ה אֱלֹהֶ֑יךָ הַעְמֵ֣ק שְׁאָ֔לָה א֖וֹ הַגְבֵּ֥הַּ לְמָֽעְלָה׃ (Sheol ) | 11 |
၁၁``နိမိတ်လက္ခဏာတစ်ခုကိုပြတော်မူရန် သင်၏ဘုရားသခင်ထာဝရဘုရားအား တောင်းလျှောက်လော့။ ထိုနိမိတ်လက္ခဏာသည် မရဏာနိုင်ငံမှလည်းကောင်း၊ အထက်ကောင်း ကင်ဘုံမှလည်းကောင်းဖြစ်နိုင်ပါသည်'' ဟု ပြောကြားစေတော်မူ၏။ (Sheol )
וַיֹּ֖אמֶר אָחָ֑ז לֹא־אֶשְׁאַ֥ל וְלֹֽא־אֲנַסֶּ֖ה אֶת־יְהוָֽה׃ | 12 |
၁၂အာခတ်က``ငါသည်ထာဝရဘုရားအား အကဲမစမ်းလိုပါ။ သို့ဖြစ်၍နိမိတ် လက္ခဏာကိုတောင်းလျှောက်လိမ့်မည် မဟုတ်'' ဟုဆို၏။
וַיֹּ֕אמֶר שִׁמְעוּ־נָ֖א בֵּ֣ית דָּוִ֑ד הַמְעַ֤ט מִכֶּם֙ הַלְא֣וֹת אֲנָשִׁ֔ים כִּ֥י תַלְא֖וּ גַּ֥ם אֶת־אֱלֹהָֽי׃ | 13 |
၁၃ထိုအခါဟေရှာယက``အို ဒါဝိဒ်၏သားမြေး၊ နားထောင်လော့။ သင်သည်မိမိအားပြည်သူတို့ ငြီးငွေ့အောင်ပြုရုံဖြင့်မကျေနပ်ဘဲ ထာဝရ ဘုရားလည်းငြီးငွေ့လာအောင်ပြုလိုပါ သလော။-
לָ֠כֵן יִתֵּ֨ן אֲדֹנָ֥י ה֛וּא לָכֶ֖ם א֑וֹת הִנֵּ֣ה הָעַלְמָ֗ה הָרָה֙ וְיֹלֶ֣דֶת בֵּ֔ן וְקָרָ֥את שְׁמ֖וֹ עִמָּ֥נוּ אֵֽל׃ | 14 |
၁၄ယခုထာဝရဘုရားကိုယ်တော်တိုင်ပင် သင့် အားနိမိတ်လက္ခဏာတစ်ခုကိုပြတော်မူ လိမ့်မည်။ အမျိုးသမီးပျိုတစ်ယောက်သည် ကိုယ်ဝန်ဆောင်၍သားယောကျာ်းကိုဖွားမြင် လိမ့်မည်။ သူသည်ထိုသားကို`ဧမာနွေလ' ဟုနာမည်ပေးလိမ့်မည်။-
חֶמְאָ֥ה וּדְבַ֖שׁ יֹאכֵ֑ל לְדַעְתּ֛וֹ מָא֥וֹס בָּרָ֖ע וּבָח֥וֹר בַּטּֽוֹב׃ | 15 |
၁၅ထိုသူငယ်သည်အရွယ်ရောက်၍စဉ်းစား ဆုံးဖြတ်တတ်ချိန်ရောက်သည့်အခါ နို့နှင့် ပျားရည်ကိုသာစားသုံးလိမ့်မည်။-
כִּ֠י בְּטֶ֨רֶם יֵדַ֥ע הַנַּ֛עַר מָאֹ֥ס בָּרָ֖ע וּבָחֹ֣ר בַּטּ֑וֹב תֵּעָזֵ֤ב הָאֲדָמָה֙ אֲשֶׁ֣ר אַתָּ֣ה קָ֔ץ מִפְּנֵ֖י שְׁנֵ֥י מְלָכֶֽיהָ׃ | 16 |
၁၆ထိုအချိန်ကာလမကျမီ၌ပင်လျှင် သင် ကြောက်လန့်သည့်ဘုရင်နှစ်ပါး၏တိုင်း ပြည်များသည်လူသူဆိတ်ငြိမ်ရာဖြစ် လျက်နေလိမ့်မည်။
יָבִ֨יא יְהוָ֜ה עָלֶ֗יךָ וְעַֽל־עַמְּךָ֮ וְעַל־בֵּ֣ית אָבִיךָ֒ יָמִים֙ אֲשֶׁ֣ר לֹא־בָ֔אוּ לְמִיּ֥וֹם סוּר־אֶפְרַ֖יִם מֵעַ֣ל יְהוּדָ֑ה אֵ֖ת מֶ֥לֶךְ אַשּֽׁוּר׃ פ | 17 |
၁၇``ဣသရေလနှင့်ယုဒနှစ်ခြမ်းကွဲချိန်မှအစ ပြု၍ မကြုံဘူးသေးသောဘေးဒုက္ခများကို ထာဝရဘုရားသည် သင်နှင့်သင်၏ပြည်သူတို့ အပေါ်သို့လည်းကောင်း၊ မင်းဆွေမင်းမျိုးမှန် သမျှအပေါ်သို့လည်းကောင်းသက်ရောက်စေ တော်မူလိမ့်မည်။ ကိုယ်တော်သည်အာရှုရိ ဘုရင်ကိုခေါ်ဆောင်လာတော်မူပေအံ့။
וְהָיָ֣ה ׀ בַּיּ֣וֹם הַה֗וּא יִשְׁרֹ֤ק יְהוָה֙ לַזְּב֔וּב אֲשֶׁ֥ר בִּקְצֵ֖ה יְאֹרֵ֣י מִצְרָ֑יִם וְלַ֨דְּבוֹרָ֔ה אֲשֶׁ֖ר בְּאֶ֥רֶץ אַשּֽׁוּר׃ | 18 |
၁၈``ထိုအချိန်ကျရောက်လာသောအခါထာဝရ ဘုရားသည် အီဂျစ်အမျိုးသားတို့အားယင် ကောင်များသဖွယ်နိုင်းမြစ်လက်တက်များ၏ အစွန်အဖျားမှလည်းကောင်း၊ အာရှုရိအမျိုး သားတို့အားပျားများသဖွယ်မိမိတို့ပြည် မှလည်းကောင်းလာရောက်ကြရန်လေချွန်သံ ဖြင့်အချက်ပေးတော်မူလိမ့်မည်။-
וּבָ֨אוּ וְנָח֤וּ כֻלָּם֙ בְּנַחֲלֵ֣י הַבַּתּ֔וֹת וּבִנְקִיקֵ֖י הַסְּלָעִ֑ים וּבְכֹל֙ הַנַּ֣עֲצוּצִ֔ים וּבְכֹ֖ל הַנַּהֲלֹלִֽים׃ | 19 |
၁၉သူတို့သည်လည်းကျောက်ထူထပ်သည့်ချိုင့် ဝှမ်းများ၊ ကျောက်ဂူများ၊ ဆူးခြုံရှိသမျှ နှင့်စားကျက်ရှိသမျှတို့ကိုကြိတ်ကြိတ် တိုးလာရောက်ကြလိမ့်မည်။
בַּיּ֣וֹם הַה֡וּא יְגַלַּ֣ח אֲדֹנָי֩ בְּתַ֨עַר הַשְּׂכִירָ֜ה בְּעֶבְרֵ֤י נָהָר֙ בְּמֶ֣לֶךְ אַשּׁ֔וּר אֶת־הָרֹ֖אשׁ וְשַׂ֣עַר הָרַגְלָ֑יִם וְגַ֥ם אֶת־הַזָּקָ֖ן תִּסְפֶּֽה׃ ס | 20 |
၂၀``ထိုအချိန်ကျရောက်လာသောအခါ၊ ထာဝရ ဘုရားသည်ဥဖရတ်မြစ်တစ်ဖက်ကမ်းမှ အာရှုရိဘုရင်တည်းဟူသောဆံပင်ညှပ် သမားကိုငှား၍သင်တို့၏မုတ်ဆိတ်များ ကိုလည်းကောင်း၊ ဆံပင်နှင့်ကိုယ်မွေးများ ကိုလည်းကောင်းရိတ်စေတော်မူလိမ့်မည်။
וְהָיָ֖ה בַּיּ֣וֹם הַה֑וּא יְחַיֶּה־אִ֛ישׁ עֶגְלַ֥ת בָּקָ֖ר וּשְׁתֵּי־צֹֽאן׃ | 21 |
၂၁``ထိုအချိန်ကျရောက်လာသောအခါအကယ် ၍လယ်သမားတစ်ယောက်တွင် နွားသငယ် တစ်ကောင်နှင့်ဆိတ်နှစ်ကောင်သာလျှင်ရှိ သော်လည်း၊-
וְהָיָ֗ה מֵרֹ֛ב עֲשׂ֥וֹת חָלָ֖ב יֹאכַ֣ל חֶמְאָ֑ה כִּֽי־חֶמְאָ֤ה וּדְבַשׁ֙ יֹאכֵ֔ל כָּל־הַנּוֹתָ֖ר בְּקֶ֥רֶב הָאָֽרֶץ׃ | 22 |
၂၂သူသည်မိမိစားသုံးရန်လိုသမျှသောနို့ များကိုရရှိလိမ့်မည်။ ထိုပြည်တွင်မသေဘဲ ကျန်ရစ်သမျှသောလူတို့သည်နို့နှင့်ပျား ရည်ကိုစားသုံးရကြလိမ့်မည်။
וְהָיָה֙ בַּיּ֣וֹם הַה֔וּא יִֽהְיֶ֣ה כָל־מָק֗וֹם אֲשֶׁ֧ר יִֽהְיֶה־שָּׁ֛ם אֶ֥לֶף גֶּ֖פֶן בְּאֶ֣לֶף כָּ֑סֶף לַשָּׁמִ֥יר וְלַשַּׁ֖יִת יִֽהְיֶֽה׃ | 23 |
၂၃ထိုအချိန်ကျရောက်လာသောအခါစပျစ် ပင်တစ်ထောင်ရှိ၍ ငွေခွက်တစ်ထောင်တန်ဖိုး ထိုက်သည့်စပျစ်ဥယျာဉ်တိုင်းပင်လျှင်ဆူး ခြုံအမျိုးမျိုးဖြင့်ဖုံးအုပ်၍နေလိမ့်မည်။-
בַּחִצִּ֥ים וּבַקֶּ֖שֶׁת יָ֣בוֹא שָׁ֑מָּה כִּי־שָׁמִ֥יר וָשַׁ֖יִת תִּֽהְיֶ֥ה כָל־הָאָֽרֶץ׃ | 24 |
၂၄လေးမြားမပါဘဲအဘယ်သူမျှထိုအရပ် သို့သွားရဲကြလိမ့်မည်မဟုတ်။ တိုင်းပြည် တစ်ခုလုံးပင်လျှင်ဆူးခြုံအမျိုးမျိုး ဖြင့်ပြည့်၍နေလိမ့်မည်။-
וְכֹ֣ל הֶהָרִ֗ים אֲשֶׁ֤ר בַּמַּעְדֵּר֙ יֵעָ֣דֵר֔וּן לֹֽא־תָב֣וֹא שָׁ֔מָּה יִרְאַ֖ת שָׁמִ֣יר וָשָׁ֑יִת וְהָיָה֙ לְמִשְׁלַ֣ח שׁ֔וֹר וּלְמִרְמַ֖ס שֶֽׂה׃ פ | 25 |
၂၅အခါတစ်ပါးကသီးနှံပင်များစိုက်ပျိုးခဲ့ သည့်တောင်ကုန်းမှန်သမျှသည် ဆူးခြုံအမျိုး မျိုးနှင့်ပြည့်နှက်နေသဖြင့် ထိုနေရာများသို့ အဘယ်သူမျှသွားကြလိမ့်မည်မဟုတ်။ နွား များသိုးများကျက်စားရာသာလျှင်ဖြစ် လိမ့်မည် '' ဟုဆို၏။