< יְשַׁעְיָהוּ 5 >
אָשִׁ֤ירָה נָּא֙ לִֽידִידִ֔י שִׁירַ֥ת דּוֹדִ֖י לְכַרְמ֑וֹ כֶּ֛רֶם הָיָ֥ה לִֽידִידִ֖י בְּקֶ֥רֶן בֶּן־שָֽׁמֶן׃ | 1 |
၁နားထောင်လော့။ ငါ၏မိတ်ဆွေနှင့်သူ၏စပျစ်ဥယျာဉ်အကြောင်း ဤသီချင်းကိုသင့်အားငါသီဆို၍ပြမည်။ အလွန်မြေသြဇာကောင်းသည့် တောင်ကုန်းတစ်ခုပေါ်တွင်၊ ငါ့မိတ်ဆွေ၏စပျစ်ဥယျာဉ်တစ်ခုရှိ၏။
וַֽיְעַזְּקֵ֣הוּ וַֽיְסַקְּלֵ֗הוּ וַיִּטָּעֵ֙הוּ֙ שֹׂרֵ֔ק וַיִּ֤בֶן מִגְדָּל֙ בְּתוֹכ֔וֹ וְגַם־יֶ֖קֶב חָצֵ֣ב בּ֑וֹ וַיְקַ֛ו לַעֲשׂ֥וֹת עֲנָבִ֖ים וַיַּ֥עַשׂ בְּאֻשִֽׁים׃ | 2 |
၂သူသည်မြေကိုတူးဆွ၍ကျောက်ခဲများကို ဖယ်ရှားပစ်ကာ၊ မျိုးကောင်းမျိုးသန့်စပျစ်ပင်များကိုစိုက်၏။ သူသည်ထိုအပင်တို့စောင့်ကြပ်ကြည့်ရှုရန် လင့်စင်တစ်ခုကိုတည်ဆောက်၏။ စပျစ်သီးနယ်ရန်ကျင်းတစ်ခုကိုလည်း တူး၏။ သူသည်စပျစ်သီးမှည့်ချိန်ကိုစောင့်ဆိုင်းလျက် နေ၏။ သို့ရာတွင်စပျစ်သီးမှန်သမျှသည်ချဉ်၍ နေတော့၏။
וְעַתָּ֛ה יוֹשֵׁ֥ב יְרוּשָׁלִַ֖ם וְאִ֣ישׁ יְהוּדָ֑ה שִׁפְטוּ־נָ֕א בֵּינִ֖י וּבֵ֥ין כַּרְמִֽי׃ | 3 |
၃သို့ဖြစ်၍ငါ၏မိတ်ဆွေက``အချင်းယေရု ရှလင်မြို့သားများနှင့်ယုဒပြည်သူတို့၊ ငါ နှင့်ငါ့စပျစ်ဥယျာဉ်၏အမှုကိုစီရင်ဆုံး ဖြတ်ကြလော့။-
מַה־לַּעֲשׂ֥וֹת עוֹד֙ לְכַרְמִ֔י וְלֹ֥א עָשִׂ֖יתִי בּ֑וֹ מַדּ֧וּעַ קִוֵּ֛יתִי לַעֲשׂ֥וֹת עֲנָבִ֖ים וַיַּ֥עַשׂ בְּאֻשִֽׁים׃ | 4 |
၄ထိုဥယျာဉ်ကိုပြုစုရာတွင်ငါ့မှာအဘယ် လစ်ဟင်းမှုရှိပါသနည်း။ သို့ပါလျက်စပျစ် ပင်များသည် အဘယ်ကြောင့်ငါမျှော်လင့်သည့် အတိုင်းစပျစ်သီးကောင်းများအစားစပျစ် သီးချဉ်များကိုသီးရပါသနည်း။
וְעַתָּה֙ אוֹדִֽיעָה־נָּ֣א אֶתְכֶ֔ם אֵ֛ת אֲשֶׁר־אֲנִ֥י עֹשֶׂ֖ה לְכַרְמִ֑י הָסֵ֤ר מְשׂוּכָּתוֹ֙ וְהָיָ֣ה לְבָעֵ֔ר פָּרֹ֥ץ גְּדֵר֖וֹ וְהָיָ֥ה לְמִרְמָֽס׃ | 5 |
၅``ငါသည်ထိုစပျစ်ဥယျာဉ်ကိုဤသို့ပြုမည်။ ယင်း၏ခြံစည်းရိုးကိုဖယ်ရှားပစ်ပြီးလျှင် အုတ်ရိုးကိုလည်းဖြိုချကာတောတိရစ္ဆာန် များအားစားသောက်နင်းချေစေမည်။-
וַאֲשִׁיתֵ֣הוּ בָתָ֗ה לֹ֤א יִזָּמֵר֙ וְלֹ֣א יֵעָדֵ֔ר וְעָלָ֥ה שָׁמִ֖יר וָשָׁ֑יִת וְעַ֤ל הֶעָבִים֙ אֲצַוֶּ֔ה מֵהַמְטִ֥יר עָלָ֖יו מָטָֽר׃ | 6 |
၆ငါသည်ထိုစပျစ်ဥယျာဉ်ကိုပေါင်းပင်များ နှင့်ပြည့်နှက်နေစေမည်။ စပျစ်ခက်တို့ကိုရှင်း လင်း၍မြေကိုတူးဆွ၍ပေးလိမ့်မည်မဟုတ်။ ဆူးပင်အမျိုးမျိုးကိုပေါက်စေမည်။ ထိုဥယျာဉ် အပေါ်သို့မိုးမရွာစေရန် မိုးတိမ်များကိုပင် ငါပိတ်ပင်ဆီးတားမည်'' ဟုမြွက်ဆို၏။
כִּ֣י כֶ֜רֶם יְהוָ֤ה צְבָאוֹת֙ בֵּ֣ית יִשְׂרָאֵ֔ל וְאִ֣ישׁ יְהוּדָ֔ה נְטַ֖ע שַׁעֲשׁוּעָ֑יו וַיְקַ֤ו לְמִשְׁפָּט֙ וְהִנֵּ֣ה מִשְׂפָּ֔ח לִצְדָקָ֖ה וְהִנֵּ֥ה צְעָקָֽה׃ ס | 7 |
၇ဣသရေလပြည်သည်အနန္တတန်ခိုးရှင် ထာဝရဘုရား၏ဥယျာဉ်ဖြစ်၏။ ယုဒပြည်သူတို့မှာကိုယ်တော်စိုက်ပျိုးသည့် စပျစ်ပင်များဖြစ်ကြ၏။ သူတို့သည်သုစရိုက်ကိုပြုလိမ့်မည်ဟု ကိုယ်တော်မျှော်လင့်တော်မူခဲ့၏။ သို့ရာတွင်သူတို့ကလူသတ်မှုကို ကူးလွန်ကြလေသည်။ သူတို့သည်ဖြောင့်မှန်ရာကိုပြုလိမ့်မည်ဟု ကိုယ်တော်မျှော်လင့်တော်မူခဲ့၏။ သို့ရာတွင်သူတို့၏အနှိပ်အစက်ခံရကြ သူတို့သည် တရားမျှတမှုရရှိရန်အော်ဟစ်လျက် နေကြလေသည်။
ה֗וֹי מַגִּיעֵ֥י בַ֙יִת֙ בְּבַ֔יִת שָׂדֶ֥ה בְשָׂדֶ֖ה יַקְרִ֑יבוּ עַ֚ד אֶ֣פֶס מָק֔וֹם וְהֽוּשַׁבְתֶּ֥ם לְבַדְּכֶ֖ם בְּקֶ֥רֶב הָאָֽרֶץ׃ | 8 |
၈သင်တို့သည်အမင်္ဂလာရှိကြ၏။ မိမိတို့တွင် ရှိပြီးအိမ်များ၊ လယ်ယာများကိုအရေအတွက် တိုးပွားအောင်ပြုကြသူတို့။ မကြာမီပင် အခြားသူများအတွက် နေရာထိုင်ခင်းကျန် ရှိတော့မည်မဟုတ်။ သင်တို့ချည်းသာလျှင် ပြည်တော်တွင်နေထိုင်ရကြပေတော့အံ့။-
בְּאָזְנָ֖י יְהוָ֣ה צְבָא֑וֹת אִם־לֹ֞א בָּתִּ֤ים רַבִּים֙ לְשַׁמָּ֣ה יִֽהְי֔וּ גְּדֹלִ֥ים וְטוֹבִ֖ים מֵאֵ֥ין יוֹשֵֽׁב׃ | 9 |
၉အနန္တတန်ခိုးရှင်ထာဝရဘုရားက``ဤကြီး ကျယ်လှပသည့်အိမ်များသည်လူသူမရှိ သည့်အိမ်ပျက်များဖြစ်ရကြလိမ့်မည်။-
כִּ֗י עֲשֶׂ֙רֶת֙ צִמְדֵּי־כֶ֔רֶם יַעֲשׂ֖וּ בַּ֣ת אֶחָ֑ת וְזֶ֥רַע חֹ֖מֶר יַעֲשֶׂ֥ה אֵיפָֽה׃ פ | 10 |
၁၀ငါးဧကရှိသည့်စပျစ်ခြံမှစပျစ်ရည် သည် တစ်ဂါလံမျှသာရရှိလိမ့်မည်။ မျိုး စေ့ဆယ်တင်းကြဲသော်လည်းတစ်တင်း သာလျှင်ပြန်လည်ရရှိလိမ့်မည်။''
ה֛וֹי מַשְׁכִּימֵ֥י בַבֹּ֖קֶר שֵׁכָ֣ר יִרְדֹּ֑פוּ מְאַחֲרֵ֣י בַנֶּ֔שֶׁף יַ֖יִן יַדְלִיקֵֽם׃ | 11 |
၁၁သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် သေရည်သေရက်သောက်ရန် စောစောထ၍ ည နေချိန်၌လည်းကြာမြင့်စွာမူးယစ်၍နေ တတ်ကြ၏။-
וְהָיָ֨ה כִנּ֜וֹר וָנֶ֗בֶל תֹּ֧ף וְחָלִ֛יל וָיַ֖יִן מִשְׁתֵּיהֶ֑ם וְאֵ֨ת פֹּ֤עַל יְהוָה֙ לֹ֣א יַבִּ֔יטוּ וּמַעֲשֵׂ֥ה יָדָ֖יו לֹ֥א רָאֽוּ׃ | 12 |
၁၂သင်တို့၏ပွဲလမ်းသဘင်များတွင်စောင်းများ၊ ပတ်သာများ၊ ပလွေများနှင့်စပျစ်ရည်ပါ တတ်၏။ သို့ရာတွင်ထာဝရဘုရားအဘယ် သို့ပြုတော်မူလျက်နေသည်ကို သင်တို့မသိ ကြ။-
לָכֵ֛ן גָּלָ֥ה עַמִּ֖י מִבְּלִי־דָ֑עַת וּכְבוֹדוֹ֙ מְתֵ֣י רָעָ֔ב וַהֲמוֹנ֖וֹ צִחֵ֥ה צָמָֽא׃ | 13 |
၁၃ထို့ကြောင့်သင်တို့သည်သုံ့ပန်းများအဖြစ် ဖြင့်ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိုခံရ ကြလိမ့်မည်။ သင်တို့၏ခေါင်းဆောင်များသည် အစာငတ်၍သေဆုံးကြလိမ့်မည်။ လူအပေါင်း တို့သည်ရေငတ်ကြလိမ့်မည်။-
לָכֵ֗ן הִרְחִ֤יבָה שְּׁאוֹל֙ נַפְשָׁ֔הּ וּפָעֲרָ֥ה פִ֖יהָ לִבְלִי־חֹ֑ק וְיָרַ֨ד הֲדָרָ֧הּ וַהֲמוֹנָ֛הּ וּשְׁאוֹנָ֖הּ וְעָלֵ֥ז בָּֽהּ׃ (Sheol ) | 14 |
၁၄မရဏနိုင်ငံသည်သူတို့အားဝါးမျိုလို သဖြင့် မိမိ၏ပါးစပ်ကိုကျယ်စွာဟလျက် နေ၏။ ယေရုရှလင်မြို့မှမှူးမတ်များကိုလည်း ယောက်ယက်ခတ်ဆူညံနေသောဆင်းရဲသား လူအုပ်ကြီးနှင့်အတူမျိုချလိုက်လေသည်။ (Sheol )
וַיִּשַּׁ֥ח אָדָ֖ם וַיִּשְׁפַּל־אִ֑ישׁ וְעֵינֵ֥י גְבֹהִ֖ים תִּשְׁפַּֽלְנָה׃ | 15 |
၁၅လူတိုင်းပင်အရှက်ကွဲ၍မာန်မာနကြီးသူ မှန်သမျှတို့သည်လည်း ရှုတ်ချခြင်းကိုခံရ ကြလိမ့်မည်။-
וַיִּגְבַּ֛ה יְהוָ֥ה צְבָא֖וֹת בַּמִּשְׁפָּ֑ט וְהָאֵל֙ הַקָּד֔וֹשׁ נִקְדָּ֖שׁ בִּצְדָקָֽה׃ | 16 |
၁၆သို့ရာတွင်အနန္တတန်ခိုးရှင်ထာဝရဘုရား သည်ဖြောင့်မှန်စွာပြုတော်မူခြင်းအားဖြင့် မိမိ၏ကြီးမြတ်မှုကိုဖော်ပြတော်မူလိမ့် မည်။ မိမိ၏သန့်ရှင်းမြင့်မြတ်မှုကိုထင်ရှား စေတော်မူလိမ့်မည်။-
וְרָע֥וּ כְבָשִׂ֖ים כְּדָבְרָ֑ם וְחָרְב֥וֹת מֵחִ֖ים גָּרִ֥ים יֹאכֵֽלוּ׃ | 17 |
၁၇ပျက်စီးယိုယွင်းနေသောမြို့များတွင်သိုးငယ် တို့သည်မြက်များကိုစားလျက်၊ ဆိတ်ငယ်တို့ သည်လည်းစားကျက်များကိုတွေ့ရှိကြလိမ့် မည်။
ה֛וֹי מֹשְׁכֵ֥י הֶֽעָוֺ֖ן בְּחַבְלֵ֣י הַשָּׁ֑וְא וְכַעֲב֥וֹת הָעֲגָלָ֖ה חַטָּאָֽה׃ | 18 |
၁၈သင်တို့သည်အမင်္ဂလာရှိကြ၏။ မိမိတို့အပြစ် များ၏အနှောင်အဖွဲ့မှသင်တို့မရုန်းမထွက် နိုင်ကြ။-
הָאֹמְרִ֗ים יְמַהֵ֧ר ׀ יָחִ֛ישָׁה מַעֲשֵׂ֖הוּ לְמַ֣עַן נִרְאֶ֑ה וְתִקְרַ֣ב וְתָב֗וֹאָה עֲצַ֛ת קְד֥וֹשׁ יִשְׂרָאֵ֖ל וְנֵדָֽעָה׃ ס | 19 |
၁၉သင်တို့က၊``ငါတို့တွေ့မြင်ရကြစေရန်ထာဝရ ဘုရားသည် မိမိမိန့်တော်မူသည့်အတိုင်းအလျင် အမြန်ပြုတော်မူပါစေသော။ ဣသရေလအမျိုး သားတို့၏သန့်ရှင်းမြင့်မြတ်တော်မူသည့်ဘုရားသခင်သည် မိမိ၏အကြံအစည်တော်တို့ကို အကောင်အထည်ဖော်တော်မူပါစေသော။ ကိုယ်တော်၏အကြံအစည်တော်ကိုငါ တို့ကြည့်ကြကုန်အံ့'' ဟုဆိုချေသည်။
ה֣וֹי הָאֹמְרִ֥ים לָרַ֛ע ט֖וֹב וְלַטּ֣וֹב רָ֑ע שָׂמִ֨ים חֹ֤שֶׁךְ לְאוֹר֙ וְא֣וֹר לְחֹ֔שֶׁךְ שָׂמִ֥ים מַ֛ר לְמָת֖וֹק וּמָת֥וֹק לְמָֽר׃ ס | 20 |
၂၀သင်တို့သည်အမင်္ဂလာရှိကြ၏။ အကောင်း ကိုအဆိုး၊ အဆိုးကိုအကောင်းဟုသင်တို့ ခေါ်ဆိုတတ်ကြ၏။ အမှောင်ကိုအလင်း အဖြစ်သို့၊ အလင်းကိုအမှောင်အဖြစ်သို့ ပြောင်းလဲတတ်ကြ၏။ သင်တို့ကအချိုကို အခါး၊ အခါးကိုအချိုဖြစ်စေတတ်ကြ၏။
ה֖וֹי חֲכָמִ֣ים בְּעֵֽינֵיהֶ֑ם וְנֶ֥גֶד פְּנֵיהֶ֖ם נְבֹנִֽים׃ | 21 |
၂၁သင်တို့သည်အမင်္ဂလာရှိကြ၏။ မိမိတို့ ကိုယ်ကိုအလွန်ပညာရှိသည်။ တတ်သိလိမ္မာ သည်ဟုထင်မှတ်တတ်ကြ၏။
ה֕וֹי גִּבּוֹרִ֖ים לִשְׁתּ֣וֹת יָ֑יִן וְאַנְשֵׁי־חַ֖יִל לִמְסֹ֥ךְ שֵׁכָֽר׃ | 22 |
၂၂သင်တို့သည်အမင်္ဂလာရှိကြ၏။ အချင်းအရက် ပုလင်းသူရဲကောင်းတို့၊ သင်တို့သည်အရက် ရောစပ်မှုတွင်သတ္တိကောင်း၍ကြောက်စိတ်ကင်း ကြပါသည်တကား။-
מַצְדִּיקֵ֥י רָשָׁ֖ע עֵ֣קֶב שֹׁ֑חַד וְצִדְקַ֥ת צַדִּיקִ֖ים יָסִ֥ירוּ מִמֶּֽנּוּ׃ ס | 23 |
၂၃သို့ရာတွင်သင်တို့သည်တံစိုးလက်ဆောင်ရ ခဲ့သော် အပြစ်ရှိသူတို့ကိုအပြစ်မပေးဘဲ လွှတ်ပစ်ကာ၊ အပြစ်မဲ့သူတို့ကိုမူတရား မျှတစွာစီရင်ဆုံးဖြတ်၍မပေးကြ။-
לָכֵן֩ כֶּאֱכֹ֨ל קַ֜שׁ לְשׁ֣וֹן אֵ֗שׁ וַחֲשַׁ֤שׁ לֶֽהָבָה֙ יִרְפֶּ֔ה שָׁרְשָׁם֙ כַּמָּ֣ק יִֽהְיֶ֔ה וּפִרְחָ֖ם כָּאָבָ֣ק יַעֲלֶ֑ה כִּ֣י מָאֲס֗וּ אֵ֚ת תּוֹרַת֙ יְהוָ֣ה צְבָא֔וֹת וְאֵ֛ת אִמְרַ֥ת קְדֽוֹשׁ־יִשְׂרָאֵ֖ל נִאֵֽצוּ׃ | 24 |
၂၄ထို့ကြောင့်ကောက်ရိုးနှင့်မြက်ခြောက်တို့သည် မီး လျှံတွင်တွန့်လိမ်လောင်ကျွမ်းသွားသကဲ့သို့၊ သင်တို့၏အမြစ်များသည်ဆွေးမြေ့လျက် အပွင့်များသည်လည်းခြောက်သွေ့လွင့်စင်လျက် သွားလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သင်တို့ သည်ငါတို့အား ဣသရေလအမျိုးသားတို့ ၏သန့်ရှင်းမြင့်မြတ်တော်မူသောအနန္တတန်ခိုး ရှင်ထာဝရဘုရားဟောပြောသွန်သင်တော်မူ သည့်တရားတော်ကိုပစ်ပယ်ကြသောကြောင့် ဖြစ်၏။-
עַל־כֵּ֡ן חָרָה֩ אַף־יְהוָ֨ה בְּעַמּ֜וֹ וַיֵּ֣ט יָד֧וֹ עָלָ֣יו וַיַּכֵּ֗הוּ וַֽיִּרְגְּזוּ֙ הֶֽהָרִ֔ים וַתְּהִ֧י נִבְלָתָ֛ם כַּסּוּחָ֖ה בְּקֶ֣רֶב חוּצ֑וֹת בְּכָל־זֹאת֙ לֹא־שָׁ֣ב אַפּ֔וֹ וְע֖וֹד יָד֥וֹ נְטוּיָֽה׃ | 25 |
၂၅ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အားအမျက်ထွက်တော်မူ၍ အပြစ်ဒဏ်ခတ် တော်မူရန်လက်တော်ကိုဆန့်တော်မူသဖြင့် တောင်တို့သည်တုန်လှုပ်ကြလိမ့်မည်။ သေသော သူတို့၏အလောင်းများသည်လမ်းများပေါ် တွင်အမှိုက်သရိုက်ကဲ့သို့ကျန်ရစ်လိမ့်မည်။ ထိုအခါ၌ပင်ထာဝရဘုရား၏အမျက် တော်သည်ပြေငြိမ်းလိမ့်မည်မဟုတ်။ ကိုယ်တော် သည်အပြစ်ဒဏ်ခတ်တော်မူရန် လက်တော်ကို ဆန့်လျက်ပင်ထားရှိလိမ့်ဦးမည်။
וְנָֽשָׂא־נֵ֤ס לַגּוֹיִם֙ מֵרָח֔וֹק וְשָׁ֥רַק ל֖וֹ מִקְצֵ֣ה הָאָ֑רֶץ וְהִנֵּ֥ה מְהֵרָ֖ה קַ֥ל יָבֽוֹא׃ | 26 |
၂၆ထာဝရဘုရားသည်အချက်ပြ၍ရပ်ဝေး နေလူမျိုးခြားတို့အားခေါ်ယူတော်မူလိမ့် မည်။ ကိုယ်တော်သည်သူတို့အားကမ္ဘာမြေကြီး စွန်းမှလာရောက်ကြရန်လေချွန်သံဖြင့် အချက်ပေးတော်မူလိမ့်မည်။ ထိုသူတို့သည် လည်းဤအရပ်သို့အလျင်အမြန်လာ ရောက်ကြလိမ့်မည်။-
אֵין־עָיֵ֤ף וְאֵין־כּוֹשֵׁל֙ בּ֔וֹ לֹ֥א יָנ֖וּם וְלֹ֣א יִישָׁ֑ן וְלֹ֤א נִפְתַּח֙ אֵז֣וֹר חֲלָצָ֔יו וְלֹ֥א נִתַּ֖ק שְׂר֥וֹךְ נְעָלָֽיו׃ | 27 |
၂၇သူတို့တွင်မောပန်းသူ၊ ခြေချော်သူဟူ၍ မရှိ။ ငိုက်မြည်းသူ၊ အိပ်ပျော်သူလည်းမရှိ။ သူတို့၏ခါးစည်းများသည်မပြေ။ ဖိနပ် ကြိုးများသည်လည်းမပြတ်။-
אֲשֶׁ֤ר חִצָּיו֙ שְׁנוּנִ֔ים וְכָל־קַשְּׁתֹתָ֖יו דְּרֻכ֑וֹת פַּרְס֤וֹת סוּסָיו֙ כַּצַּ֣ר נֶחְשָׁ֔בוּ וְגַלְגִּלָּ֖יו כַּסּוּפָֽה׃ | 28 |
၂၈သူတို့၏မြားများသည်ထက်လျက်၊ လေးတို့ သည်လည်းတင်ရန်အသင့်ရှိကြ၏။ သူတို့ ၏မြင်းခွာများသည်မီးခတ်ကျောက်ကဲ့သို့ မာ၍ရထားဘီးများသည်လည်းလေဗွေ ကဲ့သို့လျင်မြန်စွာလည်ကြ၏။-
שְׁאָגָ֥ה ל֖וֹ כַּלָּבִ֑יא ושאג כַּכְּפִירִ֤ים וְיִנְהֹם֙ וְיֹאחֵ֣ז טֶ֔רֶף וְיַפְלִ֖יט וְאֵ֥ין מַצִּֽיל׃ | 29 |
၂၉သူတို့၏ကြွေးကြော်သံသည်သားကောင်လိုက် သတ်ဆွဲယူကာ မိမိတို့လက်မှအဘယ်သူမျှ လုမယူနိုင်စေရန်မာန်ဖီတတ်သည့်ခြင်္သေ့တို့ ၏ဟောက်သံနှင့်တူ၏။
וְיִנְהֹ֥ם עָלָ֛יו בַּיּ֥וֹם הַה֖וּא כְּנַהֲמַת־יָ֑ם וְנִבַּ֤ט לָאָ֙רֶץ֙ וְהִנֵּה־חֹ֔שֶׁךְ צַ֣ר וָא֔וֹר חָשַׁ֖ךְ בַּעֲרִיפֶֽיהָ׃ פ | 30 |
၃၀ထိုကာလ၌သူတို့သည်ပင်လယ်မြည်ဟည်းသံ ကဲ့သို့ ကျယ်စွာဣသရေလပြည်တွင်ကြွေးကြော် ကြလိမ့်မည်။ ထိုပြည်ကိုကြည့်ရှုကြလော့။ ယင်း သည်မှောင်အတိ၊ ဆင်းရဲဒုက္ခအတိဖြစ်၍နေလိမ့် မည်။ အလင်းကားအမှောင်တွင်ကွယ်ပျောက် သွားလေတော့သတည်း။