< יְחֶזְקֵאל 16 >

וַיְהִ֥י דְבַר־יְהוָ֖ה אֵלַ֥י לֵאמֹֽר׃ 1
တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော် သည် ငါ​ထံ​သို့​ရောက်​လာ​၏။-
בֶּן־אָדָ֕ם הוֹדַ֥ע אֶת־יְרוּשָׁלִַ֖ם אֶת־תּוֹעֲבֹתֶֽיהָ׃ 2
ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ယေ​ရု​ရှ​လင် မြို့​အား​မိ​မိ​ပြု​ခဲ့​သည့်​စက်​ဆုပ်​ဖွယ်​ရာ အ​မှု​တို့​ကို​ညွှန်​ပြ​လော့။-
וְאָמַרְתָּ֞ כֹּה־אָמַ֨ר אֲדֹנָ֤י יְהוִה֙ לִיר֣וּשָׁלִַ֔ם מְכֹרֹתַ֙יִךְ֙ וּמֹ֣לְדֹתַ֔יִךְ מֵאֶ֖רֶץ הַֽכְּנַעֲנִ֑י אָבִ֥יךְ הָאֱמֹרִ֖י וְאִמֵּ֥ךְ חִתִּֽית׃ 3
ထို​မြို့​အား​အ​ရှင်​ထာ​ဝရ​ဘု​ရား မိန့်​တော်​မူ သည်​ကား ``သင်​၏​မျိုး​ရိုး​စဉ်​ဆက်​သည်​ခါ​နာန်​ပြည်​တွင် မွေး​ဖွား​၍ သင်​၏​အ​ဖ​သည်​အာ​မော​ရိ​အ​မျိုး သား၊ သင်​၏​အ​မိ​မှာ​ဟိတ္တိ​အ​မျိုး​သ​မီး ဖြစ်​၏။-
וּמוֹלְדוֹתַ֗יִךְ בְּי֨וֹם הוּלֶּ֤דֶת אֹתָךְ֙ לֹֽא־כָרַּ֣ת שָׁרֵּ֔ךְ וּבְמַ֥יִם לֹֽא־רֻחַ֖צְתְּ לְמִשְׁעִ֑י וְהָמְלֵ֙חַ֙ לֹ֣א הֻמְלַ֔חַתְּ וְהָחְתֵּ֖ל לֹ֥א חֻתָּֽלְתְּ׃ 4
သင်​မွေး​ဖွား​သော​အ​ခါ​အ​ဘယ်​သူ​မျှ သင်​၏​ချက်​ကြိုး​ကို​မ​ဖြတ်၊ သင့်​အား​ရေ မ​ချိုး​ပေး။ ဆား​နှင့်​လည်း​မ​လူး။ အ​နှီး နှင့်​လည်း​မ​ပတ်​ကြ။-
לֹא־חָ֨סָה עָלַ֜יִךְ עַ֗יִן לַעֲשׂ֥וֹת לָ֛ךְ אַחַ֥ת מֵאֵ֖לֶּה לְחֻמְלָ֣ה עָלָ֑יִךְ וַֽתֻּשְׁלְכִ֞י אֶל־פְּנֵ֤י הַשָּׂדֶה֙ בְּגֹ֣עַל נַפְשֵׁ֔ךְ בְּי֖וֹם הֻלֶּ֥דֶת אֹתָֽךְ׃ 5
ထို​သို့​သင့်​အား​သ​နား​၍​ပြု​စု​သူ​တစ် ယောက်​မျှ​မ​ရှိ။ သင်​၏​အ​ပေါ်​တွင်​မေတ္တာ ကင်း​မဲ့​သည်​ဖြစ်​၍ သင့်​အား​မွေး​ဖွား​ပြီး သော​အ​ခါ​ကွင်း​ပြင်​တွင်​ပစ်​ထား​ကြ​၏။
וָאֶעֱבֹ֤ר עָלַ֙יִךְ֙ וָֽאֶרְאֵ֔ךְ מִתְבּוֹסֶ֖סֶת בְּדָמָ֑יִךְ וָאֹ֤מַר לָךְ֙ בְּדָמַ֣יִךְ חֲיִ֔י וָאֹ֥מַר לָ֖ךְ בְּדָמַ֥יִךְ חֲיִֽי׃ 6
``ထို​နောက်​ငါ​သည်​သင်​၏​အ​နီး​မှ​ဖြတ် သွား​စဉ်​သွေး​ထဲ​၌ သင်​လူး​လျက်​နေ​သည် ကို​မြင်​ရ​၏။ သင်​သည်​သွေး​အ​လူး​လူး နှင့်​ဖြစ်​နေ​စေ​ကာ​မူ​ငါ​သည်​သင့်​အား အ​သက်​မ​သေ​စေ​ခဲ့။-
רְבָבָ֗ה כְּצֶ֤מַח הַשָּׂדֶה֙ נְתַתִּ֔יךְ וַתִּרְבִּי֙ וַֽתִּגְדְּלִ֔י וַתָּבֹ֖אִי בַּעֲדִ֣י עֲדָיִ֑ים שָׁדַ֤יִם נָכֹ֙נוּ֙ וּשְׂעָרֵ֣ךְ צִמֵּ֔חַ וְאַ֖תְּ עֵרֹ֥ם וְעֶרְיָֽה׃ 7
အ​နာ​အ​ဆာ​မ​ရှိ​သည့်​အ​ပင်​ငယ်​ကဲ့​သို့​ရှင် သန်​ကြီး​ပွား​စေ​၏။ သင်​သည်​သန်​မာ​ထွား​ကြိုင်း လာ​ကာ အ​လှ​ဆုံး​ရ​တ​နာ​က​လေး​ဖြစ်​လာ​၏။ သင်​၏​ရင်​သား​များ​သည်​ပြည့်​ဖြိုး​လျက်​ဆံ​ပင် မှာ​လည်း​ရှည်​လာ​၏။ သို့​ရာ​တွင်​သင်​သည် အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​လျက်​ပင်​ရှိ​၏။
וָאֶעֱבֹ֨ר עָלַ֜יִךְ וָאֶרְאֵ֗ךְ וְהִנֵּ֤ה עִתֵּךְ֙ עֵ֣ת דֹּדִ֔ים וָאֶפְרֹ֤שׂ כְּנָפִי֙ עָלַ֔יִךְ וָאֲכַסֶּ֖ה עֶרְוָתֵ֑ךְ וָאֶשָּׁ֣בַֽע לָ֠ךְ וָאָב֨וֹא בִבְרִ֜ית אֹתָ֗ךְ נְאֻ֛ם אֲדֹנָ֥י יְהוִ֖ה וַתִּ֥הְיִי לִֽי׃ 8
``နောက်​တစ်​ဖန်​ငါ​သည်​သင်​၏​အ​နီး​ဖြတ်​သန်း လာ​ပြန်​၏။ ထို​အ​ခါ​သင်​သည်​ချစ်​စိတ်​ဝင်​ရန် အ​ရွယ်​ရောက်​ပြီ​ဖြစ်​ကြောင်း​ကို​ငါ​တွေ့​ရှိ​သ ဖြင့် ငါ​သည်​အ​ဝတ်​ချည်း​စည်း​ရှိ​သော​သင်​၏ ကိုယ်​ကို​ငါ​၏​အ​ဝတ်​ဖြင့်​ဖုံး​လွှမ်း​ပေး​ကာ​သင့် အား​ချစ်​ပါ​မည်​ဟု​က​တိ​ထား​ပြီး​လျှင် သင် နှင့်​ပ​ဋိ​ညာဉ်​ပြု​သ​ဖြင့်​သင်​သည်​ငါ​၏ ဇ​နီး​ဖြစ်​လာ​၏'' ဟူ​၍​တည်း။ ဤ​ကား​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား ဖြစ်​၏။
וָאֶרְחָצֵ֣ךְ בַּמַּ֔יִם וָאֶשְׁטֹ֥ף דָּמַ֖יִךְ מֵֽעָלָ֑יִךְ וָאֲסֻכֵ֖ךְ בַּשָּֽׁמֶן׃ 9
``ငါ​သည်​ရေ​ကို​ယူ​၍ သင့်​၌​ပေ​ကျံ​နေ သော​သွေး​ကို​ဆေး​ကြော​၏။ သင်​၏​ကိုယ် ကို​သံ​လွင်​ဆီ​နှင့်​လူး​ပေး​၏။-
וָאַלְבִּישֵׁ֣ךְ רִקְמָ֔ה וָאֶנְעֲלֵ֖ךְ תָּ֑חַשׁ וָאֶחְבְּשֵׁ֣ךְ בַּשֵּׁ֔שׁ וַאֲכַסֵּ֖ךְ מֶֽשִׁי׃ 10
၁၀သင့်​အား​ပန်း​ထိုး​ထည်​အ​ဝတ်​အ​စား​များ ကို​ဝတ်​ဆင်​စေ​၍ အ​ကောင်း​ဆုံး​သား​ရေ​ဖိ​နပ် ကို​စီး​စေ​၏။ ပိတ်​ချော​ထည်​ဖြင့်​လည်း​တန်​ဆာ ဆင်​စေ​၍ အ​ဖိုး​တန်​ဝတ်​လုံ​များ​ကို​ဝတ်​စေ​၏။-
וָאֶעְדֵּ֖ךְ עֶ֑דִי וָאֶתְּנָ֤ה צְמִידִים֙ עַל־יָדַ֔יִךְ וְרָבִ֖יד עַל־גְּרוֹנֵֽךְ׃ 11
၁၁သင်​ဝတ်​ဆင်​ရန်​ကျောက်​မျက်​ရ​တ​နာ​များ​နှင့် လက်​မောင်း​တွင်​ဝတ်​ဆင်​ရန်​လက်​ကောက်​များ၊ လည်​ဆွဲ​ရန်​ဘ​ယက်​များ​ကို​လည်း​ကောင်း၊-
וָאֶתֵּ֥ן נֶ֙זֶם֙ עַל־אַפֵּ֔ךְ וַעֲגִילִ֖ים עַל־אָזְנָ֑יִךְ וַעֲטֶ֥רֶת תִּפְאֶ֖רֶת בְּרֹאשֵֽׁךְ׃ 12
၁၂နှာ​ခေါင်း​အ​တွက်​နှာ​ဆွဲ​များ၊ နား​အ​တွက် နား​တောင်း​များ​နှင့်​သင်​ဆောင်း​ရန် လှ​ပ သော​သ​ရ​ဖူ​ကို​လည်း​ကောင်း​ငါ​ပေး​၏။-
וַתַּעְדִּ֞י זָהָ֣ב וָכֶ֗סֶף וּמַלְבּוּשֵׁךְ֙ ששי וָמֶ֙שִׁי֙ וְרִקְמָ֔ה סֹ֧לֶת וּדְבַ֛שׁ וָשֶׁ֖מֶן אכלתי וַתִּ֙יפִי֙ בִּמְאֹ֣ד מְאֹ֔ד וַֽתִּצְלְחִ֖י לִמְלוּכָֽה׃ 13
၁၃သင်​သည်​ရွှေ၊ ငွေ၊ တန်​ဆာ​များ​ကို​ဆင်​ယင် ကာ​ပိတ်​ချော​ထည်​ပန်း​ထိုး​ထည်​နှင့် အ​ဖိုး တန်​အ​ဝတ်​အ​စား​များ​ကို​အ​စဉ်​ပင်​ဝတ် ဆင်​ရ​၏။ သင်​သည်​အ​ကောင်း​ဆုံး​မုန့်​ညက် ဖြင့်​လုပ်​သော​မုန့်​ပျား​ရည်​နှင့် သံ​လွင်​ဆီ​ကို စား​သုံး​ရ​၏။ သင်​၏​အ​ဆင်း​သည်​ဖိတ်​ဖိတ် တောက်​လှ​ပ​သ​ဖြင့်​သင်​သည်​မိ​ဖု​ရား ဖြစ်​လာ​၏။-
וַיֵּ֨צֵא לָ֥ךְ שֵׁ֛ם בַּגּוֹיִ֖ם בְּיָפְיֵ֑ךְ כִּ֣י ׀ כָּלִ֣יל ה֗וּא בַּֽהֲדָרִי֙ אֲשֶׁר־שַׂ֣מְתִּי עָלַ֔יִךְ נְאֻ֖ם אֲדֹנָ֥י יְהוִֽה׃ 14
၁၄ငါ​သည်​သင့်​အား​အ​လွန်​လှ​ပ​အောင်​ပြု လုပ်​ဆင်​မြန်း​ပေး​သ​ဖြင့် သင်​သည်​ခြောက် ပြစ်​ကင်း​သော​အ​ဆင်း​ကို​ဆောင်​၏။ ယင်း သို့​သင်​၏​အ​ဆင်း​လှ​မှု​သည်​အ​တိုင်း​တိုင်း အ​ပြည်​ပြည်​သို့​ကျော်​ကြား​လေ​၏'' ဟူ ၍​တည်း။ ဤ​ကား​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။
וַתִּבְטְחִ֣י בְיָפְיֵ֔ךְ וַתִּזְנִ֖י עַל־שְׁמֵ֑ךְ וַתִּשְׁפְּכִ֧י אֶת־תַּזְנוּתַ֛יִךְ עַל־כָּל־עוֹבֵ֖ר לוֹ־יֶֽהִי׃ 15
၁၅``သို့​ရာ​တွင်​သင်​သည်​မိ​မိ​၏​အ​ဆင်း​လှ မှု​နှင့်​ထင်​ပေါ်​ကျော်​ကြား​မှု​တို့​ကို​အ​ခွင့် ကောင်း​ယူ​ကာ ပြည့်​တန်​ဆာ​ဖြစ်​လာ​၏။ သင် ၏​ထံ​သို့​ရောက်​ရှိ​လာ​သူ​မှန်​သ​မျှ​နှင့် အိပ်​စက်​၏။ သင်​၏​အ​လှ​ကို​ပေး​အပ်​၏။-
וַתִּקְחִ֣י מִבְּגָדַ֗יִךְ וַתַּֽעֲשִׂי־לָךְ֙ בָּמ֣וֹת טְלֻא֔וֹת וַתִּזְנִ֖י עֲלֵיהֶ֑ם לֹ֥א בָא֖וֹת וְלֹ֥א יִהְיֶֽה׃ 16
၁၆သင်​၏​အ​ဝတ်​အ​စား​အ​ချို့​ဖြင့်​သင်​သည် မိ​မိ​ဝတ်​ပြု​ရာ​ဌာ​န​များ​ကို​မွမ်း​မံ​ပစ် ကာ​ပြည့်​တန်​ဆာ​ပြု​၍ မိ​မိ​၏​ကိုယ်​ကို လူ​အ​ပေါင်း​တို့​အား​အပ်​နှံ​လေ​သည်။ ထို သို့​သော​အ​ဖြစ်​အ​ပျက်​မျိုး​မ​ဖြစ်​သင့် ပေ၊ သို့​တည်း​မ​ဟုတ်​မ​ပေါ်​ပေါက်​သင့်​ပေ။-
וַתִּקְחִ֞י כְּלֵ֣י תִפְאַרְתֵּ֗ךְ מִזְּהָבִ֤י וּמִכַּסְפִּי֙ אֲשֶׁ֣ר נָתַ֣תִּי לָ֔ךְ וַתַּעֲשִׂי־לָ֖ךְ צַלְמֵ֣י זָכָ֑ר וַתִּזְנִי־בָֽם׃ 17
၁၇သင်​သည်​ငါ​ပေး​သည့် ရွှေ၊ ငွေ၊ ကျောက်​မျက် ရ​တ​နာ​အ​ချို့​ကို​လည်း​ယူ​၍ ယောကျာ်း ရုပ်​ပွား​များ​ပြု​လုပ်​ပြီး​လျှင်​ယင်း​တို့ နှင့်​မှား​ယွင်း​၏။-
וַתִּקְחִ֛י אֶת־בִּגְדֵ֥י רִקְמָתֵ֖ךְ וַתְּכַסִּ֑ים וְשַׁמְנִי֙ וּקְטָרְתִּ֔י נתתי לִפְנֵיהֶֽם׃ 18
၁၈သင်​သည်​ငါ​ပေး​သည့်​ပန်း​ထိုး​ထည်​များ ဖြင့်​ရုပ်​တု​များ​ကို​လွှမ်း​ခြုံ​ပေး​၏။ ယင်း တို့​ကို​ငါ​ပေး​သည့်​သံ​လွင်​ဆီ​နှင့်​နံ့​သာ ပေါင်း​တို့​ဖြင့်​ပူ​ဇော်​၏။-
וְלַחְמִי֩ אֲשֶׁר־נָתַ֨תִּי לָ֜ךְ סֹ֣לֶת וָשֶׁ֤מֶן וּדְבַשׁ֙ הֶֽאֱכַלְתִּ֔יךְ וּנְתַתִּ֧יהוּ לִפְנֵיהֶ֛ם לְרֵ֥יחַ נִיחֹ֖חַ וַיֶּ֑הִי נְאֻ֖ם אֲדֹנָ֥י יְהוִֽה׃ 19
၁၉ငါ​သည်​သင်​စား​ရန်​အ​ကောင်း​ဆုံး​မုန့်​ညက်၊ သံ​လွင်​ဆီ​နှင့်​ပျား​ရည်​တည်း​ဟူ​သော​အ​စား အ​စာ​များ​ကို​ပေး​၏။ သို့​ရာ​တွင်​သင်​သည် ရုပ်​တု​များ​ထံ​မှ​မျက်​နှာ​ရ​စေ​ရန် ထို​အ​စား အ​စာ​များ​ကို​သူ​တို့​အား​အ​မွှေး​ရ​နံ့​အ​ဖြစ် ဆက်​သ​ပူ​ဇော်​၏'' ဟူ​၍​တည်း။ ဤ​ကား​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ပင် တည်း။
וַתִּקְחִ֞י אֶת־בָּנַ֤יִךְ וְאֶת־בְּנוֹתַ֙יִךְ֙ אֲשֶׁ֣ר יָלַ֣דְתְּ לִ֔י וַתִּזְבָּחִ֥ים לָהֶ֖ם לֶאֱכ֑וֹל הַמְעַ֖ט מתזנתך׃ 20
၂၀``ထို​နောက်​သင်​သည်​ငါ​နှင့်​ရ​သော​သား​သ​မီး များ​ကို​ယူ​၍ ယဇ်​ကောင်​အ​ဖြစ်​ဖြင့်​ရုပ်​တု​တို့ အား​ပူ​ဇော်​၏။ သင်​သည်​ငါ့​အား​သစ္စာ​ဖောက် ရုံ​မျှ​ဖြင့်​မ​ကျေ​နပ်​ဘဲ၊-
וַֽתִּשְׁחֲטִ֖י אֶת־בָּנָ֑י וַֽתִּתְּנִ֔ים בְּהַעֲבִ֥יר אוֹתָ֖ם לָהֶֽם׃ 21
၂၁အ​ဘယ်​ကြောင့်​ငါ​၏​သား​သ​မီး​များ​ကို ယူ​၍​ရုပ်​တု​တို့​အား​ယဇ်​ပူ​ဇော်​ရ​သ​နည်း။-
וְאֵ֤ת כָּל־תּוֹעֲבֹתַ֙יִךְ֙ וְתַזְנֻתַ֔יִךְ לֹ֥א זכרתי אֶת־יְמֵ֣י נְעוּרָ֑יִךְ בִּֽהְיוֹתֵךְ֙ עֵרֹ֣ם וְעֶרְיָ֔ה מִתְבּוֹסֶ֥סֶת בְּדָמֵ֖ךְ הָיִֽית׃ 22
၂၂သင်​ငယ်​စဉ်​က​အ​ဝတ်​အ​ချည်း​စည်း​နှင့် သွေး​ထဲ​တွင်​လူး​နေ​ခဲ့​သည့်​အ​ဖြစ်​သ​နစ် ကို သင်​သည်​စက်​ဆုပ်​ဖွယ်​ကောင်း​သည့်​လုပ် ရပ်​များ​နှင့် ပြည့်​တန်​ဆာ​ဘ​ဝ​တွင်​ကျင် လည်​စဉ်​တစ်​ကြိမ်​တစ်​ခါ​မျှ​သ​တိ​မ​ရ ခဲ့​သ​လော'' ဟူ​၍​တည်း။
וַיְהִ֕י אַחֲרֵ֖י כָּל־רָעָתֵ֑ךְ א֣וֹי א֣וֹי לָ֔ךְ נְאֻ֖ם אֲדֹנָ֥י יְהוִֽה׃ 23
၂၃အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``သင်​သည်​အ​မင်္ဂ လာ​ရှိ​၏။ အ​မင်္ဂ​လာ​ရှိ​၏။ သင်​သည်​ထို​မ ကောင်း​မှု​များ​ကို​ပြု​ကျင့်​ပြီး​နောက်၊-
וַתִּבְנִי־לָ֖ךְ גֶּ֑ב וַתַּעֲשִׂי־לָ֥ךְ רָמָ֖ה בְּכָל־רְחֽוֹב׃ 24
၂၄စျေး​ရပ်​ကွက်​တိုင်း​တွင်​သင့်​အ​တွက်​သင် ကိုး​ကွယ်​ရန် တောင်​ကုန်း​နှင့် ရုပ်​တု​ကိုး​ကွယ် ရာ​ဌာ​န​များ​ကို​ပြု​လုပ်​၏။-
אֶל־כָּל־רֹ֣אשׁ דֶּ֗רֶךְ בָּנִית֙ רָֽמָתֵ֔ךְ וַתְּתַֽעֲבִי֙ אֶת־יָפְיֵ֔ךְ וַתְּפַשְּׂקִ֥י אֶת־רַגְלַ֖יִךְ לְכָל־עוֹבֵ֑ר וַתַּרְבִּ֖י אֶת־תזנתך׃ 25
၂၅လမ်း​ထိပ်​တိုင်း​တွင်​မြင့်​သော​ဝတ်​ပြု​ကိုး​ကွယ် ရာ​ဌာ​န​များ​ဆောက်​၍ မိ​မိ​၏​လှ​ပ​သော အ​ဆင်း​ကို​စက်​ဆုပ်​ဖွယ်​ကောင်း​အောင်​ပြု လေ​ပြီ။ လာ​ရောက်​သူ​တိုင်း​အား​မိ​မိ​၏ ကိုယ်​ကို​အပ်​ပေး​၍ တစ်​နေ့​တစ်​ခြား​ပြည့် တန်​ဆာ​ဖြစ်​သည်​ထက်​ဖြစ်​စေ​၏။-
וַתִּזְנִ֧י אֶל־בְּנֵֽי ־מִצְרַ֛יִם שְׁכֵנַ֖יִךְ גִּדְלֵ֣י בָשָׂ֑ר וַתַּרְבִּ֥י אֶת־תַּזְנֻתֵ֖ךְ לְהַכְעִיסֵֽנִי׃ 26
၂၆တ​ဏှာ​ကြီး​သူ​အိမ်​နီး​ချင်း​အီ​ဂျစ်​အ​မျိုး သား​တို့​အား မိ​မိ​နှင့်​အ​တူ​အိပ်​စက်​ခွင့်​ပေး ၍​ပြည့်​တန်​ဆာ​လုပ်​ခြင်း​အား​ဖြင့်​ငါ​၏ အ​မျက်​တော်​ကို​နှိုး​ဆော်​တော်​မူ​၏။
וְהִנֵּ֨ה נָטִ֤יתִי יָדִי֙ עָלַ֔יִךְ וָאֶגְרַ֖ע חֻקֵּ֑ךְ וָאֶתְּנֵ֞ךְ בְּנֶ֤פֶשׁ שֹׂנְאוֹתַ֙יִךְ֙ בְּנ֣וֹת פְּלִשְׁתִּ֔ים הַנִּכְלָמ֖וֹת מִדַּרְכֵּ֥ךְ זִמָּֽה׃ 27
၂၇``ယ​ခု​ငါ​သည်​သင့်​အား​ဒဏ်​ပေး​ရန်​နှင့် သင် ၏​နယ်​မြေ​ကို​ရုပ်​သိမ်း​ရန်​လက်​ရုံး​တော်​ကို ဆန့်​ပြီ။ ငါ​သည်​သင့်​ကို​လော​ဘ​ကြီး​၍ သင် ၏​အ​ကျင့်​ဆိုး​များ​ကို​စက်​ဆုပ်​သူ​ဖိ​လိတ္တိ သ​မီး​ပျို​တို့​၏​လက်​သို့​သင့်​အား​ပေး​အပ် လိုက်​လေ​ပြီ။
וַתִּזְנִי֙ אֶל־בְּנֵ֣י אַשּׁ֔וּר מִבִּלְתִּ֖י שָׂבְעָתֵ֑ךְ וַתִּזְנִ֕ים וְגַ֖ם לֹ֥א שָׂבָֽעַתְּ׃ 28
၂၈``အ​လို​မ​ပြည့်​နိုင်​သ​ဖြင့်​သင်​သည်​အာ​ရှု​ရိ အ​မျိုး​သား​တို့​နှင့်​မှား​ယွင်း​ပြန်​၏။ သို့​ရာ တွင်​သင်​၏​အ​လို​မ​ပြည့်​နိုင်​သေး။-
וַתַּרְבִּ֧י אֶת־תַּזְנוּתֵ֛ךְ אֶל־אֶ֥רֶץ כְּנַ֖עַן כַּשְׂדִּ֑ימָה וְגַם־בְּזֹ֖את לֹ֥א שָׂבָֽעַתְּ׃ 29
၂၉သို့​ဖြစ်​၍​သင်​သည်​ကုန်​သည်​နိုင်​ငံ​ဖြစ်​သည့် ဗာ​ဗု​လုန်​ပြည်​မှ​အ​မျိုး​သား​တို့​နှင့်​လည်း မှား​ယွင်း​ပြန်​၏။ သို့​ရာ​တွင်​သင်​၏​အ​လို မ​ပြည့်​နိုင်​သေး'' ဟု​မိန့်​တော်​မူ​၏။
מָ֤ה אֲמֻלָה֙ לִבָּתֵ֔ךְ נְאֻ֖ם אֲדֹנָ֣י יְהוִ֑ה בַּעֲשׂוֹתֵךְ֙ אֶת־כָּל־אֵ֔לֶּה מַעֲשֵׂ֥ה אִשָּֽׁה־זוֹנָ֖ה שַׁלָּֽטֶת׃ 30
၃၀အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား``သင် သည်​စိတ်​အ​လွန်​ပျော့​၍ အ​ရှက်​မ​ရှိ​သည့် ပြည့်​တန်​ဆာ​ကဲ့​သို့​ဤ​အ​မှု​အ​ရာ​တို့​ကို ပြု​၏။-
בִּבְנוֹתַ֤יִךְ גַּבֵּךְ֙ בְּרֹ֣אשׁ כָּל־דֶּ֔רֶךְ וְרָמָתֵ֥ךְ עשיתי בְּכָל־רְח֑וֹב וְלֹא־הייתי כַּזּוֹנָ֖ה לְקַלֵּ֥ס אֶתְנָֽן׃ 31
၃၁သင်​သည်​လမ်း​ထိပ်​တိုင်း​၌​သင်​ကိုး​ကွယ်​ရန် တောင်​ကုန်း​များ​ကို​ဆောက်​၍ စျေး​ရပ်​ကွက် တိုင်း​၌​မြင့်​သော​ကိုး​ကွယ်​ရာ​ဌာ​န​များ ကို​တည်​ဆောက်​သော​အ​ခါ ပြည့်​တန်​ဆာ အ​လုပ်​ကို​လုပ်​သော်​လည်း​သာ​မန်​ပြည့် တန်​ဆာ​များ​ကဲ့​သို့​အ​ခ​ကြေး​ငွေ​ကို မ​တောင်း။-
הָאִשָּׁ֖ה הַמְּנָאָ֑פֶת תַּ֣חַת אִישָׁ֔הּ תִּקַּ֖ח אֶת־זָרִֽים׃ 32
၃၂သင်​သည်​ကား​မိ​မိ​၏​ခင်​ပွန်း​ကို​ချစ်​မြတ် နိုး​မည့်​အ​စား သူ​စိမ်း​တစ်​ရံ​ဆံ​များ​နှင့် မေ​ထုန်​မှီ​ဝဲ​လို​သည့်​မိန်း​မ​နှင့်​တူ​၏။-
לְכָל־זֹנ֖וֹת יִתְּנוּ־נֵ֑דֶה וְאַ֨תְּ נָתַ֤תְּ אֶת־נְדָנַ֙יִךְ֙ לְכָל־מְאַֽהֲבַ֔יִךְ וַתִּשְׁחֳדִ֣י אוֹתָ֗ם לָב֥וֹא אֵלַ֛יִךְ מִסָּבִ֖יב בְּתַזְנוּתָֽיִךְ׃ 33
၃၃ပြည့်​တန်​ဆာ​အား​အ​ခ​ကြေး​ငွေ​ပေး​ရ​၏။ သင်​မူ​ကား​ချစ်​သူ​တို့​ကို​အ​ရပ်​တ​ကာ​မှ လာ​၍ သင်​နှင့်​အိပ်​စက်​ကြ​စေ​ရန်​လက်​ဆောင် များ​ကို​ပေး​လေ​သည်။-
וַיְהִי־בָ֨ךְ הֵ֤פֶךְ מִן־הַנָּשִׁים֙ בְּתַזְנוּתַ֔יִךְ וְאַחֲרַ֖יִךְ לֹ֣א זוּנָּ֑ה וּבְתִתֵּ֣ךְ אֶתְנָ֗ן וְאֶתְנַ֛ן לֹ֥א נִתַּן־לָ֖ךְ וַתְּהִ֥י לְהֶֽפֶךְ׃ 34
၃၄သင်​သည်​ထူး​ခြား​သော​ပြည့်​တန်​ဆာ​ဖြစ်​၏။ အ​ဘယ်​သူ​မျှ​သင့်​အား​အ​ခ​ကြေး​ငွေ​ပေး​၍ ပြည့်​တန်​ဆာ​လုပ်​စေ​သည်​မ​ဟုတ်။ သင်​သည် အ​ခ​ကြေး​ငွေ​လည်း​မ​ရ။ သင်​က​သာ​လျှင် ပေး​၏။ သင်​သည်​အ​ကယ်​ပင်​ထူး​ပါ​ပေ သည်'' ဟူ​၍​တည်း။
לָכֵ֣ן זוֹנָ֔ה שִׁמְעִ֖י דְּבַר־יְהוָֽה׃ פ 35
၃၅သို့​ဖြစ်​၍​အ​ချင်း​ပြည့်​တန်​ဆာ၊ ထာ​ဝရ ဘု​ရား​မိန့်​တော်​မူ​သည်​ကို​နား​ထောင်​လော့။
כֹּֽה־אָמַ֞ר אֲדֹנָ֣י יְהֹוִ֗ה יַ֣עַן הִשָּׁפֵ֤ךְ נְחֻשְׁתֵּךְ֙ וַתִּגָּלֶ֣ה עֶרְוָתֵ֔ךְ בְּתַזְנוּתַ֖יִךְ עַל־מְאַהֲבָ֑יִךְ וְעַל֙ כָּל־גִּלּוּלֵ֣י תוֹעֲבוֹתַ֔יִךְ וְכִדְמֵ֣י בָנַ֔יִךְ אֲשֶׁ֥ר נָתַ֖תְּ לָהֶֽם׃ 36
၃၆အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား``သင်​သည်​ကာ​မ​ရာ​ဂ​ကြီး​လျက်​အ​ဝတ် များ​ကို​ချွတ်​၍ ပြည့်​တန်​ဆာ​ကဲ့​သို့​မိ​မိ ကိုယ်​ကို​ချစ်​သူ​များ​သို့​လည်း​ကောင်း၊ စက် ဆုပ်​ဖွယ်​ကောင်း​သည့်​ရုပ်​တု​များ​သို့​လည်း ကောင်း​ပေး​အပ်​ကာ မိ​မိ​၏​သား​သ​မီး​များ အား​ရုပ်​တု​များ​ကို​ပူ​ဇော်​ရာ​ယဇ်​ကောင် များ​အ​ဖြစ်​ဖြင့်​သတ်​၏။-
לָ֠כֵן הִנְנִ֨י מְקַבֵּ֤ץ אֶת־כָּל־מְאַהֲבַ֙יִךְ֙ אֲשֶׁ֣ר עָרַ֣בְתְּ עֲלֵיהֶ֔ם וְאֵת֙ כָּל־אֲשֶׁ֣ר אָהַ֔בְתְּ עַ֖ל כָּל־אֲשֶׁ֣ר שָׂנֵ֑את וְקִבַּצְתִּי֩ אֹתָ֨ם עָלַ֜יִךְ מִסָּבִ֗יב וְגִלֵּיתִ֤י עֶרְוָתֵךְ֙ אֲלֵהֶ֔ם וְרָא֖וּ אֶת־כָּל־עֶרְוָתֵֽךְ׃ 37
၃၇ဤ​အ​ကြောင်း​ကြောင့်​ငါ​သည်​သင်​နှစ်​သက် သော​သင်​၏​ချစ်​သူ​များ​ကို​စု​ဝေး​စေ​ပြီး နောက် သင်​ချစ်​သူ​မုန်း​သူ​အား​လုံး​ကို​စု ဝေး​စေ​ပြီး​လျှင်​သင့်​အား​ဝန်း​ရံ​၍​နေ​စေ မည်။ ထို​နောက်​သင်​၏​အ​ဝတ်​များ​ကို​ချွတ် ၍ သင်​အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​နေ​ပုံ ကို​ပြ​မည်။-
וּשְׁפַטְתִּיךְ֙ מִשְׁפְּטֵ֣י נֹאֲפ֔וֹת וְשֹׁפְכֹ֖ת דָּ֑ם וּנְתַתִּ֕יךְ דַּ֥ם חֵמָ֖ה וְקִנְאָֽה׃ 38
၃၈ငါ​သည်​သင့်​အား​သူ​တစ်​ပါး​အိမ်​ရာ​ကို ပြစ်​မှား​မှု၊ လူ​သတ်​မှု​တို့​အ​တွက်​ပြစ်​ဒဏ် စီ​ရင်​မည်။ ငါ​သည်​ပြင်း​စွာ​ဒေါ​သ​အ​မျက် ထွက်​၍ မ​ရှု​စိမ့်​သ​ဖြင့်​သင့်​အား​က​လဲ့​စား ချေ​၍​သေ​ဒဏ်​ပေး​မည်။-
וְנָתַתִּ֨י אוֹתָ֜ךְ בְּיָדָ֗ם וְהָרְס֤וּ גַבֵּךְ֙ וְנִתְּצ֣וּ רָמֹתַ֔יִךְ וְהִפְשִׁ֤יטוּ אוֹתָךְ֙ בְּגָדַ֔יִךְ וְלָקְח֖וּ כְּלֵ֣י תִפְאַרְתֵּ֑ךְ וְהִנִּיח֖וּךְ עֵירֹ֥ם וְעֶרְיָֽה׃ 39
၃၉ငါ​သည်​သင့်​ကို​သူ​တို့​၏​လက်​သို့​အပ်​နှံ မည်။ သူ​တို့​သည်​သင်​၏​မြင့်​သော​တောင်​ကုန်း များ ဝတ်​ပြု​ရာ​ဌာ​န​များ​ကို​ဖြို​ဖျက်​ကြ လိမ့်​မည်။ သူ​တို့​သည်​သင်​၏​အ​ဝတ်​အ​စား များ​နှင့်​ကျောက်​မျက်​ရ​တ​နာ​များ​ကို​ယူ ၍ သင့်​အား​အ​ဝတ်​အ​ချည်း​စည်း​ထား ကြ​လိမ့်​မည်။
וְהֶעֱל֤וּ עָלַ֙יִךְ֙ קָהָ֔ל וְרָגְמ֥וּ אוֹתָ֖ךְ בָּאָ֑בֶן וּבִתְּק֖וּךְ בְּחַרְבוֹתָֽם׃ 40
၄၀``သင့်​အား​ခဲ​နှင့်​ပေါက်​၍​ဋ္ဌား​နှင့်​အ​ပိုင်း​ပိုင်း ဖြတ်​ကြ​စေ​ရန် သူ​တို့​သည်​လူ​အုပ်​ကြီး​တစ် စု​ကို​လှုံ့​ဆော်​ပေး​ကြ​လိမ့်​မည်။-
וְשָׂרְפ֤וּ בָתַּ֙יִךְ֙ בָּאֵ֔שׁ וְעָשׂוּ־בָ֣ךְ שְׁפָטִ֔ים לְעֵינֵ֖י נָשִׁ֣ים רַבּ֑וֹת וְהִשְׁבַּתִּיךְ֙ מִזּוֹנָ֔ה וְגַם־אֶתְנַ֖ן לֹ֥א תִתְּנִי־עֽוֹד׃ 41
၄၁သူ​တို့​သည်​သင်​၏​အိမ်​များ​ကို​မီး​ရှို့​ကြ ပြီး​လျှင် သင်​အ​ပြစ်​ဒဏ်​ခံ​ရ​ပုံ​ကို​မြောက် မြား​စွာ​သော​အ​မျိုး​သ​မီး​တို့​အား​ပြ​ကြ လိမ့်​မည်။ သင်​၏​ပြည့်​တန်​ဆာ​အ​လုပ်​နှင့် ချစ်​သူ​တို့​အား လက်​ဆောင်​ပေး​ကမ်း​မှု​ကို ငါ​ရပ်​စဲ​စေ​မည်။-
וַהֲנִחֹתִ֤י חֲמָתִי֙ בָּ֔ךְ וְסָ֥רָה קִנְאָתִ֖י מִמֵּ֑ךְ וְשָׁ֣קַטְתִּ֔י וְלֹ֥א אֶכְעַ֖ס עֽוֹד׃ 42
၄၂ထို​နောက်​ငါ​သည်​အ​မျက်​ပြေ​၍​တည်​ငြိမ် လိမ့်​မည်။ နောက်​တစ်​ဖန်​အ​မျက်​ထွက်​တော့​မည် မ​ဟုတ်။ မ​နာ​လို​စိတ်​လည်း​ရှိ​တော့​မည်​မ​ဟုတ်။-
יַ֗עַן אֲשֶׁ֤ר לֹֽא־זכרתי אֶת־יְמֵ֣י נְעוּרַ֔יִךְ וַתִּרְגְּזִי־לִ֖י בְּכָל־אֵ֑לֶּה וְגַם־אֲנִ֨י הֵ֜א דַּרְכֵּ֣ךְ ׀ בְּרֹ֣אשׁ נָתַ֗תִּי נְאֻם֙ אֲדֹנָ֣י יְהוִ֔ה וְלֹ֤א עשיתי אֶת־הַזִּמָּ֔ה עַ֖ל כָּל־תּוֹעֲבֹתָֽיִךְ׃ 43
၄၃ငယ်​စဉ်​အ​ခါ​က​သင့်​အ​ကြောင်း​ကို သင်​သည် မေ့​ပျောက်​ကာ​ဆိုး​ညစ်​မှု​အ​ပေါင်း​ကို​ပြု​၍ ငါ ၏​အ​မျက်​ကို​နှိုး​ဆော်​ခဲ့​၏။ သို့​ဖြစ်​၍​ထို​အ​မှု အ​ရာ​များ​အ​တွက် ငါ​သည်​သင့်​ကို​ဒဏ်​ပေး ရ​၏။ သင်​သည်​အ​ကျင့်​ပျက်​ပြား​မှု​အ​ပြင် အ​ခြား​စက်​ဆုပ်​ဖွယ်​ကောင်း​သည့်​အ​မှု​များ ကို အ​ဘယ်​ကြောင့်​ထပ်​လောင်း​၍​ပြု​သ​နည်း'' ဟူ​၍​တည်း။ ဤ​ကား​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။
הִנֵּה֙ כָּל־הַמֹּשֵׁ֔ל עָלַ֥יִךְ יִמְשֹׁ֖ל לֵאמֹ֑ר כְּאִמָּ֖ה בִּתָּֽהּ׃ 44
၄၄ထာ​ဝ​ရ​ဘု​ရား​က``အို ယေ​ရု​ရှ​လင်​မြို့၊ လူ တို့​သည်​သင်​၏​အ​ကြောင်း​နှင့်​ပတ်​သက်​၍`အ​မိ စ​ရိုက်​သ​မီး​လိုက်' ဟူ​သော​စ​ကား​ပုံ​ကို သုံး​စွဲ​ကြ​လိမ့်​မည်။-
בַּת־אִמֵּ֣ךְ אַ֔תְּ גֹּעֶ֥לֶת אִישָׁ֖הּ וּבָנֶ֑יהָ וַאֲח֨וֹת אֲחוֹתֵ֜ךְ אַ֗תְּ אֲשֶׁ֤ר גָּֽעֲ֙לוּ֙ אַנְשֵׁיהֶ֣ן וּבְנֵיהֶ֔ן אִמְּכֶ֣ן חִתִּ֔ית וַאֲבִיכֶ֖ן אֱמֹרִֽי׃ 45
၄၅သင်​သည်​အ​မှန်​ပင်​အ​မေ့​သ​မီး​ပီ​သ​ပါ​ပေ သည်။ သင်​၏​မိ​ခင်​သည်​ခင်​ပွန်း​နှင့်​သား​သ​မီး တို့​ကို​ရွံ​မုန်း​သူ​ဖြစ်​၏။ သင်​နှင့်​သင့်​ညီ​အစ်​မ တို့​သည်​တူ​ညီ​၍၊ သူ​တို့​သည်​မိ​မိ​ခင်​ပွန်း​နှင့် သား​သ​မီး​တို့​ကို​ရွံ​မုန်း​ကြ​၏။ သင်​၏​မိ​ခင် သည်​ဟိတ္တိ​အ​မျိုး​သ​မီး​ဖြစ်​၍​ဖ​ခင်​မှာ အာ​မော​ရိ​အ​မျိုး​သား ဖြစ်​၏။
וַאֲחוֹתֵ֨ךְ הַגְּדוֹלָ֤ה שֹֽׁמְרוֹן֙ הִ֣יא וּבְנוֹתֶ֔יהָ הַיּוֹשֶׁ֖בֶת עַל־שְׂמֹאולֵ֑ךְ וַאֲחוֹתֵ֞ךְ הַקְּטַנָּ֣ה מִמֵּ֗ךְ הַיּוֹשֶׁ֙בֶת֙ מִֽימִינֵ֔ךְ סְדֹ֖ם וּבְנוֹתֶֽיהָ׃ 46
၄၆``သင်​၏​အစ်​မ​သည်​မိ​မိ​၏​သ​မီး​များ​နှင့် တ​ကွ နေ​ထိုင်​လျက်​ရှိ​သည့်​မြောက်​အ​ရပ်​တွင် ရှိ​သော​ရှ​မာ​ရိ​မြို့​ဖြစ်​၏။ သင့်​ညီ​မ​ကား မိ​မိ​၏​သ​မီး​များ​နှင့်​တ​ကွ​နေ​ထိုင်​လျက် ရှိ​သော​တောင်​အ​ရပ်​တွင်​ရှိ​သည့်​သော​ဒုံ​မြို့ ဖြစ်​၏။-
וְלֹ֤א בְדַרְכֵיהֶן֙ הָלַ֔כְתְּ וּבְתוֹעֲבֽוֹתֵיהֶ֖ן עשיתי כִּמְעַ֣ט קָ֔ט וַתַּשְׁחִ֥תִי מֵהֵ֖ן בְּכָל־דְּרָכָֽיִךְ׃ 47
၄၇သင်​သည်​သူ​တို့​၏​ခြေ​ရာ​ကို​နင်း​လျက်​စက် ဆုပ်​ဖွယ်​ရာ​အ​ကျင့်​များ​ကို​ပြု​ကျင့်​ရုံ​ဖြင့် ကျေ​နပ်​ပါ​သ​လော။ မ​ကျေ​နပ်။ အ​ချိန်​အ​နည်း ငယ်​အ​တွင်း​သင်​သည်​သူ​တို့​ပြု​သ​မျှ​သော အ​မှု​အ​ပေါင်း​တို့​ထက်​ပို​မို​ဆိုး​ရွား​သော အ​မှု​ကို​ပြု​ကျင့်​ခဲ့​၏။-
חַי־אָ֗נִי נְאֻם֙ אֲדֹנָ֣י יְהוִ֔ה אִם־עָֽשְׂתָה֙ סְדֹ֣ם אֲחוֹתֵ֔ךְ הִ֖יא וּבְנוֹתֶ֑יהָ כַּאֲשֶׁ֣ר עָשִׂ֔ית אַ֖תְּ וּבְנוֹתָֽיִךְ׃ 48
၄၈အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​သည်​နှင့် အ​ညီ သင်​၏​ညီ​မ​သော​ဒုံ​မြို့​နှင့်​သူ့​သ​မီး တို့​သည် သင်​နှင့်​သင့်​သ​မီး​များ​ပြု​ကျင့်​ခဲ့ သည့်​ဆိုး​ညစ်​မှု​မျိုး​ကို​အ​ဘယ်​အ​ခါ​က မျှ​မ​ပြု​မ​ကျင့်​ခဲ့​ကြ။-
הִנֵּה־זֶ֣ה הָיָ֔ה עֲוֺ֖ן סְדֹ֣ם אֲחוֹתֵ֑ךְ גָּא֨וֹן שִׂבְעַת־לֶ֜חֶם וְשַׁלְוַ֣ת הַשְׁקֵ֗ט הָ֤יָה לָהּ֙ וְלִבְנוֹתֶ֔יהָ וְיַד־עָנִ֥י וְאֶבְי֖וֹן לֹ֥א הֶחֱזִֽיקָה׃ 49
၄၉ဤ​ကား​သင့်​ညီ​မ​သော​ဒုံ​ပြု​သော​အ​မှု​ဖြစ် သည်။ သူ​တို့​သည်​မာ​န​ကြီး​လျက်​အ​စာ​ရေ စာ​အ​ဝ​လွန်​၍ မည်​သူ့​ကို​မျှ​ဂ​ရု​မ​စိုက်​ဘဲ ဆင်း​ရဲ​သူ​များ​နှင့် အ​ခွင့်​အ​ရေး​နိမ့်​သူ​လူ တန်း​စား​တို့​အား ကူ​ညီ​စောင့်​ရှောက်​မှု​ကို မ​ပြု​ကြ။-
וַֽתִּגְבְּהֶ֔ינָה וַתַּעֲשֶׂ֥ינָה תוֹעֵבָ֖ה לְפָנָ֑י וָאָסִ֥יר אֶתְהֶ֖ן כַּאֲשֶׁ֥ר רָאִֽיתִי׃ ס 50
၅၀သူ​တို့​သည်​မာ​န​ကြီး​၍​ငါ​မုန်း​သည့်​အ​မှု တို့​ကို​ပြု​ကြ​၏။ သို့​ဖြစ်​၍​သင်​ကောင်း​စွာ သိ​သည်​အ​တိုင်း ငါ​သည်​သူ​တို့​အား​ပျက်​စီး စေ​၏။
וְשֹׁ֣מְר֔וֹן כַּחֲצִ֥י חַטֹּאתַ֖יִךְ לֹ֣א חָטָ֑אָה וַתַּרְבִּ֤י אֶת־תּוֹעֲבוֹתַ֙יִךְ֙ מֵהֵ֔נָּה וַתְּצַדְּקִי֙ אֶת־אחותך בְּכָל־תּוֹעֲבוֹתַ֖יִךְ אֲשֶׁ֥ר עשיתי׃ 51
၅၁``ရှ​မာ​ရိ​မြို့​သည်​သင်​ပြု​ခဲ့​သည့်​ဒု​စ​ရိုက်​၏ ထက်​ဝက်​ကို​ပင်​မ​ပြု။ သင်​သည်​သူ​ပြု​သ​မျှ သော​အ​မှု​အ​ပေါင်း​တို့​ထက် ပို​၍​စက်​ဆုပ်​ဖွယ် ကောင်း​သည့်​အ​မှု​ကို​ပြု​လေ​ပြီ။ သင်​သည်​စက် ဆုပ်​ရွံ​ရှာ​ဖွယ်​ကောင်း​လှ​သ​ဖြင့် သင့်​ညီ​အစ်​မ တို့​ကား​သင်​နှင့်​စာ​သော်​အပြစ်​မဲ့​သူ​များ​ဟု ပင်​ထင်​မှတ်​ရ​၏။-
גַּם־אַ֣תְּ ׀ שְׂאִ֣י כְלִמָּתֵ֗ךְ אֲשֶׁ֤ר פִּלַּלְתְּ֙ לַֽאֲחוֹתֵ֔ךְ בְּחַטֹּאתַ֛יִךְ אֲשֶׁר־הִתְעַ֥בְתְּ מֵהֵ֖ן תִּצְדַּ֣קְנָה מִמֵּ֑ךְ וְגַם־אַ֥תְּ בּ֙וֹשִׁי֙ וּשְׂאִ֣י כְלִמָּתֵ֔ךְ בְּצַדֶּקְתֵּ֖ךְ אַחְיוֹתֵֽךְ׃ 52
၅၂ယ​ခု​သင်​သည်​မိ​မိ​အ​ရှက်​ကွဲ​မှု​ကို​ခံ​စား ရ​မည်။ သင့်​ညီ​အစ်​မ​များ​အ​တွက် တ​ရား​မျှ တ​မှု​အ​ချို့​ဆောင်​ရွက်​ခဲ့​ပြီ။ သင်​၏​အ​ပြစ် များ​သည်​သင့်​ညီ​အစ်​မ​တို့​၏​အ​ပြစ်​များ ထက် လွန်​စွာ​ပို​၍​ဆိုး​ရွား​သ​ဖြင့် သူ​တို့​သည် သင်​နှင့်​စာ​သော်​အ​ပြစ်​မဲ့​သူ​များ​ကဲ့​သို့ ဖြစ်​ကြ​၏။ ယင်း​သို့​မိ​မိ​၏​ညီ​အစ်​မ​တို့​အား အ​ပြစ်​မဲ့​သူ​များ​ကဲ့​သို့​ထင်​မှတ်​စေ​သော ကြောင့် သင်​သည်​မိ​မိ​အ​ရှက်​ကွဲ​မှု​ကို​ခံ​စား လော့'' ဟု​မိန့်​တော်​မူ​၏။
וְשַׁבְתִּי֙ אֶת־שְׁבִ֣יתְהֶ֔ן אֶת־שבית סְדֹם֙ וּבְנוֹתֶ֔יהָ וְאֶת־שבית שֹׁמְר֖וֹן וּבְנוֹתֶ֑יהָ ושבית שְׁבִיתַ֖יִךְ בְּתוֹכָֽהְנָה׃ 53
၅၃``သော​ဒုံ​မြို့​နှင့်​ထို​မြို့​၏​သ​မီး​များ​နှင့် ရှ​မာ ရိ​မြို့​နှင့်​ထို​မြို့​၏​သ​မီး​များ​ကို​ငါ​သည် တစ်​ဖန်​ပြန်​လည်​စည်​ကား​စေ​မည်။ သင့်​ကို လည်း​ပြန်​လည်​စည်​ကား​လာ​စေ​မည်။-
לְמַ֙עַן֙ תִּשְׂאִ֣י כְלִמָּתֵ֔ךְ וְנִכְלַ֕מְתְּ מִכֹּ֖ל אֲשֶׁ֣ר עָשִׂ֑ית בְּנַחֲמֵ֖ךְ אֹתָֽן׃ 54
၅၄သင်​သည်​မိ​မိ​ကိုယ်​ကို​ရှက်​လိမ့်​မည်။ သင်​၏ အ​သ​ရေ​ပျက်​မှု​သည်​သင့်​ညီ​အစ်​မ​တို့​အား မိ​မိ​တို့​အ​ဘယ်​မျှ​ကောင်း​စား​လာ​ကြောင်း ထင်​ပေါ်​စေ​လိမ့်​မည်။-
וַאֲחוֹתַ֗יִךְ סְדֹ֤ם וּבְנוֹתֶ֙יהָ֙ תָּשֹׁ֣בְןָ לְקַדְמָתָ֔ן וְשֹֽׁמְרוֹן֙ וּבְנוֹתֶ֔יהָ תָּשֹׁ֖בְןָ לְקַדְמָתָ֑ן וְאַתְּ֙ וּבְנוֹתַ֔יִךְ תְּשֻׁבֶ֖ינָה לְקַדְמַתְכֶֽן׃ 55
၅၅သင်​၏​ညီ​အစ်​မ​များ​ဖြစ်​သော​သော​ဒုံ​နှင့် သူ​၏​သ​မီး​များ၊ ရှ​မာ​ရိ​နှင့်​သူ​၏​သ​မီး များ​တို့​သည် တစ်​ဖန်​ပြန်​လည်​စည်​ကား​လာ ကြ​လိမ့်​မည်။ သင်​နှင့်​သင့်​သ​မီး​များ​သည် လည်း​ပြန်​လည်​ထူ​ထောင်​လာ​လိမ့်​မည်။-
וְל֤וֹא הָֽיְתָה֙ סְדֹ֣ם אֲחוֹתֵ֔ךְ לִשְׁמוּעָ֖ה בְּפִ֑יךְ בְּי֖וֹם גְּאוֹנָֽיִךְ׃ 56
၅၆မိ​မိ​၏​ဆိုး​ညစ်​မှု​များ​ကို​လူ​မ​သိ​မီ​မာန် မာ​န​ထောင်​လွှား​နေ​စဉ်​အ​ခါ​က သင်​သည် သင်​၏​ညီ​မ​သော​ဒုံ​မြို့​၏​နာ​မည်​ကို​ဖော်​ပြ ခြင်း​မ​ပြု​ခဲ့ ယ​ခု​အ​ခါ​၌​သင်​ကိုယ်​တိုင် သည်​ဧ​ဒုံ​သ​မီး​ပျို​နှင့်​အိမ်​နီး​ချင်း​များ၊ ဖိ​လိတ္တိ​သ​မီး​ပျို​နှင့်​အိမ်​နီး​ချင်း​များ​နှင့် သင့်​ကို​မုန်း​သော​သူ​တို့​ပြက်​ရယ်​ပြု​စ​ရာ ဖြစ်​လေ​ပြီ။-
בְּטֶרֶם֮ תִּגָּלֶ֣ה רָעָתֵךְ֒ כְּמ֗וֹ עֵ֚ת חֶרְפַּ֣ת בְּנוֹת־אֲרָ֔ם וְכָל־סְבִיבוֹתֶ֖יהָ בְּנ֣וֹת פְּלִשְׁתִּ֑ים הַשָּׁאט֥וֹת אוֹתָ֖ךְ מִסָּבִֽיב׃ 57
၅၇
אֶת־זִמָּתֵ֥ךְ וְאֶת־תּוֹעֲבוֹתַ֖יִךְ אַ֣תְּ נְשָׂאתִ֑ים נְאֻ֖ם יְהוָֽה׃ ס 58
၅၈သင်​သည်​မိ​မိ​ပြု​ခဲ့​သည့်​ညစ်​ညမ်း​စက်​ဆုပ် ရွံ​ရှာ​ဖွယ်​ကောင်း​သည့်​အ​မှု​များ​၏​အ​ကျိုး ဆက်​ကို​ခံ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား ဖြစ်​၏။
כִּ֣י כֹ֤ה אָמַר֙ אֲדֹנָ֣י יְהוִ֔ה ועשית אוֹתָ֖ךְ כַּאֲשֶׁ֣ר עָשִׂ֑ית אֲשֶׁר־בָּזִ֥ית אָלָ֖ה לְהָפֵ֥ר בְּרִֽית׃ 59
၅၉အ​ရှင်​ထာ​ဝရ​ဘု​ရား​က``သင်​သည်​သင်​၏ ကတိ​သစ္စာ​တို့​ကို​ပ​မာ​ဏ​မ​ပြု၊ ပ​ဋိ​ညာဉ် ကို​လည်း​ချိုး​ဖောက်​သ​ဖြင့် သင်​ခံ​ထိုက်​သည့် အ​ပြစ်​ကို​ငါ​ပေး​မည်။-
וְזָכַרְתִּ֨י אֲנִ֧י אֶת־בְּרִיתִ֛י אוֹתָ֖ךְ בִּימֵ֣י נְעוּרָ֑יִךְ וַהֲקִמוֹתִ֥י לָ֖ךְ בְּרִ֥ית עוֹלָֽם׃ 60
၆၀သို့​ရာ​တွင်​သင်​ငယ်​စဉ်​အ​ခါ​က​ငါ​ပြု​ခဲ့​သည့် ပ​ဋိ​ညာဉ်​ကို​ပြန်​လည်​သ​တိ​ရ​၍ သင်​နှင့်​ထာ​ဝ စဉ်​တည်​မြဲ​သည့်​ပ​ဋိ​ညာဉ်​ကို​ငါ​ဖွဲ့​ဦး​မည်။-
וְזָכַ֣רְתְּ אֶת־דְּרָכַיִךְ֮ וְנִכְלַמְתְּ֒ בְּקַחְתֵּ֗ךְ אֶת־אֲחוֹתַ֙יִךְ֙ הַגְּדֹל֣וֹת מִמֵּ֔ךְ אֶל־הַקְּטַנּ֖וֹת מִמֵּ֑ךְ וְנָתַתִּ֨י אֶתְהֶ֥ן לָ֛ךְ לְבָנ֖וֹת וְלֹ֥א מִבְּרִיתֵֽךְ׃ 61
၆၁သင်​၏​အစ်​မ​နှင့်​ညီ​မ​တို့​သည်​သင့်​ထံ​သို့ ပြန်​လည်​ရောက်​ရှိ​လာ​သော​အ​ခါ သင်​သည် မိ​မိ​ပြု​ကျင့်​ခဲ့​သည့်​အ​မှု​ကို​သ​တိ​ရ​၍ ရှက်​လိမ့်​မည်။ သင်​နှင့်​ငါ​ဖွဲ့​ခဲ့​သော​ပ​ဋိ​ညာဉ် တွင်​မ​ပါ​ရှိ​သော်​လည်း ငါ​သည်​သူ​တို့​အား သင်​၏​သ​မီး​များ​သ​ဖွယ်​ဖြစ်​စေ​မည်။-
וַהֲקִימוֹתִ֥י אֲנִ֛י אֶת־בְּרִיתִ֖י אִתָּ֑ךְ וְיָדַ֖עַתְּ כִּֽי־אֲנִ֥י יְהוָֽה׃ 62
၆၂ငါ​သည်​သင်​နှင့်​ပဋိညာဉ်​ကို​အ​သစ်​တစ်​ဖန်​ပြန် ၍​ဖွဲ့​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​သင်​သိ​ရှိ​ရ​လိမ့်​မည်။-
לְמַ֤עַן תִּזְכְּרִי֙ וָבֹ֔שְׁתְּ וְלֹ֨א יִֽהְיֶה־לָּ֥ךְ עוֹד֙ פִּתְח֣וֹן פֶּ֔ה מִפְּנֵ֖י כְּלִמָּתֵ֑ךְ בְּכַפְּרִי־לָךְ֙ לְכָל־אֲשֶׁ֣ר עָשִׂ֔ית נְאֻ֖ם אֲדֹנָ֥י יְהוִֽה׃ ס 63
၆၃သင်​ပြု​ခဲ့​သ​မျှ​သော​အ​မှား​တို့​ကို​ငါ​ခွင့် လွှတ်​သော​အ​ခါ သင်​သည်​ယင်း​အ​မှား​တို့ ကို​သ​တိ​ရ​လျက်​ရှက်​သ​ဖြင့် နှုတ်​ကို​ပင် မ​ဖွင့်​နိုင်​သည်​တိုင်​အောင်​အ​ရှက်​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။

< יְחֶזְקֵאל 16 >