< עָמוֹס 2 >
כֹּ֚ה אָמַ֣ר יְהוָ֔ה עַל־שְׁלֹשָׁה֙ פִּשְׁעֵ֣י מוֹאָ֔ב וְעַל־אַרְבָּעָ֖ה לֹ֣א אֲשִׁיבֶ֑נּוּ עַל־שָׂרְפ֛וֹ עַצְמ֥וֹת מֶֽלֶךְ־אֱד֖וֹם לַשִּֽׂיד׃ | 1 |
၁ထာဝရဘုရားက``မောဘပြည်သားတို့ သည်တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြ သဖြင့် ငါသည်သူတို့ကိုအမှန်ပင်ဒဏ် ပေးရတော့မည်။ သူတို့သည်ဧဒုံမင်း၏ အရိုးစုကိုပြာချလိုက်ခြင်းဖြင့် ဧဒုံ မင်းကိုမလေးမစားပြုခဲ့ကြပြီ။-
וְשִׁלַּחְתִּי־אֵ֣שׁ בְּמוֹאָ֔ב וְאָכְלָ֖ה אַרְמְנ֣וֹת הַקְּרִיּ֑וֹת וּמֵ֤ת בְּשָׁאוֹן֙ מוֹאָ֔ב בִּתְרוּעָ֖ה בְּק֥וֹל שׁוֹפָֽר׃ | 2 |
၂ငါသည်မောဘပြည်အပေါ်သို့မီးမိုးရွာ စေပြီးကေရုတ်မြို့၏ရဲတိုက်များကိုပြာ ချလိုက်မည်။ စစ်သည်တို့၏အော်သံဟစ် သံ၊ ခရာသံနှင့်တိုက်ပွဲသံများဆူဆူ ညံညံပြင်းထန်နေသောအချိန်မှာပင် မောဘပြည်သားများသေဆုံးလိမ့်မည်။-
וְהִכְרַתִּ֥י שׁוֹפֵ֖ט מִקִּרְבָּ֑הּ וְכָל־שָׂרֶ֛יהָ אֶהֱר֥וֹג עִמּ֖וֹ אָמַ֥ר יְהוָֽה׃ פ | 3 |
၃ငါသည်မောဘမင်းကိုသတ်မည်။ မောဘ နိုင်ငံရှိခေါင်းဆောင်အားလုံးကိုကွပ်မျက် မည်'' ဟုမိန့်တော်မူ၏။
כֹּ֚ה אָמַ֣ר יְהוָ֔ה עַל־שְׁלֹשָׁה֙ פִּשְׁעֵ֣י יְהוּדָ֔ה וְעַל־אַרְבָּעָ֖ה לֹ֣א אֲשִׁיבֶ֑נּוּ עַֽל־מָאֳסָ֞ם אֶת־תּוֹרַ֣ת יְהוָ֗ה וְחֻקָּיו֙ לֹ֣א שָׁמָ֔רוּ וַיַּתְעוּם֙ כִּזְבֵיהֶ֔ם אֲשֶׁר־הָלְכ֥וּ אֲבוֹתָ֖ם אַחֲרֵיהֶֽם׃ | 4 |
၄ထာဝရဘုရားက``ယုဒပြည်သားတို့ သည်တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြ သဖြင့်ငါသည်သူတို့ကိုအမှန်ပင်ဒဏ် ပေးရတော့မည်။ သူတို့သည်ငါ၏သြဝါဒ ကိုရွံမုန်း၍ငါပေးသောပညတ်တို့ကို မစောင့်ရှောက်ဘဲနေကြလေပြီ။ သူတို့ ဘိုးဘေးများဆည်းကပ်ကိုးကွယ်ခဲ့သော မိစ္ဆာဘုရားများနောက်သို့ကိုယ်တိုင်လိုက် ပါကာလမ်းလွဲကြလေပြီ။-
וְשִׁלַּ֥חְתִּי אֵ֖שׁ בִּֽיהוּדָ֑ה וְאָכְלָ֖ה אַרְמְנ֥וֹת יְרוּשָׁלִָֽם׃ פ | 5 |
၅ထို့ကြောင့်ငါသည်ယုဒပြည်ပေါ်သို့မီးမိုး ရွာစေပြီးယေရုရှလင်မြို့၏ရဲတိုက်များ ကိုပြာချလိုက်မည်ဟုမိန့်တော်မူ၏။
כֹּ֚ה אָמַ֣ר יְהוָ֔ה עַל־שְׁלֹשָׁה֙ פִּשְׁעֵ֣י יִשְׂרָאֵ֔ל וְעַל־אַרְבָּעָ֖ה לֹ֣א אֲשִׁיבֶ֑נּוּ עַל־מִכְרָ֤ם בַּכֶּ֙סֶף֙ צַדִּ֔יק וְאֶבְי֖וֹן בַּעֲב֥וּר נַעֲלָֽיִם׃ | 6 |
၆ထာဝရဘုရားက``ဣသရေလပြည်သား တို့သည်တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြ သဖြင့်ငါသည်သူတို့ကိုအမှန်ပင်ဒဏ် ပေးရတော့မည်။ သူတို့သည်ကြွေးမဆပ် နိုင်သောရိုးဖြောင့်သူများနှင့် ခြေနင်းတစ် ရံအတွက်ကိုမျှကြွေးမဆပ်နိုင်သော ဆင်းရဲသားတို့ကိုကျွန်အဖြစ်ရောင်းချ ကြသည်။-
הַשֹּׁאֲפִ֤ים עַל־עֲפַר ־אֶ֙רֶץ֙ בְּרֹ֣אשׁ דַּלִּ֔ים וְדֶ֥רֶךְ עֲנָוִ֖ים יַטּ֑וּ וְאִ֣ישׁ וְאָבִ֗יו יֵֽלְכוּ֙ אֶל־הַֽנַּעֲרָ֔ה לְמַ֥עַן חַלֵּ֖ל אֶת־שֵׁ֥ם קָדְשִֽׁי׃ | 7 |
၇သူတို့သည်အားနွဲ့သူနှင့်ခိုကိုးရာမဲ့ သူများကိုနင်းချေပြီးဆင်းရဲသားတို့ ကိုတွန်းထုတ်ဖယ်ရှားကြပြီ။ အဘနှင့် သားသည်ကျွန်မိန်းကလေးတစ်ယောက် တည်းနှင့်ဆက်ဆံလျက်ငါ၏သန့်ရှင်း ရာနာမတော်ကိုအသရေပျက်စေပြီ။-
וְעַל־בְּגָדִ֤ים חֲבֻלִים֙ יַטּ֔וּ אֵ֖צֶל כָּל־מִזְבֵּ֑חַ וְיֵ֤ין עֲנוּשִׁים֙ יִשְׁתּ֔וּ בֵּ֖ית אֱלֹהֵיהֶֽם׃ | 8 |
၈ဝတ်ပြုရာနေရာတိုင်း၌ဆင်းရဲသူများ ထံမှအပေါင်ခံပစ္စည်းအဖြစ်နှင့်ရယူ ထားသောအဝတ်အထည်များကိုခင်း ကာအိပ်စက်ကြလေပြီ။ သူတို့ကိုးကွယ် သောဘုရားသခင်၏ဗိမာန်တော်တွင် ကြွေးတင်နေသူများထံမှလျော်ကြေး အဖြစ်ရယူလာသောစပျစ်ရည်ကို သောက်ကြလေပြီ။
וְאָ֨נֹכִ֜י הִשְׁמַ֤דְתִּי אֶת־הָֽאֱמֹרִי֙ מִפְּנֵיהֶ֔ם אֲשֶׁ֨ר כְּגֹ֤בַהּ אֲרָזִים֙ גָּבְה֔וֹ וְחָסֹ֥ן ה֖וּא כָּֽאַלּוֹנִ֑ים וָאַשְׁמִ֤יד פִּרְיוֹ֙ מִמַּ֔עַל וְשָׁרָשָׁ֖יו מִתָּֽחַת׃ | 9 |
၉``ထိုသို့နှင့်ပင်ငါ၏လူမျိုးအပေါင်းတို့၊ ငါသည်သင်တို့အတွက်အာရဇ်ပင်တမျှ မြင့်မား၍သပိတ်ပင်အလား သန်မာလှ သည့်အာမောရိလူမျိုးကိုအပြီးအပိုင် တိုက်ဖျက်ခဲ့ပြီ။-
וְאָנֹכִ֛י הֶעֱלֵ֥יתִי אֶתְכֶ֖ם מֵאֶ֣רֶץ מִצְרָ֑יִם וָאוֹלֵ֨ךְ אֶתְכֶ֤ם בַּמִּדְבָּר֙ אַרְבָּעִ֣ים שָׁנָ֔ה לָרֶ֖שֶׁת אֶת־אֶ֥רֶץ הָאֱמֹרִֽי׃ | 10 |
၁၀ငါသည်သင်တို့ကိုအီဂျစ်ပြည်မှထုတ် ဆောင်လာခဲ့၏။ တောကန္တာရအတွင်း၌ အနှစ်လေးဆယ်ပတ်လုံးပို့ဆောင်ခဲ့ပြီး အာမောရိလူမျိုးတို့၏မြေယာများ ကိုသင်တို့ပိုင်ဆိုင်ရန်ပေးအပ်ခဲ့ပြီ။-
וָאָקִ֤ים מִבְּנֵיכֶם֙ לִנְבִיאִ֔ים וּמִבַּחוּרֵיכֶ֖ם לִנְזִרִ֑ים הַאַ֥ף אֵֽין־זֹ֛את בְּנֵ֥י יִשְׂרָאֵ֖ל נְאֻם־יְהוָֽה׃ | 11 |
၁၁ငါသည်သင်တို့၏သားအချို့ကိုပရော ဖက်အဖြစ်နှင့်လည်းကောင်း၊ သင်တို့၏ လူငယ်အချို့ကိုနာဇရိလူအဖြစ်နှင့် လည်းကောင်းရွေးကောက်ခဲ့ပြီ။ အို ဣသရေလ အမျိုးသားတို့၊ ဤအချက်သည်အမှန် ပင်ဖြစ်သည်မဟုတ်လော။ ဤသည်ကား ငါထာဝရဘုရားမိန့်တော်မူ၏။-
וַתַּשְׁק֥וּ אֶת־הַנְּזִרִ֖ים יָ֑יִן וְעַל־הַנְּבִיאִים֙ צִוִּיתֶ֣ם לֵאמֹ֔ר לֹ֖א תִּנָּבְאֽוּ׃ | 12 |
၁၂သို့ရာတွင်သင်သည်နာဇရိလူတို့အား စပျစ်ရည်ကိုသောက်စေ၍ပရောဖက်တို့ အားငါ၏သတင်းစကားကိုကြားပြော ခြင်းမပြုရန်တားမြစ်ခဲ့ကြလေပြီ။-
הִנֵּ֛ה אָנֹכִ֥י מֵעִ֖יק תַּחְתֵּיכֶ֑ם כַּאֲשֶׁ֤ר תָּעִיק֙ הָעֲגָלָ֔ה הַֽמְלֵאָ֥ה לָ֖הּ עָמִֽיר׃ | 13 |
၁၃ထို့ကြောင့်ငါသည်သင့်အားမြေကြီးပေါ် နင်းချေ၍သင်သည်ဂျုံစပါးအပြည့်တင် ထားသည့်လှည်းကဲ့သို့ ငြီးတွားရလိမ့်မည်။-
וְאָבַ֤ד מָנוֹס֙ מִקָּ֔ל וְחָזָ֖ק לֹא־יְאַמֵּ֣ץ כֹּח֑וֹ וְגִבּ֖וֹר לֹא־יְמַלֵּ֥ט נַפְשֽׁוֹ׃ | 14 |
၁၄လျင်မြန်စွာပြေးနိုင်သူများပင်လျှင်လွတ် မြောက်လိမ့်မည်မဟုတ်။ သန်စွမ်းသောသူများ သည်လည်းအားအင်ကုန်ခန်း၍စစ်သူရဲတို့ သည်လည်းမိမိတို့၏အသက်ကိုကယ်နိုင် လိမ့်မည်မဟုတ်။-
וְתֹפֵ֤שׂ הַקֶּ֙שֶׁת֙ לֹ֣א יַעֲמֹ֔ד וְקַ֥ל בְּרַגְלָ֖יו לֹ֣א יְמַלֵּ֑ט וְרֹכֵ֣ב הַסּ֔וּס לֹ֥א יְמַלֵּ֖ט נַפְשֽׁוֹ׃ | 15 |
၁၅လေးကိုကိုင်စွဲထားသောသူများသည်လည်း ရပ်တည်ခြင်းငှာမတတ်နိုင်ကြ။ လျင်မြန်စွာ ပြေးနိုင်သူများသည်လည်းလွတ်လိမ့်မည် မဟုတ်၊ မြင်းပေါ်မှလူများသည်လည်းမိမိ တို့အသက်ဘေးမှလွတ်မြောက်ကြလိမ့်မည် မဟုတ်။-
וְאַמִּ֥יץ לִבּ֖וֹ בַּגִּבּוֹרִ֑ים עָר֛וֹם יָנ֥וּס בַּיּוֹם־הַה֖וּא נְאֻם־יְהוָֽה׃ פ | 16 |
၁၆ထိုနေ့တွင်ရဲစွမ်းသတ္တိအရှိဆုံးစစ်သူရဲ များပင်လျှင် မိမိ၏လက်နက်များကိုစွန့် လျက်ထွက်ပြေးကြလိမ့်မည်'' ဟုထာဝရ ဘုရားမိန့်တော်မူ၏။