< 2 מְלָכִים 16 >

בִּשְׁנַת֙ שְׁבַֽע־עֶשְׂרֵ֣ה שָׁנָ֔ה לְפֶ֖קַח בֶּן־רְמַלְיָ֑הוּ מָלַ֛ךְ אָחָ֥ז בֶּן־יוֹתָ֖ם מֶ֥לֶךְ יְהוּדָֽה׃ 1
ရေ​မ​လိ​၏​သား​ပေ​ကာ​၏ နန်း​စံ​တစ်​ဆယ့်​ခု​နစ် နှစ်​မြောက်​၌​ယော​သံ​၏​သား​အာ​ခတ်​သည်၊ အ သက်​နှစ်​ဆယ်​ရှိ​သော​အ​ခါ​ယု​ဒ​ပြည်​ဘု​ရင် အ​ဖြစ်​နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​၌​တစ်​ဆယ့် ခြောက်​နှစ်​နန်း​စံ​ရ​၏။ သူ​သည်​မိ​မိ​၏​ဘေး​တော် ဒါ​ဝိဒ်​မင်း​၏​စံ​န​မူ​နာ​ကောင်း​ကို​မ​ယူ​ဘဲ ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မ​မူ​သည့် အ​မှု​တို့​ကို​ပြု​၍၊-
בֶּן־עֶשְׂרִ֤ים שָׁנָה֙ אָחָ֣ז בְּמָלְכ֔וֹ וְשֵׁשׁ־עֶשְׂרֵ֣ה שָׁנָ֔ה מָלַ֖ךְ בִּירוּשָׁלִָ֑ם וְלֹא־עָשָׂ֣ה הַיָּשָׁ֗ר בְּעֵינֵ֛י יְהוָ֥ה אֱלֹהָ֖יו כְּדָוִ֥ד אָבִֽיו׃ 2
וַיֵּ֕לֶךְ בְּדֶ֖רֶךְ מַלְכֵ֣י יִשְׂרָאֵ֑ל וְגַ֤ם אֶת־בְּנוֹ֙ הֶעֱבִ֣יר בָּאֵ֔שׁ כְּתֹֽעֲבוֹת֙ הַגּוֹיִ֔ם אֲשֶׁ֨ר הוֹרִ֤ישׁ יְהוָה֙ אֹתָ֔ם מִפְּנֵ֖י בְּנֵ֥י יִשְׂרָאֵֽל׃ 3
ဣ​သ​ရေ​လ​မင်း​တို့​၏​လမ်း​စဉ်​ကို​လိုက်​လေ သည်။ သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ချီ တက်​လာ​ချိန်​၌ ထာ​ဝ​ရ​ဘု​ရား​နှင်​ထုတ်​တော် မူ​သော​လူ​မျိုး​တို့​၏​စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​ကောင်း သည့်​ဋ္ဌ​လေ့​ထုံး​စံ​တို့​ကို​အ​တု​ခိုး​ကာ မိ​မိ ၏​သား​တော်​ကို​ပင်​လျှင်​မီး​ရှို့​ရာ​ပူ​ဇော်​သကာ အ​ဖြစ်​ရုပ်​တု​တို့​အား​ပူ​ဇော်​လေ​သည်။-
וַיְזַבֵּ֧חַ וַיְקַטֵּ֛ר בַּבָּמ֖וֹת וְעַל־הַגְּבָע֑וֹת וְתַ֖חַת כָּל־עֵ֥ץ רַעֲנָֽן׃ 4
ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ဖြစ်​သော​တောင် ကုန်း​များ​နှင့် အ​ရိပ်​ကောင်း​သည့်​သစ်​ပင်​အောက် တို့​တွင်​အာ​ခတ်​သည်​ယဇ်​များ​ကို​ပူ​ဇော်​၍ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​၏။
אָ֣ז יַעֲלֶ֣ה רְצִ֣ין מֶֽלֶךְ־אֲ֠רָם וּפֶ֨קַח בֶּן־רְמַלְיָ֧הוּ מֶֽלֶךְ־יִשְׂרָאֵ֛ל יְרוּשָׁלִַ֖ם לַמִּלְחָמָ֑ה וַיָּצֻ֙רוּ֙ עַל־אָחָ֔ז וְלֹ֥א יָכְל֖וּ לְהִלָּחֵֽם׃ 5
ရှု​ရိ​ဘု​ရင်​ရေ​ဇိန်​နှင့်​ဣသ​ရေ​လ​ဘု​ရင်​ပေ​ကာ တို့​သည် စစ်​ချီ​၍​ယေ​ရု​ရှ​လင်​မြို့​ကို​ဝိုင်း​ရံ ထား​ကြ​သော်​လည်း အာ​ခတ်​မင်း​ကို​မ​နှိမ်​နင်း နိုင်​ကြ။-
בָּעֵ֣ת הַהִ֗יא הֵ֠שִׁיב רְצִ֨ין מֶֽלֶךְ־אֲרָ֤ם אֶת־אֵילַת֙ לַֽאֲרָ֔ם וַיְנַשֵּׁ֥ל אֶת־הַיְהוּדִ֖ים מֵֽאֵיל֑וֹת וארמים בָּ֣אוּ אֵילַ֔ת וַיֵּ֣שְׁבוּ שָׁ֔ם עַ֖ד הַיּ֥וֹם הַזֶּֽה׃ פ 6
(ထို​အ​ချိန်​၌​ပင်​လျှင်​ဧ​ဒုံ​ဘု​ရင်​သည်​ဧ​လတ် မြို့​ကို​ပြန်​လည်​သိမ်း​ယူ​ပြီး​နောက် ထို​ပြည်​တွင် နေ​ထိုင်​သူ​ယု​ဒ​ပြည်​သား​တို့​အား​နှင်​ထုတ် လိုက်​လေ​သည်။ ဧ​ဒုံ​ပြည်​သား​တို့​သည်​ဧ​လတ် မြို့​သို့​လာ​ရောက်​နေ​ထိုင်​၍​ယ​နေ့​တိုင်​အောင် ရှိ​နေ​ကြ​သ​တည်း။-)
וַיִּשְׁלַ֨ח אָחָ֜ז מַלְאָכִ֗ים אֶל־תִּ֠גְלַת פְּלֶ֤סֶר מֶֽלֶךְ־אַשּׁוּר֙ לֵאמֹ֔ר עַבְדְּךָ֥ וּבִנְךָ֖ אָ֑נִי עֲלֵ֨ה וְהוֹשִׁעֵ֜נִי מִכַּ֣ף מֶֽלֶךְ־אֲרָ֗ם וּמִכַּף֙ מֶ֣לֶךְ יִשְׂרָאֵ֔ל הַקּוֹמִ֖ים עָלָֽי׃ 7
အာ​ခတ်​မင်း​သည်​အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင် တိ​ဂ​လတ်​ပိ​လေ​သာ​ထံ​သို့``အ​ကျွန်ုပ်​သည် အ​ရှင်​၏​သစ္စာ​တော်​ခံ၊ အ​စေ​ခံ​တစ်​ဦး​ဖြစ် ပါ​၏။ အ​ကျွန်ုပ်​တို့​ကို​တိုက်​ခိုက်​လျက်​နေ​သူ ရှု​ရိ​ဘု​ရင်​နှင့် ဣသ​ရေ​လ​ဘု​ရင်​တို့​လက်​မှ ကယ်​တော်​မူ​ပါ'' ဟု​သ​ဝဏ်​လွှာ​ရေး​၍​သံ တ​မန်​များ​စေ​လွှတ်​ပေး​ပို့​လိုက်​၏။-
וַיִּקַּ֨ח אָחָ֜ז אֶת־הַכֶּ֣סֶף וְאֶת־הַזָּהָ֗ב הַנִּמְצָא֙ בֵּ֣ית יְהוָ֔ה וּבְאֹֽצְר֖וֹת בֵּ֣ית הַמֶּ֑לֶךְ וַיִּשְׁלַ֥ח לְמֶֽלֶךְ־אַשּׁ֖וּר שֹֽׁחַד׃ 8
အာ​ခတ်​သည်​ဗိ​မာန်​တော်​နှင့်​နန်း​တော်​ဘဏ္ဍာ တိုက်​ထဲ​မှ​ရွှေ၊ ငွေ​တို့​ကို​ယူ​၍​ဧ​က​ရာဇ် မင်း​အား​လက်​ဆောင်​ပဏ္ဏာ​အ​ဖြစ်​ဆက်​သ လေ​သည်။-
וַיִּשְׁמַ֤ע אֵלָיו֙ מֶ֣לֶךְ אַשּׁ֔וּר וַיַּעַל֩ מֶ֨לֶךְ אַשּׁ֤וּר אֶל־דַּמֶּ֙שֶׂק֙ וַֽיִּתְפְּשֶׂ֔הָ וַיַּגְלֶ֖הָ קִ֑ירָה וְאֶת־רְצִ֖ין הֵמִֽית׃ 9
တိ​ဂ​လတ်​ပိ​လေ​သာ​သည်​အာ​ခတ်​မင်း​၏​ပန် ကြား​ချက်​အ​ရ မိ​မိ​၏​တပ်​မ​တော်​နှင့်​အ​တူ ဒ​မာ​သက်​မြို့​ကို​ချီ​တက်​သိမ်း​ယူ​ပြီး​လျှင် ရေ​ဇိန်​မင်း​အား​လုပ်​ကြံ​၍​ပြည်​သူ​တို့​အား ကိ​ရ​မြို့​သို့​သုံ့​ပန်း​များ​အ​ဖြစ်​ဖမ်း​သွား တော်​မူ​၏။
וַיֵּ֣לֶךְ הַמֶּ֣לֶךְ אָחָ֡ז לִ֠קְרַאת תִּגְלַ֨ת פִּלְאֶ֤סֶר מֶֽלֶךְ־אַשּׁוּר֙ דּוּמֶּ֔שֶׂק וַיַּ֥רְא אֶת־הַמִּזְבֵּ֖חַ אֲשֶׁ֣ר בְּדַמָּ֑שֶׂק וַיִּשְׁלַח֩ הַמֶּ֨לֶךְ אָחָ֜ז אֶל־אוּרִיָּ֣ה הַכֹּהֵ֗ן אֶת־דְּמ֧וּת הַמִּזְבֵּ֛חַ וְאֶת־תַּבְנִית֖וֹ לְכָֽל־מַעֲשֵֽׂהוּ׃ 10
၁၀အာ​ခတ်​မင်း​သည်​ဧ​က​ရာဇ်​ဘု​ရင်​တိ​ဂ​လတ် ပိ​လေ​သာ​ကို​တွေ့​ဆုံ​ရန် ဒ​မာ​သက်​မြို့​သို့​သွား သော​အ​ခါ ထို​မြို့​တွင်​ရှိ​သော​ယဇ်​ပလ္လင်​ကို​မြင် သ​ဖြင့် ထို​ယဇ်​ပလ္လင်​၏​ပုံ​တူ​တစ်​ခု​ကို​စေ့​စပ် သေ​ချာ​စွာ​ပြု​လုပ်​ပြီး​လျှင် ယဇ်​ပု​ရော​ဟိတ် ဥ​ရိ​ယ​ထံ​သို့​ပေး​ပို့​လိုက်​၏။-
וַיִּ֛בֶן אוּרִיָּ֥ה הַכֹּהֵ֖ן אֶת־הַמִּזְבֵּ֑חַ כְּכֹ֣ל אֲשֶׁר־שָׁלַח֩ הַמֶּ֨לֶךְ אָחָ֜ז מִדַּמֶּ֗שֶׂק כֵּ֤ן עָשָׂה֙ אוּרִיָּ֣ה הַכֹּהֵ֔ן עַד־בּ֥וֹא הַמֶּֽלֶךְ־אָחָ֖ז מִדַּמָּֽשֶׂק׃ 11
၁၁သို့​ဖြစ်​၍​ဥ​ရိ​ယ​သည်​ထို​ပုံ​စံ​အ​တိုင်း တိ​ကျ စွာ​ယဇ်​ပလ္လင်​တစ်​ခု​ကို​အာ​ခတ်​မင်း​ပြန်​၍ မ​ရောက်​မီ အ​ပြီး​ဆောက်​လုပ်​ထား​လေ​သည်။-
וַיָּבֹ֤א הַמֶּ֙לֶךְ֙ מִדַּמֶּ֔שֶׂק וַיַּ֥רְא הַמֶּ֖לֶךְ אֶת־הַמִּזְבֵּ֑חַ וַיִּקְרַ֥ב הַמֶּ֛לֶךְ עַל־הַמִּזְבֵּ֖חַ וַיַּ֥עַל עָלָֽיו׃ 12
၁၂ဒ​မာ​သက်​မြို့​မှ​ပြန်​၍​ရောက်​ရှိ​လာ​သော အ​ခါ အာ​ခတ်​မင်း​သည်​တည်​ဆောက်​ပြီး သည့်​ယဇ်​ပလ္လင်​ကို​မြင်​လေ​လျှင်၊-
וַיַּקְטֵ֤ר אֶת־עֹֽלָתוֹ֙ וְאֶת־מִנְחָת֔וֹ וַיַּסֵּ֖ךְ אֶת־נִסְכּ֑וֹ וַיִּזְרֹ֛ק אֶת־דַּֽם־הַשְּׁלָמִ֥ים אֲשֶׁר־ל֖וֹ עַל־הַמִּזְבֵּֽחַ׃ 13
၁၃ထို​ပလ္လင်​ပေါ်​တွင်​ယဇ်​ကောင်​များ​နှင့်​ဘော​ဇဉ် ပူ​ဇော်​သ​ကာ​များ​ကို​မီး​ရှို့​ပူ​ဇော်​၏။ ထို​နောက် စ​ပျစ်​ရည်​ပူ​ဇော်​သ​ကာ​များ​နှင့် မိတ်​သ​ဟာ​ယ ယဇ်​ဆိုင်​ရာ​သွေး​တို့​ကို​လည်း ထို​ယဇ်​ပလ္လင်​ပေါ် တွင်​သွန်း​လောင်း​လေ​သည်။-
וְאֵ֨ת הַמִּזְבַּ֣ח הַנְּחֹשֶׁת֮ אֲשֶׁ֣ר לִפְנֵ֣י יְהוָה֒ וַיַּקְרֵ֗ב מֵאֵת֙ פְּנֵ֣י הַבַּ֔יִת מִבֵּין֙ הַמִּזְבֵּ֔חַ וּמִבֵּ֖ין בֵּ֣ית יְהוָ֑ה וַיִּתֵּ֥ן אֹת֛וֹ עַל־יֶ֥רֶךְ הַמִּזְבֵּ֖חַ צָפֽוֹנָה׃ 14
၁၄ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​ထား​သည့်​ကြေး ဝါ​ပလ္လင်​မှာ ယဇ်​ပလ္လင်​သစ်​နှင့်​ဗိ​မာန်​တော်​စပ်​ကြား တွင်​တည်​ရှိ​နေ​သော​ကြောင့် အာ​ခတ်​သည်​ထို ပလ္လင်​ကို​ယဇ်​ပလ္လင်​သစ်​၏​မြောက်​ဘက်​သို့​ပြောင်း ရွှေ့​လိုက်​ပြီး​လျှင်၊-
ויצוהו הַמֶּֽלֶךְ־אָ֠חָז אֶת־אוּרִיָּ֨ה הַכֹּהֵ֜ן לֵאמֹ֗ר עַ֣ל הַמִּזְבֵּ֣חַ הַגָּד֡וֹל הַקְטֵ֣ר אֶת־עֹֽלַת־הַבֹּקֶר֩ וְאֶת־מִנְחַ֨ת הָעֶ֜רֶב וְֽאֶת־עֹלַ֧ת הַמֶּ֣לֶךְ וְאֶת־מִנְחָת֗וֹ וְ֠אֵת עֹלַ֞ת כָּל־עַ֤ם הָאָ֙רֶץ֙ וּמִנְחָתָ֣ם וְנִסְכֵּיהֶ֔ם וְכָל־דַּ֥ם עֹלָ֛ה וְכָל־דַּם־זֶ֖בַח עָלָ֣יו תִּזְרֹ֑ק וּמִזְבַּ֧ח הַנְּחֹ֛שֶׁת יִֽהְיֶה־לִּ֖י לְבַקֵּֽר׃ 15
၁၅ဥ​ရိ​ယ​အား``ငါ​၏​ယဇ်​ပလ္လင်​ကြီး​ကို​နံ​နက်​ချိန် မီး​ရှို့​ရာ​ယဇ်​နှင့် ည​နေ​ချိန်​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ များ​အ​တွက်​လည်း​ကောင်း၊ ဘု​ရင်​နှင့်​ပြည်​သူ​တို့ ၏​မီး​ရှို့​ရာ​ယဇ်​နှင့်​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​များ၊ ပြည်​သူ​တို့​၏​စ​ပျစ်​ရည်​ပူ​ဇော်​သ​ကာ​များ အ​တွက်​လည်း​ကောင်း​အ​သုံး​ပြု​လော့။ ထို​ယဇ် ပလ္လင်​ပေါ်​တွင်​ယဇ်​ကောင်​ရှိ​သ​မျှ​တို့​၏​သွေး ကို​သွန်း​လောင်း​လော့။ ကြေး​ဝါ​ပလ္လင်​မှာ​ငါ အ​တိတ်​နိ​မိတ်​ဖတ်​ခြင်း​ကို​မေး​လျှောက်​ရာ ဖြစ်​ရ​မည်'' ဟု​အ​မိန့်​ပေး​သည့်​အ​တိုင်း၊-
וַיַּ֖עַשׂ אוּרִיָּ֣ה הַכֹּהֵ֑ן כְּכֹ֥ל אֲשֶׁר־צִוָּ֖ה הַמֶּ֥לֶךְ אָחָֽז׃ 16
၁၆ဥ​ရိ​ယ​သည်​ပြု​လေ​၏။
וַיְקַצֵּץ֩ הַמֶּ֨לֶךְ אָחָ֜ז אֶת־הַמִּסְגְּר֣וֹת הַמְּכֹנ֗וֹת וַיָּ֤סַר מֵֽעֲלֵיהֶם֙ ואת ־הַכִּיֹּ֔ר וְאֶת־הַיָּ֣ם הוֹרִ֔ד מֵעַ֛ל הַבָּקָ֥ר הַנְּחֹ֖שֶׁת אֲשֶׁ֣ר תַּחְתֶּ֑יהָ וַיִּתֵּ֣ן אֹת֔וֹ עַ֖ל מַרְצֶ֥פֶת אֲבָנִֽים׃ 17
၁၇အာ​ခတ်​မင်း​သည်​ဗိ​မာန်​တော်​တွင်​အ​သုံး​ပြု သည့်​ကြေး​ဝါ​လှည်း​တို့​ကို​ယူ​၍ ယင်း​တို့​အ​ပေါ် ရှိ​အင်​တုံ​များ​ကို​ဖယ်​ရှား​လိုက်​လေ​သည်။ သူ သည်​ကြေး​ဝါ​နွား​လား​ဥ​သ​ဘ​ရုပ်​တစ်​ဆယ့် နှစ်​ကောင်​၏​ကျောက်​ကုန်း​ထက်​မှ ကြေး​ဝါ​ကန် များ​ကို​လည်း​ယူ​၍​အောက်​ခံ​ကျောက်​ပေါ်​တွင် ထား​ရှိ​လေ​သည်။-
וְאֶת־מיסך הַשַּׁבָּ֜ת אֲשֶׁר־בָּנ֣וּ בַבַּ֗יִת וְאֶת־מְב֤וֹא הַמֶּ֙לֶךְ֙ הַֽחִיצ֔וֹנָה הֵסֵ֖ב בֵּ֣ית יְהוָ֑ה מִפְּנֵ֖י מֶ֥לֶךְ אַשּֽׁוּר׃ 18
၁၈ထို​နောက်​အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​နှစ်​သက် စေ​ရန် အာ​ခတ်​သည်​ဗိ​မာန်​တော်​ရှိ​ရာ​ဇ​ပလ္လင် တည်​ရာ​စင်​မြင့်​ကို​ဖယ်​ရှား​ပြီး​လျှင် ဘု​ရင် အ​တွက်​သီး​သန့်​ထား​သည့်​ဗိ​မာန်​တော် အ​ဝင်​ဝ​ကို​လည်း​ပိတ်​လိုက်​၏။
וְיֶ֛תֶר דִּבְרֵ֥י אָחָ֖ז אֲשֶׁ֣ר עָשָׂ֑ה הֲלֹא־הֵ֣ם כְּתוּבִ֗ים עַל־סֵ֛פֶר דִּבְרֵ֥י הַיָּמִ֖ים לְמַלְכֵ֥י יְהוּדָֽה׃ 19
၁၉အာ​ခတ်​မင်း​လုပ်​ဆောင်​ခဲ့​သော​အ​ခြား​အ​မှု အ​ရာ​ရှိ​သ​မျှ​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး ထား​သ​တည်း။-
וַיִּשְׁכַּ֤ב אָחָז֙ עִם־אֲבֹתָ֔יו וַיִּקָּבֵ֥ר עִם־אֲבֹתָ֖יו בְּעִ֣יר דָּוִ֑ד וַיִּמְלֹ֛ךְ חִזְקִיָּ֥הוּ בְנ֖וֹ תַּחְתָּֽיו׃ פ 20
၂၀အာ​ခတ်​ကွယ်​လွန်​သော​အ​ခါ သူ့​အား​ဒါ​ဝိဒ် မြို့​ရှိ​ဘု​ရင်​များ​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ် ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​ဟေ​ဇ​ကိ သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ ၍​နန်း​တက်​လေ​သည်။

< 2 מְלָכִים 16 >