< 1 דִּבְרֵי הַיָּמִים 29 >
וַיֹּ֨אמֶר דָּוִ֤יד הַמֶּ֙לֶךְ֙ לְכָל־הַקָּהָ֔ל שְׁלֹמֹ֨ה בְנִ֥י אֶחָ֛ד בָּֽחַר־בּ֥וֹ אֱלֹהִ֖ים נַ֣עַר וָרָ֑ךְ וְהַמְּלָאכָ֣ה גְדוֹלָ֔ה כִּ֣י לֹ֤א לְאָדָם֙ הַבִּירָ֔ה כִּ֖י לַיהוָ֥ה אֱלֹהִֽים׃ | 1 |
၁ဒါဝိဒ်မင်းသည်လူထုတစ်ရပ်လုံးအား``ငါ့ သားရှောလမုန်သည်ဘုရားသခင်ရွေးချယ် တော်မူသောသူဖြစ်၏။ သို့သော်လည်းအသက် အရွယ်ငယ်၍အတွေ့အကြုံမရှိသေးသူ ဖြစ်၏။ သူပြုရမည့်အမှုကားအလွန်ကြီး မားလှပေသည်။ အဘယ်ကြောင့်ဆိုသော် ယခုတည်ဆောက်ရမည်မှာလူတို့အတွက် နန်းတော်မဟုတ်ဘဲ ဘုရားသခင်ထာဝရ ဘုရားအတွက်ဗိမာန်တော်ဖြစ်သော ကြောင့်တည်း။-
וּֽכְכָל־כֹּחִ֞י הֲכִינ֣וֹתִי לְבֵית־אֱלֹהַ֗י הַזָּהָ֣ב ׀ לַ֠זָּהָב וְהַכֶּ֨סֶף לַכֶּ֜סֶף וְהַנְּחֹ֣שֶׁת לַנְּחֹ֗שֶׁת הַבַּרְזֶל֙ לַבַּרְזֶ֔ל וְהָעֵצִ֖ים לָעֵצִ֑ים אַבְנֵי־שֹׁ֨הַם וּמִלּוּאִ֜ים אַבְנֵי־פ֣וּךְ וְרִקְמָ֗ה וְכֹ֨ל אֶ֧בֶן יְקָרָ֛ה וְאַבְנֵי־שַׁ֖יִשׁ לָרֹֽב׃ | 2 |
၂ငါသည်ဗိမာန်တော်တည်ဆောက်ရန်ပစ္စည်း များဖြစ်သည့်ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ သစ်၊ ကျောက်မျက်ရတနာ၊ ကျောက်စီပန်းဖော် ကျောက်များနှင့် မြောက်မြားစွာသောကျောက် ဖြူတို့ကိုစုဆောင်းပြင်ဆင်ထားရန်အစွမ်း ကုန်ကြိုးစားအားထုတ်ခဲ့၏။-
וְע֗וֹד בִּרְצוֹתִי֙ בְּבֵ֣ית אֱלֹהַ֔י יֶשׁ־לִ֥י סְגֻלָּ֖ה זָהָ֣ב וָכָ֑סֶף נָתַ֤תִּי לְבֵית־אֱלֹהַי֙ לְמַ֔עְלָה מִכָּל־הֲכִינ֖וֹתִי לְבֵ֥ית הַקֹּֽדֶשׁ׃ | 3 |
၃ငါသည်ဤသို့ပေးလှူခဲ့သည့်ပစ္စည်းအလုံးစုံ တို့အပြင် မိမိကိုယ်ပိုင်ရွှေနှင့်ငွေတို့ကိုလည်း ပေးလှူခဲ့၏။ အဘယ်ကြောင့်ဆိုသော်ငါသည် ဘုရားသခင်၏ဗိမာန်တော်ကိုလွန်စွာမြတ် နိုးသောကြောင့်ဖြစ်ပေသည်။-
שְׁלֹ֧שֶׁת אֲלָפִ֛ים כִּכְּרֵ֥י זָהָ֖ב מִזְּהַ֣ב אוֹפִ֑יר וְשִׁבְעַ֨ת אֲלָפִ֤ים כִּכַּר־כֶּ֙סֶף֙ מְזֻקָּ֔ק לָט֖וּחַ קִיר֥וֹת הַבָּתִּֽים׃ | 4 |
၄ငါသည်ရွှေစင်တန်ချိန်တစ်ရာတစ်ဆယ့် ငါးနှင့်ဗိမာန်တော်နံရံများမွမ်းမံချယ် လှယ်ရန်၊-
לַזָּהָ֤ב לַזָּהָב֙ וְלַכֶּ֣סֶף לַכֶּ֔סֶף וּלְכָל־מְלָאכָ֖ה בְּיַ֣ד חָרָשִׁ֑ים וּמִ֣י מִתְנַדֵּ֔ב לְמַלֹּ֥אות יָד֛וֹ הַיּ֖וֹם לַיהוָֽה׃ | 5 |
၅နှင့်လက်မှုပညာသည်တို့ပြုလုပ်ရန်ရှိသမျှ သောဝတ္ထုပစ္စည်းများ ငွေစင်အချိန်နှစ်ရာခြောက် ဆယ့်ငါးတန်ကိုလည်းပေးလှူခဲ့လေပြီ။ ယနေ့ အဘယ်သူသည်ထာဝရဘုရားအားရက်ရော စွာပေးလှူလိုပါသနည်း'' ဟုမိန့်တော်မူ၏။
וַיִּֽתְנַדְּבוּ֩ שָׂרֵ֨י הָאָב֜וֹת וְשָׂרֵ֣י ׀ שִׁבְטֵ֣י יִשְׂרָאֵ֗ל וְשָׂרֵ֤י הָאֲלָפִים֙ וְהַמֵּא֔וֹת וּלְשָׂרֵ֖י מְלֶ֥אכֶת הַמֶּֽלֶךְ׃ | 6 |
၆ထိုအခါသားချင်းစုဦးစီးများ၊ အမျိုး အနွယ်ဝင်တို့ကိုအုပ်ချုပ်သူအရာရှိများ၊ တပ်မှူးများနှင့်ဘုရင့်ပစ္စည်းများကိုထိန်း သိမ်းအုပ်ချုပ်ရသူတို့သည်ဗိမာန်တော် အတွက်ပေးလှူရန်အလိုအလျောက်ဆန္ဒ ပြုကြကုန်၏။-
וַֽיִּתְּנ֞וּ לַעֲבוֹדַ֣ת בֵּית־הָאֱלֹהִ֗ים זָהָ֞ב כִּכָּרִ֣ים חֲמֵֽשֶׁת־אֲלָפִים֮ וַאֲדַרְכֹנִ֣ים רִבּוֹ֒ וְכֶ֗סֶף כִּכָּרִים֙ עֲשֶׂ֣רֶת אֲלָפִ֔ים וּנְחֹ֕שֶׁת רִבּ֛וֹ וּשְׁמוֹנַ֥ת אֲלָפִ֖ים כִּכָּרִ֑ים וּבַרְזֶ֖ל מֵֽאָה־אֶ֥לֶף כִּכָּרִֽים׃ | 7 |
၇သူတို့သည်ရွှေတန်ချိန်တစ်ရာ့ကိုးဆယ်၊ ငွေ တန်ချိန်သုံးရာ့ရှစ်ဆယ်၊ ကြေးဝါတန်ချိန် ခြောက်ရာခုနစ်ဆယ့်ငါးနှင့်သံတန်ချိန်သုံး ထောင်ခုနစ်ရာ့ငါးဆယ်ကိုပေးလှူကြလေ သည်။-
וְהַנִּמְצָ֤א אִתּוֹ֙ אֲבָנִ֔ים נָתְנ֖וּ לְאוֹצַ֣ר בֵּית־יְהוָ֑ה עַ֥ל יַד־יְחִיאֵ֖ל הַגֵּרְשֻׁנִּֽי׃ | 8 |
၈ကျောက်မျက်ရတနာများရှိကြသူတို့သည် ယင်းတို့ကိုလေဝိအနွယ်ဝင်ဂေရရှုံသား ချင်းစုမှယေဟေလအုပ်ချုပ်သည့်ဗိမာန် တော်ဘဏ္ဍာတိုက်သို့ပေးလှူကြ၏။-
וַיִּשְׂמְח֤וּ הָעָם֙ עַל־הִֽתְנַדְּבָ֔ם כִּ֚י בְּלֵ֣ב שָׁלֵ֔ם הִֽתְנַדְּב֖וּ לַיהוָ֑ה וְגַם֙ דָּוִ֣יד הַמֶּ֔לֶךְ שָׂמַ֖ח שִׂמְחָ֥ה גְדוֹלָֽה׃ פ | 9 |
၉သူတို့သည်စေတနာစိတ်နှင့်ထာဝရ ဘုရားအားပေးလှူကြသည်ဖြစ်ရာ မိမိ တို့ဤမျှမြောက်မြားစွာပေးလှူခဲ့ရကြ သည့်အတွက်အားရဝမ်းမြောက်ကြကုန်၏။ ဒါဝိဒ်မင်းသည်လည်းလွန်စွာအားရဝမ်း မြောက်တော်မူ၏။
וַיְבָ֤רֶךְ דָּוִיד֙ אֶת־יְהוָ֔ה לְעֵינֵ֖י כָּל־הַקָּהָ֑ל וַיֹּ֣אמֶר דָּוִ֗יד בָּר֨וּךְ אַתָּ֤ה יְהוָה֙ אֱלֹהֵי֙ יִשְׂרָאֵ֣ל אָבִ֔ינוּ מֵעוֹלָ֖ם וְעַד־עוֹלָֽם׃ | 10 |
၁၀ဒါဝိဒ်သည်ထိုအရပ်ရှိလူစုတစ်ရပ်လုံး၏ရှေ့ တွင်ထာဝရဘုရားအားထောမနာပြုတော် မူ၏။ မင်းကြီးက``ကျွန်တော်မျိုးတို့၏ဘိုးဘေး ယာကုပ်၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ် တော်ရှင်သည်ကမ္ဘာအဆက်ဆက်မင်္ဂလာရှိတော် မူပါစေသတည်း။-
לְךָ֣ יְ֠הוָה הַגְּדֻלָּ֨ה וְהַגְּבוּרָ֤ה וְהַתִּפְאֶ֙רֶת֙ וְהַנֵּ֣צַח וְהַה֔וֹד כִּי־כֹ֖ל בַּשָּׁמַ֣יִם וּבָאָ֑רֶץ לְךָ֤ יְהוָה֙ הַמַּמְלָכָ֔ה וְהַמִּתְנַשֵּׂ֖א לְכֹ֥ל ׀ לְרֹֽאשׁ׃ | 11 |
၁၁ကိုယ်တော်ရှင်သည်ကြီးမြတ်တော်မူ၍တန်ခိုး တော်ဘုန်းအသရေတော်၊ အရောင်အဝါတော်၊ အာနုဘော်တော်တို့နှင့်ပြည့်စုံတော်မူပါ၏။ ကောင်းကင်နှင့်မြေကြီးပေါ်တွင်ရှိသမျှသော အရာတို့ကိုပိုင်တော်မူ၍ ကိုယ်တော်ရှင်သည် လူခပ်သိမ်းတို့အားအချုပ်အခြာအာဏာ တော်ဖြင့်အစိုးရသည့်ဘုရင်ဖြစ်တော်မူပါ ၏။-
וְהָעֹ֤שֶׁר וְהַכָּבוֹד֙ מִלְּפָנֶ֔יךָ וְאַתָּה֙ מוֹשֵׁ֣ל בַּכֹּ֔ל וּבְיָדְךָ֖ כֹּ֣חַ וּגְבוּרָ֑ה וּבְיָ֣דְךָ֔ לְגַדֵּ֥ל וּלְחַזֵּ֖ק לַכֹּֽל׃ | 12 |
၁၂စည်းစိမ်ချမ်းသာနှင့်ပစ္စည်းဥစ္စာပေါများ ကြွယ်ဝမှုမှန်သမျှကိုကိုယ်တော်ရှင်ပေး တော်မူပါ၏။ ကိုယ်တော်ရှင်သည်အရာခပ် သိမ်းတို့ကိုခွန်အားစွမ်းရည်တန်ခိုးနှင့် အစိုးရတော်မူ၍ မည်သူ့ကိုမဆိုကြီး မြတ်၍သန်စွမ်းမှုကိုပေးတော်မူပါ၏။-
וְעַתָּ֣ה אֱלֹהֵ֔ינוּ מוֹדִ֥ים אֲנַ֖חְנוּ לָ֑ךְ וּֽמְהַֽלְלִ֖ים לְשֵׁ֥ם תִּפְאַרְתֶּֽךָ׃ | 13 |
၁၃ကျွန်တော်မျိုးတို့၏ဘုရား၊ ကျွန်တော်မျိုးတို့ သည်ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုချီးမွမ်း ၍ဘုန်းအသရေနှင့်ပြည့်ဝသည့်နာမတော် ကိုထောမနာပြုကြပါ၏။''
וְכִ֨י מִ֤י אֲנִי֙ וּמִ֣י עַמִּ֔י כִּֽי־נַעְצֹ֣ר כֹּ֔חַ לְהִתְנַדֵּ֖ב כָּזֹ֑את כִּֽי־מִמְּךָ֣ הַכֹּ֔ל וּמִיָּדְךָ֖ נָתַ֥נּוּ לָֽךְ׃ | 14 |
၁၄``အကယ်စင်စစ်ကျွန်တော်မျိုးနှင့်ကျွန်တော် မျိုး၏လူတို့သည် ကိုယ်တော်ရှင်အားအဘယ် အရာကိုမျှပေးလှူနိုင်စွမ်းမရှိပါ။ ခပ်သိမ်း သောအရာတို့သည်ကိုယ်တော်ရှင်ပေးသနား ထားသည့်ဆုကျေးဇူးများဖြစ်သဖြင့် ကျွန် တော်မျိုးတို့သည်ကိုယ်တော်ရှင်ပိုင်သည့် အရာများကိုသာလျှင်ကိုယ်တော်ရှင် အားပြန်လည်ဆက်သခြင်းဖြစ်ပါ၏။-
כִּֽי־גֵרִ֨ים אֲנַ֧חְנוּ לְפָנֶ֛יךָ וְתוֹשָׁבִ֖ים כְּכָל־אֲבֹתֵ֑ינוּ כַּצֵּ֧ל ׀ יָמֵ֛ינוּ עַל־הָאָ֖רֶץ וְאֵ֥ין מִקְוֶֽה׃ | 15 |
၁၅အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့သည် ဘိုးဘေးများနည်းတူပြည်နှင်ဒဏ်ခံရ ကြသူများနှင့်သူစိမ်းတစ်ရံဆံများကဲ့ သို့ဤဘဝတွင်ကျင်လည်ရကြကြောင်း ကိုယ်တော်ရှင်သိတော်မူပါ၏။ ကျွန်တော် မျိုးတို့၏နေ့ရက်များသည်ရှည်လျား လျက်နေသောအရိပ်ကဲ့သို့ဖြစ်၍ ကျွန် တော်မျိုးတို့သည်သေဘေးနှင့်မလွတ် နိုင်ကြပါ။-
יְהוָ֣ה אֱלֹהֵ֔ינוּ כֹ֣ל הֶהָמ֤וֹן הַזֶּה֙ אֲשֶׁ֣ר הֲכִינֹ֔נוּ לִבְנֽוֹת־לְךָ֥ בַ֖יִת לְשֵׁ֣ם קָדְשֶׁ֑ךָ מִיָּדְךָ֥ היא וּלְךָ֥ הַכֹּֽל׃ | 16 |
၁၆အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့၏ ဘုရား၊ ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ် သည့်နာမတော်ကိုချီးမြှောက်နိုင်ရန် ဗိမာန် တော်တစ်ဆောင်တည်ဆောက်ရေးအတွက် ဤဥစ္စာအပေါင်းကိုကျွန်တော်မျိုးတို့ စုဆောင်းယူဆောင်ခဲ့ကြပါ၏။ သို့ရာ တွင်ထိုဥစ္စာပစ္စည်းအားလုံးသည်ကိုယ် တော်ရှင်ပေးသနားတော်မူသောအရာ များဖြစ်၍ယင်းတို့ကိုကိုယ်တော်ရှင် ပိုင်တော်မူပါ၏။-
וְיָדַ֣עְתִּי אֱלֹהַ֔י כִּ֤י אַתָּה֙ בֹּחֵ֣ן לֵבָ֔ב וּמֵישָׁרִ֖ים תִּרְצֶ֑ה אֲנִ֗י בְּיֹ֤שֶׁר לְבָבִי֙ הִתְנַדַּ֣בְתִּי כָל־אֵ֔לֶּה וְעַתָּ֗ה עַמְּךָ֙ הַנִּמְצְאוּ־פֹ֔ה רָאִ֥יתִי בְשִׂמְחָ֖ה לְהִֽתְנַדֶּב־לָֽךְ׃ | 17 |
၁၇ကိုယ်တော်ရှင်သည်လူတိုင်း၏စိတ်နှလုံး ကိုစစ်ဆေးကြည့်ရှုတော်မူ၍ သမာဋ္ဌိ ရှိသူတို့အားနှစ်သက်တော်မူသည်ကို ကျွန်တော်မျိုးသိပါ၏။ ကျွန်တော်မျိုး သည်ရိုးဖြောင့်မှန်ကန်သောစေတနာ စိတ်ဖြင့် ဤဘဏ္ဍာကိုကိုယ်တော်ရှင်အား ဆက်သပါ၏။ ဤအရပ်တွင်စုရုံးလျက် ရှိသောကိုယ်တော်ရှင်၏လူမျိုးတော်သည် လည်း ကိုယ်တော်ရှင်အားပေးလှူပူဇော် ရသဖြင့်အဘယ်မျှဝမ်းမြောက်ကြ သည်ကိုကျွန်တော်မျိုးတွေ့ရှိရပါပြီ။-
יְהוָ֗ה אֱ֠לֹהֵי אַבְרָהָ֞ם יִצְחָ֤ק וְיִשְׂרָאֵל֙ אֲבֹתֵ֔ינוּ שֳׁמְרָה־זֹּ֣את לְעוֹלָ֔ם לְיֵ֥צֶר מַחְשְׁב֖וֹת לְבַ֣ב עַמֶּ֑ךָ וְהָכֵ֥ן לְבָבָ֖ם אֵלֶֽיךָ׃ | 18 |
၁၈ကျွန်တော်မျိုးတို့၏ဘိုးဘေးများဖြစ် ကြသောအာဗြဟံ၊ ယာကုပ်နှင့်ဣဇာက် တို့၏ဘုရားသခင်ထာဝရဘုရား၊ ဤ သို့ဘုရားတရားစွဲလန်းတတ်သောစိတ် သဘောကို ကိုယ်တော်ရှင့်လူစုတော်၏ စိတ်နှလုံးတွင်အစဉ်သဖြင့်ခိုင်မြဲ စွာတည်ရှိစေတော်မူပါ။ သူတို့သည် ကိုယ်တော်ရှင်အပေါ်အစဉ်အမြဲ သစ္စာရှိစေတော်မူပါ။-
וְלִשְׁלֹמֹ֣ה בְנִ֗י תֵּ֚ן לֵבָ֣ב שָׁלֵ֔ם לִשְׁמוֹר֙ מִצְוֺתֶ֔יךָ עֵדְוֺתֶ֖יךָ וְחֻקֶּ֑יךָ וְלַעֲשׂ֣וֹת הַכֹּ֔ל וְלִבְנ֖וֹת הַבִּירָ֥ה אֲשֶׁר־הֲכִינֽוֹתִי ׃ פ | 19 |
၁၉ကိုယ်တော်ရှင်မိန့်တော်မူသမျှတို့ကို စိတ်ရောကိုယ်ပါလိုက်နာလိုသောဆန္ဒကို လည်းကောင်း၊ ဗိမာန်တော်ကိုအပြီးတိုင် စိတ်ပါလက်ပါတည်ဆောက်လိုသောဆန္ဒ ကိုလည်းကောင်း ကျွန်တော်မျိုး၏သား ရှောလမုန်အားပေးတော်မူပါ။ ထိုဗိမာန် တော်အတွက်ကျွန်တော်မျိုးသည်ဤပြင် ဆင်မှုများကိုပြုလုပ်၍ထားပါပြီ'' ဟု လျှောက်ထား၏။
וַיֹּ֤אמֶר דָּוִיד֙ לְכָל־הַקָּהָ֔ל בָּֽרְכוּ־נָ֖א אֶת־יְהוָ֣ה אֱלֹהֵיכֶ֑ם וַיְבָרֲכ֣וּ כָֽל־הַקָּהָ֗ל לַיהוָה֙ אֱלֹהֵ֣י אֲבֹֽתֵיהֶ֔ם וַיִּקְּד֧וּ וַיִּֽשְׁתַּחֲו֛וּ לַיהוָ֖ה וְלַמֶּֽלֶךְ׃ | 20 |
၂၀ထိုနောက်ဒါဝိဒ်သည်လူတို့အား``သင်တို့၏ ဘုရားသခင်ထာဝရဘုရားကိုထောမနာ ပြုကြလော့'' ဟုအမိန့်ပေးတော်မူ၏။ ထို အခါလူထုတစ်ရပ်လုံးသည် မိမိတို့၏ ဘိုးဘေးများ၏ဘုရားသခင်ဖြစ်တော် မူသောထာဝရဘုရားကိုထောမနာ ပြုကြကုန်၏။ သူတို့သည်ထာဝရဘုရား ၏ရှေ့တော်နှင့်မိမိတို့၏ဘုရင့်ရှေ့တော် တွင်ဦးညွှတ်ပျပ်ဝပ်ကြကုန်၏။
וַיִּזְבְּח֣וּ לַיהוָ֣ה ׀ זְ֠בָחִים וַיַּעֲל֨וּ עֹל֜וֹת לַיהוָ֗ה לְֽמָחֳרַת֮ הַיּ֣וֹם הַהוּא֒ פָּרִ֨ים אֶ֜לֶף אֵילִ֥ים אֶ֛לֶף כְּבָשִׂ֥ים אֶ֖לֶף וְנִסְכֵּיהֶ֑ם וּזְבָחִ֥ים לָרֹ֖ב לְכָל־יִשְׂרָאֵֽל׃ | 21 |
၂၁နောက်တစ်နေ့၌သူတို့သည်ယဇ်ကောင်များ အဖြစ်ဖြင့်တိရစ္ဆာန်များကိုသတ်၍ ထာဝရ ဘုရားအားဆက်သပြီးလျှင် လူတို့အား စားသုံးရန်ပေးကြ၏။ သူတို့သည်စပျစ်ရည် ပူဇော်သကာများကိုလည်းယူဆောင်လာ ကြ၏။ ထိုအပြင်နွားသိုးတစ်ထောင်၊ သိုး ထီးတစ်ထောင်နှင့်သိုးငယ်တစ်ထောင်တို့ ကိုယဇ်ပလ္လင်ပေါ်တွင်တစ်ကောင်လုံး မီးရှို့ပူဇော်ကြလေသည်။-
וַיֹּאכְל֨וּ וַיִּשְׁתּ֜וּ לִפְנֵ֧י יְהוָ֛ה בַּיּ֥וֹם הַה֖וּא בְּשִׂמְחָ֣ה גְדוֹלָ֑ה וַיַּמְלִ֤יכוּ שֵׁנִית֙ לִשְׁלֹמֹ֣ה בֶן־דָּוִ֔יד וַיִּמְשְׁח֧וּ לַיהוָ֛ה לְנָגִ֥יד וּלְצָד֖וֹק לְכֹהֵֽן׃ | 22 |
၂၂သို့ဖြစ်၍ထိုနေ့၌သူတို့သည်ထာဝရ ဘုရား၏ရှေ့တော်တွင်စားသောက်ကာ အလွန်ရွှင်လန်းဝမ်းမြောက်ကြကုန်၏။ သူတို့သည်ရှောလမုန်အားဘုရင်အဖြစ် ဖြင့်ဒုတိယအကြိမ်ကြေညာလေသည်။ သူ့အားမိမိတို့၏ဘုရင်အဖြစ်ဖြင့် လည်းကောင်း၊ ဇာဒုတ်အားယဇ်ပုရောဟိတ် အဖြစ်ဖြင့်လည်းကောင်း၊ ထာဝရဘုရား ၏နာမတော်ကိုအမှီပြု၍ဘိသိက် ပေးကြ၏။-
וַיֵּ֣שֶׁב שְׁ֠לֹמֹה עַל־כִּסֵּ֨א יְהוָ֧ה ׀ לְמֶ֛לֶךְ תַּֽחַת־דָּוִ֥יד אָבִ֖יו וַיַּצְלַ֑ח וַיִּשְׁמְע֥וּ אֵלָ֖יו כָּל־יִשְׂרָאֵֽל׃ | 23 |
၂၃သို့ဖြစ်၍ရှောလမုန်သည်မိမိခမည်း တော်၏အရိုက်အရာကိုဆက်ခံလျက် ထာဝရဘုရားတည်စေသောရာဇပလ္လင် ပေါ်တွင်ထိုင်တော်မူ၏။ သူသည်အောင်မြင် သောဘုရင်ဖြစ်ပေသည်။ ဣသရေလ အမျိုးသားတစ်ရပ်လုံးသည်လည်း သူ၏အမိန့်ကိုနာခံကြလေသည်။-
וְכָל־הַשָּׂרִים֙ וְהַגִּבֹּרִ֔ים וְגַ֕ם כָּל־בְּנֵ֖י הַמֶּ֣לֶךְ דָּוִ֑יד נָ֣תְנוּ יָ֔ד תַּ֖חַת שְׁלֹמֹ֥ה הַמֶּֽלֶךְ׃ | 24 |
၂၄အရာရှိများနှင့်စစ်သူရဲအပေါင်းတို့ နှင့်ဒါဝိဒ်၏အခြားသားတို့သည်ရှော လမုန်မင်း၏ကျေးဇူးသစ္စာကိုစောင့် ပါမည်ဟုကတိပေးကြ၏။-
וַיְגַדֵּ֨ל יְהוָ֤ה אֶת־שְׁלֹמֹה֙ לְמַ֔עְלָה לְעֵינֵ֖י כָּל־יִשְׂרָאֵ֑ל וַיִּתֵּ֤ן עָלָיו֙ ה֣וֹד מַלְכ֔וּת אֲ֠שֶׁר לֹֽא־הָיָ֧ה עַל־כָּל־מֶ֛לֶךְ לְפָנָ֖יו עַל־יִשְׂרָאֵֽל׃ פ | 25 |
၂၅ထာဝရဘုရားသည်ဣသရေလအမျိုး သားအပေါင်း၏ရှေ့တွင်ရှောလမုန်အား လွန်စွာချီးမြှောက်တော်မူ၍ အခြားအဘယ် ဣသရေလဘုရင်မျှမရရှိဘူးသည့် ဘုန်းအသရေဖြင့်ပြည့်ဝစေတော်မူ၏။
וְדָוִיד֙ בֶּן־יִשָׁ֔י מָלַ֖ךְ עַל־כָּל־יִשְׂרָאֵֽל׃ | 26 |
၂၆ယေရှဲ၏သားဒါဝိဒ်သည်ဣသရေလနိုင်ငံ တစ်ခုလုံးကိုအနှစ်လေးဆယ်အုပ်စိုးတော် မူ၏။ သူသည်ဟေဗြုန်မြို့တွင်ခုနစ်နှစ်၊ ယေရု ရှလင်မြို့တွင်သုံးဆယ့်သုံးနှစ်နန်းစံတော် မူ၏။-
וְהַיָּמִ֗ים אֲשֶׁ֤ר מָלַךְ֙ עַל־יִשְׂרָאֵ֔ל אַרְבָּעִ֖ים שָׁנָ֑ה בְּחֶבְר֤וֹן מָלַךְ֙ שֶׁ֣בַע שָׁנִ֔ים וּבִירוּשָׁלִַ֥ם מָלַ֖ךְ שְׁלֹשִׁ֥ים וְשָׁלֽוֹשׁ׃ | 27 |
၂၇
וַיָּ֙מָת֙ בְּשֵׂיבָ֣ה טוֹבָ֔ה שְׂבַ֥ע יָמִ֖ים עֹ֣שֶׁר וְכָב֑וֹד וַיִּמְלֹ֛ךְ שְׁלֹמֹ֥ה בְנ֖וֹ תַּחְתָּֽיו׃ | 28 |
၂၈သူသည်စည်းစိမ်ချမ်းသာကြွယ်ဝလျက်ကြည်ညို လေးစားမှုကိုခံရကာ အလွန်အိုမင်းချိန်ကျ မှကွယ်လွန်တော်မူလေသည်။-
וְדִבְרֵי֙ דָּוִ֣יד הַמֶּ֔לֶךְ הָרִאשֹׁנִ֖ים וְהָאֲחרֹנִ֑ים הִנָּ֣ם כְּתוּבִ֗ים עַל־דִּבְרֵי֙ שְׁמוּאֵ֣ל הָרֹאֶ֔ה וְעַל־דִּבְרֵי֙ נָתָ֣ן הַנָּבִ֔יא וְעַל־דִּבְרֵ֖י גָּ֥ד הַחֹזֶֽה׃ | 29 |
၂၉ဒါဝိဒ်မင်း၏ရာဇဝင်ကိုအစမှအဆုံးတိုင် အောင်ရှမွေလ၊ နာသန်နှင့်ဂဒ်ဟူသောပရော ဖက်သုံးပါးတို့၏မှတ်တမ်းများတွင်ရေးမှတ် ၍ထား၏။-
עִ֥ם כָּל־מַלְכוּת֖וֹ וּגְבוּרָת֑וֹ וְהָעִתִּ֗ים אֲשֶׁ֨ר עָבְר֤וּ עָלָיו֙ וְעַל־יִשְׂרָאֵ֔ל וְעַ֖ל כָּל־מַמְלְכ֥וֹת הָאֲרָצֽוֹת׃ פ | 30 |
၃၀ထိုပရောဖက်တို့သည်ဒါဝိဒ်မင်းတိုင်းပြည်ကို အုပ်စိုးပုံနှင့်တန်ခိုးကြီးပုံတို့ကိုလည်းကောင်း၊ သူကြုံတွေ့ရသောအဖြစ်အပျက်များနှင့် တကွဣသရေလနိုင်ငံနှင့်အနီးတစ်ဝိုက် ရှိတိုင်းပြည်များ၏အဖြစ်အပျက်မှန်သမျှ တို့ကိုလည်းကောင်းဖော်ပြကြလေသည်။ ရာဇဝင်ချုပ်ပထမစောင်ပြီး၏။