< תהילים 5 >
לַמְנַצֵּחַ אֶֽל־הַנְּחִילוֹת מִזְמוֹר לְדָוִֽד׃ אֲמָרַי הַאֲזִינָה ׀ יְהוָה בִּינָה הֲגִֽיגִי׃ | 1 |
၁အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏မြွက်ဆိုချက်ကိုနားထောင်တော်မူပါ။ ကျွန်တော်မျိုး၏မြည်တမ်းသံများကိုကြားတော်မူပါ။
הַקְשִׁיבָה ׀ לְקוֹל שַׁוְעִי מַלְכִּי וֵאלֹהָי כִּֽי־אֵלֶיךָ אֶתְפַּלָּֽל׃ | 2 |
၂ကျွန်တော်မျိုး၏ဘုရင်၊ကျွန်တော်မျိုး၏ဘုရား၊ ကူမတော်မူရန် ကျွန်တော်မျိုးဟစ်အော်တောင်းလျှောက်သည်ကို နားထောင်တော်မူပါ။ အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်အထံတော်သို့ဆုတောင်း ပတ္ထနာပြုပါသည်။
יְֽהוָה בֹּקֶר תִּשְׁמַע קוֹלִי בֹּקֶר אֶֽעֱרָךְ־לְךָ וַאֲצַפֶּֽה׃ | 3 |
၃ကိုယ်တော်သည်နံနက်ချိန်၌ကျွန်တော်မျိုး၏ ပတ္ထနာသံကိုကြားပါ၏။ နေထွက်ချိန်၌ကျွန်တော်မျိုးဆုတောင်း၍ ကိုယ်တော်၏အဖြေကိုစောင့်မျှော်ပါ၏။
כִּי ׀ לֹא אֵֽל־חָפֵץ רֶשַׁע ׀ אָתָּה לֹא יְגֻרְךָ רָֽע׃ | 4 |
၄ကိုယ်တော်သည်ဒုစရိုက်ကိုနှစ်သက်တော်မူသော ဘုရားမဟုတ်ပါ။ ရှေ့တော်၌ဆိုးယုတ်မှုကိုခွင့်ပြုတော်မမူပါ။
לֹֽא־יִתְיַצְּבוּ הֽוֹלְלִים לְנֶגֶד עֵינֶיךָ שָׂנֵאתָ כָּל־פֹּעֲלֵי אָֽוֶן׃ | 5 |
၅မာနကြီးသူတို့သည်ရှေ့တော်သို့မဝင်ရ။ ကိုယ်တော်သည်ယုတ်မာသူအပေါင်းတို့ကို မုန်းတော်မူ၏။
תְּאַבֵּד דֹּבְרֵי כָזָב אִישׁ־דָּמִים וּמִרְמָה יְתָעֵב ׀ יְהוָֽה׃ | 6 |
၆ကိုယ်တော်သည်လိမ်လည်သူအပေါင်းတို့ကို ဖျက်ဆီးတော်မူ၍အကြမ်းဖက်သူ၊ ကောက်ကျစ်သူတို့ကိုစက်ဆုပ်ရွံရှာတော်မူ၏။
וַאֲנִי בְּרֹב חַסְדְּךָ אָבוֹא בֵיתֶךָ אֶשְׁתַּחֲוֶה אֶל־הֽ͏ֵיכַל־קָדְשְׁךָ בְּיִרְאָתֶֽךָ׃ | 7 |
၇ကျွန်တော်မျိုးအဖို့မှာမူကိုယ်တော်၏ကြီး မားသော မေတ္တာတော်ကိုခံစားရသဖြင့် အိမ်တော်သို့ဝင်နိုင်ပါ၏။ ကိုယ်တော်၏သန့်ရှင်းမြင့်မြတ်သောဗိမာန်တော်တွင် ကိုးကွယ်ဝတ်ပြုကာ ကိုယ်တော်အားရိုသေလေးမြတ်စွာ ဦးညွှတ်ရှိခိုးနိုင်ပါ၏။
יְהוָה ׀ נְחֵנִי בְצִדְקָתֶךָ לְמַעַן שׁוֹרְרָי הושר הַיְשַׁר לְפָנַי דַּרְכֶּֽךָ׃ | 8 |
၈အို ထာဝရဘုရား၊ ကျွန်တော်မျိုးမှာရန်သူများစွာရှိပါ၏။ ကိုယ်တော်၏အလိုတော်အတိုင်းပြုကျင့်ရန် ကျွန်တော်မျိုးအားလမ်းပြတော်မူပါ။ ကျွန်တော်မျိုးအားကိုယ်တော်ရှင် လိုက်လျှောက်စေလိုသည့်လမ်းကို ဖြောင့်ဖြူးစေတော်မူပါ။
כִּי אֵין בְּפִיהוּ נְכוֹנָה קִרְבָּם הַוּוֹת קֶֽבֶר־פָּתוּחַ גְּרוֹנָם לְשׁוֹנָם יַחֲלִֽיקוּן׃ | 9 |
၉ကျွန်တော်မျိုး၏ရန်သူများစကားကို အဘယ်အခါ၌ယုံကြည်၍မရပါ။ သူတို့တွင်ဖျက်ဆီးလိုစိတ်သာလျှင်ရှိပါ၏။ သူတို့၏ခံတွင်းသည်ပွင့်လျက်နေသော သင်္ချိုင်းတွင်းနှင့်တူပါ၏။ သူတို့၏လျှာသည်လည်းမြှောက်ပင့်လိမ်လည် လှည့်စားတတ်ပါ၏။
הַֽאֲשִׁימֵם ׀ אֱֽלֹהִים יִפְּלוּ מִֽמֹּעֲצוֹתֵיהֶם בְּרֹב פִּשְׁעֵיהֶם הַדִּיחֵמוֹ כִּי־מָרוּ בָֽךְ׃ | 10 |
၁၀အို ဘုရားသခင်၊ သူတို့အားရှုတ်ချလျက်အပြစ်ဒဏ်ပေးတော်မူပါ။ သူတို့၏ဆိုးညစ်သောအကြံအစည်များက သူတို့ကိုပင်အကျိုးနည်းစေတော်မူပါ။ သူတို့၏များမြောင်သော အပြစ်များကြောင့်လည်းကောင်း၊ကိုယ်တော်ကို ပုန်ကန်ကြသည့်အတွက်ကြောင့်လည်းကောင်း သူတို့အားရှေ့တော်မှောက်မှနှင်ထုတ်တော်မူပါ။
וְיִשְׂמְחוּ כָל־חוֹסֵי בָךְ לְעוֹלָם יְרַנֵּנוּ וְתָסֵךְ עָלֵימוֹ וְֽיַעְלְצוּ בְךָ אֹהֲבֵי שְׁמֶֽךָ׃ | 11 |
၁၁သို့ရာတွင်ကိုယ်တော်ရှင်ထံတော်တွင်လုံခြုံစွာ ခိုလှုံကြသောသူအပေါင်းတို့သည် ဝမ်းမြောက်ရွှင်လန်းရကြပါလိမ့်မည်။ သူတို့သည်ဝမ်းမြောက်သဖြင့်အစဉ် သီချင်းဆိုကြပါလိမ့်မည်။ ကိုယ်တော်ရှင်သည်မိမိအားချစ်သူတို့ကို ကွယ်ကာစောင့်ထိန်းတော်မူပါ၏။ ကိုယ်တော်ရှင်ကြောင့်သူတို့သည်အကယ်ပင် ဝမ်းမြောက်ရကြပါ၏။
כִּֽי־אַתָּה תְּבָרֵךְ צַדִּיק יְהוָה כַּצִּנָּה רָצוֹן תַּעְטְרֶֽנּוּ׃ | 12 |
၁၂အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်မိမိစကားကိုနားထောင် သူတို့အားကောင်းချီးပေးတော်မူပါ၏။ ကိုယ်တော်၏မေတ္တာတော်သည်ဒိုင်းလွှားသဖွယ် သူတို့အားကွယ်ကာစောင့်ရှောက်တော်မူပါ၏။