< תהילים 49 >
לַמְנַצֵּחַ ׀ לִבְנֵי־קֹרַח מִזְמֽוֹר׃ שִׁמְעוּ־זֹאת כָּל־הָֽעַמִּים הַאֲזִינוּ כָּל־יֹשְׁבֵי חָֽלֶד׃ | 1 |
၁လူအပေါင်းတို့၊ဤစကားကိုနာယူကြလော့။ အယုတ်အမြတ်၊ဆင်းရဲချမ်းသာမရွေး၊ အရပ်တကာရှိလူခပ်သိမ်းတို့နားထောင်ကြလော့။
גַּם־בְּנֵי אָדָם גַּם־בְּנֵי־אִישׁ יַחַד עָשִׁיר וְאֶבְיֽוֹן׃ | 2 |
၂
פִּי יְדַבֵּר חָכְמוֹת וְהָגוּת לִבִּי תְבוּנֽוֹת׃ | 3 |
၃ငါသည်ရှင်းလင်းပြတ်သားစွာတွေးတောဆင် ခြင်မည်။ အသိပညာနှင့်ယှဉ်သောစကားများကို ပြောဆိုမည်။
אַטֶּה לְמָשָׁל אָזְנִי אֶפְתַּח בְּכִנּוֹר חִידָתֽ͏ִי׃ | 4 |
၄ငါသည်စကားပုံများကိုအာရုံစိုက်၍စဉ်းစားမည်။ ယင်းတို့၏အနက်အဋ္ဌိပ္ပါယ်ကိုစောင်းတီးလျက် ရှင်းလင်းဖော်ပြမည်။
לָמָּה אִירָא בִּימֵי רָע עֲוֺן עֲקֵבַי יְסוּבֵּֽנִי׃ | 5 |
၅ဆိုးယုတ်သည့်ရန်သူတို့သည်ငါ့အား ဝိုင်းရံထားသဖြင့်ငါသည်ဘေးသင့်၍နေ သော်လည်း ကြောက်လန့်လိမ့်မည်မဟုတ်။
הַבֹּטְחִים עַל־חֵילָם וּבְרֹב עָשְׁרָם יִתְהַלָּֽלוּ׃ | 6 |
၆ထိုသူတို့သည်မိမိတို့၏စည်းစိမ်ဥစ္စာကို ယုံကြည်အားကိုးသူများ၊ချမ်းသာကြွယ်ဝမှုကို ကြွားဝါသူများဖြစ်ပေသည်။
אָח לֹא־פָדֹה יִפְדֶּה אִישׁ לֹא־יִתֵּן לֵאלֹהִים כָּפְרֽוֹ׃ | 7 |
၇လူသည်အဘယ်အခါ၌မျှမိမိကိုယ်ကို မကယ်နိုင်၊ မိမိအသက်၏တန်ဖိုးကိုထာဝရဘုရား အား မပေးမဆပ်နိုင်။
וְיֵקַר פִּדְיוֹן נַפְשָׁם וְחָדַל לְעוֹלָֽם׃ | 8 |
၈အဘယ်ကြောင့်ဆိုသော်လူ၏အသက်တန်ဖိုးသည် ကြီးလွန်းသောကြောင့်ဖြစ်၏။ သူ့မှာအဘယ်အခါ၌မျှအသက်ဖိုး ပေးနိုင်စွမ်းမရှိသဖြင့် အဘယ်သို့လျှင်ထာဝစဉ်အသက်ရှင်လျက် နေနိုင်ပါမည်နည်း။ အဘယ်သို့လျှင်သင်္ချိုင်းတွင်းသို့မဆင်းဘဲ နေနိုင်ပါမည်နည်း။
וִֽיחִי־עוֹד לָנֶצַח לֹא יִרְאֶה הַשָּֽׁחַת׃ | 9 |
၉
כִּי יִרְאֶה ׀ חֲכָמִים יָמוּתוּ יַחַד כְּסִיל וָבַעַר יֹאבֵדוּ וְעָזְבוּ לַאֲחֵרִים חֵילָֽם׃ | 10 |
၁၀ပညာရှိတို့သည်လည်းကောင်း၊မိုက်မဲ၍ အသိဉာဏ်တုံးသူတို့သည်လည်းကောင်း သေခြင်းတရားကိုမလွန်ဆန်နိုင်ကြောင်းကို မည်သူမဆိုတွေ့မြင်နိုင်ပေသည်။ သူတို့အားလုံးပင်မိမိတို့၏ဥစ္စာပစ္စည်းများကို သားမြေးများအတွက်ထားခဲ့ရကြ၏။
קִרְבָּם בָּתֵּימוֹ ׀ לְֽעוֹלָם מִשְׁכְּנֹתָם לְדֹר וָדֹר קָֽרְאוּ בִשְׁמוֹתָם עֲלֵי אֲדָמֽוֹת׃ | 11 |
၁၁အခါတစ်ပါးကသူတို့သည်မြေပိုင်ရှင်များ ဖြစ်ခဲ့ဖူးသော်လည်း ယခုအခါသင်္ချိုင်းတွင်းများသာလျှင် ထိုသူတို့အခါခပ်သိမ်းနေထိုင်ရာ၊ ထာဝရနေအိမ်များဖြစ်ပေသည်။
וְאָדָם בִּיקָר בַּל־יָלִין נִמְשַׁל כַּבְּהֵמוֹת נִדְמֽוּ׃ | 12 |
၁၂လူသည်စည်းစိမ်ချမ်းသာခံစား၍တည်မြဲ သည်မဟုတ်။ သူသည်တိရစ္ဆာန်များကဲ့သို့ပင်သေရပေလိမ့်မည်။
זֶה דַרְכָּם כֵּסֶל לָמוֹ וְאַחֲרֵיהֶם ׀ בְּפִיהֶם יִרְצוּ סֶֽלָה׃ | 13 |
၁၃မိမိတို့ကိုယ်ကိုယုံကြည်အားကိုးသူများ၊ မိမိတို့စည်းစိမ်ချမ်းသာဖြင့်ကျေနပ်နေသူ များ၏ ကံကြမ္မာကိုကြည့်ကြလော့။
כַּצֹּאן ׀ לִֽשְׁאוֹל שַׁתּוּ מָוֶת יִרְעֵם וַיִּרְדּוּ בָם יְשָׁרִים ׀ לַבֹּקֶר וצירם וְצוּרָם לְבַלּוֹת שְׁאוֹל מִזְּבֻל לֽוֹ׃ (Sheol ) | 14 |
၁၄သူတို့သည်သိုးများကဲ့သို့သေကြရ၏။ သေမင်းသည်သူတို့၏သိုးထိန်းဖြစ်လိမ့်မည်။ သူတို့၏ကိုယ်ခန္ဓာများသည်မိမိတို့အိမ်နှင့် ဝေးကွာလှသည့်မရဏာနိုင်ငံတွင် မကြာမီပုပ်ပျက်သွားစဉ်သူတော်ကောင်းတို့ သည် သူတို့ကိုအနိုင်ရကြလိမ့်မည်။ (Sheol )
אַךְ־אֱלֹהִים יִפְדֶּה נַפְשִׁי מִֽיַּד־שְׁאוֹל כִּי יִקָּחֵנִי סֶֽלָה׃ (Sheol ) | 15 |
၁၅သို့ရာတွင်ထာဝရဘုရားသည်ငါ့ကို ကယ်တော်မူလိမ့်မည်။ သေမင်း၏လက်မှငါ့ကိုကယ်တင်တော်မူလိမ့်မည်။ (Sheol )
אַל־תִּירָא כִּֽי־יַעֲשִׁר אִישׁ כִּֽי־יִרְבֶּה כְּבוֹד בֵּיתֽוֹ׃ | 16 |
၁၆လူတစ်စုံတစ်ယောက်သည်ချမ်းသာကြွယ်ဝကာ သူ၏စည်းစိမ်ဥစ္စာသည်လည်းပို၍ပင် တိုးပွားလာသောအခါသင်သည် စိတ်မကောင်းမဖြစ်နှင့်။
כִּי לֹא בְמוֹתוֹ יִקַּח הַכֹּל לֹא־יֵרֵד אַחֲרָיו כְּבוֹדֽוֹ׃ | 17 |
၁၇သူသည်သေသောအခါထိုစည်းစိမ်ဥစ္စာကို ယူ၍မသွားနိုင်။ ယင်းစည်းစိမ်ဥစ္စာသည်သူနှင့်အတူသင်္ချိုင်း တွင်းသို့ လိုက်ပါသွားနိုင်လိမ့်မည်မဟုတ်။
כִּֽי־נַפְשׁוֹ בְּחַיָּיו יְבָרֵךְ וְיוֹדֻךָ כִּי־תֵיטִיב לָֽךְ׃ | 18 |
၁၈လူသည်မိမိဘဝနှင့်ကျေနပ်၍ မိမိ၏အောင်မြင်မှုအတွက်အချီးအမွမ်း ခံရစေကာမူ
תָּבוֹא עַד־דּוֹר אֲבוֹתָיו עַד־נֵצַח לֹא יִרְאוּ־אֽוֹר׃ | 19 |
၁၉သေချိန်၌ဘိုးဘေးတို့ရှိရာထာဝစဉ်မှောင် မိုက်လျက် နေသည့်အရပ်သို့သွားရမည်။
אָדָם בִּיקָר וְלֹא יָבִין נִמְשַׁל כַּבְּהֵמוֹת נִדְמֽוּ׃ | 20 |
၂၀လူသည်စည်းစိမ်ချမ်းသာခံစားရသော်လည်း တိရစ္ဆာန်များကဲ့သို့ပင်သေရပေလိမ့်မည်။