< תהילים 29 >
מִזְמוֹר לְדָוִד הָבוּ לֽ͏ַיהוָה בְּנֵי אֵלִים הָבוּ לַיהוָה כָּבוֹד וָעֹֽז׃ | 1 |
၁အို ကောင်းကင်သားတို့၊ထာဝရဘုရားအား ထောမနာပြုကြလော့။ ကိုယ်တော်၏ဘုန်းအသရေတော်နှင့်တန်ခိုး တော်ကို ထောမနာပြုကြလော့။
הָבוּ לַֽיהוָה כְּבוֹד שְׁמוֹ הִשְׁתַּחֲווּ לַיהוָה בְּהַדְרַת־קֹֽדֶשׁ׃ | 2 |
၂ဘုန်းအသရေတော်နှင့်ပြည့်စုံတော်မူသော ထာဝရဘုရား၏နာမတော်ကို ထောမနာပြုကြလော့။ သန့်ရှင်းမြင့်မြတ်တော်မူသောအရှင် ကြွလာတော်မူသောအခါ ရှေ့တော်၌ဦးညွှတ်ပျပ်ဝပ်ကြလော့။
קוֹל יְהוָה עַל־הַמָּיִם אֵֽל־הַכָּבוֹד הִרְעִים יְהוָה עַל־מַיִם רַבִּֽים׃ | 3 |
၃ထာဝရဘုရား၏အသံတော်သည် ပင်လယ်များပေါ်တွင်ထွက်ပေါ်လာ၏။ ဘုန်းအသရေတော်နှင့်ပြည့်စုံတော်မူသော ထာဝရဘုရားသည်မိုးချုန်းတော်မူ၏။ အသံတော်သည်သမုဒ္ဒရာပေါ်တွင်ပဲ့တင်ထပ် လေ၏။
קוֹל־יְהוָה בַּכֹּחַ קוֹל יְהוָה בֶּהָדָֽר׃ | 4 |
၄ထာဝရဘုရား၏အသံတော်သည်ထွက်ပေါ် လာ၏။ ထိုအသံတော်သည်ဘုန်းတန်ခိုးအာနုဘော် တော်နှင့် ပြည့်စုံ၏။
קוֹל יְהוָה שֹׁבֵר אֲרָזִים וַיְשַׁבֵּר יְהוָה אֶת־אַרְזֵי הַלְּבָנֽוֹן׃ | 5 |
၅ထာဝရဘုရား၏အသံတော်ကြောင့် အာရဇ်ပင်တို့သည်ကျိုးကျကုန်၏။ လေဗနုန်တောမှအာရဇ်ပင်တို့ပင်လျှင် ကျိုးကျကုန်၏။
וַיַּרְקִידֵם כְּמוֹ־עֵגֶל לְבָנוֹן וְשִׂרְיֹן כְּמוֹ בֶן־רְאֵמִֽים׃ | 6 |
၆ကိုယ်တော်သည်လေဗနုန်တောင်တို့ကို နွားသူငယ်များကဲ့သို့ခုန်ပေါက်စေတော် မူ၏။ ဟေရမုန်တောင်ကိုလည်းနွားသိုးပျိုကဲ့သို့ ခုန်စေတော်မူ၏။
קוֹל־יְהוָה חֹצֵב לַהֲבוֹת אֵֽשׁ׃ | 7 |
၇ထာဝရဘုရား၏အသံတော်သည်အလင်း ရောင်ကို ပေါ်ထွက်စေတော်မူ၏။
קוֹל יְהוָה יָחִיל מִדְבָּר יָחִיל יְהוָה מִדְבַּר קָדֵֽשׁ׃ | 8 |
၈ကိုယ်တော်၏အသံတော်သည်တောကန္တာရကို တုန်လှုပ်စေတော်မူ၏။ ကိုယ်တော်သည်ကာဒေရှတောကန္တာရကို တုန်လှုပ်စေတော်မူ၏။
קוֹל יְהוָה ׀ יְחוֹלֵל אַיָּלוֹת וַֽיֶּחֱשֹׂף יְעָרוֹת וּבְהֵיכָלוֹ כֻּלּוֹ אֹמֵר כָּבֽוֹד׃ | 9 |
၉ထာဝရဘုရား၏အသံတော်သည် ဝက်သစ်ချပင်တို့ကိုတုန်လှုပ်စေတော်မူ၍ သစ်ပင်များမှအရွက်ရှိသမျှကိုကြွေစေ တော်မူ၏။ တစ်ချိန်တည်းမှာပင်``ဘုရားသခင်သည်ဘုန်း အသရေ ထွန်းတောက်တော်မူစေသတည်း'' ဟု ဗိမာန်တော်တွင်လူအပေါင်းတို့ကြွေးကြော် ကြ၏။
יְהוָה לַמַּבּוּל יָשָׁב וַיֵּשֶׁב יְהוָה מֶלֶךְ לְעוֹלָֽם׃ | 10 |
၁၀ထာဝရဘုရားသည်ရေနက်ရာတို့တွင်စိုးစံ တော်မူ၏။ ကိုယ်တော်သည်ထာဝစဉ်ဘုရင်အဖြစ်ဖြင့် စိုးစံတော်မူ၏။
יְֽהוָה עֹז לְעַמּוֹ יִתֵּן יְהוָה ׀ יְבָרֵךְ אֶת־עַמּוֹ בַשָּׁלֽוֹם׃ | 11 |
၁၁ထာဝရဘုရားသည်မိမိ၏လူစုတော်အား စွမ်းအားပေးတော်မူ၏။ သူတို့အားငြိမ်းချမ်းသာယာမှုကောင်းချီး မင်္ဂလာကိုပေးတော်မူ၏။