< תהילים 24 >
לְדָוִד מִזְמוֹר לַֽיהוָה הָאָרֶץ וּמְלוֹאָהּ תֵּבֵל וְיֹשְׁבֵי בָֽהּ׃ | 1 |
၁ထာဝရဘုရားသည် မြေကြီးနှင့် မြေကြီးတန်ဆာ ကို၎င်း၊ လောကဓာတ်နှင့်လောကသားတို့ကို၎င်း၊ ပိုင်တော်မူ၏။
כִּי־הוּא עַל־יַמִּים יְסָדָהּ וְעַל־נְהָרוֹת יְכוֹנְנֶֽהָ׃ | 2 |
၂အကြောင်းမူကား၊ ထိုနေရာကို သမုဒ္ဒရာပေါ် မှာတည်၍၊ ရေများပေါ်မှာ မြဲမြံစေတော်မူပြီ။
מִֽי־יַעֲלֶה בְהַר־יְהוָה וּמִי־יָקוּם בִּמְקוֹם קָדְשֽׁוֹ׃ | 3 |
၃ထာဝရဘုရား၏ တောင်တော်ပေါ်သို့ အဘယ်သူ သည် တက်ရမည်နည်း။ သန့်ရှင်းရာဌာနတော်၌ အဘယ် သူသည် ရပ်နေရမည်နည်းဟူမူကား၊
נְקִי כַפַּיִם וּֽבַר־לֵבָב אֲשֶׁר ׀ לֹא־נָשָׂא לַשָּׁוְא נַפְשִׁי וְלֹא נִשְׁבַּע לְמִרְמָֽה׃ | 4 |
၄သန့်ရှင်းသောလက်နှင့် ဖြူစင်သောနှလုံးရှိသော သူ၊ မုသာကိုမမှီဝဲ မဆည်းကပ်၊ မမှန်သောကျိန်ဆိုခြင်းကို မပြုသောသူသည်၊
יִשָּׂא בְרָכָה מֵאֵת יְהוָה וּצְדָקָה מֵאֱלֹהֵי יִשְׁעֽוֹ׃ | 5 |
၅ထာဝရဘုရား၏ လက်တော်မှ ကောင်းကြီး မင်္ဂလာကို၎င်း၊ ကယ်တင်တော်မူသော ဘုရားသခင်၏ လက်တော်မှ ဖြောင့်မတ်ခြင်းတရားကို၎င်း ခံရလိမ့်မည်။
זֶה דּוֹר דרשו דֹּרְשָׁיו מְבַקְשֵׁי פָנֶיךָ יַעֲקֹב סֶֽלָה׃ | 6 |
၆ထိုသူသည် ထာဝရဘုရားကို ရှာသောအမျိုး၊ မျက်နှာတော်ကို ရှာသောယာကုပ်အမျိုးဖြစ်သတည်း။
שְׂאוּ שְׁעָרִים ׀ רָֽאשֵׁיכֶם וְֽהִנָּשְׂאוּ פִּתְחֵי עוֹלָם וְיָבוֹא מֶלֶךְ הַכָּבֽוֹד׃ | 7 |
၇အချင်းတံခါးတို့၊ တံခါးမုတ်ကိုကြွလိုက်ကြ။ အချင်းထာဝရတံခါးတို့၊ ကိုယ်ကိုကြွလိုက်ကြ။ ဘုန်းကြီး သောရှင်ဘုရင် ဝင်တော်မူမည်။
מִי זֶה מֶלֶךְ הַכָּבוֹד יְהוָה עִזּוּז וְגִבּוֹר יְהוָה גִּבּוֹר מִלְחָמָֽה׃ | 8 |
၈ဘုန်းကြီးသောရှင်ဘုရင်ကား အဘယ်သူနည်း။ အစွမ်းတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရဘုရား၊ စစ်တိုက်ခြင်းငှါ တန်ခိုးကြီးတော်မူသော ထာဝရဘုရား ပေတည်း။
שְׂאוּ שְׁעָרִים ׀ רָֽאשֵׁיכֶם וּשְׂאוּ פִּתְחֵי עוֹלָם וְיָבֹא מֶלֶךְ הַכָּבֽוֹד׃ | 9 |
၉အချင်းတံခါးတို့၊ တံခါးမုတ်ကိုကြွလိုက်ကြ။ အချင်းထာဝရတံခါးတို့၊ ကိုယ်ကိုကြွလိုက်ကြ။ ဘုန်းကြီး သောရှင်ဘုရင်ဝင်တော်မူမည်။
מִי הוּא זֶה מֶלֶךְ הַכָּבוֹד יְהוָה צְבָאוֹת הוּא מֶלֶךְ הַכָּבוֹד סֶֽלָה׃ | 10 |
၁၀ဘုန်းကြီးသောရှင်ဘုရင်ကား အဘယ်သူနည်း။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။ ထိုဘုရားသည် ဘုန်းကြီးသောရှင်ဘုရင် ဖြစ်တော်မူ သတည်း။