< דברי הימים ב 14 >

וַיִּשְׁכַּב אֲבִיָּה עִם־אֲבֹתָיו וַיִּקְבְּרוּ אֹתוֹ בְּעִיר דָּוִיד וַיִּמְלֹךְ אָסָא בְנוֹ תַּחְתָּיו בְּיָמָיו שָׁקְטָה הָאָרֶץ עֶשֶׂר שָׁנִֽים׃ 1
အဘိယ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်အာသ သည် ခမည်းတော်အရာ ၌ နန်း ထိုင်၏။ ထိုမင်း လက်ထက် ၊ ပြည် တော်သည် ဆယ် နှစ် ပတ်လုံးငြိမ်းချမ်း သာယာ၏။
וַיַּעַשׂ אָסָא הַטּוֹב וְהַיָּשָׁר בְּעֵינֵי יְהוָה אֱלֹהָֽיו׃ 2
အာသ မင်းသည် မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ကောင်း သောအမှု၊ ဖြောင့်မတ် သော အမှုတို့ကို ပြု လေ၏။
וַיָּסַר אֶת־מִזְבְּחוֹת הַנֵּכָר וְהַבָּמוֹת וַיְשַׁבֵּר אֶת־הַמַּצֵּבוֹת וַיְגַדַּע אֶת־הָאֲשֵׁרִֽים׃ 3
တပါး အမျိုးသားဘုရား၏ ယဇ် ပလ္လင်တို့ကို၎င်း၊ မြင့် သောအရပ်တို့ကို၎င်း ပယ်ရှား ၏။ ရုပ်တု ဆင်းတုတို့ကို ဖြိုဖျက် ၍ ၊ အာရှရ ပင်တို့ကို ခုတ်လှဲ ၏။
וַיֹּאמֶר לִֽיהוּדָה לִדְרוֹשׁ אֶת־יְהוָה אֱלֹהֵי אֲבוֹתֵיהֶם וְלַעֲשׂוֹת הַתּוֹרָה וְהַמִּצְוָֽה׃ 4
ယုဒ လူတို့သည် ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို ရှာ ၍ ၊ ပညတ် တရား ကို စောင့်ရှောက် မည်အကြောင်း မိန့် တော်မူ၏။
וַיָּסַר מִכָּל־עָרֵי יְהוּדָה אֶת־הַבָּמוֹת וְאֶת־הַֽחַמָּנִים וַתִּשְׁקֹט הַמַּמְלָכָה לְפָנָֽיו׃ 5
ယုဒ မြို့ ရွာ အရပ်ရပ် တို့၌ ရှိသောကုန်း နှင့် ရုပ်တု ဆင်းတုတို့ကို ပယ်ရှား ၍ ၊ နိုင်ငံ တော်ရေး သာယာ လျက် ရှိ၏။
וַיִּבֶן עָרֵי מְצוּרָה בִּיהוּדָה כִּֽי־שָׁקְטָה הָאָרֶץ וְאֵין־עִמּוֹ מִלְחָמָה בַּשָּׁנִים הָאֵלֶּה כִּֽי־הֵנִיחַ יְהוָה לֽוֹ׃ 6
ထို ကာလ ၌ ငြိမ်သက် သောအခွင့်ကို ထာဝရဘုရား ပေးတော်မူသဖြင့် ၊ ယုဒ ပြည်သည် ငြိမ် ၍ ၊ စစ်မှု နှင့် လွတ်သောကြောင့်၊ အာသမင်းသည် တပြည်လုံးတွင် ခိုင်ခံ့သောမြို့တို့ကို တည်လေ၏။
וַיֹּאמֶר לִֽיהוּדָה נִבְנֶה ׀ אֶת־הֶעָרִים הָאֵלֶּה וְנָסֵב חוֹמָה וּמִגְדָּלִים דְּלָתַיִם וּבְרִיחִים עוֹדֶנּוּ הָאָרֶץ לְפָנֵינוּ כִּי דָרַשְׁנוּ אֶת־יְהוָה אֱלֹהֵינוּ דָּרַשְׁנוּ וַיָּנַֽח לָנוּ מִסָּבִיב וַיִּבְנוּ וַיַּצְלִֽיחוּ׃ 7
ငါတို့သည် ငါ တို့၏ဘုရားသခင် ထာဝရဘုရား ကို ကြိုးစားရှာ ၍ ၊ ထိုဘုရားသည် အရပ်ရပ် ၌ ငြိမ်သက် သောအခွင့်ကိုပေး တော်မူသောကြောင့် ၊ တပြည်လုံး ကို အစိုးရစဉ်အခါ၊ ဤ မည်သော မြို့ တို့ကို ပြုစု ၍ မြို့ရိုး ၊ ပြအိုး ၊ တံခါး ၊ ကန့်လန့်ကျင် တို့ကို လုပ် ကြကုန်အံ့ဟု ယုဒ လူတို့အား မိန့် တော်မူ၏။
וַיְהִי לְאָסָא חַיִל נֹשֵׂא צִנָּה וָרֹמַח מִֽיהוּדָה שְׁלֹשׁ מֵאוֹת אֶלֶף וּמִבִּנְיָמִן נֹשְׂאֵי מָגֵן וְדֹרְכֵי קֶשֶׁת מָאתַיִם וּשְׁמוֹנִים אָלֶף כָּל־אֵלֶּה גִּבּוֹרֵי חָֽיִל׃ 8
အာသ မင်း၌ ကိဒုန်နှင့်လှံ ကိုကိုင် သော ယုဒ အမျိုး သူရဲ သုံး သိန်း ၊ ဒိုင်း လွှားနှင့် လေး ကိုကိုင် သော ဗင်္ယာမိန် အမျိုးသူရဲနှစ် သိန်းရှစ်သောင်းရှိ၍ ၊ ထို သူ အပေါင်း တို့သည် ခွန်အားကြီး သော စစ်သူရဲ ဖြစ်ကြ၏။
וַיֵּצֵא אֲלֵיהֶם זֶרַח הַכּוּשִׁי בְּחַיִל אֶלֶף אֲלָפִים וּמַרְכָּבוֹת שְׁלֹשׁ מֵאוֹת וַיָּבֹא עַד־מָרֵשָֽׁה׃ 9
တဖန် ကုရှ ရှင်ဘုရင် ဇေရ သည်စစ်သူရဲ တသန်း ၊ ရထား သုံး ရာ နှင့်တကွ ချီ လာ၍ ၊ မရေရှ မြို့သို့ ရောက် သောအခါ၊
וַיֵּצֵא אָסָא לְפָנָיו וַיַּֽעַרְכוּ מִלְחָמָה בְּגֵיא צְפַתָה לְמָרֵשָֽׁה׃ 10
၁၀အာသ သည်ဆီးကြို ၍ ၊ မရေရှ မြို့အနား မှာ ဇေဖသ ချိုင့်၌ စစ် ပြိုင် ကြ၏။
וַיִּקְרָא אָסָא אֶל־יְהוָה אֱלֹהָיו וַיֹּאמַר יְהוָה אֵֽין־עִמְּךָ לַעְזוֹר בֵּין רַב לְאֵין כֹּחַ עָזְרֵנוּ יְהוָה אֱלֹהֵינוּ כִּֽי־עָלֶיךָ נִשְׁעַנּוּ וּבְשִׁמְךָ בָאנוּ עַל־הֶהָמוֹן הַזֶּה יְהוָה אֱלֹהֵינוּ אַתָּה אַל־יַעְצֹר עִמְּךָ אֱנֽוֹשׁ׃ 11
၁၁အာသ သည် မိမိ ဘုရားသခင် ထာဝရဘုရား အား ဟစ်ခေါ် ၍ ၊ အိုထာဝရဘုရား ၊ ကိုယ်တော်သည် လူများတို့တွင် အားနည်း သောသူကို ကယ်တင်ခြင်းငှါတတ်နိုင်တော်မူသည်ဖြစ်၍၊ အိုအကျွန်ုပ် တို့၏ ဘုရားသခင် ထာဝရဘုရား ၊ ကယ်တင် တော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုခိုလှုံ၍ နာမ တော်ကို အမှီ ပြုလျက် ၊ ဤအလုံးအရင်းကြီးကို တိုက်ခြင်းငှါသွားပါ၏။ အိုထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် တို့၏ဘုရားသခင် ဖြစ်တော်မူ၏။ လူ သည် ကိုယ်တော် ကို နိုင်သော အခွင့်ရှိစေတော်မမူပါနှင့်ဟု ဆုတောင်းသည်ဖြစ်၍၊
וַיִּגֹּף יְהוָה אֶת־הַכּוּשִׁים לִפְנֵי אָסָא וְלִפְנֵי יְהוּדָה וַיָּנֻסוּ הַכּוּשִֽׁים׃ 12
၁၂ထာဝရဘုရား သည် ကုရှ လူတို့ကိုအာသ နှင့် ယုဒ လူတို့ရှေ့ မှာ ဒဏ်ခတ် တော်မူသဖြင့် ၊ သူတို့သည်ပြေး ကြ၏။
וַיִּרְדְּפֵם אָסָא וְהָעָם אֲשֶׁר־עִמּוֹ עַד־לִגְרָר וַיִּפֹּל מִכּוּשִׁים לְאֵין לָהֶם מִֽחְיָה כִּֽי־נִשְׁבְּרוּ לִפְנֵֽי־יְהוָה וְלִפְנֵי מַחֲנֵהוּ וַיִּשְׂאוּ שָׁלָל הַרְבֵּה מְאֹֽד׃ 13
၁၃အာသ နှင့် သူ ၏လူ တို့သည် ဂေရာ မြို့တိုင်အောင် လိုက် သဖြင့် ၊ ကုရှ လူတို့သည် ပြန် ၍မ တိုက်ဝံ့သောကြောင့် အရှုံးခံရကြ၏။ ထာဝရဘုရား နှင့် ဗိုလ်ခြေ တော်ရှေ့ မှာ ဖျက်ဆီး ခြင်းကိုခံရကြ၏။ ယုဒလူတို့သည် လက်ရဥစ္စာ အများကို သိမ်းယူကြ၏။
וַיַּכּוּ אֵת כָּל־הֶֽעָרִים סְבִיבוֹת גְּרָר כִּי־הָיָה פַֽחַד־יְהוָה עֲלֵיהֶם וַיָּבֹזּוּ אֶת־כָּל־הֶעָרִים כִּֽי־בִזָּה רַבָּה הָיְתָה בָהֶֽם׃ 14
၁၄ဂေရာ မြို့ပတ်ဝန်းကျင် မြို့ သားတို့သည် ထာဝရဘုရား ကို ကြောက်ရွံ့ သောစိတ်ရှိသဖြင့်၊ ယုဒလူတို့သည် ထိုမြို့ ရှိသမျှ တို့ကို လုပ်ကြံ ၍ ၊ သိုထားနှင့်သော ဘဏ္ဍာ ဥစ္စာ အများ တို့ကို သိမ်းယူ ကြ၏။
וְגַם־אָהֳלֵי מִקְנֶה הִכּוּ וַיִּשְׁבּוּ צֹאן לָרֹב וּגְמַלִּים וַיָּשֻׁבוּ יְרוּשָׁלָֽ͏ִם׃ 15
၁၅တိရစ္ဆာန် တင်းကုပ် များကိုလည်း တိုက်ဖျက် လျက် ၊ သိုး နှင့် ကုလားအုပ် အများတို့ကို သိမ်းယူ ၍။ယေရုရှလင် မြို့သို့ ပြန် သွားကြ၏။

< דברי הימים ב 14 >