< מלכים א 20 >
וּבֶן־הֲדַד מֶֽלֶךְ־אֲרָם קָבַץ אֶת־כָּל־חֵילוֹ וּשְׁלֹשִׁים וּשְׁנַיִם מֶלֶךְ אִתּוֹ וְסוּס וָרָכֶב וַיַּעַל וַיָּצַר עַל־שֹׁמְרוֹן וַיִּלָּחֶם בָּֽהּ׃ | 1 |
၁ရှုရိဘုရင်ဗင်္ဟာဒဒ်သည် မိမိ၏စစ်သည်တော် အပေါင်းကိုစုရုံးစေပြီးလျှင် အခြားမင်း သုံးကျိပ်နှစ်ပါးခြံရံလျက်သူတို့၏မြင်း တပ်၊ ရထားတပ်များနှင့်အတူချီတက်၍ ရှမာရိမြို့ကိုဝိုင်းရံထားတော်မူ၏။-
וַיִּשְׁלַח מַלְאָכִים אֶל־אַחְאָב מֶֽלֶךְ־יִשְׂרָאֵל הָעִֽירָה׃ | 2 |
၂သူသည်သံတမန်များကိုမြို့တွင်းသို့စေလွှတ် ၍ ဣသရေလဘုရင်အာဟပ်အား``ဗင်္ဟာဒဒ်မင်း သည်သင်၏ ရွှေ ငွေ၊ မိဖုရား၊ သားတော်သမီး တော်များကိုသူ့အားပေးအပ်ရန်တောင်းဆို လိုက်ပါသည်'' ဟုလျှောက်ထားစေ၏။
וַיֹּאמֶר לוֹ כֹּה אָמַר בֶּן־הֲדַד כַּסְפְּךָ וּֽזְהָבְךָ לִֽי־הוּא וְנָשֶׁיךָ וּבָנֶיךָ הַטּוֹבִים לִי־הֵֽם׃ | 3 |
၃
וַיַּעַן מֶֽלֶךְ־יִשְׂרָאֵל וַיֹּאמֶר כִּדְבָרְךָ אֲדֹנִי הַמֶּלֶךְ לְךָ אֲנִי וְכָל־אֲשֶׁר־לִֽי׃ | 4 |
၄ထိုအခါအာဟပ်က``ငါနှင့်ငါပိုင်သမျှသော ဥစ္စာပစ္စည်းတို့ကိုငါ့အရှင်ဗင်္ဟာဒဒ်အားပေး အပ်ရန် သဘောတူကြောင်းငါ့အရှင်ဗင်္ဟာဒဒ် မင်းအားလျှောက်ထားကြလော့'' ဟုဆို၏။
וַיָּשֻׁבוּ הַמַּלְאָכִים וַיֹּאמְרוּ כֹּֽה־אָמַר בֶּן־הֲדַד לֵאמֹר כִּֽי־שָׁלַחְתִּי אֵלֶיךָ לֵאמֹר כַּסְפְּךָ וּזְהָבְךָ וְנָשֶׁיךָ וּבָנֶיךָ לִי תִתֵּֽן׃ | 5 |
၅ထို့နောက်တစ်ဖန်သံတမန်တို့သည်အာဟပ်ထံ သို့ပြန်လာပြီးလျှင်``ဗင်္ဟာဒဒ်မင်းက`သင်၏ ရွှေ ငွေ၊ မိဖုရား၊ သားတော်သမီးတော်များကို ငါတောင်းဆိုခဲ့၏။-
כִּי ׀ אִם־כָּעֵת מָחָר אֶשְׁלַח אֶת־עֲבָדַי אֵלֶיךָ וְחִפְּשׂוּ אֶת־בֵּיתְךָ וְאֵת בָּתֵּי עֲבָדֶיךָ וְהָיָה כָּל־מַחְמַד עֵינֶיךָ יָשִׂימוּ בְיָדָם וְלָקָֽחוּ׃ | 6 |
၆ယခုငါသည်သင်၏နန်းတော်နှင့်တကွမှူး မတ်တို့၏နေအိမ်များကိုရှာဖွေ၍ အဖိုး ထိုက်သည့်ပစ္စည်းမှန်သမျှကိုသိမ်းယူရန် တပ်မတော်အရာရှိတို့ကိုစေလွှတ်မည်။ သူ တို့သည်နက်ဖြန်ဤအချိန်ခန့်၌သင်ထံသို့ ရောက်ရှိလာကြလိမ့်မည်' ဟုမိန့်မှာလိုက် ပါ၏'' ဟု လျှောက်ထားကြ၏။
וַיִּקְרָא מֶֽלֶךְ־יִשְׂרָאֵל לְכָל־זִקְנֵי הָאָרֶץ וַיֹּאמֶר דְּעֽוּ־נָא וּרְאוּ כִּי רָעָה זֶה מְבַקֵּשׁ כִּֽי־שָׁלַח אֵלַי לְנָשַׁי וּלְבָנַי וּלְכַסְפִּי וְלִזְהָבִי וְלֹא מָנַעְתִּי מִמֶּֽנּוּ׃ | 7 |
၇အာဟပ်မင်းသည်တိုင်းပြည်ခေါင်းဆောင်အပေါင်း ကိုခေါ်ပြီးလျှင်``ဤသူသည်ငါတို့အားပျက်စီး စေလိုသူဖြစ်၏။ ငါ့ထံသို့သံတမန်စေလွှတ်၍ ရွှေငွေ၊ မိဖုရား၊ သားတော်သမီးတော်များ ကိုတောင်းဆိုစဉ်အခါက ငါမငြင်းဆန်ခဲ့ ပါ'' ဟုဆို၏။
וַיֹּאמְרוּ אֵלָיו כָּל־הַזְּקֵנִים וְכָל־הָעָם אַל־תִּשְׁמַע וְלוֹא תֹאבֶֽה׃ | 8 |
၈ခေါင်းဆောင်များနှင့်ပြည်သူတို့က``ဤသူ၏ စကားကိုအရေးစိုက်တော်မမူပါနှင့်။ အညံ့ လည်းခံတော်မမူပါနှင့်'' ဟုလျှောက်၏။
וַיֹּאמֶר לְמַלְאֲכֵי בֶן־הֲדַד אִמְרוּ לַֽאדֹנִי הַמֶּלֶךְ כֹּל אֲשֶׁר־שָׁלַחְתָּ אֶל־עַבְדְּךָ בָרִֽאשֹׁנָה אֶעֱשֶׂה וְהַדָּבָר הַזֶּה לֹא אוּכַל לַעֲשׂוֹת וַיֵּֽלְכוּ הַמַּלְאָכִים וַיְשִׁבֻהוּ דָּבָֽר׃ | 9 |
၉သို့ဖြစ်၍အာဟပ်သည်ဗင်္ဟာဒဒ်၏သံတမန် တို့အား``ငါသည်ပထမတောင်းဆိုချက်ကို လိုက်လျောရန်သဘောတူသော်လည်း ဒုတိယ တောင်းဆိုချက်ကိုမူမလိုက်လျောနိုင်ကြောင်း ငါ့အရှင်ဘုရင်မင်းအားလျှောက်ထားကြ လော့'' ဟုမိန့်တော်မူ၏။ သံတမန်တို့သည်ပြန်သွားပြီးနောက် တစ်ဖန် ပြန်လာ၍၊-
וַיִּשְׁלַח אֵלָיו בֶּן־הֲדַד וַיֹּאמֶר כֹּֽה־יַעֲשׂוּן לִי אֱלֹהִים וְכֹה יוֹסִפוּ אִם־יִשְׂפֹּק עֲפַר שֹׁמְרוֹן לִשְׁעָלִים לְכָל־הָעָם אֲשֶׁר בְּרַגְלָֽי׃ | 10 |
၁၀``ဗင်္ဟာဒဒ်မင်းက`သင်၏မြို့ကိုဖြိုဖျက်၍ ကျောက်ခဲအကျိုးအပဲ့တို့ကို လက်နှင့်သယ် နိုင်လောက်အောင်လူအမြောက်အမြားကိုငါ ခေါ်ဆောင်ခဲ့မည်။ ဤသို့မပြုခဲ့သော်ဘုရား များသည်ငါ့အားအဆုံးစီရင်ကြပါစေ သော' ဟုမိန့်တော်မူပါ၏'' ဟုလျှောက်ကြ၏။
וַיַּעַן מֶֽלֶךְ־יִשְׂרָאֵל וַיֹּאמֶר דַּבְּרוּ אַל־יִתְהַלֵּל חֹגֵר כִּמְפַתֵּֽחַ׃ | 11 |
၁၁အာဟပ်မင်းကလည်း``စစ်သူရဲပီသသူသည် တိုက်ပွဲပြီးမှဝါကြွားတတ်၏။ တိုက်ပွဲမပြီး မီဝါကြွားလေ့မရှိကြောင်း ဗင်္ဟာဒဒ်မင်းအား ပြန်ကြားလျှောက်ထားကြလော့'' ဟုဆို၏။
וַיְהִי כִּשְׁמֹעַ אֶת־הַדָּבָר הַזֶּה וְהוּא שֹׁתֶה הוּא וְהַמְּלָכִים בַּסֻּכּוֹת וַיֹּאמֶר אֶל־עֲבָדָיו שִׂימוּ וַיָּשִׂימוּ עַל־הָעִֽיר׃ | 12 |
၁၂ဗင်္ဟာဒဒ်သည်မိမိ၏မဟာမိတ်မင်းများနှင့် အတူ သူတို့၏တဲရှင်များတွင်သေရည်သေ ရက်သောက်လျက် နေစဉ်အာဟပ်၏ပြန်ကြား ချက်ကိုကြားသိရလေသည်။ ထိုအခါသူ သည်မိမိ၏စစ်သည်တော်များအား ရှမာရိ မြို့ကိုတိုက်ခိုက်ရန်အမိန့်ပေးသဖြင့်သူတို့ သည်နေရာယူကြကုန်၏။
וְהִנֵּה ׀ נָבִיא אֶחָד נִגַּשׁ אֶל־אַחְאָב מֶֽלֶךְ־יִשְׂרָאֵל וַיֹּאמֶר כֹּה אָמַר יְהוָה הְֽרָאִיתָ אֵת כָּל־הֶהָמוֹן הַגָּדוֹל הַזֶּה הִנְנִי נֹתְנוֹ בְיָֽדְךָ הַיּוֹם וְיָדַעְתָּ כִּֽי־אֲנִי יְהוָֽה׃ | 13 |
၁၃ဤအတောအတွင်း၌ပရောဖက်တစ်ပါးသည် အာဟပ်မင်းထံသို့သွား၍``ထာဝရဘုရား ကသင့်အား`ထိုကြီးမားသည့်စစ်သည်အလုံး အရင်းကိုမြင်၍မကြောက်နှင့်။ ယနေ့သင့် အားထိုတပ်မတော်ကြီးကိုဖြိုခွင်းခွင့်ငါ ပေးမည်။ ငါသည်ထာဝရဘုရားဖြစ်တော် မူကြောင်းကို သင်သိရလိမ့်မည်' ဟုမိန့်တော် မူ၏'' ဟုဆင့်ဆို၏။
וַיֹּאמֶר אַחְאָב בְּמִי וַיֹּאמֶר כֹּֽה־אָמַר יְהוָה בְּנַעֲרֵי שָׂרֵי הַמְּדִינוֹת וַיֹּאמֶר מִֽי־יֶאְסֹר הַמִּלְחָמָה וַיֹּאמֶר אָֽתָּה׃ | 14 |
၁၄အာဟပ်က``အဘယ်သူခေါင်းဆောင်၍တိုက်ခိုက် ပါမည်နည်း'' ဟုမေး၏။ ပရောဖက်က``နယ်မြေဘုရင်ခံများ၏လက် အောက်ရှိစစ်လုလင်တို့ကိုခေါင်းဆောင်စေ ရန် ထာဝရဘုရားမိန့်တော်မူ၏'' ဟုဆင့်ဆို ပြန်၏။ မင်းကြီးက``တပ်မတော်ကြီးကိုအဘယ်သူ ကွပ်ကဲရပါမည်နည်း'' ဟုမေးလျှင်၊- ``ဘုရင်မင်းကိုယ်တိုင်ဖြစ်ပါသည်'' ဟု ပရောဖက်ကပြန်ပြောလေသည်။
וַיִּפְקֹד אֶֽת־נַעֲרֵי שָׂרֵי הַמְּדִינוֹת וַיִּהְיוּ מָאתַיִם שְׁנַיִם וּשְׁלֹשִׁים וְאַחֲרֵיהֶם פָּקַד אֶת־כָּל־הָעָם כָּל־בְּנֵי יִשְׂרָאֵל שִׁבְעַת אֲלָפִֽים׃ | 15 |
၁၅သို့ဖြစ်၍မင်းကြီးသည် နယ်မြေတပ်မှူးများ ၏လက်အောက်ရှိစစ်လုလင်စုစုပေါင်းနှစ်ရာ့ သုံးဆယ့်နှစ်ယောက်တို့ကိုခေါ်ပြီးနောက် တပ် သားခုနစ်ထောင်ရှိသောဣသရေလတပ်မ တော်ကိုစုရုံးစေတော်မူ၏။
וַיֵּצְאוּ בַּֽצָּהֳרָיִם וּבֶן־הֲדַד שֹׁתֶה שִׁכּוֹר בַּסֻּכּוֹת הוּא וְהַמְּלָכִים שְׁלֹשִֽׁים־וּשְׁנַיִם מֶלֶךְ עֹזֵר אֹתֽוֹ׃ | 16 |
၁၆မွန်းတည့်ချိန်၌ဗင်္ဟာဒဒ်နှင့်မဟာမိတ်သုံးကျိပ် နှစ်ပါးတို့သည် မိမိတို့တဲရှင်များတွင်သေ ရည်သေရက်သောက်စားမူးယစ်နေကြစဉ်၊-
וַיֵּצְאוּ נַעֲרֵי שָׂרֵי הַמְּדִינוֹת בָּרִֽאשֹׁנָה וַיִּשְׁלַח בֶּן־הֲדַד וַיַּגִּידוּ לוֹ לֵאמֹר אֲנָשִׁים יָצְאוּ מִשֹּׁמְרֽוֹן׃ | 17 |
၁၇အာဟပ်သည်စတင်၍တိုက်ခိုက်လေသည်။ နယ် မြေတပ်မှူးတို့၏စစ်လုလင်များကရှေ့ဆုံးမှ ချီတက်ကြ၏။ ဗင်္ဟာဒဒ်စေလွှတ်ထားသည့် အထောက်တော်တို့သည်လည်း ရှမာရိမြို့မှ စစ်သူရဲတစ်စုထွက်ခွာလာနေကြောင်းကို မင်းကြီးအားလျှောက်ထားကြ၏။-
וַיֹּאמֶר אִם־לְשָׁלוֹם יָצָאוּ תִּפְשׂוּם חַיִּים וְאִם לְמִלְחָמָה יָצָאוּ חַיִּים תִּפְשֽׂוּם׃ | 18 |
၁၈မင်းကြီးက``ထိုသူတို့သည်တိုက်ခိုက်ရန်လာ သည်ဖြစ်စေ၊ စစ်ပြေငြိမ်းရန်လာသည်ဖြစ်စေ သူတို့အားအရှင်ရအောင်ဖမ်းဆီးကြလော့'' ဟုအမိန့်ပေးတော်မူ၏။
וְאֵלֶּה יָצְאוּ מִן־הָעִיר נַעֲרֵי שָׂרֵי הַמְּדִינוֹת וְהַחַיִל אֲשֶׁר אַחֲרֵיהֶֽם׃ | 19 |
၁၉နယ်မြေတပ်မှူးတို့၏စစ်လုလင်များသည် ဣသရေလတပ်မတော်၏ရှေ့မှခေါင်း ဆောင်၍တိုက်ကြ၏။-
וַיַּכּוּ אִישׁ אִישׁוֹ וַיָּנֻסוּ אֲרָם וַֽיִּרְדְּפֵם יִשְׂרָאֵל וַיִּמָּלֵט בֶּן־הֲדַד מֶלֶךְ אֲרָם עַל־סוּס וּפָרָשִֽׁים׃ | 20 |
၂၀သူတို့အသီးသီးတစ်ယောက်ကျသတ်ဖြတ် ကြ၏။ ထိုအခါရှုရိတပ်သားတို့သည်ထွက်ပြေး ကြသဖြင့် ဣသရေလတပ်မတော်သည်သူတို့ နောက်မှအပြင်းလိုက်ကြ၏။ ထို့ကြောင့်ဗင်္ဟာဒဒ် သည်မြင်းတပ်သားအချို့နှင့်အတူမြင်းစီး၍ ထွက်ပြေးလေသည်။-
וַיֵּצֵא מֶלֶךְ יִשְׂרָאֵל וַיַּךְ אֶת־הַסּוּס וְאֶת־הָרָכֶב וְהִכָּה בַאֲרָם מַכָּה גְדוֹלָֽה׃ | 21 |
၂၁အာဟပ်မင်းသည်လည်းစစ်ပွဲသို့ဝင်တော်မူ၍ မြင်းများစစ်ရထားများကိုဖမ်းဆီးသိမ်း ယူ၍ ရှုရိအမျိုးသားတို့အားအကြီး အကျယ်အရေးရှုံးနိမ့်စေတော်မူ၏။-
וַיִּגַּשׁ הַנָּבִיא אֶל־מֶלֶךְ יִשְׂרָאֵל וַיֹּאמֶר לוֹ לֵךְ הִתְחַזַּק וְדַע וּרְאֵה אֵת אֲשֶֽׁר־תַּעֲשֶׂה כִּי לִתְשׁוּבַת הַשָּׁנָה מֶלֶךְ אֲרָם עֹלֶה עָלֶֽיךָ׃ | 22 |
၂၂ထိုအခါပရောဖက်သည်အာဟပ်မင်းထံ သို့သွား၍``ရှုရိဘုရင်သည်လာမည့်နွေဦး ပေါက်တွင်တစ်ဖန်ချီလာဦးမည်ဖြစ်သဖြင့် သင်သည်ပြန်၍မိမိ၏တပ်မတော်ကိုအင် အားပြည့်စေရန်သတိနှင့်စီမံလော့'' ဟု ဆို၏။
וְעַבְדֵי מֶֽלֶךְ־אֲרָם אָמְרוּ אֵלָיו אֱלֹהֵי הָרִים אֱלֹהֵיהֶם עַל־כֵּן חָזְקוּ מִמֶּנּוּ וְאוּלָם נִלָּחֵם אִתָּם בַּמִּישׁוֹר אִם־לֹא נֶחֱזַק מֵהֶֽם׃ | 23 |
၂၃ဗင်္ဟာဒဒ်မင်း၏မှူးမတ်များက``ဣသရေလ အမျိုးသားတို့၏ဘုရားများသည် တောင်ကို အစိုးရသောဘုရားများဖြစ်သဖြင့် အကျွန်ုပ် တို့အားဣသရေလအမျိုးသားတို့အနိုင်ရ ကြခြင်းဖြစ်ပါသည်။ အကျွန်ုပ်တို့သည်သူတို့ နှင့်လွင်ပြင်တွင်တိုက်ခိုက်ရကြပါမူသူတို့ အားဧကန်မုချအနိုင်ရကြပါလိမ့်မည်။-
וְאֶת־הַדָּבָר הַזֶּה עֲשֵׂה הָסֵר הַמְּלָכִים אִישׁ מִמְּקֹמוֹ וְשִׂים פַּחוֹת תַּחְתֵּיהֶֽם׃ | 24 |
၂၄ယခုသုံးကျိပ်နှစ်ပါးသောမင်းတို့အားမိမိ တို့တပ်များကိုမအုပ်ချုပ်စေတော့ဘဲ သူတို့ ၏နေရာတွင်စစ်ဗိုလ်မှူးများကိုအစားထိုး ၍ခန့်ထားတော်မူပါ။-
וְאַתָּה תִֽמְנֶה־לְךָ ׀ חַיִל כַּחַיִל הַנֹּפֵל מֵאוֹתָךְ וְסוּס כַּסּוּס ׀ וְרֶכֶב כָּרֶכֶב וְנִֽלָּחֲמָה אוֹתָם בַּמִּישׁוֹר אִם־לֹא נֶחֱזַק מֵהֶם וַיִּשְׁמַע לְקֹלָם וַיַּעַשׂ כֵּֽן׃ | 25 |
၂၅ထို့နောက်ယခင်အခါကအရှင့်အားစွန့်ခွာ ထွက်ပြေးသည့်တပ်မတော်နှင့်အမျှကြီးမား ၍ ယခင်ကကဲ့သို့ပင်များပြားသောမြင်း တပ်၊ ရထားတပ်များပါဝင်သည့်တပ်မတော် ကိုဖွဲ့စည်းတော်မူပါ။ အကျွန်ုပ်တို့သည်ဣသ ရေလအမျိုးသားတို့အားလွင်ပြင်တွင်တိုက် ခိုက်ကြမည်ဖြစ်၍ ယခုအကြိမ်၌သူတို့ အားအနိုင်ရကြပါလိမ့်မည်'' ဟုလျှောက် ထားကြ၏။ ယင်းသို့လျှောက်ထားသည်ကိုဗင်္ဟာဒဒ်မင်း သည်နှစ်သက်သဖြင့် ထိုသူတို့ပေးသည့် အကြံအတိုင်းဆောင်ရွက်တော်မူ၏။-
וַֽיְהִי לִתְשׁוּבַת הַשָּׁנָה וַיִּפְקֹד בֶּן־הֲדַד אֶת־אֲרָם וַיַּעַל אֲפֵקָה לַמִּלְחָמָה עִם־יִשְׂרָאֵֽל׃ | 26 |
၂၆နွေဦးပေါက်သောအခါမင်းကြီးသည် မိမိ၏ စစ်သည်တော်တို့ကိုစုရုံးစေပြီးလျှင်အာဖက် မြို့သို့ချီတက်လေ၏။-
וּבְנֵי יִשְׂרָאֵל הָתְפָּקְדוּ וְכָלְכְּלוּ וַיֵּלְכוּ לִקְרָאתָם וַיַּחֲנוּ בְנֵֽי־יִשְׂרָאֵל נֶגְדָּם כִּשְׁנֵי חֲשִׂפֵי עִזִּים וַאֲרָם מִלְאוּ אֶת־הָאָֽרֶץ׃ | 27 |
၂၇ဣသရေလအမျိုးသားတို့သည်လည်းစုရုံး ကာ စားနပ်ရိက္ခာစုံနှင့်မြို့ပြင်သို့ထွက်လာကြ လေသည်။ သူတို့သည်မိမိတို့၏တပ်ကိုနှစ်စု ခွဲ၍ရှုရိတပ်ကိုမျက်နှာမူကာနေရာယူ ကြ၏။ လွင်ပြင်တစ်ခုလုံးပြည့်နှက်နေသည့် ရှုရိအမျိုးသားတို့နှင့်နှိုင်းယှဉ်ကြည့်ပါ လျှင် ဣသရေလအမျိုးသားတို့သည်ဆိတ် အုပ်ကလေးနှစ်စုနှင့်တူပေသည်။
וַיִּגַּשׁ אִישׁ הָאֱלֹהִים וַיֹּאמֶר אֶל־מֶלֶךְ יִשְׂרָאֵל וַיֹּאמֶר כֹּֽה־אָמַר יְהוָה יַעַן אֲשֶׁר אָמְרוּ אֲרָם אֱלֹהֵי הָרִים יְהוָה וְלֹֽא־אֱלֹהֵי עֲמָקִים הוּא וְנָתַתִּי אֶת־כָּל־הֶהָמוֹן הַגָּדוֹל הַזֶּה בְּיָדֶךָ וִֽידַעְתֶּם כִּֽי־אֲנִי יְהוָֽה׃ | 28 |
၂၈ပရောဖက်တစ်ပါးသည်အာဟပ်မင်းထံသို့ သွား၍``ထာဝရဘုရားက`ငါသည်တောင်ကို အစိုးရသောဘုရားဖြစ်သည်။ လွင်ပြင်ကို အစိုးမရဟုရှုရိအမျိုးသားတို့ကဆို သောကြောင့် သူတို့၏ကြီးမားသောတပ်မ တော်ကိုသင်၏လက်သို့ငါအပ်မည်။ ငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်း သင်နှင့် တကွသင်၏ပြည်သူတို့သိရကြလိမ့်မည်' ဟုမိန့်တော်မူ၏'' ဟုဆင့်ဆို၏။
וַֽיַּחֲנוּ אֵלֶּה נֹכַח אֵלֶּה שִׁבְעַת יָמִים וַיְהִי ׀ בַּיּוֹם הַשְּׁבִיעִי וַתִּקְרַב הַמִּלְחָמָה וַיַּכּוּ בְנֵֽי־יִשְׂרָאֵל אֶת־אֲרָם מֵאָה־אֶלֶף רַגְלִי בְּיוֹם אֶחָֽד׃ | 29 |
၂၉ရှုရိအမျိုးသားနှင့်ဣသရေလအမျိုးသား များသည် ခုနစ်ရက်တိုင်တိုင်မျက်နှာချင်းဆိုင် တပ်စွဲလျက်နေကြ၏။ ခုနစ်ရက်မြောက်သော နေ့၌စတင်တိုက်ခိုက်ကြသောအခါ ဣသ ရေလအမျိုးသားတို့ကရှုရိအမျိုးသား တစ်သိန်းကိုသတ်ဖြတ်လိုက်လေသည်။-
וַיָּנֻסוּ הַנּוֹתָרִים ׀ אֲפֵקָה אֶל־הָעִיר וַתִּפֹּל הַחוֹמָה עַל־עֶשְׂרִים וְשִׁבְעָה אֶלֶף אִישׁ הַנּוֹתָרִים וּבֶן־הֲדַד נָס וַיָּבֹא אֶל־הָעִיר חֶדֶר בְּחָֽדֶר׃ | 30 |
၃၀ကျန်ကြွင်းသောသူတို့သည်အာဖက်မြို့ထဲသို့ ဝင်ပြေးကြရာ လူပေါင်းနှစ်သောင်းခုနစ်ထောင် အပေါ်သို့မြို့ရိုးပြိုကျလေ၏။ ဗင်္ဟာဒဒ်သည်လည်းမြို့ထဲသို့ဝင်ပြေးပြီးလျှင် အိမ်တစ်အိမ်ရှိအတွင်းခန်းတစ်ခုတွင်ပုန်း အောင်း၍နေ၏။-
וַיֹּאמְרוּ אֵלָיו עֲבָדָיו הִנֵּֽה־נָא שָׁמַעְנוּ כִּי מַלְכֵי בֵּית יִשְׂרָאֵל כִּֽי־מַלְכֵי חֶסֶד הֵם נָשִׂימָה נָּא שַׂקִּים בְּמָתְנֵינוּ וַחֲבָלִים בְּרֹאשֵׁנוּ וְנֵצֵא אֶל־מֶלֶךְ יִשְׂרָאֵל אוּלַי יְחַיֶּה אֶת־נַפְשֶֽׁךָ׃ | 31 |
၃၁သူ၏အမှုထမ်းများသည်သူ့ထံသို့လာ၍``ဣသ ရေလဘုရင်များသည်သနားညှာတာတတ် ကြောင်း အကျွန်ုပ်တို့ကြားသိရပါသည်။ သို့ဖြစ် ၍အကျွန်ုပ်တို့အားဣသရေလဘုရင်ထံသွား ခွင့်ပြုတော်မူပါ။ အကျွန်ုပ်တို့သည်ခါးတွင် လျှော်တေစည်း၍လည်တွင်ကြိုးများပတ်ပြီး လျှင်သွားရောက်ကြပါမည်။ သူသည်အရှင် ၏အသက်ကိုချမ်းသာပေးကောင်းပေးပါ လိမ့်မည်'' ဟုလျှောက်ထားကြ၏။-
וַיַּחְגְּרוּ שַׂקִּים בְּמָתְנֵיהֶם וַחֲבָלִים בְּרָאשֵׁיהֶם וַיָּבֹאוּ אֶל־מֶלֶךְ יִשְׂרָאֵל וַיֹּאמְרוּ עַבְדְּךָ בֶן־הֲדַד אָמַר תְּחִֽי־נָא נַפְשִׁי וַיֹּאמֶר הַעוֹדֶנּוּ חַי אָחִי הֽוּא׃ | 32 |
၃၂ထို့နောက်သူတို့သည်ခါးတွင်လျှော်တေစည်း၍ လည်တွင်ကြိုးများပတ်ပြီးလျှင် အာဟပ်မင်း ထံသို့သွားရောက်ကာ``အရှင်၏အစေခံဗင်္ဟာ ဒဒ်ကသူ၏အသက်ကိုချမ်းသာပေးတော် မူရန်ပန်ကြားလိုက်ပါသည်'' ဟုလျှောက် ထားကြ၏။ အာဟပ်က``ငါ့နောင်တော်အသက်ရှင်သေး သလော'' ဟုဆို၏။
וְהָאֲנָשִׁים יְנַחֲשׁוּ וַֽיְמַהֲרוּ וַיַּחְלְטוּ הֲמִמֶּנּוּ וַיֹּֽאמְרוּ אָחִיךָ בֶן־הֲדַד וַיֹּאמֶר בֹּאוּ קָחֻהוּ וַיֵּצֵא אֵלָיו בֶּן־הֲדַד וֽ͏ַיַּעֲלֵהוּ עַל־הַמֶּרְכָּבָֽה׃ | 33 |
၃၃ဗင်္ဟာဒဒ်၏အမှုထမ်းတို့သည် အရိပ်အခြည် ကိုစောင့်၍ကြည့်နေရကြရာ၊ အာဟပ်က``နောင် တော်'' ဟုဆိုလိုက်သောအခါချက်ချင်းပင် ဆက်၍``အရှင်မိန့်တော်မူသည့်အတိုင်းဗင်္ဟာ ဒဒ်သည်အရှင်၏နောင်တော်ပါ'' ဟုလျှောက် ကြ၏။ ထိုအခါအာဟပ်က``သူအားငါ့ထံသို့ခေါ် ခဲ့ကြလော့'' ဟုမိန့်တော်မူ၏။ ဗင်္ဟာဒဒ်ရောက်ရှိ လာသောအခါ အာဟပ်သည်သူ့အားမိမိ၏ ရထားပေါ်သို့တက်ရန်ဖိတ်ခေါ်တော်မူ၏။-
וַיֹּאמֶר אֵלָיו הֶעָרִים אֲשֶׁר־לָֽקַח־אָבִי מֵאֵת אָבִיךָ אָשִׁיב וְחוּצוֹת תָּשִׂים לְךָ בְדַמֶּשֶׂק כַּאֲשֶׁר־שָׂם אָבִי בְּשֹׁמְרוֹן וַאֲנִי בַּבְּרִית אֲשַׁלְּחֶךָּ וַיִּכְרָת־לוֹ בְרִית וַֽיְשַׁלְּחֵֽהוּ׃ | 34 |
၃၄ဗင်္ဟာဒဒ်က``အရှင့်ခမည်းတော်၏လက်မှအကျွန်ုပ် ၏ခမည်းတော်သိမ်းယူခဲ့သောမြို့များကို အရှင့် အားပြန်လည်ပေးအပ်ပါမည်။ အကျွန်ုပ်၏ခမည်း တော်သည်ရှမာရိမြို့တွင်ကုန်သွယ်ရေးဌာနကို ထားရှိခဲ့သည့်နည်းတူ အရှင်သည်လည်းဒမာ သက်မြို့တွင်ကုန်သွယ်ရေးဌာနထားရှိနိုင်ပါ သည်'' ဟုဆို၏။ အာဟပ်က``ဤသဘောတူညီချက်များအရ သင်၏အသက်ကိုချမ်းသာပေးမည်'' ဟုဆို၏။ ထိုနောက်သူသည်ဗင်္ဟာဒဒ်နှင့်မဟာမိတ်စာချုပ် ချုပ်ဆိုပြီးလျှင် ဗင်္ဟာဒဒ်အားသွားခွင့်ပြုတော် မူ၏။
וְאִישׁ אֶחָד מִבְּנֵי הַנְּבִיאִים אָמַר אֶל־רֵעֵהוּ בִּדְבַר יְהוָה הַכֵּינִי נָא וַיְמָאֵן הָאִישׁ לְהַכֹּתֽוֹ׃ | 35 |
၃၅ပရောဖက်တစ်ပါးသည် ထာဝရဘုရား၏အမိန့် တော်အရအခြားပရောဖက်တစ်ပါးအား``ငါ့ ကိုရိုက်လော့'' ဟုဆို၏။ သို့သော်လည်းပရောဖက် ကငြင်းဆန်သဖြင့်၊-
וַיֹּאמֶר לוֹ יַעַן אֲשֶׁר לֹֽא־שָׁמַעְתָּ בְּקוֹל יְהוָה הִנְּךָ הוֹלֵךְ מֵֽאִתִּי וְהִכְּךָ הָאַרְיֵה וַיֵּלֶךְ מֵֽאֶצְלוֹ וַיִּמְצָאֵהוּ הָאַרְיֵה וַיַּכֵּֽהוּ׃ | 36 |
၃၆သူ့အား``သင်သည်ထာဝရဘုရား၏အမိန့်တော် ကိုလွန်ဆန်သည်ဖြစ်၍ ငါ၏ထံမှထွက်ခွာ သွားသည်နှင့်တစ်ပြိုင်နက်ခြင်္သေ့ကိုက်၍သေ လိမ့်မည်'' ဟုဆို၏။ ယင်းသို့ဆိုသည့်အတိုင်း ထိုနေရာမှထွက်ခွာသွားသည်နှင့်တစ်ပြိုင် နက် ထိုပရောဖက်သည်ခြင်္သေ့ကိုက်၍သေ လေသည်။
וַיִּמְצָא אִישׁ אַחֵר וַיֹּאמֶר הַכֵּינִי נָא וַיַּכֵּהוּ הָאִישׁ הַכֵּה וּפָצֹֽעַ׃ | 37 |
၃၇ထို့နောက်အရိုက်ခိုင်းသောပရောဖက်သည် အခြားသူတစ်ဦးထံသွား၍``ငါ့ကိုရိုက်လော့'' ဟုဆိုသည့်အတိုင်းထိုသူသည်ပြင်းစွာရိုက် ၍ဒဏ်ရာရစေ၏။-
וַיֵּלֶךְ הַנָּבִיא וַיַּעֲמֹד לַמֶּלֶךְ עַל־הַדָּרֶךְ וַיִּתְחַפֵּשׂ בָּאֲפֵר עַל־עֵינָֽיו׃ | 38 |
၃၈ပရောဖက်သည်မိမိ၏မျက်နှာကိုအဝတ် ဖြင့်စည်းပြီးလျှင် ရုပ်ဖျက်လျက်လမ်းနံဘေးတွင် အာဟပ်မင်းအလာကိုစောင့်ဆိုင်းလျက်နေ၏။-
וַיְהִי הַמֶּלֶךְ עֹבֵר וְהוּא צָעַק אֶל־הַמֶּלֶךְ וַיֹּאמֶר עַבְדְּךָ ׀ יָצָא בְקֶֽרֶב־הַמִּלְחָמָה וְהִנֵּֽה־אִישׁ סָר וַיָּבֵא אֵלַי אִישׁ וַיֹּאמֶר שְׁמֹר אֶת־הָאִישׁ הַזֶּה אִם־הִפָּקֵד יִפָּקֵד וְהָיְתָה נַפְשְׁךָ תַּחַת נַפְשׁוֹ אוֹ כִכַּר־כֶּסֶף תִּשְׁקֽוֹל׃ | 39 |
၃၉မင်းကြီးကြွလာတော်မူသောအခါပရော ဖက်က``အရှင်မင်းကြီး၊ အကျွန်ုပ်သည်တိုက်ပွဲ ဝင်လျက်နေစဉ် စစ်သားတစ်ယောက်သည်ရန်သူ သုံ့ပန်းတစ်ဦးကိုအကျွန်ုပ်ထံအပ်၍`ဤသူကို ထိန်းသိမ်းထားလော့။ အကယ်၍ထိုသူထွက်ပြေး သွားပါက သင်သည်သူ၏အသက်အစားမိမိ ၏အသက်ကိုပေးလျော်ရမည်။ သို့မဟုတ်လျှင် လည်းငွေသားသုံးထောင်ဒဏ်ဆောင်ရမည်' ဟု မှာကြားခဲ့ပါ၏။-
וַיְהִי עַבְדְּךָ עֹשֵׂה הֵנָּה וָהֵנָּה וְהוּא אֵינֶנּוּ וַיֹּאמֶר אֵלָיו מֶֽלֶךְ־יִשְׂרָאֵל כֵּן מִשְׁפָּטֶךָ אַתָּה חָרָֽצְתָּ׃ | 40 |
၄၀သို့ရာတွင်အကျွန်ုပ်သည်အခြားအမှုကိစ္စ များနှင့်အလုပ်များနေစဉ်ထိုသုံ့ပန်းထွက် ပြေးသွားပါသည်'' ဟုလျှောက်၏။ မင်းကြီးက``သင်ကိုယ်တိုင်စီရင်ချက်ချပြီး ဖြစ်၍ သင်သည်အပြစ်ဒဏ်ကိုခံရမည်'' ဟု ဆို၏။
וַיְמַהֵר וַיָּסַר אֶת־הָאֲפֵר מעל מֵעֲלֵי עֵינָיו וַיַּכֵּר אֹתוֹ מֶלֶךְ יִשְׂרָאֵל כִּי מֵֽהַנְּבִאִים הֽוּא׃ | 41 |
၄၁ထိုအခါပရောဖက်သည် မိမိ၏မျက်နှာမှ အဝတ်များကိုဆုတ်ဖြဲလိုက်သောအခါ မင်း ကြီးသည်ပရောဖက်တစ်ပါးဖြစ်ကြောင်း ကိုသိလေသည်။-
וַיֹּאמֶר אֵלָיו כֹּה אָמַר יְהוָה יַעַן שִׁלַּחְתָּ אֶת־אִישׁ־חֶרְמִי מִיָּד וְהָיְתָה נַפְשְׁךָ תַּחַת נַפְשׁוֹ וְעַמְּךָ תַּחַת עַמּֽוֹ׃ | 42 |
၄၂ပရောဖက်ကလည်း``ထာဝရဘုရားက`ရန်သူ ကိုသတ်ရန် ငါအမိန့်ပေးထားသော်လည်းသူ့ ကိုလွှတ်ပစ်လိုက်သည့်အတွက် ထိုသူ၏အသက် အစားသင်၏အသက်ကိုပေးလျော်ရမည်။ သင် ၏တပ်မတော်သည်လည်းထိုရန်သူ၏တပ်မ တော်ကိုထွက်ပြေးခွင့်ပြုသည့်အတွက် သုတ် သင်ဖျက်ဆီးခြင်းကိုခံရမည်' ဟုမိန့်တော် မူပါ၏'' ဟုမင်းကြီးအားဆင့်ဆိုပါ၏။
וַיֵּלֶךְ מֶֽלֶךְ־יִשְׂרָאֵל עַל־בֵּיתוֹ סַר וְזָעֵף וַיָּבֹא שֹׁמְרֽוֹנָה׃ | 43 |
၄၃မင်းကြီးသည် ပူပင်စိုးရိမ်စိတ်ပျက်အား လျော့လျက် ရှမာရိမြို့နန်းတော်သို့ပြန် တော်မူ၏။