< תְהִלִּים 66 >

לַ֭מְנַצֵּחַ שִׁ֣יר מִזְמ֑וֹר הָרִ֥יעוּ לֵ֝אלֹהִים כָּל־הָאָֽרֶץ׃ 1
လူ​အ​ပေါင်း​တို့၊ထာ​ဝ​ရ​ဘု​ရား​အား​ဝမ်း​မြောက်​စွာ အော်​ဟစ်​၍​ထော​မ​နာ​ပြု​ကြ​လော့။
זַמְּר֥וּ כְבֽוֹד־שְׁמ֑וֹ שִׂ֥ימוּ כָ֝ב֗וֹד תְּהִלָּתֽוֹ׃ 2
ဘုန်း​အ​သ​ရေ​ရှိ​တော်​မူ​သော​နာ​မ​တော် အ​ကြောင်း​ကို သီ​ချင်း​ဆို​ကြ​လော့။ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ကို ထော​မ​နာ​ပြု​ကြ​လော့။
אִמְר֣וּ לֵ֭אלֹהִים מַה־נּוֹרָ֣א מַעֲשֶׂ֑יךָ בְּרֹ֥ב עֻ֝זְּךָ֗ יְֽכַחֲשׁ֖וּ לְךָ֣ אֹיְבֶֽיךָ׃ 3
``ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အ​မှု​တို့​သည် အ​လွန်​အံ့​သြ​ဖွယ်​ကောင်း​လှ​ပါ​သည်​တ​ကား။ ကိုယ်​တော်​ရှင်​၏​တန်​ခိုး​တော်​သည် ကြီး​မား​လှ​သည်​ဖြစ်​၍​ရန်​သူ​တို့​သည်​ရှေ့​တော်​တွင် ကြောက်​ရွံ့​ဝပ်​တွား​ကြ​ပါ​၏။
כָּל־הָאָ֤רֶץ ׀ יִשְׁתַּחֲו֣וּ לְ֭ךָ וִֽיזַמְּרוּ־לָ֑ךְ יְזַמְּר֖וּ שִׁמְךָ֣ סֶֽלָה׃ 4
ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ရှင်​ကို​ရှိ​ခိုး​ဝတ်​ပြု​ကြ​ပါ​၏။ သူ​တို့​သည်​ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​အား ထော​မ​နာ​သီ​ချင်း​ဆို​ကြ​ပါ​၏'' ဟု ဘု​ရား​သ​ခင်​အား​လျှောက်​ထား​ကြ​လော့။
לְכ֣וּ וּ֭רְאוּ מִפְעֲל֣וֹת אֱלֹהִ֑ים נוֹרָ֥א עֲ֝לִילָ֗ה עַל־בְּנֵ֥י אָדָֽם׃ 5
ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော​အ​မှု​အ​ရာ​များ၊ လူ​တို့​တွင်​ကိုယ်​တော်​ပြု​တော်​မူ​သော​အံ့​သြ ဖွယ်​ရာ အ​မှု​များ​ကို​လာ​၍​ကြည့်​ကြ​လော့။
הָ֤פַךְ יָ֨ם ׀ לְֽיַבָּשָׁ֗ה בַּ֭נָּהָר יַֽעַבְר֣וּ בְרָ֑גֶל שָׁ֝֗ם נִשְׂמְחָה־בּֽוֹ׃ 6
ကိုယ်​တော်​သည်​ပင်​လယ်​ကို​ကုန်း​မြေ​အ​ဖြစ်​သို့ ပြောင်း​လဲ​စေ​တော်​မူ​သ​ဖြင့် ငါ​တို့​ဘိုး​ဘေး​များ​သည်​မြစ်​ကို ခြေ​လျင်​ဖြတ်​ကူး​ခဲ့​ကြ​၏။ ထို​အ​ခါ​ကိုယ်​တော်​ပြု​တော်​မူ​သော အ​မှု​အ​ရာ​အ​တွက်​ငါ​တို့​သည် ရွှင်​လန်း​ဝမ်း​မြောက်​ခဲ့​ကြ​၏။
מֹ֘שֵׁ֤ל בִּגְבוּרָת֨וֹ ׀ עוֹלָ֗ם עֵ֭ינָיו בַּגּוֹיִ֣ם תִּצְפֶּ֑ינָה הַסּוֹרְרִ֓ים ׀ אַל־יָר֖וּמוּ לָ֣מוֹ סֶֽלָה׃ 7
ကိုယ်​တော်​သည်​ဘုန်း​အာ​နု​ဘော်​တော်​အား​ဖြင့် အ​စဉ်​အ​မြဲ​အုပ်​စိုး​တော်​မူ​၍ လူ​မျိုး​တ​ကာ​တို့​၏​ခြေ​လှမ်း​ကို​ကြည့်​လျက် နေ​တော်​မူ​၏။ အ​ဘယ်​သူ​မျှ​ကိုယ်​တော်​အား​မ​ပုန်​ကန်​ပါ​စေ​နှင့်။
בָּרְכ֖וּ עַמִּ֥ים ׀ אֱלֹהֵ֑ינוּ וְ֝הַשְׁמִ֗יעוּ ק֣וֹל תְּהִלָּתֽוֹ׃ 8
လူ​မျိုး​အ​ပေါင်း​တို့၊ငါ​တို့​၏​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။ သင်​တို့​၏​ထော​မ​နာ​သံ​ကို​ကြား​ပါ​စေ။
הַשָּׂ֣ם נַ֭פְשֵׁנוּ בַּֽחַיִּ֑ים וְלֹֽא־נָתַ֖ן לַמּ֣וֹט רַגְלֵֽנוּ׃ 9
ကိုယ်​တော်​သည်​ငါ​တို့​အား​မ​သေ​စေ​ဘဲ အ​သက်​ချမ်း​သာ​ပေး​တော်​မူ​ခဲ့​ပါ​၏။ ငါ​တို့​အား​ပြို​လဲ​စေ​တော်​မ​မူ​ခဲ့​ပါ။
כִּֽי־בְחַנְתָּ֥נוּ אֱלֹהִ֑ים צְ֝רַפְתָּ֗נוּ כִּצְרָף־כָּֽסֶף׃ 10
၁၀အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား စစ်​ဆေး​တော်​မူ​ပါ​ပြီ။ ငွေ​ကို​မီး​ဖြင့်​ချွတ်​သ​ကဲ့​သို့​ကျွန်​တော်​မျိုး တို့​အား စစ်​ဆေး​တော်​မူ​ပါ​ပြီ။
הֲבֵאתָ֥נוּ בַמְּצוּדָ֑ה שַׂ֖מְתָּ מוּעָקָ֣ה בְמָתְנֵֽינוּ׃ 11
၁၁ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား ထောင်​ချောက်​တွင်​ကျ​စေ​တော်​မူ​၍ လေး​လံ​သော​ဝန်​ကို​ထမ်း​စေ​တော်​မူ​ပါ​၏။
הִרְכַּ֥בְתָּ אֱנ֗וֹשׁ לְרֹ֫אשֵׁ֥נוּ בָּֽאנוּ־בָאֵ֥שׁ וּבַמַּ֑יִם וַ֝תּוֹצִיאֵ֗נוּ לָֽרְוָיָֽה׃ 12
၁၂ကိုယ်​တော်​ရှင်​သည်​ရန်​သူ​တို့​အား​ကျွန်​တော်​မျိုး တို့​ကို ကျော်​နင်း​ခွင့်​ပေး​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​သည်​မီး​ဘေး​ရေ​ဘေး​တို့​နှင့် ကြုံ​တွေ့​ရ​ပါ​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​တို့​အား​ဘေး​မဲ့​လုံ​ခြုံ​ရာ​သို့ ပို့​ဆောင်​တော်​မူ​ပါ​ပြီ။
אָב֣וֹא בֵיתְךָ֣ בְעוֹל֑וֹת אֲשַׁלֵּ֖ם לְךָ֣ נְדָרָֽי׃ 13
၁၃ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​အိမ်​တော် သို့ မီး​ရှို့​ရာ​ပူ​ဇော်​သကာ​ကို​ယူ​ဆောင်​လာ​ပါ​မည်။ ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​ပြု​ခဲ့​သည့် က​တိ​သစ္စာ​ဝတ်​ကို​ဖြေ​ပါ​မည်။
אֲשֶׁר־פָּצ֥וּ שְׂפָתָ֑י וְדִבֶּר־פִּ֝֗י בַּצַּר־לִֽי׃ 14
၁၄ကျွန်​တော်​မျိုး​ဒုက္ခ​ရောက်​စဉ်​အ​ခါ​က၊ က​တိ​သစ္စာ​ထား​ခဲ့​သည့်​အ​တိုင်း​ကိုယ်​တော် ရှင်​အား ဆက်​သ​ပါ​မည်။
עֹ֘ל֤וֹת מֵחִ֣ים אַעֲלֶה־לָּ֭ךְ עִם־קְטֹ֣רֶת אֵילִ֑ים אֶ֥עֱשֶֽׂה בָקָ֖ר עִם־עַתּוּדִ֣ים סֶֽלָה׃ 15
၁၅ကျွန်​တော်​မျိုး​သည်​ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရန် သိုး​ကို​ဆက်​သ​ပါ​မည်။ ကျွန်​တော်​မျိုး​သည်​နွား​နှင့်​ဆိတ်​များ​ကို ယဇ်​ပူ​ဇော်​ပါ​မည်။ မီး​ရှို့​ရာ​ယဇ်​များ​မှ​မီး​ခိုး​သည်​ကောင်း​ကင်​သို့ တက်​ပါ​လိမ့်​မည်။
לְכֽוּ־שִׁמְע֣וּ וַ֭אֲסַפְּרָה כָּל־יִרְאֵ֣י אֱלֹהִ֑ים אֲשֶׁ֖ר עָשָׂ֣ה לְנַפְשִֽׁי׃ 16
၁၆ဘု​ရား​သ​ခင်​အား​ကြောက်​ရွံ့​ရို​သေ​သူ​အပေါင်း​တို့၊ လာ​၍​နား​ထောင်​ကြ​လော့။ ကိုယ်​တော်​သည်​ငါ့​အ​တွက်​အ​ဘယ်​သို့ ကျေး​ဇူး​ပြု​တော်​မူ​ကြောင်း​ကို​ငါ​ပြော​မည်။
אֵלָ֥יו פִּֽי־קָרָ֑אתִי וְ֝רוֹמַ֗ם תַּ֣חַת לְשׁוֹנִֽי׃ 17
၁၇ကူ​မ​တော်​မူ​ရန်​ကိုယ်​တော်​၏​ထံ​တော်​သို့ ငါ​အော်​ဟစ်​ခဲ့​ပြီ။ ကိုယ်​တော်​အား​သီ​ချင်း​များ​ဖြင့်​ထော​မ​နာ​ပြု​ခဲ့​ပြီ။
אָ֭וֶן אִם־רָאִ֣יתִי בְלִבִּ֑י לֹ֖א יִשְׁמַ֣ע ׀ אֲדֹנָֽי׃ 18
၁၈အ​ကယ်​၍​ငါ​သည်​မိ​မိ​၏​အ​ပြစ်​များ​ကို လျစ်​လူ​ရှု​၍​နေ​ခဲ့​ပါ​မူ၊ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​မည်​မ​ဟုတ်​ပါ။
אָ֭כֵן שָׁמַ֣ע אֱלֹהִ֑ים הִ֝קְשִׁ֗יב בְּק֣וֹל תְּפִלָּתִֽי׃ 19
၁၉သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ငါ​၏​လျှောက်​ထား​ချက်​ကို အ​မှန်​ပင်​ကြား​တော်​မူ​လေ​ပြီ။ ငါ​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​လေ​ပြီ။
בָּר֥וּךְ אֱלֹהִ֑ים אֲשֶׁ֥ר לֹֽא־הֵסִ֘יר תְּפִלָּתִ֥י וְ֝חַסְדּ֗וֹ מֵאִתִּֽי׃ 20
၂၀ဘု​ရား​သ​ခင်​သည်​ငါ​၏​ဆု​တောင်း​ပတ္ထ​နာ​ကို ပယ်​တော်​မ​မူ​သ​ဖြင့်​လည်း​ကောင်း၊ငါ့​ထံ​မှ​ခိုင်​မြဲ​သော မေတ္တာ​တော်​ကို​ရုပ်​သိမ်း​တော်​မ​မူ​သ​ဖြင့်​လည်း​ကောင်း ငါ​သည်​ကိုယ်​တော်​အား​ချီး​မွမ်း​ထော​မ​နာ​ပြု​ပါ​၏။

< תְהִלִּים 66 >