< תְהִלִּים 35 >
לְדָוִ֨ד ׀ רִיבָ֣ה יְ֭הוָה אֶת־יְרִיבַ֑י לְ֝חַ֗ם אֶת־לֹֽחֲמָֽי׃ | 1 |
၁အိုထာဝရဘုရား ၊ အကျွန်ုပ် ၌ ဆန့်ကျင် ဘက်ပြု သောသူ တို့ကို ဆန့်ကျင် ဘက်ပြုတော်မူပါ။ အကျွန်ုပ် ကို စစ်တိုက် သောသူတို့ကို တိုက် တော်မူပါ။
הַחֲזֵ֣ק מָגֵ֣ן וְצִנָּ֑ה וְ֝ק֗וּמָה בְּעֶזְרָתִֽי׃ | 2 |
၂ဒိုင်း လွှား ကိုကိုင် ၍ အကျွန်ုပ် ကို ကူညီ ခြင်းငှါ ထ တော်မူပါ။
וְהָ֘רֵ֤ק חֲנִ֣ית וּ֭סְגֹר לִקְרַ֣את רֹדְפָ֑י אֱמֹ֥ר לְ֝נַפְשִׁ֗י יְֽשֻׁעָתֵ֥ךְ אָֽנִי׃ | 3 |
၃အကျွန်ုပ် ကို လိုက် သောသူတို့ရှေ့ ၌ လှံ တော်ကို ရွယ် ၍ ဆီးတား တော်မူပါ။ ငါ သည် သင် ၌ချမ်းသာ ပေး သောသူ ပေတည်းဟု အကျွန်ုပ် ၏ ဝိညာဉ် အား မိန့် တော်မူ ပါ။
יֵבֹ֣שׁוּ וְיִכָּלְמוּ֮ מְבַקְשֵׁ֪י נַ֫פְשִׁ֥י יִסֹּ֣גוּ אָח֣וֹר וְיַחְפְּר֑וּ חֹ֝שְׁבֵ֗י רָעָתִֽי׃ | 4 |
၄အကျွန်ုပ် အသက် ကို ရှာ သောသူတို့သည် အရှက်ကွဲ ၍ မျက်နှာ ပျက်ကြပါစေသော။ အကျွန်ုပ် ကို အန္တရာယ် ပြုမည်ဟု ကြံစည် သောသူတို့သည် လှန် ခြင်းကို ခံရ၍ ရှက်ကြောက် ခြင်းသို့ ရောက်ကြပါစေသော။
יִֽהְי֗וּ כְּמֹ֥ץ לִפְנֵי־ר֑וּחַ וּמַלְאַ֖ךְ יְהוָ֣ה דּוֹחֶֽה׃ | 5 |
၅ထိုသူတို့သည် လေ တိုက်သောဖွဲ ကဲ့ သို့ ဖြစ် ကြ ပါစေသော။ ထာဝရဘုရား ၏ တမန် သည်လည်း သူတို့ကို လှဲ ပါစေသော။
יְֽהִי־דַרְכָּ֗ם חֹ֥שֶׁךְ וַחֲלַקְלַקּ֑וֹת וּמַלְאַ֥ךְ יְ֝הוָ֗ה רֹדְפָֽם׃ | 6 |
၆သူ တို့သွားသောလမ်း သည် မိုက် သောလမ်း၊ ချော သောလမ်းဖြစ် ပါစေသော။ ထာဝရဘုရား ၏ တမန် သည်လည်း သူ တို့ကို လိုက် ပါစေသော။
כִּֽי־חִנָּ֣ם טָֽמְנוּ־לִ֭י שַׁ֣חַת רִשְׁתָּ֑ם חִ֝נָּ֗ם חָפְר֥וּ לְנַפְשִֽׁי׃ | 7 |
၇အကြောင်း မရှိဘဲ အကျွန်ုပ် အဘို့ ကျော့ကွင်း ကို ဝှက်ထား ကြပါပြီ။ အကြောင်း မရှိဘဲ အကျွန်ုပ် အသက် ကိုသတ် စရာဘို့ တွင်း ကို တူး ကြပါပြီ။
תְּבוֹאֵ֣הוּ שׁוֹאָה֮ לֹֽא־יֵ֫דָ֥ע וְרִשְׁתּ֣וֹ אֲשֶׁר־טָמַ֣ן תִּלְכְּד֑וֹ בְּ֝שׁוֹאָ֗ה יִפָּל־בָּֽהּ׃ | 8 |
၈ထို သို့သောသူ သည် အမှတ်တမဲ့ပျက်စီး ခြင်းသို့ ရောက် ပါစေသော။ မိမိ ဝှက်ထား သောကျော့ကွင်း သည် မိမိ ကို ကျော့မိ ပါစေသော။ မိမိ တွင်းထဲ သို့ မိမိကျ ပါ စေသော။
וְ֭נַפְשִׁי תָּגִ֣יל בַּיהוָ֑ה תָּ֝שִׂישׂ בִּישׁוּעָתֽוֹ׃ | 9 |
၉သို့ဖြစ်လျှင် ၊ ငါ ၏ဝိညာဉ် သည် ထာဝရဘုရား ကို အမှီပြု ၍ ဝမ်းမြောက် ခြင်းရှိလိမ့်မည်။ ကယ်တင် တော်မူခြင်း အကြောင်းကိုလည်း အမှီပြု ၍ စိတ်ရွှင်လန်း မြူးထူးခြင်းရှိလိမ့်မည်။
כָּ֥ל עַצְמוֹתַ֨י ׀ תֹּאמַרְנָה֮ יְהוָ֗ה מִ֥י כָ֫מ֥וֹךָ מַצִּ֣יל עָ֭נִי מֵחָזָ֣ק מִמֶּ֑נּוּ וְעָנִ֥י וְ֝אֶבְי֗וֹן מִגֹּזְלֽוֹ׃ | 10 |
၁၀အကျွန်ုပ် အရိုး ရှိသမျှ တို့ကလည်း၊ အိုထာဝရဘုရား ၊ အစိုး တရပြုသောသူ၏ လက်မှ ဆင်းရဲ သားကို နှုတ် တော်မူ၍၊ လုယူ ဖျက်ဆီးတတ်သောသူ ၏လက်၌ ဆင်းရဲ ငတ်မွတ် လျက် ခံနေရသောသူကို ချမ်းသာပေး တော်မူတတ်သော ကိုယ်တော် နှင့် အဘယ် သူတူ ပါ သနည်းဟု လျှောက်ဆို ကြမည်။
יְ֭קוּמוּן עֵדֵ֣י חָמָ֑ס אֲשֶׁ֥ר לֹא־יָ֝דַ֗עְתִּי יִשְׁאָלֽוּנִי׃ | 11 |
၁၁မ မှန်သောသက်သေ တို့သည်ပေါ် လာ၍၊ ငါမ သိ သောမှုပြစ် တို့ကို ငါ့ အပေါ်မှာတင် ကြ၏။
יְשַׁלְּמ֣וּנִי רָ֭עָה תַּ֥חַת טוֹבָ֗ה שְׁכ֣וֹל לְנַפְשִֽׁי׃ | 12 |
၁၂ငါ ပြုသောကျေးဇူး အတွက် သူတို့သည် ငါ့ အသက် ကိုလုယူ ခြင်းတည်းဟူသောမကောင်း သောအရာ ကို ဆပ် ပေးကြ၏။
וַאֲנִ֤י ׀ בַּחֲלוֹתָ֡ם לְב֬וּשִׁי שָׂ֗ק עִנֵּ֣יתִי בַצּ֣וֹם נַפְשִׁ֑י וּ֝תְפִלָּתִ֗י עַל־חֵיקִ֥י תָשֽׁוּב׃ | 13 |
၁၃ငါ မူကား ၊ သူ တို့၌ အနာ ရောဂါစွဲသောအခါ ၊ လျှော်တေ အဝတ်ကိုဝတ်ဆင် လျက် အစာ ကိုရှောင်၍ ခြိုးခြံ စွာကျင့် လေ၏။ ကိုယ် ရင်ခွင် ကို မျက်နှာ ပြုလျက် ဆုတောင်း လေ၏။
כְּרֵֽעַ־כְּאָ֣ח לִ֭י הִתְהַלָּ֑כְתִּי כַּאֲבֶל־אֵ֝֗ם קֹדֵ֥ר שַׁחֽוֹתִי׃ | 14 |
၁၄သူတို့ကို ငါ ၏မိတ်ဆွေ ၊ ငါ၏ညီအစ် ကိုကဲ့ သို့ သဘောထား၍ ငါပြု ၏။ ကိုယ်အမိ ကိုအောက်မေ့ ၍၊ စိတ် မသာညည်းတွားသောသူကဲ့ သို့ ကြမ်းတမ်းသော အဝတ်ကိုဝတ်လျက် တမှိုင်မှိုင် နေလေ၏။
וּבְצַלְעִי֮ שָׂמְח֪וּ וְֽנֶאֱ֫סָ֥פוּ נֶאֶסְפ֬וּ עָלַ֣י נֵ֭כִים וְלֹ֣א יָדַ֑עְתִּי קָֽרְע֥וּ וְלֹא־דָֽמּוּ׃ | 15 |
၁၅ငါ လဲ သောအခါ မူကား ၊ သူတို့သည် ဝမ်းမြောက် ၍ စည်းဝေး ကြ၏။ ရိုက်ပုတ် သောသူတို့သည် ငါ့ တဘက် ၌စည်းဝေး ကြ၏။ သူတို့ကိုလည်း ငါမ သိ ရ။ မ ရပ် မနေဘဲ ငါ့ကို ဆွဲဖြတ် ကြ၏။
בְּ֭חַנְפֵי לַעֲגֵ֣י מָע֑וֹג חָרֹ֖ק עָלַ֣י שִׁנֵּֽימוֹ׃ | 16 |
၁၆ပွဲ ၌ကစားတတ်သော လူဆိုး တို့နှင့်အတူ ငါ့ ကို အံသွား ခဲကြိတ် ကြ၏။
אֲדֹנָי֮ כַּמָּ֪ה תִּ֫רְאֶ֥ה הָשִׁ֣יבָה נַ֭פְשִׁי מִשֹּׁאֵיהֶ֑ם מִ֝כְּפִירִ֗ים יְחִידָתִֽי׃ | 17 |
၁၇အိုထာဝရ ဘုရား၊ အဘယ် မျှကာလပတ်လုံး ကြည့်ရှု ၍ နေတော်မူမည်နည်း။ အကျွန်ုပ် အသက် ကို သူ တို့ပြုသောဘေးဥပဒ် မှ ၎င်း၊ အကျွန်ုပ် အချစ် ဆုံးကို ခြင်္သေ့ တို့မှ ၎င်း ကယ်လွှတ် တော်မူပါ။
א֭וֹדְךָ בְּקָהָ֣ל רָ֑ב בְּעַ֖ם עָצ֣וּם אֲהַֽלְלֶֽךָּ׃ | 18 |
၁၈ကျေးဇူးတော်ကြီးလှပါ၏ဟု မဟာ ပရိသတ် အလယ် မှာ အကျွန်ုပ်ဝန်ခံ ပါမည်။ များစွာ သောလူစု တွင် ကိုယ်တော် ကိုချီးမွမ်း ပါမည်။
אַֽל־יִשְׂמְחוּ־לִ֣י אֹיְבַ֣י שֶׁ֑קֶר שֹׂנְאַ֥י חִ֝נָּ֗ם יִקְרְצוּ־עָֽיִן׃ | 19 |
၁၉မဟုတ် မမှန်ဘဲ အကျွန်ုပ် ကို ရန်ဘက် ပြုသောသူတို့ သည် အောင် ပွဲကို မ ခံကြပါစေနှင့်။ အကြောင်း မရှိဘဲ အကျွန်ုပ် ကို မုန်း သောသူတို့ လည်း မျက်စိ စွေ ပြ ခြင်းကို မပြုကြပါစေနှင့်။
כִּ֤י לֹ֥א שָׁל֗וֹם יְדַ֫בֵּ֥רוּ וְעַ֥ל רִגְעֵי־אֶ֑רֶץ דִּבְרֵ֥י מִ֝רְמוֹת יַחֲשֹׁבֽוּן׃ | 20 |
၂၀အကြောင်း မူကား၊ သူတို့သည် အမှု ငြိမ်းစေ သော စကားကို မ ပြော ကြပါ။ ငြိမ်ဝပ် စွာနေသောပြည် သား တို့တဘက် ၌ လျှို့ဝှက် သောအမှု များကို ကြံစည် ကြပါ ၏။
וַיַּרְחִ֥יבוּ עָלַ֗י פִּ֫יהֶ֥ם אָ֭מְרוּ הֶאָ֣ח ׀ הֶאָ֑ח רָאֲתָ֥ה עֵינֵֽינוּ׃ | 21 |
၂၁အကျွန်ုပ် ကို ပစပ် ဟ ၍ အေ့ဟေ ၊ အေ့ဟေ ၊ ငါ တို့သည် ကိုယ်မျက်စိ နှင့်မြင် ရပြီဟု ဆို ကြပါ၏။
רָאִ֣יתָה יְ֭הוָה אַֽל־תֶּחֱרַ֑שׁ אֲ֝דֹנָ֗י אֲל־תִּרְחַ֥ק מִמֶּֽנִּי׃ | 22 |
၂၂အိုထာဝရဘုရား ၊ ကိုယ်တော်သည် သိမြင် တော်မူ ၏။ အိုဘုရား ရှင်၊ တိတ်ဆိတ် စွာ နေတော်မ မူပါနှင့်။ အကျွန်ုပ် နှင့် ဝေး ဝေးနေတော်မ မူပါနှင့်။
הָעִ֣ירָה וְ֭הָקִיצָה לְמִשְׁפָּטִ֑י אֱלֹהַ֖י וַֽאדֹנָ֣י לְרִיבִֽי׃ | 23 |
၂၃အကျွန်ုပ် ၏ဘုရား သခင်၊ အကျွန်ုပ်၏အရှင် ၊ အကျွန်ုပ် ၌ရောက် သောအမှုကို စီရင် တော်မူမည် အကြောင်း ကိုယ် ကို နှိုးဆော် ၍ ထ တော်မူပါ။
שָׁפְטֵ֣נִי כְ֭צִדְקְךָ יְהוָ֥ה אֱלֹהָ֗י וְאַל־יִשְׂמְחוּ־לִֽי׃ | 24 |
၂၄အကျွန်ုပ် ၏ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် သည် ဖြောင့်မတ် တော်မူခြင်းနှင့်အညီ ၊ အကျွန်ုပ် အမှုကို ဆုံးဖြတ် တော်မူပါ။ သူတို့သည် အကျွန်ုပ် ကို နိုင်၍ ဝမ်း မ မြောက်ကြပါစေနှင့်။
אַל־יֹאמְר֣וּ בְ֭לִבָּם הֶאָ֣ח נַפְשֵׁ֑נוּ אַל־יֹ֝אמְר֗וּ בִּֽלַּעֲנֽוּהוּ׃ | 25 |
၂၅အဲ ၊ ငါ တို့အလိုပြည့်စုံပြီဟု မ အောက်မေ့ ကြပါစေနှင့်။ ငါတို့သည် သူ့ ကို မျို ပြီဟု၊ မ ပြော ကြပါစေနှင့်။
יֵ֘בֹ֤שׁוּ וְיַחְפְּר֨וּ ׀ יַחְדָּו֮ שְׂמֵחֵ֪י רָעָ֫תִ֥י יִֽלְבְּשׁוּ־בֹ֥שֶׁת וּכְלִמָּ֑ה הַֽמַּגְדִּילִ֥ים עָלָֽי׃ | 26 |
၂၆အကျွန်ုပ် ၌ဘေး ရောက်သည်အကြောင်းကို ဝမ်းမြောက် သောသူအပေါင်း တို့သည် အရှက်ကွဲ ၍ မျက်နှာ ပျက်ကြပါစေသော။ အကျွန်ုပ် တဘက် ၌ ကိုယ်ကို ချီးမြှောက် တတ်သောသူတို့ အပေါ်မှာ အသရေ ပျက်ခြင်းနှင့် ရှက်ကြောက် ခြင်းသက်ရောက် ပါစေသော။
יָרֹ֣נּוּ וְיִשְׂמְחוּ֮ חֲפֵצֵ֪י צִ֫דְקִ֥י וְיֹאמְר֣וּ תָ֭מִיד יִגְדַּ֣ל יְהוָ֑ה הֶ֝חָפֵ֗ץ שְׁל֣וֹם עַבְדּֽוֹ׃ | 27 |
၂၇အကျွန်ုပ် ၏ ဟုတ်မှန် ခြင်းဘက်၌ နေသောသူတို့ သည် ရွှင်လန်း စွာ သီချင်း ဆို၍ ဝမ်းမြောက် ကြပါစေ သော။ မိမိ ကျွန် ၌ ချမ်းသာတိုးပွားခြင်းအကြောင်းကို နှစ်သက် တော်မူသောထာဝရဘုရား သည် ဘုန်းကြီး တော်မူ စေသတည်းဟု၊ သူတို့သည် အစဉ် မပြတ်မြွက်ဆို ကြပါ စေသော။
וּ֭לְשׁוֹנִי תֶּהְגֶּ֣ה צִדְקֶ֑ךָ כָּל־הַ֝יּוֹם תְּהִלָּתֶֽךָ׃ | 28 |
၂၈အကျွန်ုပ် သည်လည်း ၊ ကိုယ်တော် ၏ ဖြောင့်မတ် တော်မူခြင်း အကြောင်းအရာကို မြွက်ဆို ၍အစဉ် မပြတ်ကိုယ်တော် ကို ချီးမွမ်း ပါမည်။