< תְהִלִּים 124 >
שִׁ֥יר הַֽמַּעֲל֗וֹת לְדָ֫וִ֥ד לוּלֵ֣י יְ֭הוָה שֶׁהָ֣יָה לָ֑נוּ יֹֽאמַר־נָ֝א יִשְׂרָאֵֽל׃ | 1 |
၁ထာဝရဘုရားသည် ငါတို့ဘက်မှာ ရှိတော် မမူလျှင်ဟူသော စကားနှင့် ချီ၍၊ ဣသရေလအမျိုးဆိုရ သောစကား ဟူမူကား၊
לוּלֵ֣י יְ֭הוָה שֶׁהָ֣יָה לָ֑נוּ בְּק֖וּם עָלֵ֣ינוּ אָדָֽם׃ | 2 |
၂ထာဝရဘုရားသည် ငါတို့ဘက်မှာ ရှိတော် မမူလျှင်၊ လူတို့သည် ငါတို့ရန်ဘက်၌ နေကြသောအခါ၊
אֲ֭זַי חַיִּ֣ים בְּלָע֑וּנוּ בַּחֲר֖וֹת אַפָּ֣ם בָּֽנוּ׃ | 3 |
၃အမျက်ထွက်၍ ငါတို့ကို အသက်နှင့်တကွ မျိုကြပြီတကား။
אֲ֭זַי הַמַּ֣יִם שְׁטָפ֑וּנוּ נַ֗֜חְלָה עָבַ֥ר עַל־נַפְשֵֽׁנוּ׃ | 4 |
၄ထိုအခါ ငါတို့ကို ရေသည်၊ လွှမ်းမိုး၍ စီးသော ရေသည် ငါတို့ဝိညာဉ်အပေါ်မှာ ကျော်သွားပြီ တကား။
אֲ֭זַי עָבַ֣ר עַל־נַפְשֵׁ֑נוּ הַ֝מַּ֗יִם הַזֵּֽידוֹנִֽים׃ | 5 |
၅စော်ကားသော ရေတို့သည် ငါတို့အသက် ဝိညာဉ်အပေါ်မှာ ကျော်သွားကြပြီတကား။
בָּר֥וּךְ יְהוָ֑ה שֶׁלֹּ֥א נְתָנָ֥נוּ טֶ֝֗רֶף לְשִׁנֵּיהֶֽם׃ | 6 |
၆သူတို့သွားနှင့် ကိုက်ခဲရာဘို့ ငါတို့ကို အပ်တော် မမူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေ သတည်း။
נַפְשֵׁ֗נוּ כְּצִפּ֥וֹר נִמְלְטָה֮ מִפַּ֪ח י֫וֹקְשִׁ֥ים הַפַּ֥ח נִשְׁבָּ֗ר וַאֲנַ֥חְנוּ נִמְלָֽטְנוּ׃ | 7 |
၇ငှက်သည် မုဆိုးတို့၏ ကျော့ကွင်းထဲက လွတ် သကဲ့သို့၊ ငါတို့အသက်သည် လွတ်လျက်ရှိ၏။ ကျော့ကွင်း ပြတ်၍ ငါတို့သည် လွတ်ကြပြီ။
עֶ֭זְרֵנוּ בְּשֵׁ֣ם יְהוָ֑ה עֹ֝שֵׂ֗ה שָׁמַ֥יִם וָאָֽרֶץ׃ | 8 |
၈ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော် မူသော ထာဝရဘုရား၏ နာမတော်အားဖြင့်၊ ငါတို့သည် မစခြင်းကျေးဇူးကို ခံရကြသတည်း။