< תְהִלִּים 103 >

לְדָוִ֨ד ׀ בָּרֲכִ֣י נַ֭פְשִׁי אֶת־יְהוָ֑ה וְכָל־קְ֝רָבַ֗י אֶת־שֵׁ֥ם קָדְשֽׁוֹ׃ 1
အို ငါ့​ဝိ​ညာဉ်၊ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​လော့။ ငါ​၏​ကိုယ်​စိတ်​နှ​လုံး​တို့၊ကိုယ်​တော်​၏ သန့်​ရှင်း​မြင့်​မြတ်​သော​နာ​မ​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။
בָּרֲכִ֣י נַ֭פְשִׁי אֶת־יְהוָ֑ה וְאַל־תִּ֝שְׁכְּחִ֗י כָּל־גְּמוּלָֽיו׃ 2
အို ငါ့​ဝိ​ညာဉ်၊ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​လော့။ ကျေး​ဇူး​တော်​အ​ပေါင်း​ကို​မ​မေ့​မ​လျော့​နှင့်။
הַסֹּלֵ֥חַ לְכָל־עֲוֹנֵ֑כִי הָ֝רֹפֵ֗א לְכָל־תַּחֲלֻאָֽיְכִי׃ 3
ကိုယ်​တော်​သည်​ငါ​၏​အ​ပြစ်​ရှိ​သ​မျှ​တို့​ကို ဖြေ​လွှတ်​တော်​မူ​၍ ငါ​၏​အ​နာ​ရော​ဂါ​ရှိ​သ​မျှ​တို့​ကို​လည်း ပျောက်​ကင်း​စေ​တော်​မူ​၏။
הַגּוֹאֵ֣ל מִשַּׁ֣חַת חַיָּ֑יְכִי הַֽ֝מְעַטְּרֵ֗כִי חֶ֣סֶד וְרַחֲמִֽים׃ 4
ကိုယ်​တော်​သည်​ငါ့​အား​သေ​ဘေး​မှ​ကယ်​တော်​မူ​၍ မေတ္တာ​တော်​နှင့်​က​ရု​ဏာ​တော်​တို့​ဖြင့် ရစ်​ပတ်​တော်​မူ​၏။
הַמַּשְׂבִּ֣יַע בַּטּ֣וֹב עֶדְיֵ֑ךְ תִּתְחַדֵּ֖שׁ כַּנֶּ֣שֶׁר נְעוּרָֽיְכִי׃ 5
ကိုယ်​တော်​သည်​ငါ့​အား​ကောင်း​ချီး​ပေး​တော်​မူ သ​ဖြင့် ငါ​သည်​လင်း​ယုန်​ငှက်​ကဲ့​သို့​နု​ပျို​သန်​စွမ်း လျက်​ရှိ​၏။
עֹשֵׂ֣ה צְדָק֣וֹת יְהוָ֑ה וּ֝מִשְׁפָּטִ֗ים לְכָל־עֲשׁוּקִֽים׃ 6
ထာ​ဝ​ရ​ဘု​ရား​သည် ဖိ​စီး​နှိပ်​စက်​ခြင်း​ခံ​ရ​သူ​တို့​ဘက်​မှ​နေ​၍ တ​ရား​စီ​ရင်​တော်​မူ​သ​ဖြင့် သူ​တို့​၏​ရ​ပိုင်​ခွင့်​များ​ကို​ပေး​တော်​မူ​၏။
יוֹדִ֣יעַ דְּרָכָ֣יו לְמֹשֶׁ֑ה לִבְנֵ֥י יִ֝שְׂרָאֵ֗ל עֲלִילֽוֹתָיו׃ 7
ကိုယ်​တော်​သည်​မိ​မိ​၏​အ​ကြံ​အ​စည်​တော် များ​ကို မော​ရှေ​အား​ဖော်​ပြ​တော်​မူ​၍ အံ့​သြ​ဖွယ်​သော​အ​မှု​တော်​တို့​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​မြင်​စေ​တော်​မူ​၏။
רַח֣וּם וְחַנּ֣וּן יְהוָ֑ה אֶ֖רֶךְ אַפַּ֣יִם וְרַב־חָֽסֶד׃ 8
ထာ​ဝ​ရ​ဘု​ရား​သည်​ချစ်​ခင်​ကြင်​နာ​တော်​မူ​၍ စိတ်​ရှည်​သည်း​ခံ​တော်​မူ​လျက် ခိုင်​မြဲ​သော​မေတ္တာ​တော်​နှင့်​ပြည့်​ဝ​တော်​မူ​၏။
לֹֽא־לָנֶ֥צַח יָרִ֑יב וְלֹ֖א לְעוֹלָ֣ם יִטּֽוֹר׃ 9
ကိုယ်​တော်​သည်​အ​စဉ်​မ​ပြတ်​ပြစ်​တင်​၍​နေ​တော် မ​မူ။ အ​စဉ်​အ​မြဲ​အ​မျက်​ထွက်​တော်​မ​မူ။
לֹ֣א כַ֭חֲטָאֵינוּ עָ֣שָׂה לָ֑נוּ וְלֹ֥א כַ֝עֲוֹנֹתֵ֗ינוּ גָּמַ֥ל עָלֵֽינוּ׃ 10
၁၀ငါ​တို့​အား​ခံ​ထိုက်​သည့်​အ​ပြစ်​ဒဏ်​ကို​ခံ​စေ တော်​မ​မူ၊ ငါ​တို့​၌​အ​ပြစ်​များ​နှင့်​အ​မှား​များ​ရှိ​သည့် အ​တိုင်း အ​ပြစ်​ပေး​တော်​မ​မူ။
כִּ֤י כִגְבֹ֣הַּ שָׁ֭מַיִם עַל־הָאָ֑רֶץ גָּבַ֥ר חַ֝סְדּ֗וֹ עַל־יְרֵאָֽיו׃ 11
၁၁ကမ္ဘာ​မြေ​ပြင်​အ​ထက်​ရှိ​မိုး​ကောင်း​ကင်​သည် မြင့်​မား​သည်​နှင့်​အ​မျှ ကိုယ်​တော်​ကို​ကြောက်​ရွံ့​သူ​တို့​အ​တွက်​ထား​ရှိ​သော မေတ္တာ​တော်​သည်​ကြီးမား​တော်​မူ​၏။
כִּרְחֹ֣ק מִ֭זְרָח מִֽמַּֽעֲרָ֑ב הִֽרְחִ֥יק מִ֝מֶּ֗נּוּ אֶת־פְּשָׁעֵֽינוּ׃ 12
၁၂အ​ရှေ့​မျက်​နှာ​စွန်း​သည်​အ​နောက်​မျက်​နှာ စွန်း​နှင့် ဝေး​ကွာ​သ​ကဲ့​သို့ ကိုယ်​တော်​သည်​ငါ​တို့​အား​ငါ​တို့​အ​ပြစ်​များ​နှင့် ဝေး​ကွာ​စေ​တော်​မူ​၏။
כְּרַחֵ֣ם אָ֭ב עַל־בָּנִ֑ים רִחַ֥ם יְ֝הוָ֗ה עַל־יְרֵאָֽיו׃ 13
၁၃ဖ​ခင်​သည်​သား​သ​မီး​တို့​အား​သ​နား ကြင်​နာ​သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ သူ​တို့​အား​သ​နား​ကြင်​နာ​တော်​မူ​၏။
כִּי־ה֖וּא יָדַ֣ע יִצְרֵ֑נוּ זָ֝כ֗וּר כִּי־עָפָ֥ר אֲנָֽחְנוּ׃ 14
၁၄ငါ​တို့​ကိုယ်​ခန္ဓာ​ကို​မည်​ကဲ့​သို့ တည်​ဆောက်​ထား​သည်​ကို​ကိုယ်​တော် သိ​တော်​မူ​၏။ ငါ​တို့​သည်​မြေ​မှုန့်​ဖြစ်​ကြောင်း​ကို​သ​တိ​ရ တော်​မူ​၏။
אֱ֭נוֹשׁ כֶּחָצִ֣יר יָמָ֑יו כְּצִ֥יץ הַ֝שָּׂדֶ֗ה כֵּ֣ן יָצִֽיץ׃ 15
၁၅ငါ​တို့​၏​ဘ​ဝ​အ​သက်​တာ​သည်​မြက်​ပင်​နှင့် တူ​၏။ ငါ​တို့​သည်​တော​ပန်း​ကဲ့​သို့​ကြီး​ထွား ပွင့်​လန်း​လျက်​နေ​ကြ​၏။
כִּ֤י ר֣וּחַ עָֽבְרָה־בּ֣וֹ וְאֵינֶ֑נּוּ וְלֹא־יַכִּירֶ֖נּוּ ע֣וֹד מְקוֹמֽוֹ׃ 16
၁၆လေ​တိုက်​သော​အ​ခါ​ပန်း​ပွင့်​သည် ကြွေ​ပျောက်​၍​သွား​သ​ဖြင့် ယင်း​ကို​နောက်​တစ်​ဖန်​မ​တွေ့​မ​မြင်​ရ​တော့​ပေ။
וְחֶ֤סֶד יְהוָ֨ה ׀ מֵעוֹלָ֣ם וְעַד־ע֭וֹלָם עַל־יְרֵאָ֑יו וְ֝צִדְקָת֗וֹ לִבְנֵ֥י בָנִֽים׃ 17
၁၇သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့ ရို​သေ​ကြ​သူ​တို့​အ​တွက် ကိုယ်​တော်​ထား​ရှိ​တော်​မူ​သော​မေတ္တာ​တော်​မူ​ကား ထာ​ဝ​စဉ်​ခိုင်​မြဲ​ပေ​သည်။ ပ​ဋိ​ညာဉ်​တော်​ကို​စောင့်​ထိန်း​၍​ပ​ညတ်​တော်​တို့​ကို သစ္စာ​နှင့်​လိုက်​နာ​ကျင့်​သုံး​ကြ​သူ​တို့​အ​ပေါ်​သို့ ကိုယ်​တော်​၏​ကျေး​ဇူး​က​ရု​ဏာ​တော်​သည် သား​စဉ်​မြေး​ဆက်​သက်​ရောက်​သတည်း။
לְשֹׁמְרֵ֥י בְרִית֑וֹ וּלְזֹכְרֵ֥י פִ֝קֻּדָ֗יו לַעֲשׂוֹתָֽם׃ 18
၁၈
יְֽהוָ֗ה בַּ֭שָּׁמַיִם הֵכִ֣ין כִּסְא֑וֹ וּ֝מַלְכוּת֗וֹ בַּכֹּ֥ל מָשָֽׁלָה׃ 19
၁၉ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​ရာ​ဇ​ပလ္လင်​တော်​ကို ကောင်း​ကင်​ဘုံ​တွင်​ထား​ရှိ​တော်​မူ​၏။ ကိုယ်​တော်​သည်​စကြ​ဝ​ဠာ​ကို​အ​စိုး​ရ​တော်​မူ​၏။
בָּרֲכ֥וּ יְהוָ֗ה מַלְאָ֫כָ֥יו גִּבֹּ֣רֵי כֹ֭חַ עֹשֵׂ֣י דְבָר֑וֹ לִ֝שְׁמֹ֗עַ בְּק֣וֹל דְּבָרֽוֹ׃ 20
၂၀တန်​ခိုး​စွမ်း​ရည်​ကြီး​မား​၍​ကိုယ်​တော်​၏ အ​မိန့်​တော်​များ​ကို​လိုက်​နာ​လျက် ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင်​သော ကောင်း​ကင်​တ​မန်​တို့၊ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။
בָּרֲכ֣וּ יְ֭הוָה כָּל־צְבָאָ֑יו מְ֝שָׁרְתָ֗יו עֹשֵׂ֥י רְצוֹנֽוֹ׃ 21
၂၁ကိုယ်​တော်​၏​အ​လို​တော်​အ​တိုင်း လုပ်​ဆောင်​သူ​အ​စေ​ခံ​များ​ဖြစ်​သော ကောင်း​ကင်​အာ​ဏာ​ပိုင်​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။
בָּרֲכ֤וּ יְהוָ֨ה ׀ כָּֽל־מַעֲשָׂ֗יו בְּכָל־מְקֹמ֥וֹת מֶמְשַׁלְתּ֑וֹ בָּרֲכִ֥י נַ֝פְשִׁ֗י אֶת־יְהוָֽה׃ 22
၂၂ထာ​ဝ​ရ​ဘု​ရား​အုပ်​စိုး​တော်​မူ​ရာ​အ​ရပ်​ရှိ ဖန်​ဆင်း​ခြင်း​ခံ​ရ​သော​သတ္တဝါ​အ​ပေါင်း​တို့၊ ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​လော့။ အို ငါ့​ဝိ​ညာဉ်၊ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​လော့။

< תְהִלִּים 103 >