< אִיּוֹב 37 >
אַף־לְ֭זֹאת יֶחֱרַ֣ד לִבִּ֑י וְ֝יִתַּ֗ר מִמְּקוֹמֽוֹ׃ | 1 |
၁ဤ အမှုကြောင့် ငါ့ နှလုံး သည် တုန်လှုပ် ၍ မိမိ နေရာ မှ ရွေ့ သွား၏။
שִׁמְע֤וּ שָׁמ֣וֹעַ בְּרֹ֣גֶז קֹל֑וֹ וְ֝הֶ֗גֶה מִפִּ֥יו יֵצֵֽא׃ | 2 |
၂မြွက်တော်မူသောအသံ နှင့် နှုတ် တော်မှ ထွက် သောအသံ ကို စေ့စေ့နားထောင် ကြလော့။
תַּֽחַת־כָּל־הַשָּׁמַ֥יִם יִשְׁרֵ֑הוּ וְ֝אוֹר֗וֹ עַל־כַּנְפ֥וֹת הָאָֽרֶץ׃ | 3 |
၃မိုဃ်း ကောင်းကင်အောက် ၌ အနှံ့အပြား လွှတ်၍ ၊ မြေကြီး စွန်း တိုင်အောင် လျှပ်စစ် ပြက်စေတော်မူ၏။
אַחֲרָ֤יו ׀ יִשְׁאַג־ק֗וֹל יַ֭רְעֵם בְּק֣וֹל גְּאוֹנ֑וֹ וְלֹ֥א יְ֝עַקְּבֵ֗ם כִּֽי־יִשָּׁמַ֥ע קוֹלֽוֹ׃ | 4 |
၄လျှပ်စစ်ပြက်ပြီးမှ အသံ တော်ထွက်၏။ ဘုန်း အာနုဘော်တော်အသံ နှင့် မိုဃ်းချုန်း တော်မူ၏။ အသံ တော်မြည်သောအခါ မိုဃ်းသက်မုန်တိုင်းကို ချုပ်တည်း တော်မ မူ။
יַרְעֵ֤ם אֵ֣ל בְּ֭קוֹלוֹ נִפְלָא֑וֹת עֹשֶׂ֥ה גְ֝דֹל֗וֹת וְלֹ֣א נֵדָֽע׃ | 5 |
၅အံ့ဩ ဘွယ်သော အခြင်းအရာပါလျက်၊ ဘုရား သခင်သည် အသံ တော်နှင့် မိုဃ်းချုန်း တော်မူ၏။ ကြီး သောအမှု ငါတို့နား မ လည်နိုင်သော အမှုတို့ကို ပြု တော်မူ၏။
כִּ֤י לַשֶּׁ֨לַג ׀ יֹאמַ֗ר הֱוֵ֫א אָ֥רֶץ וְגֶ֥שֶׁם מָטָ֑ר וְ֝גֶ֗שֶׁם מִטְר֥וֹת עֻזּֽוֹ׃ | 6 |
၆မြေ ပေါ်မှာဖြစ် စေဟု မိုဃ်းပွင့် ကို ၎င်း၊ သုန်ဖျင်းသောမိုဃ်းရေနှင့် တန်ခိုးတော်ကြောင့် ပြင်းထန်သော မိုဃ်းရေကို၎င်းမိန့်တော်မူ၏။
בְּיַד־כָּל־אָדָ֥ם יַחְתּ֑וֹם לָ֝דַ֗עַת כָּל־אַנְשֵׁ֥י מַעֲשֵֽׂהוּ׃ | 7 |
၇ဖန်ဆင်း တော်မူသောလူ အပေါင်း တို့သည် ကိုယ်တော်ကို သိ မည်အကြောင်း လူ တိုင်းလုပ်သော အလုပ် ကို ဆီးတား တော်မူ၏။
וַתָּבֹ֣א חַיָּ֣ה בְמוֹ־אָ֑רֶב וּבִמְע֖וֹנֹתֶ֣יהָ תִשְׁכֹּֽן׃ | 8 |
၈ထိုအခါ သားရဲ တို့သည် မြေတွင်း ထဲ သို့ဝင် ၍ ၊ သူ တို့နေရာ ၌ နေ တတ်ကြ၏။
מִן־הַ֭חֶדֶר תָּב֣וֹא סוּפָ֑ה וּֽמִמְּזָרִ֥ים קָרָֽה׃ | 9 |
၉လေဘွေ သည် တောင် မျက်နှာမှ ၎င်း ၊ အချမ်း သည် မြောက် မျက်နှာမှ ၎င်း ထွက် လာတတ်၏။
מִנִּשְׁמַת־אֵ֥ל יִתֶּן־קָ֑רַח וְרֹ֖חַב מַ֣יִם בְּמוּצָֽק׃ | 10 |
၁၀ဘုရား သခင်မှုတ်တော်မူသဖြင့်၊ ရေခဲ ဖြစ် ၍ ရေ မျက်နှာသည် ခဲလျက်ရှိ၏။
אַף־בְּ֭רִי יַטְרִ֣יחַ עָ֑ב יָ֝פִ֗יץ עֲנַ֣ן אוֹרֽוֹ׃ | 11 |
၁၁မိုဃ်းတိမ် မှမိုဃ်းရေ ကို သက်ရောက် စေ၍၊ ရောင်ခြည် တော်အားဖြင့်မိုဃ်းတိမ် ကို ပျောက်လွင့် စေတော်မူ၏။
וְה֤וּא מְסִבּ֨וֹת ׀ מִתְהַפֵּ֣ךְ בְּתַחְבּוּלֹתָ֣יו לְפָעֳלָ֑ם כֹּ֖ל אֲשֶׁ֥ר יְצַוֵּ֓ם ׀ עַל־פְּנֵ֖י תֵבֵ֣ל אָֽרְצָה׃ | 12 |
၁၂လောကဓါတ် မြေကြီး တရှောက်လုံးကို မှာထား တော်မူသမျှ အတိုင်း ပြု စေ ခြင်းငှါ ပညာ တော်အားဖြင့် လှည့်လည် စေတော်မူ၏။
אִם־לְשֵׁ֥בֶט אִם־לְאַרְצ֑וֹ אִם־לְ֝חֶ֗סֶד יַמְצִאֵֽהוּ׃ | 13 |
၁၃ဒဏ်ခတ် သော်၎င်း ၊ မြေ တော် ကို ပြုစုသော်၎င်း ၊ ချမ်းသာ ပေးသော်၎င်း လာ စေတော်မူ ၏။
הַאֲזִ֣ינָה זֹּ֣את אִיּ֑וֹב עֲ֝מֹ֗ד וְהִתְבּוֹנֵ֤ן ׀ נִפְלְא֬וֹת אֵֽל׃ | 14 |
၁၄အိုယောဘ ၊ ဤ စကားကိုနားထောင် လော့။ ဘုရား သခင်၏ အံ့ဘွယ် သောအမှုတော်တို့ကို ငြိမ်သက်စွာနေ ၍ ဆင်ခြင် လော့။
הֲ֭תֵדַע בְּשׂוּם־אֱל֣וֹהַּ עֲלֵיהֶ֑ם וְ֝הוֹפִ֗יעַ א֣וֹר עֲנָנֽוֹ׃ | 15 |
၁၅ထိုအမှုတို့ကို ဘုရား သခင်စီရင် ၍၊ မိုဃ်းတိမ် တော်အလင်း ကို ထွန်းလင်း စေတော်မူသောအခါ ၊ သင်သည် သိ သလော။
הֲ֭תֵדַע עַל־מִפְלְשֵׂי־עָ֑ב מִ֝פְלְא֗וֹת תְּמִ֣ים דֵּעִֽים׃ | 16 |
၁၆ပညာ စုံလင် သောဘုရား၏ အံ့ဘွယ် သောအမှုတော်တည်းဟူသောမိုဃ်းတိမ် တို့သည် မပေါ့မလေး မှန်မှန်မိုးမည်အကြောင်း၊ ပြုတော်မူသောအမှုကို၎င်း၊
אֲשֶׁר־בְּגָדֶ֥יךָ חַמִּ֑ים בְּהַשְׁקִ֥ט אֶ֝֗רֶץ מִדָּרֽוֹם׃ | 17 |
၁၇မြေ ပေါ်မှာ တောင် လေဖြင့်အချမ်း ပျောက်စေ တော်မူသောအခါ ၊ သင် ၏အဝတ် သည် အဘယ်သို့သော အားဖြင့်နွေး သည်ကို၎င်းနားလည် သလော။
תַּרְקִ֣יעַ עִ֭מּוֹ לִשְׁחָקִ֑ים חֲ֝זָקִ֗ים כִּרְאִ֥י מוּצָֽק׃ | 18 |
၁၈သွန်း သော ကြေးမုံ ကဲ့သို့ တည်လျက်ရှိသောမိုဃ်း ကောင်းကင်ကို သင်သည် ဘုရားသခင်နှင့် ဝိုင်းညီ၍ ကြက် သလော။
ה֭וֹדִיעֵנוּ מַה־נֹּ֣אמַר ל֑וֹ לֹ֥א־נַ֝עֲרֹ֗ךְ מִפְּנֵי־חֹֽשֶׁךְ׃ | 19 |
၁၉ငါ တို့သည် အဘယ်သို့ လျှောက် ရမည်ကို သွန်သင် ပါ။ ငါတို့သည် မိုက် သောကြောင့် ၊ အလိုအလျောက်မ လျှောက် တတ်ကြ။
הַֽיְסֻפַּר־ל֭וֹ כִּ֣י אֲדַבֵּ֑ר אִֽם־אָ֥מַר אִ֝֗ישׁ כִּ֣י יְבֻלָּֽע׃ | 20 |
၂၀ငါပြော သော စကားကို ဘုရား သခင်အား ကြား လျှောက်လိမ့်မည်လော။ အကယ်၍လူ သည် ဘုရားသခင်ကို လျှောက် ဝံ့လျှင် ပျက်စီး ခြင်းသို့ ရောက် လိမ့်မည်။
וְעַתָּ֤ה ׀ לֹ֘א רָ֤אוּ א֗וֹר בָּהִ֣יר ה֭וּא בַּשְּׁחָקִ֑ים וְר֥וּחַ עָ֝בְרָ֗ה וַֽתְּטַהֲרֵֽם׃ | 21 |
၂၁လေ သည် လာ၍မိုဃ်း ကောင်းကင်ကို ရှင်းလင်း စေသောအခါ ၊ လူသည် ထွန်းလင်း သောရောင်ခြည် ကို မ ကြည့် နိုင်။
מִ֭צָּפוֹן זָהָ֣ב יֶֽאֱתֶ֑ה עַל־אֱ֝ל֗וֹהַּ נ֣וֹרָא הֽוֹד׃ | 22 |
၂၂မြောက် မျက်နှာမှ ရွှေ ရောင်ခြည်ထွက် တတ်၏။ ဘုရား သခင်သည် ကြောက်မက် ဘွယ်သော ဘုန်း အာနုဘော် နှင့် ပြည့်စုံတော်မူ၏။
שַׁדַּ֣י לֹֽא־מְ֭צָאנֻהוּ שַׂגִּיא־כֹ֑חַ וּמִשְׁפָּ֥ט וְרֹב־צְ֝דָקָ֗ה לֹ֣א יְעַנֶּֽה׃ | 23 |
၂၃အနန္တ တန်ခိုးရှင်ကို ငါတို့သည် စစ် ၍မ ကုန်နိုင်ကြ။ အစွမ်း သတ္တိအားဖြင့်၎င်း၊ တရားစီရင် ခြင်းနှင့် ဖြောင့်မတ် ခြင်းအားဖြင့်၎င်း ထူးဆန်း တော်မူ၏။ အဘယ် သူကိုမျှ ညှဉ်းဆဲ တော်မ မူ။
לָ֭כֵן יְרֵא֣וּהוּ אֲנָשִׁ֑ים לֹֽא־יִ֝רְאֶ֗ה כָּל־חַכְמֵי־לֵֽב׃ פ | 24 |
၂၄သို့ဖြစ်၍ လူ တို့သည် ကြောက်ရွံ့ စရာအကြောင်းရှိကြ၏။ ဉာဏ် ကောင်းသောသူ တစုံ တယောက်မျှ ဘုရားသခင်ကို မ ဖူး မကြည့်နိုင်ဟု မြွက်ဆို၏။