< יִרְמְיָהוּ 9 >
מִֽי־יִתֵּ֤ן רֹאשִׁי֙ מַ֔יִם וְעֵינִ֖י מְק֣וֹר דִּמְעָ֑ה וְאֶבְכֶּה֙ יוֹמָ֣ם וָלַ֔יְלָה אֵ֖ת חַֽלְלֵ֥י בַת־עַמִּֽי׃ | 1 |
၁ငါ ၏လူမျိုး သတို့သမီး နှင့်ဆိုင်သော အသေ ကောင်များအတွက်၊ ငါသည်နေ့ ညဉ့် မပြတ် ငို ရမည် အကြောင်း၊ ငါ့ ဦးခေါင်း သည် ရေ သက်သက်၊ ငါ့ မျက်စိ တို့ သည် မျက်ရည် ထွက်သော စမ်း ဖြစ်ပါစေသော။
מִֽי־יִתְּנֵ֣נִי בַמִּדְבָּ֗ר מְלוֹן֙ אֹֽרְחִ֔ים וְאֶֽעֶזְבָה֙ אֶת־עַמִּ֔י וְאֵלְכָ֖ה מֵֽאִתָּ֑ם כִּ֤י כֻלָּם֙ מְנָ֣אֲפִ֔ים עֲצֶ֖רֶת בֹּגְדִֽים׃ | 2 |
၂ငါသည် ငါ ၏ လူမျိုး ကို စွန့် ၍ ထွက်သွား နိုင် အောင် တော ၌ တဲ စားခန်းရှိပါစေသော။ အကြောင်း မူကား ၊ ထိုသူ အပေါင်း တို့သည် သူ့ မယားကို ပြစ်မှားသောသူ ၊ သစ္စာ ပျက်သော အစည်း အဝေးဖြစ်ကြ၏။
וַֽיַּדְרְכ֤וּ אֶת־לְשׁוֹנָם֙ קַשְׁתָּ֣ם שֶׁ֔קֶר וְלֹ֥א לֶאֱמוּנָ֖ה גָּבְר֣וּ בָאָ֑רֶץ כִּי֩ מֵרָעָ֨ה אֶל־רָעָ֧ה ׀ יָצָ֛אוּ וְאֹתִ֥י לֹֽא־יָדָ֖עוּ נְאֻם־יְהוָֽה׃ ס | 3 |
၃သူတို့သည် မိမိ တို့လျှာ တည်းဟူသောလေး ကို မုသာ နှင့် တင် ကြ၏။ သစ္စာ တရားကို အမှီ မ ပြုဘဲ မြေကြီး ပေါ် မှာ လူကြီး ဖြစ်ကြ၏။ အကယ် စင်စစ်ဆိုး သောအမှုအပေါ် မှာ ဆိုး သောအမှု ကို ထပ်၍ပြု ကြ၏။ ငါ့ ကိုလည်း မ သိ မမှတ်ကြဟု ထာဝရဘုရား မိန့် တော်မူ၏။
אִ֤ישׁ מֵרֵעֵ֙הוּ֙ הִשָּׁמֵ֔רוּ וְעַל־כָּל־אָ֖ח אַל־תִּבְטָ֑חוּ כִּ֤י כָל־אָח֙ עָק֣וֹב יַעְקֹ֔ב וְכָל־רֵ֖עַ רָכִ֥יל יַהֲלֹֽךְ׃ | 4 |
၄လူတိုင်းမိမိ အပေါင်း အဘော်ကို သတိပြု လော့။ မိမိ ညီအစ်ကို ကို မ ယုံ ကြနှင့်။ ညီအစ်ကို တိုင်း မိမိ ညီအစ်ကိုအရာကို ဆက်ဆက်လုယူမည်။ အပေါင်း အဘော်ရှိသမျှ တို့သည် သူ့အသရေ ကို ဖျက်မြဲ ဖျက်ကြ လိမ့်မည်။
וְאִ֤ישׁ בְּרֵעֵ֙הוּ֙ יְהָתֵ֔לּוּ וֶאֱמֶ֖ת לֹ֣א יְדַבֵּ֑רוּ לִמְּד֧וּ לְשׁוֹנָ֛ם דַּבֶּר־שֶׁ֖קֶר הַעֲוֵ֥ה נִלְאֽוּ׃ | 5 |
၅အပေါင်း အဘော်ရှိသမျှတို့သည် တယောက်ကို တယောက် လှည့်စား ကြလိမ့်မည်။ သစ္စာ စကားကို မ ပြော ဘဲ မုသာ စကားကိုပြော ခြင်းငှါမိမိ တို့လျှာ ကို သွန်သင် ကြပြီ။ မတရား သောအမှုကို ပြုသောအားဖြင့် ကိုယ်ကို ကိုယ် ပင်ပန်း စေကြပြီ။
שִׁבְתְּךָ֖ בְּת֣וֹךְ מִרְמָ֑ה בְּמִרְמָ֛ה מֵאֲנ֥וּ דַֽעַת־אוֹתִ֖י נְאֻם־יְהוָֽה׃ ס | 6 |
၆သင် ၏ နေ ရာသည် မုသာ အရပ် ၌ ရှိ၏။ အရပ် သားတို့သည် မုသာ ကြောင့် ငါ့ ကိုမ သိ လိုဟု ထာဝရဘုရား မိန့် တော်မူ၏။
לָכֵ֗ן כֹּ֤ה אָמַר֙ יְהוָ֣ה צְבָא֔וֹת הִנְנִ֥י צוֹרְפָ֖ם וּבְחַנְתִּ֑ים כִּֽי־אֵ֣יךְ אֶעֱשֶׂ֔ה מִפְּנֵ֖י בַּת־עַמִּֽי׃ | 7 |
၇သို့ဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ သည်သူ တို့ကို အရည်ကျို ၍ စုံစမ်း မည်။ သို့မဟုတ်၊ ငါ ၏လူမျိုး သတို့သမီး ၌ အဘယ်သို့ ငါပြု ရမည်နည်း။
חֵ֥ץ שָׁח֛וּט לְשׁוֹנָ֖ם מִרְמָ֣ה דִבֵּ֑ר בְּפִ֗יו שָׁל֤וֹם אֶת־רֵעֵ֙הוּ֙ יְדַבֵּ֔ר וּבְקִרְבּ֖וֹ יָשִׂ֥ים אָרְבּֽוֹ׃ | 8 |
၈သူ တို့လျှာ သည် သေ စေတတ်သောမြှား ဖြစ်၏။ ပရိယာယ် စကားကို ပြော တတ်၏။ အပေါင်း အဘော်ချင်း တို့သည် နှုတ် ဖြင့် လောက ဝတ်စကားကိုပြော ၍၊ နှလုံး ဖြင့် ချောင်းမြောင်း တတ်ကြ၏။
הַעַל־אֵ֥לֶּה לֹֽא־אֶפְקָד־בָּ֖ם נְאֻם־יְהוָ֑ה אִ֚ם בְּג֣וֹי אֲשֶׁר־כָּזֶ֔ה לֹ֥א תִתְנַקֵּ֖ם נַפְשִֽׁי׃ ס | 9 |
၉ထိုသို့ သော အပြစ်တို့ကို ငါမ စစ်ကြော ဘဲနေရ မည်လော။ ထို သို့သော အမျိုး ကို ဒဏ် ပေး၍၊ ငါ့ စိတ်ချင်ရဲ မ ပြေဘဲ နေရမည်လောဟု ထာဝရဘုရား မိန့်တော်မူ၏။
עַל־הֶ֨הָרִ֜ים אֶשָּׂ֧א בְכִ֣י וָנֶ֗הִי וְעַל־נְא֤וֹת מִדְבָּר֙ קִינָ֔ה כִּ֤י נִצְּתוּ֙ מִבְּלִי־אִ֣ישׁ עֹבֵ֔ר וְלֹ֥א שָׁמְע֖וּ ק֣וֹל מִקְנֶ֑ה מֵע֤וֹף הַשָּׁמַ֙יִם֙ וְעַד־בְּהֵמָ֔ה נָדְד֖וּ הָלָֽכוּ׃ | 10 |
၁၀တောင် များ၊ လွင်ပြင်များတို့အတွက် ငါသည် ငိုကြွေး မြည်တမ်း ခြင်းကို ပြု ရမည်။ ထိုအရပ်တို့၌ မီးလောင် သောကြောင့် ၊ လူသည်မရှောက် မသွားရ။ သိုး နွား မြည်သံ ကို မ ကြား ရ။ မိုဃ်းကောင်းကင် ငှက် နှင့် သားရဲ တို့သည် ထွက် ပြေးရကြပြီ။
וְנָתַתִּ֧י אֶת־יְרוּשָׁלִַ֛ם לְגַלִּ֖ים מְע֣וֹן תַּנִּ֑ים וְאֶת־עָרֵ֧י יְהוּדָ֛ה אֶתֵּ֥ן שְׁמָמָ֖ה מִבְּלִ֖י יוֹשֵֽׁב׃ ס | 11 |
၁၁ငါသည် ယေရုရှလင် မြို့ကို အမှိုက် ပုံ၊ မြေခွေး နေရာတွင်း ဖြစ် စေမည်။ ယုဒ မြို့ ရွာတို့ကိုလည်း ၊ လူ ဆိတ်ညံ ရာအရပ်ဖြစ် စေမည်။
מִֽי־הָאִ֤ישׁ הֶֽחָכָם֙ וְיָבֵ֣ן אֶת־זֹ֔את וַאֲשֶׁ֨ר דִּבֶּ֧ר פִּֽי־יְהוָ֛ה אֵלָ֖יו וְיַגִּדָ֑הּ עַל־מָה֙ אָבְדָ֣ה הָאָ֔רֶץ נִצְּתָ֥ה כַמִּדְבָּ֖ר מִבְּלִ֖י עֹבֵֽר׃ ס | 12 |
၁၂ဤ အမှုကိုနားလည် နိုင်သော ပညာရှိ ကား၊ အဘယ်သူ နည်း။ ထာဝရဘုရား ၏ နှုတ် တော်ထွက် ကိုခံ၍၊ ဤအမှု၏အကြောင်း ကို ပြော နိုင်သော သူ ကား၊ အဘယ် သူနည်း။ အဘယ်သူမျှရှောက် ၍မသွားနိုင်အောင်၊ တပြည် လုံးသည် တော ကဲ့သို့ မီးလောင်၍၊ အဘယ်ကြောင့် ပျက်စီး သနည်း။
וַיֹּ֣אמֶר יְהוָ֔ה עַל־עָזְבָם֙ אֶת־תּ֣וֹרָתִ֔י אֲשֶׁ֥ר נָתַ֖תִּי לִפְנֵיהֶ֑ם וְלֹא־שָׁמְע֥וּ בְקוֹלִ֖י וְלֹא־הָ֥לְכוּ בָֽהּ׃ | 13 |
၁၃ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သူတို့သည် ငါ့ စကား ကို နား မ ထောင်၊ သူ တို့၌ ငါပေး သော တရား ကို မ ကျင့် မစောင့်ဘဲ စွန့်ပစ် ၍ ၊
וַיֵּ֣לְכ֔וּ אַחֲרֵ֖י שְׁרִר֣וּת לִבָּ֑ם וְאַחֲרֵי֙ הַבְּעָלִ֔ים אֲשֶׁ֥ר לִמְּד֖וּם אֲבוֹתָֽם׃ ס | 14 |
၁၄မိမိ တို့ စိတ် နှလုံးခိုင်မာ ခြင်းသို့ ၎င်း ၊ မိရိုး ဘလာအတိုင်း ဗာလ ဘုရားတို့နောက် သို့၎င်း လိုက် ကြသောကြောင့် ၊
לָכֵ֗ן כֹּֽה־אָמַ֞ר יְהוָ֤ה צְבָאוֹת֙ אֱלֹהֵ֣י יִשְׂרָאֵ֔ל הִנְנִ֧י מַאֲכִילָ֛ם אֶת־הָעָ֥ם הַזֶּ֖ה לַֽעֲנָ֑ה וְהִשְׁקִיתִ֖ים מֵי־רֹֽאשׁ׃ | 15 |
၁၅ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သူ တို့ကို ဒေါန နှင့် ငါ ကျွေး မည်။ ဆေးခါး နှင့်ရောသော ရေ ကို တိုက် မည်။
וַהֲפִֽצוֹתִים֙ בַּגּוֹיִ֔ם אֲשֶׁר֙ לֹ֣א יָֽדְע֔וּ הֵ֖מָּה וַֽאֲבוֹתָ֑ם וְשִׁלַּחְתִּ֤י אַֽחֲרֵיהֶם֙ אֶת־הַחֶ֔רֶב עַ֥ד כַּלּוֹתִ֖י אוֹתָֽם׃ פ | 16 |
၁၆သူတို့မ သိ ၊ ဘိုးဘေး မသိဘူးသော လူမျိုး တို့တွင် အရပ်ရပ်၌ ကွဲပြား စေမည်။ ရှင်းရှင်းမ ဖျက်ဆီး မှီတိုင်အောင်၊ သူ တို့နောက် သို့ ထား ဘေးကို စေလွှတ် မည်။
כֹּ֤ה אָמַר֙ יְהוָ֣ה צְבָא֔וֹת הִתְבּֽוֹנְנ֛וּ וְקִרְא֥וּ לַמְקוֹנְנ֖וֹת וּתְבוֹאֶ֑ינָה וְאֶל־הַחֲכָמ֥וֹת שִׁלְח֖וּ וְתָבֽוֹאנָה׃ | 17 |
၁၇ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဆင်ခြင် ကြလော့၊ ငိုခြင်းသည် မတို့ကိုခေါ် ၍ လာ ကြစေ။ လိမ္မာ သော မိန်းမတို့ ရှိရာသို့ စေလွှတ် ၍ လာကြစေ။
וּתְמַהֵ֕רְנָה וְתִשֶּׂ֥נָה עָלֵ֖ינוּ נֶ֑הִי וְתֵרַ֤דְנָה עֵינֵ֙ינוּ֙ דִּמְעָ֔ה וְעַפְעַפֵּ֖ינוּ יִזְּלוּ־מָֽיִם׃ | 18 |
၁၈ငါ တို့သည် မျက်ရည် ကျ ၍ ၊ မျက်ခမ်း ထဲက တွေတွေစီး ထွက်စေခြင်းငှါ၊ ထိုမိန်းမတို့သည် အလျင် အမြန် ပြု၍ ၊ ငါ တို့အတွက် ငိုကြွေး ခြင်းကို ပြု ကြစေ။
כִּ֣י ק֥וֹל נְהִ֛י נִשְׁמַ֥ע מִצִּיּ֖וֹן אֵ֣יךְ שֻׁדָּ֑דְנוּ בֹּ֤שְׁנֽוּ מְאֹד֙ כִּֽי־עָזַ֣בְנוּ אָ֔רֶץ כִּ֥י הִשְׁלִ֖יכוּ מִשְׁכְּנוֹתֵֽינוּ׃ ס | 19 |
၁၉နားထောင်ကြ။ ဇိအုန် မြို့၌ ကြား ရသောငိုကြွေး သံ ဟူမူကား၊ ငါတို့သည် အဘယ် မျှလောက်လုယူ ဖျက်ဆီးခြင်းကိုခံရသည်တကား။ သူတပါးတို့သည် ငါ တို့ နေရာ များကို ဖြိုချ သောကြောင့် ၊ ငါတို့သည် ကိုယ်ပြည် ကို စွန့် ၍ အလွန် မိန်းမော တွေဝေကြသည်တကား။
כִּֽי־שְׁמַ֤עְנָה נָשִׁים֙ דְּבַר־יְהוָ֔ה וְתִקַּ֥ח אָזְנְכֶ֖ם דְּבַר־פִּ֑יו וְלַמֵּ֤דְנָה בְנֽוֹתֵיכֶם֙ נֶ֔הִי וְאִשָּׁ֥ה רְעוּתָ֖הּ קִינָֽה׃ | 20 |
၂၀အိုမိန်းမ တို့၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော် ကို နားထောင် ၍ ၊ နှုတ် တော်ထွက်ကို နာယူ ကြလော့။ သင် တို့၏ သမီး တို့အား ငိုကြွေး ခြင်းကို၎င်း ၊ အသီးအသီး အပေါင်း အဘော်တို့အား မြည်တမ်း ခြင်းကို၎င်းသွန်သင် ကြလော့။
כִּֽי־עָ֤לָה מָ֙וֶת֙ בְּחַלּוֹנֵ֔ינוּ בָּ֖א בְּאַרְמְנוֹתֵ֑ינוּ לְהַכְרִ֤ית עוֹלָל֙ מִח֔וּץ בַּחוּרִ֖ים מֵרְחֹבֽוֹת׃ | 21 |
၂၁သေ မင်းသည် ငါ တို့ပြတင်းပေါက် သို့ တက် ၍၊ ငါ တို့ဘုံ ဗိမာန်ထဲသို့ ဝင် သဖြင့် ၊ သူငယ် များကို လမ်း မှ ပယ်ရှင်း ၍၊ လူပျို များကို ပွဲ သဘင်ထဲက ဖျက်ဆီးလေပြီ။
דַּבֵּ֗ר כֹּ֚ה נְאֻם־יְהוָ֔ה וְנָֽפְלָה֙ נִבְלַ֣ת הָֽאָדָ֔ם כְּדֹ֖מֶן עַל־פְּנֵ֣י הַשָּׂדֶ֑ה וּכְעָמִ֛יר מֵאַחֲרֵ֥י הַקֹּצֵ֖ר וְאֵ֥ין מְאַסֵּֽף׃ ס | 22 |
၂၂ထာဝရဘုရား မိန့် တော်မူသည်ကား ၊ လူ သေ ကောင်တို့သည် လယ် ပြင် ၌ နောက်ချေး ကဲ့သို့ ၎င်း ၊ သိမ်း သူမ ရှိ၊ ရိတ် သောသူနောက် မှာ ကျန်ရစ်သော ကောက် လှိုင်းကဲ့သို့ ၎င်း ကျနေ ကြလိမ့်မည်ဟု ကြား ပြောလော့။
כֹּ֣ה ׀ אָמַ֣ר יְהוָ֗ה אַל־יִתְהַלֵּ֤ל חָכָם֙ בְּחָכְמָת֔וֹ וְאַל־יִתְהַלֵּ֥ל הַגִּבּ֖וֹר בִּגְבֽוּרָת֑וֹ אַל־יִתְהַלֵּ֥ל עָשִׁ֖יר בְּעָשְׁרֽוֹ׃ | 23 |
၂၃ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ပညာရှိ သောသူသည် မိမိ ပညာ ၌ မ ဝါကြွား စေနှင့်။ ခွန်အား ကြီးသောသူသည် မိမိ ခွန်အား ၌ မ ဝါကြွား စေနှင့်။ ဥစ္စာ ရတတ်သောသူသည် မိမိ ဥစ္စာ ၌ မ ဝါကြွား စေနှင့်။
כִּ֣י אִם־בְּזֹ֞את יִתְהַלֵּ֣ל הַמִּתְהַלֵּ֗ל הַשְׂכֵּל֮ וְיָדֹ֣עַ אוֹתִי֒ כִּ֚י אֲנִ֣י יְהוָ֔ה עֹ֥שֶׂה חֶ֛סֶד מִשְׁפָּ֥ט וּצְדָקָ֖ה בָּאָ֑רֶץ כִּֽי־בְאֵ֥לֶּה חָפַ֖צְתִּי נְאֻם־יְהוָֽה׃ ס | 24 |
၂၄ဝါကြွား သောသူ မည်သည်ကား၊ ငါသည် မြေကြီး ပေါ် မှာ ချစ် သနားခြင်း၊ တရား သဖြင့် စီရင်ခြင်း၊ ဖြောင့်မတ် ခြင်းကို ပြု သောထာဝရ ဘုရား ဖြစ်ကြောင်း တည်းဟူသော၊ ငါ့ သဘောကို သိ နားလည် ခြင်း၌သာ ဝါကြွား စေ။ ငါသည် ထို အရာတို့၌ မွေ့လျော် သည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
הִנֵּ֛ה יָמִ֥ים בָּאִ֖ים נְאֻם־יְהוָ֑ה וּפָ֣קַדְתִּ֔י עַל־כָּל־מ֖וּל בְּעָרְלָֽה׃ | 25 |
၂၅ထာဝရဘုရား မိန့် တော်မူသည်ကား၊ အရေဖျား လှီး ခြင်းကိုခံ သောသူ၊ အရေဖျားလှီးခြင်းကို မခံသောသူ၊
עַל־מִצְרַ֣יִם וְעַל־יְהוּדָ֗ה וְעַל־אֱד֞וֹם וְעַל־בְּנֵ֤י עַמּוֹן֙ וְעַל־מוֹאָ֔ב וְעַל֙ כָּל־קְצוּצֵ֣י פֵאָ֔ה הַיֹּשְׁבִ֖ים בַּמִּדְבָּ֑ר כִּ֤י כָל־הַגּוֹיִם֙ עֲרֵלִ֔ים וְכָל־בֵּ֥ית יִשְׂרָאֵ֖ל עַרְלֵי־לֵֽב׃ ס | 26 |
၂၆အဲဂုတ္တု လူ၊ ယုဒ လူ၊ ဧဒုံ လူ၊ အမ္မုန် အမျိုးသား ၊ မောဘ အမျိုးသား၊ ပါးမုန်း ကိုရိတ် တတ်သော လူမျိုး၊ တော ၌ နေ သောသူအပေါင်း တို့ကို ငါဆုံးမ ရသော အချိန် ကာလ ရောက် လိမ့်မည်။ တပါးအမျိုးသား အပေါင်း တို့သည် အရေဖျား လှီးခြင်းကို မခံသောသူဖြစ်ကြ၏။ ဣသရေလ အမျိုးသား အပေါင်း တို့သည်လည်း ၊ စိတ်နှလုံး အားဖြင့်အရေဖျား လှီးခြင်းကို မခံသောသူဖြစ်ကြ၏။