< יִרְמְיָהוּ 5 >
שׁוֹטְט֞וּ בְּחוּצ֣וֹת יְרוּשָׁלִַ֗ם וּרְאוּ־נָ֤א וּדְעוּ֙ וּבַקְשׁ֣וּ בִרְחוֹבוֹתֶ֔יהָ אִם־תִּמְצְא֣וּ אִ֔ישׁ אִם־יֵ֛שׁ עֹשֶׂ֥ה מִשְׁפָּ֖ט מְבַקֵּ֣שׁ אֱמוּנָ֑ה וְאֶסְלַ֖ח לָֽהּ׃ | 1 |
၁ယေရုရှလင် မြို့ကို အပြစ် မှ ငါလွှတ်မည် အကြောင်း၊ တရား သဖြင့် ကျင့် သောမြို့သား၊ သစ္စာ စောင့် သောမြို့သား တစုံတယောက်မျှရှိ လျှင် ၊ ထိုသူ ကို တွေ့ အံ့သောငှါ ၊ မြို့လမ်း တို့၌ တောင်မြောက်ပြေး ၍၊ ကျယ် သော အရပ်တို့၌ ရှာဖွေ ကြည့်ရှု ကြလော့။
וְאִ֥ם חַי־יְהֹוָ֖ה יֹאמֵ֑רוּ לָכֵ֥ן לַשֶּׁ֖קֶר יִשָּׁבֵֽעוּ׃ | 2 |
၂သူတို့က၊ ထာဝရဘုရား အသက် ရှင်တော်မူသည် ဟုဆို သော်လည်း ၊ အကယ်စင်စစ်မဟုတ် မမှန်ကျိန်ဆို တတ်ကြ၏။
יְהֹוָ֗ה עֵינֶיךָ֮ הֲל֣וֹא לֶאֱמוּנָה֒ הִכִּ֤יתָה אֹתָם֙ וְֽלֹא־חָ֔לוּ כִּלִּיתָ֕ם מֵאֲנ֖וּ קַ֣חַת מוּסָ֑ר חִזְּק֤וּ פְנֵיהֶם֙ מִסֶּ֔לַע מֵאֲנ֖וּ לָשֽׁוּב׃ | 3 |
၃အို ထာဝရ ဘုရား၊ ကိုယ်တော်သည် သစ္စာ တရားကို ထောက်ရှု တော်မူသည် မဟုတ် လော။ ကိုယ်တော်သည် ဒဏ်ခတ် တော်မူသော်လည်း သူ တို့သည် ညှိုးငယ် သောစိတ်မ ရှိကြပါ။ ဖျက်ဆီး တော်မူသော်လည်း၊ သူ တို့သည် ဆုံးမ ခြင်းကို ငြင်းပယ် ကြပါပြီ။ မိမိ တို့ မျက်နှာ ကို ကျောက် ထက် သာ၍မာ စေကြပါပြီ။ ငါတို့သည် ပြန် ၍ မလာဟု ငြင်းဆန် လျက်နေကြပါပြီ။
וַאֲנִ֣י אָמַ֔רְתִּי אַךְ־דַּלִּ֖ים הֵ֑ם נוֹאֲל֕וּ כִּ֣י לֹ֤א יָדְעוּ֙ דֶּ֣רֶךְ יְהוָ֔ה מִשְׁפַּ֖ט אֱלֹהֵיהֶֽם׃ | 4 |
၄ငါ ကလည်း ၊ အကယ်စင်စစ်ဤသူ တို့သည် ဆင်းရဲ သားဖြစ်ကြ၏။ ထာဝရဘုရား ၏ တရား တော်ကို၎င်း၊ မိမိ တို့ ဘုရား သခင်စီရင် တော်မူရာကို၎င်း မ သိ သောကြောင့် မိုက် ကြ၏။
אֵֽלֲכָה־לִּ֤י אֶל־הַגְּדֹלִים֙ וַאֲדַבְּרָ֣ה אוֹתָ֔ם כִּ֣י הֵ֗מָּה יָדְעוּ֙ דֶּ֣רֶךְ יְהוָ֔ה מִשְׁפַּ֖ט אֱלֹהֵיהֶ֑ם אַ֣ךְ הֵ֤מָּה יַחְדָּו֙ שָׁ֣בְרוּ עֹ֔ל נִתְּק֖וּ מוֹסֵרֽוֹת׃ | 5 |
၅လူကြီး များထံသို့ ငါသွား ၍ ပြော မည်။ သူ တို့သည် ထာဝရဘုရား ၏ တရား တော်ကို၎င်း၊ မိမိ တို့ဘုရား သခင်စီရင် တော်မူရာကို၎င်း သိ ကြ၏ဟုဆိုသော်လည်း ၊ သူ တို့ သည် ထမ်းဘိုး တော်ကိုချိုး ၍၊ အနှောင် အဖွဲ့တော်တို့ကို ဖြတ် ကြပြီ။
עַל־כֵּן֩ הִכָּ֨ם אַרְיֵ֜ה מִיַּ֗עַר זְאֵ֤ב עֲרָבוֹת֙ יְשָׁדְדֵ֔ם נָמֵ֤ר שֹׁקֵד֙ עַל־עָ֣רֵיהֶ֔ם כָּל־הַיּוֹצֵ֥א מֵהֵ֖נָּה יִטָּרֵ֑ף כִּ֤י רַבּוּ֙ פִּשְׁעֵיהֶ֔ם עָצְמ֖וּ מְשׁוּבוֹתֵיהֶֽם׃ | 6 |
၆ထိုကြောင့်၊ တော မှ လာသော ခြင်္သေ့ သည် သူ တို့ ကိုသတ် လိမ့်မည်။ ညဦးယံ၌ လည်တတ်သော တောခွေး သည် သူ တို့ကို ကိုက်စား လိမ့်မည်။ ကျားသစ် သည် သူ တို့မြို့ ကို စောင့် ၍၊ မြို့ပြင်သို့ထွက်သွား သောသူ အပေါင်းတို့ကို အပိုင်းပိုင်းကိုက်ဖြတ် လိမ့်မည်။ အကြောင်း မူကား ၊ သူ တို့ပြစ်မှားသော အပြစ် များ ၍၊ အကြိမ်ကြိမ်အထပ်ထပ်ဖောက်ပြန် ကြပြီ။
אֵ֤י לָזֹאת֙ אֶֽסְלַֽח לָ֔ךְ בָּנַ֣יִךְ עֲזָב֔וּנִי וַיִּשָּׁבְע֖וּ בְּלֹ֣א אֱלֹהִ֑ים וָאַשְׂבִּ֤עַ אוֹתָם֙ וַיִּנְאָ֔פוּ וּבֵ֥ית זוֹנָ֖ה יִתְגֹּדָֽדוּ׃ | 7 |
၇ထို သို့သော အပြစ်မှ သင့် ကို အဘယ် သို့ငါလွှတ် နိုင်သနည်း။ သင် ၏ သားသမီး တို့သည် ငါ့ ကိုစွန့် ၍ ၊ ဘုရား မ ဟုတ်သောသူတို့ ကို တိုင်တည်လျက် ကျိန်ဆို ကြပြီ။ ငါသည်ဝ စွာကျွေးသောအခါသူ တို့သည် ပြည်တန်ဆာ အိမ် ၌ စည်းဝေး ၍ မှားယွင်း ကြပြီ။
סוּסִ֥ים מְיֻזָּנִ֖ים מַשְׁכִּ֣ים הָי֑וּ אִ֛ישׁ אֶל־אֵ֥שֶׁת רֵעֵ֖הוּ יִצְהָֽלוּ׃ | 8 |
၈ဝစွာစား ရသောမြင်း ကဲ့သို့ဖြစ်၍၊ အသီးအသီး အိမ်နီးချင်းမယား တို့ကို တပ် သောစိတ်နှင့် ဟီ ကြပြီ။
הַֽעַל־אֵ֥לֶּה לוֹא־אֶפְקֹ֖ד נְאֻם־יְהֹוָ֑ה וְאִם֙ בְּג֣וֹי אֲשֶׁר־כָּזֶ֔ה לֹ֥א תִתְנַקֵּ֖ם נַפְשִֽׁי׃ ס | 9 |
၉ထို သို့သောအပြစ်တို့ကို ငါသည် မ စစ်ကြော ဘဲ နေရမည်လော။ ထို သို့သောအမျိုး ကို ဒဏ် ပေး၍၊ ငါ့ စိတ် ချင်ရဲမ ပြေဘဲ နေရမည်လောဟု ထာဝရဘုရား မိန့် တော်မူ ၏။
עֲל֤וּ בְשָׁרוֹתֶ֙יהָ֙ וְשַׁחֵ֔תוּ וְכָלָ֖ה אַֽל־תַּעֲשׂ֑וּ הָסִ֙ירוּ֙ נְטִ֣ישׁוֹתֶ֔יהָ כִּ֛י ל֥וֹא לַיהוָ֖ה הֵֽמָּה׃ | 10 |
၁၀မြို့ရိုး ပေါ် သို့တက် ၍ ဖျက်ဆီး ကြလော့။ ပျက်စီး ခြင်းကို မ စဲ စေကြနှင့်။ ခြေ လက်တို့ကို ပယ်ရှင်း ကြလော့။ ထာဝရဘုရား ဆိုင်တော်မ မူ။
כִּי֩ בָג֨וֹד בָּגְד֜וּ בִּ֗י בֵּ֧ית יִשְׂרָאֵ֛ל וּבֵ֥ית יְהוּדָ֖ה נְאֻם־יְהוָֽה׃ | 11 |
၁၁ဣသရေလ အမျိုး နှင့် ယုဒ အမျိုး တို့သည် ငါ့ ထံ ၌ ခံဘူးသော သစ္စာ ကိုဖျက်ကြပြီဟု ထာဝရဘုရား မိန့် တော်မူ ၏။
כִּֽחֲשׁוּ֙ בַּיהוָ֔ה וַיֹּאמְר֖וּ לֹא־ה֑וּא וְלֹא־תָב֤וֹא עָלֵ֙ינוּ֙ רָעָ֔ה וְחֶ֥רֶב וְרָעָ֖ב ל֥וֹא נִרְאֶֽה׃ | 12 |
၁၂သူတို့က၊ ထာဝရဘုရား မ ရှိ။ ငါ တို့အပေါ် ၌ ဘေးဥပဒ် မ ရောက် ရ။ ထား ဘေး၊ မွတ်သိပ် ခြင်းဘေးကို ငါတို့သည် မ တွေ့ ရကြ။
וְהַנְּבִיאִים֙ יִֽהְי֣וּ לְר֔וּחַ וְהַדִּבֵּ֖ר אֵ֣ין בָּהֶ֑ם כֹּ֥ה יֵעָשֶׂ֖ה לָהֶֽם׃ ס | 13 |
၁၃ပရောဖက် တို့သည် လေ သက်သက် ဖြစ် ကြ၏။ သူ တို့၌ နှုတ်ကပတ် တော်မ ရှိ။ သူတို့ဟောပြောသည် အတိုင်း သူ တို့ခံရ လိမ့်မည်ဟု ထာဝရဘုရား ကို ငြင်းပယ် လျက် ဆို တတ်ကြ၏။
לָכֵ֗ן כֹּֽה־אָמַ֤ר יְהוָה֙ אֱלֹהֵ֣י צְבָא֔וֹת יַ֚עַן דַּבֶּרְכֶ֔ם אֶת־הַדָּבָ֖ר הַזֶּ֑ה הִנְנִ֣י נֹתֵן֩ דְּבָרַ֨י בְּפִ֜יךָ לְאֵ֗שׁ וְהָעָ֥ם הַזֶּ֛ה עֵצִ֖ים וַאֲכָלָֽתַם׃ | 14 |
၁၄သို့ဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သူတို့သည် ထိုသို့ဆို သောကြောင့် ၊ ငါ့ စကား ကို သင် ၏နှုတ် ၌ မီး ကဲ့သို့ ၎င်း ၊ ဤ လူမျိုး ကိုထင်း ကဲ့သို့၎င်း ငါ ဖြစ် စေ၍ သူ တို့ကို မီးလောင် ရလိမ့်မည်။
הִנְנִ֣י מֵבִיא֩ עֲלֵיכֶ֨ם גּ֧וֹי מִמֶּרְחָ֛ק בֵּ֥ית יִשְׂרָאֵ֖ל נְאֻם־יְהֹוָ֑ה גּ֣וֹי ׀ אֵיתָ֣ן ה֗וּא גּ֤וֹי מֵעוֹלָם֙ ה֔וּא גּ֚וֹי לֹא־תֵדַ֣ע לְשֹׁנ֔וֹ וְלֹ֥א תִשְׁמַ֖ע מַה־יְדַבֵּֽר׃ | 15 |
၁၅ထာဝရဘုရား မိန့် တော်မူသည်ကား၊ အို ဣသရေလ အမျိုး ၊ သင့်ကို တိုက်စေဘို့လူတမျိုးကို ဝေး သော အရပ်က ငါ ဆောင် ခဲ့မည်။ အားကြီး သောအမျိုး ၊ ရှေး ကာလ၌ ဖြစ်ဘူးသောအမျိုး ၊ သူ တို့စကား ကို သင်မ သိ နား မ လည်သော အမျိုး ဖြစ်လိမ့်မည်။
אַשְׁפָּת֖וֹ כְּקֶ֣בֶר פָּת֑וּחַ כֻּלָּ֖ם גִּבּוֹרִֽים׃ | 16 |
၁၆သူ တို့ မြှားတောင့် သည် ဖွင့် ထားသော သင်္ချိုင်း တွင်းဖြစ်၏။ ထိုသူ အပေါင်း တို့သည် ခွန်အား ကြီးသောသူဖြစ် ကြ၏။
וְאָכַ֨ל קְצִֽירְךָ֜ וְלַחְמֶ֗ךָ יֹאכְלוּ֙ בָּנֶ֣יךָ וּבְנוֹתֶ֔יךָ יֹאכַ֤ל צֹאנְךָ֙ וּבְקָרֶ֔ךָ יֹאכַ֥ל גַּפְנְךָ֖ וּתְאֵנָתֶ֑ךָ יְרֹשֵׁ֞שׁ עָרֵ֣י מִבְצָרֶ֗יךָ אֲשֶׁ֥ר אַתָּ֛ה בּוֹטֵ֥חַ בָּהֵ֖נָּה בֶּחָֽרֶב׃ | 17 |
၁၇ထိုသူတို့သည် သင် ၏အသီးအနှံ နှင့် သင် ၏မုန့် ကို စား ကြလိမ့်မည်။ သင် ၏သား သမီး တို့ကိုလည်း စား ကြ လိမ့်မည်။ သင် ၏သိုး နွား တို့ကိုလည်း စား ကြလိမ့်မည်။ သင် ၏စပျစ် နွယ်ပင်နှင့် သင်္ဘောသဖန်း ပင်တို့ကိုလည်း စား ကြလိမ့်မည်။ သင် ခိုလှုံ ၍ ခိုင်ခံ့ သောမြို့ တို့ကိုလည်း တိုက် ၍ လုပ်ကြံ ကြလိမ့်မည်။
וְגַ֛ם בַּיָּמִ֥ים הָהֵ֖מָּה נְאֻם־יְהֹוָ֑ה לֹֽא־אֶעֱשֶׂ֥ה אִתְּכֶ֖ם כָּלָֽה׃ | 18 |
၁၈သို့ရာတွင် ၊ ထို ကာလ ၌ ငါသည် သင် ၏အမှုကို မ ဆုံးဖြတ် သေးဟု ထာဝရဘုရား မိန့် တော်မူ၏။
וְהָיָה֙ כִּ֣י תֹאמְר֔וּ תַּ֣חַת מֶ֗ה עָשָׂ֨ה יְהֹוָ֧ה אֱלֹהֵ֛ינוּ לָ֖נוּ אֶת־כָּל־אֵ֑לֶּה וְאָמַרְתָּ֣ אֲלֵיהֶ֗ם כַּאֲשֶׁ֨ר עֲזַבְתֶּ֤ם אוֹתִי֙ וַתַּעַבְד֞וּ אֱלֹהֵ֤י נֵכָר֙ בְּאַרְצְכֶ֔ם כֵּ֚ן תַּעַבְד֣וּ זָרִ֔ים בְּאֶ֖רֶץ לֹ֥א לָכֶֽם׃ ס | 19 |
၁၉သူတို့ကလည်း၊ ငါ တို့ဘုရား သခင်ထာဝရဘုရား သည်၊ ငါ တို့၌ ဤ အမှုအလုံးစုံ တို့ကို အဘယ်ကြောင့် စီရင် တော်မူသနည်းဟုမေး ကြသောအခါ ၊ သင်တို့သည် ငါ့ ကိုစွန့်ပစ် ၍ ၊ ကိုယ် ပိုင်သော ပြည် ၌ တကျွန်း တနိုင်ငံဘုရား တို့၏ အမှုကိုဆောင်ရွက် သကဲ့သို့ ၊ ကိုယ် မ ပိုင် သော ပြည် ၌ တကျွန်း တနိုင်ငံသားတို့၏ အမှုကိုဆောင်ရွက် ရကြလိမ့်မည်ဟု၊ သင်သည်သူ တို့အား ဆင့်ဆို ရမည်။
הַגִּ֥ידוּ זֹ֖את בְּבֵ֣ית יַעֲקֹ֑ב וְהַשְׁמִיע֥וּהָ בִיהוּדָ֖ה לֵאמֹֽר׃ | 20 |
၂၀ယာကုပ် အမျိုးနေရာ ယုဒ ပြည်၌ ဟော ပြောကြွေးကြော် ရမည်မှာ၊
שִׁמְעוּ־נָ֣א זֹ֔את עַ֥ם סָכָ֖ל וְאֵ֣ין לֵ֑ב עֵינַ֤יִם לָהֶם֙ וְלֹ֣א יִרְא֔וּ אָזְנַ֥יִם לָהֶ֖ם וְלֹ֥א יִשְׁמָֽעוּ׃ | 21 |
၂၁အို မျက်စိ ရှိလျက် နှင့် မ မြင် ၊ နား ရှိလျက် နှင့် မ ကြား ၊ ဉာဏ် မဲ့ သော လူမိုက် တို့၊ နားထောင် ကြလော့။
הַאוֹתִ֨י לֹא־תִירָ֜אוּ נְאֻם־יְהֹוָ֗ה אִ֤ם מִפָּנַי֙ לֹ֣א תָחִ֔ילוּ אֲשֶׁר־שַׂ֤מְתִּי חוֹל֙ גְּב֣וּל לַיָּ֔ם חָק־עוֹלָ֖ם וְלֹ֣א יַעַבְרֶ֑נְהוּ וַיִּֽתְגָּעֲשׁוּ֙ וְלֹ֣א יוּכָ֔לוּ וְהָמ֥וּ גַלָּ֖יו וְלֹ֥א יַעַבְרֻֽנְהוּ׃ | 22 |
၂၂ထာဝရဘုရား မိန့် တော်မူသည်ကား၊ ပင်လယ် မ လွန် နိုင်အောင် ဆီးတား ဘို့ရာ သဲ ကိုထာဝရ အပိုင်း အခြားခန့် ထားသော ငါ့ ကို သင်တို့သည် မ ကြောက် ကြ သလော။ ငါ ၏ရှေ့ တော်၌ မ တုန်လှုပ် ကြသလော။ ပင်လယ် လှိုင်း တံပိုးတို့သည် ထ ၍ မ နိုင် ၊ ဟုန်း ၍မကျော် မ လွန်နိုင်သော်လည်း၊
וְלָעָ֤ם הַזֶּה֙ הָיָ֔ה לֵ֖ב סוֹרֵ֣ר וּמוֹרֶ֑ה סָ֖רוּ וַיֵּלֵֽכוּ׃ | 23 |
၂၃ဤ လူ မျိုးသည် ပြစ်မှားပုန်ကန် သော သဘော ရှိ ၍ ၊ အစဉ်ပုန်ကန် တတ်ကြ၏။
וְלֹֽא־אָמְר֣וּ בִלְבָבָ֗ם נִ֤ירָא נָא֙ אֶת־יְהוָ֣ה אֱלֹהֵ֔ינוּ הַנֹּתֵ֗ן גֶּ֛שֶׁם יוֹרֶ֥ה וּמַלְק֖וֹשׁ בְּעִתּ֑וֹ שְׁבֻע֛וֹת חֻקּ֥וֹת קָצִ֖יר יִשְׁמָר־לָֽנוּ׃ | 24 |
၂၄အချိန်တန်မှ အရင်မိုဃ်း နှင့် နောက်မိုဃ်း ကို ရွာ စေ၍၊ အသီးအနှံ သိမ်းမြဲ သိမ်းရာ ကာလ ကို ငါ တို့အဘို့ သို ထားတော်မူသောငါ တို့၏ ဘုရား သခင်ထာဝရဘုရား ကို ယခု ကြောက် ကြကုန်အံ့ဟု၊ သူ တို့သည် စိတ် နှလုံးထဲ ၌မဆိုတတ်ကြ။
עֲוֹנוֹתֵיכֶ֖ם הִטּוּ־אֵ֑לֶּה וְחַטֹּ֣אותֵיכֶ֔ם מָנְע֥וּ הַטּ֖וֹב מִכֶּֽם׃ | 25 |
၂၅သင် တို့ဒုစရိုက် သည် ထို သို့သော အရာတို့ကို လွှဲ ၍၊ သင် တို့အပြစ် သည် သင် တို့၏ မင်္ဂလာ ကို ဆီးတား လေပြီ။
כִּי־נִמְצְא֥וּ בְעַמִּ֖י רְשָׁעִ֑ים יָשׁוּר֙ כְּשַׁ֣ךְ יְקוּשִׁ֔ים הִצִּ֥יבוּ מַשְׁחִ֖ית אֲנָשִׁ֥ים יִלְכֹּֽדוּ׃ | 26 |
၂၆ဝပ် လျက်နေသောမုဆိုး ကဲ့သို့ ချောင်းမြောင်း သော လူဆိုး တို့သည် ငါ ၏လူ တို့တွင် ရှိ ကြ၏။ လူတို့ကို ထောင် ခြင်းငှါထောင်ချောက် ကို ထား ကြပြီ။
כִּכְלוּב֙ מָ֣לֵא ע֔וֹף כֵּ֥ן בָּתֵּיהֶ֖ם מְלֵאִ֣ים מִרְמָ֑ה עַל־כֵּ֥ן גָּדְל֖וּ וַֽיַּעֲשִֽׁירוּ׃ | 27 |
၂၇ငှက်ထောင် အိမ်သည် ငှက် တို့နှင့် ပြည့် သကဲ့သို့ ၊ သူ တို့အိမ် သည် လှည့်စားခြင်းပရိယာယ် နှင့်ပြည့် ၏။ ထိုသို့သူတို့သည် အားတိုးပွါး ၍ ရတတ် ခြင်းသို့ ရောက် ကြ၏။
שָׁמְנ֣וּ עָשְׁת֗וּ גַּ֚ם עָֽבְר֣וּ דִבְרֵי־רָ֔ע דִּ֣ין לֹא־דָ֔נוּ דִּ֥ין יָת֖וֹם וְיַצְלִ֑יחוּ וּמִשְׁפַּ֥ט אֶבְיוֹנִ֖ים לֹ֥א שָׁפָֽטוּ׃ | 28 |
၂၈ဝ လျက်၊ မျက်နှာပြောင် လျက်ရှိကြ၏။ ဆိုး သောသူတို့ ထက်သာ၍ဆိုးကြ၏။ တရားသဖြင့်မစီရင်ကြ။ မိဘမရှိ သောသူငယ်၏အမှု ကို စောင့် ၍ အနိုင် မ ပေးကြ။ ဆင်းရဲ သော သူဘက်၌ တရား သဖြင့် မ စီရင် ကြ။
הַֽעַל־אֵ֥לֶּה לֹֽא־אֶפְקֹ֖ד נְאֻם־יְהֹוָ֑ה אִ֚ם בְּג֣וֹי אֲשֶׁר־כָּזֶ֔ה לֹ֥א תִתְנַקֵּ֖ם נַפְשִֽׁי׃ ס | 29 |
၂၉ထို သို့သော အပြစ်တို့ကို ငါသည် မ စစ်ကြော ဘဲ နေရမည်လော။ ထို သို့သော အမျိုး ကို ဒဏ် ပေး၍၊ ငါ စိတ် ချင်ရဲမ ပြေဘဲ နေရမည်လောဟု ထာဝရဘုရား မိန့် တော်မူ ၏။
שַׁמָּה֙ וְשַׁ֣עֲרוּרָ֔ה נִהְיְתָ֖ה בָּאָֽרֶץ׃ | 30 |
၃၀အံ့ဩ ရွံရှာ ဘွယ်သော အမှုကို ပြည် တော်၌ ပြု ကြ၏။
הַנְּבִיאִ֞ים נִבְּא֣וּ־בַשֶּׁ֗קֶר וְהַכֹּהֲנִים֙ יִרְדּ֣וּ עַל־יְדֵיהֶ֔ם וְעַמִּ֖י אָ֣הֲבוּ כֵ֑ן וּמַֽה־תַּעֲשׂ֖וּ לְאַחֲרִיתָֽהּ׃ | 31 |
၃၁ပရောဖက် တို့သည် မဟုတ် မမှန်ဟော ပြောကြ ၏။ ယဇ် ပုရောဟိတ်တို့သည် ဝန်ခံ၍ အစိုးရ ကြ၏။ ထို သို့သောအမှုကို ငါ ၏လူ တို့သည် နှစ်သက် ကြ၏။ ထို အမှုဆုံး သောအခါ သင်တို့သည် အဘယ် သို့ပြု ကြလိမ့်မည်နည်း။