< יִרְמְיָהוּ 4 >
אִם־תָּשׁ֨וּב יִשְׂרָאֵ֧ל ׀ נְאֻם־יְהוָ֛ה אֵלַ֖י תָּשׁ֑וּב וְאִם־תָּסִ֧יר שִׁקּוּצֶ֛יךָ מִפָּנַ֖י וְלֹ֥א תָנֽוּד׃ | 1 |
၁ထာဝရဘုရားက``ဣသရေလပြည်သား တို့၊ အကယ်၍သင်တို့ပြန်လာလိုလျှင်ငါ့ ထံသို့ပြန်လာကြလော့။ ငါရွံမုန်းသည့် ရုပ်တုတို့ကိုဖယ်ရှားကာငါ့အားသစ္စာ စောင့်ကြလျှင်၊-
וְנִשְׁבַּ֙עְתָּ֙ חַי־יְהוָ֔ה בֶּאֱמֶ֖ת בְּמִשְׁפָּ֣ט וּבִצְדָקָ֑ה וְהִתְבָּ֥רְכוּ ב֛וֹ גּוֹיִ֖ם וּב֥וֹ יִתְהַלָּֽלוּ׃ ס | 2 |
၂ငါ၏နာမတော်ကိုသင်တို့တိုင်တည်ကျိန်ဆို မှုသည်တော်တည့်မှန်ကန်၊ လျော်ကန်သင့်မြတ် လိမ့်မည်။ ထိုအခါလူမျိုးတကာတို့သည် မိမိ တို့အားကောင်းချီးပေးရန်ငါ့ထံတောင်း လျှောက်ကြလိမ့်မည်။ ငါ့ကိုလည်းထောမနာ ပြုကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
כִּי־כֹ֣ה ׀ אָמַ֣ר יְהֹוָ֗ה לְאִ֤ישׁ יְהוּדָה֙ וְלִיר֣וּשָׁלִַ֔ם נִ֥ירוּ לָכֶ֖ם נִ֑יר וְאַֽל־תִּזְרְע֖וּ אֶל־קוֹצִֽים׃ | 3 |
၃ယုဒပြည်သားနှင့်ယေရုရှလင်မြို့မှလူတို့ အား ထာဝရဘုရားက``မထွန်မယက်ရသေး သည့်သင်တို့၏လယ်ယာများကိုထွန်ယက် ကြလော့။ သင်တို့၏မျိုးစေ့များကိုဆူးပင် များအကြားတွင်မကြဲကြနှင့်။-
הִמֹּ֣לוּ לַיהֹוָ֗ה וְהָסִ֙רוּ֙ עָרְל֣וֹת לְבַבְכֶ֔ם אִ֥ישׁ יְהוּדָ֖ה וְיֹשְׁבֵ֣י יְרוּשָׁלִָ֑ם פֶּן־תֵּצֵ֨א כָאֵ֜שׁ חֲמָתִ֗י וּבָעֲרָה֙ וְאֵ֣ין מְכַבֶּ֔ה מִפְּנֵ֖י רֹ֥עַ מַעַלְלֵיכֶֽם׃ | 4 |
၄သင်တို့၏ထာဝရဘုရားတည်းဟူသောငါ နှင့်သင်တို့ပြုသည့်ပဋိညာဉ်ကိုစောင့်ကြလော့။ အချင်းယုဒပြည်သားများနှင့်ယေရုရှလင် မြို့သားတို့၊ ငါ့အားသင်တို့၏ကိုယ်ကိုဆက်ကပ် ကြလော့။ ဤသို့မပြုပါမူသင်တို့ကူးလွန်ခဲ့ သည့်ဒုစရိုက်များကြောင့် ငါ၏အမျက်တော် သည်မီးကဲ့သို့တောက်လောင်လိမ့်မည်။ ယင်းကို ငြိမ်းသတ်မည့်သူလည်းတစ်စုံတစ်ယောက် မျှရှိလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
הַגִּ֣ידוּ בִֽיהוּדָ֗ה וּבִירוּשָׁלִַ֙ם֙ הַשְׁמִ֔יעוּ וְאִמְר֕וּ תִּקְע֥וּ שׁוֹפָ֖ר בָּאָ֑רֶץ קִרְא֤וּ מַלְאוּ֙ וְאִמְר֔וּ הֵאָסְפ֥וּ וְנָב֖וֹאָה אֶל־עָרֵ֥י הַמִּבְצָֽר׃ | 5 |
၅ယုဒပြည်တစ်လျှောက်လုံး၌တံပိုးခရာမှုတ် ကြလော့။ ရှင်းလင်းကျယ်လောင်စွာကြွေးကြော်ကြလော့။ ယုဒပြည်သားများနှင့်ယေရုရှလင်မြို့သား တို့အား ခံတပ်မြို့များသို့ပြေးဝင်ကြရန်ပြောကြားကြလော့။
שְׂאוּ־נֵ֣ס צִיּ֔וֹנָה הָעִ֖יזוּ אַֽל־תַּעֲמֹ֑דוּ כִּ֣י רָעָ֗ה אָנֹכִ֛י מֵבִ֥יא מִצָּפ֖וֹן וְשֶׁ֥בֶר גָּדֽוֹל׃ | 6 |
၆ဇိအုန်မြို့ရှိရာသို့ရှေ့ရှုကြလော့။ ဘေးမဲ့လုံခြုံ ရာသို့ ပြေးကြလော့။ ဆုတ်ဆိုင်း၍မနေကြနှင့်။ ထာဝရဘုရားသည်ကြီးစွာသောပျက်စီး မှု ဘေးအန္တရာယ်ဆိုးကို မြောက်အရပ်မှဆောင်ယူလာတော်မူလိမ့် မည်။
עָלָ֤ה אַרְיֵה֙ מִֽסֻּבְּכ֔וֹ וּמַשְׁחִ֣ית גּוֹיִ֔ם נָסַ֖ע יָצָ֣א מִמְּקֹמ֑וֹ לָשׂ֤וּם אַרְצֵךְ֙ לְשַׁמָּ֔ה עָרַ֥יִךְ תִּצֶּ֖ינָה מֵאֵ֥ין יוֹשֵֽׁב׃ | 7 |
၇ခြင်္သေ့သဖွယ်ခိုအောင်းရာမှထွက်လာလေပြီ။ လူမျိုးတကာကိုဖျက်ဆီးမည့်သူသည် ထွက်ခွာလာလေပြီ။ သူသည်ယုဒပြည်ကိုဖျက်ဆီးရန်ထွက်ခွာလာ လေပြီ။ ယုဒမြို့တို့သည်ယိုယွင်းပျက်စီးလျက် လူသူဆိတ်ငြိမ်ရာဖြစ်လိမ့်မည်။
עַל־זֹ֛את חִגְר֥וּ שַׂקִּ֖ים סִפְד֣וּ וְהֵילִ֑ילוּ כִּ֥י לֹא־שָׁ֛ב חֲר֥וֹן אַף־יְהֹוָ֖ה מִמֶּֽנּוּ׃ פ | 8 |
၈သို့ဖြစ်၍လျှော်တေကိုဝတ်၍ငိုကြွေးမြည် တမ်းကြလော့။ အဘယ်ကြောင့်ဆိုသော်၊ထာဝရဘုရား၏ ပြင်းထန်သောအမျက်တော်သည် ယုဒပြည်သို့ဦးတည်လျက်ရှိနေသေး သောကြောင့်ဖြစ်၏။
וְהָיָ֤ה בַיּוֹם־הַהוּא֙ נְאֻם־יְהוָ֔ה יֹאבַ֥ד לֵב־הַמֶּ֖לֶךְ וְלֵ֣ב הַשָּׂרִ֑ים וְנָשַׁ֙מּוּ֙ הַכֹּ֣הֲנִ֔ים וְהַנְּבִיאִ֖ים יִתְמָֽהוּ׃ | 9 |
၉ထာဝရဘုရားက``ထိုနေ့၌ရှင်ဘုရင်များ၊ မှူးမတ်များသည်စိတ်ပျက်အားလျော့ကြ လိမ့်မည်။ ယဇ်ပုရောဟိတ်များသည်တအံ့ တသြဖြစ်၍ ပရောဖက်တို့သည်အံ့အား သင့်လျက်ရှိကြလိမ့်မည်'' ဟုမိန့်တော်မူပါ၏။
וָאֹמַ֞ר אֲהָ֣הּ ׀ אֲדֹנָ֣י יְהוִ֗ה אָכֵן֩ הַשֵּׁ֨א הִשֵּׁ֜אתָ לָעָ֤ם הַזֶּה֙ וְלִירוּשָׁלִַ֣ם לֵאמֹ֔ר שָׁל֖וֹם יִהְיֶ֣ה לָכֶ֑ם וְנָגְעָ֥ה חֶ֖רֶב עַד־הַנָּֽפֶשׁ׃ | 10 |
၁၀ထိုအခါငါသည်``အို အရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ယေရုရှလင်မြို့သားတို့ အားလှည့်ဖြားတော်မူပါပြီ။ ငြိမ်းချမ်းမှု ရရှိလိမ့်မည်ဟုကိုယ်တော်ရှင်မိန့်တော်မူခဲ့ သော်လည်း ယခုအခါသူတို့၏လည်မျိုတွင် ဋ္ဌားတေ့လျက်ရှိပါ၏'' ဟုလျှောက်၏။
בָּעֵ֣ת הַהִ֗יא יֵאָמֵ֤ר לָֽעָם־הַזֶּה֙ וְלִיר֣וּשָׁלִַ֔ם ר֣וּחַ צַ֤ח שְׁפָיִים֙ בַּמִּדְבָּ֔ר דֶּ֖רֶךְ בַּת־עַמִּ֑י ל֥וֹא לִזְר֖וֹת וְל֥וֹא לְהָבַֽר׃ | 11 |
၁၁သဲကန္တာရမှလေပူကြီးသည် တိုက်ခတ်လာ လိမ့်မည်ဖြစ်ကြောင်းယေရုရှလင်မြို့သား တို့ကြားသိရမည့်နေ့ရက်ကာလသည်ကျ ရောက်လာလိမ့်မည်။ ထိုလေသည်သူတို့အား ဂျုံစပါးလှေ့ရန်တိုက်ခတ်လာခြင်းမဟုတ်။-
ר֧וּחַ מָלֵ֛א מֵאֵ֖לֶּה יָ֣בוֹא לִ֑י עַתָּ֕ה גַּם־אֲנִ֛י אֲדַבֵּ֥ר מִשְׁפָּטִ֖ים אוֹתָֽם׃ | 12 |
၁၂ထာဝရဘုရား၏အမိန့်တော်အရတိုက်ခတ် သည့်လေသည် ထိုထက်များစွာပိုမိုပြင်းထန် ပေလိမ့်မည်။ ကိုယ်တော်၏လူမျိုးတော်အပေါ် သို့ ယခုစီရင်ချက်ချမှတ်တော်မူသည့်အရှင် ကား ထာဝရဘုရားကိုယ်တော်တိုင်ပင်ဖြစ် သတည်း။
הִנֵּ֣ה ׀ כַּעֲנָנִ֣ים יַעֲלֶ֗ה וְכַסּוּפָה֙ מַרְכְּבוֹתָ֔יו קַלּ֥וּ מִנְּשָׁרִ֖ים סוּסָ֑יו א֥וֹי לָ֖נוּ כִּ֥י שֻׁדָּֽדְנוּ׃ | 13 |
၁၃ကြည့်ရှုကြလော့။ ရန်သူသည်မိုးတိမ်သဖွယ် လာလိမ့်မည်။ သူ၏စစ်ရထားများသည်လေပွေ နှင့်တူ၍ သူ၏မြင်းတို့သည်လင်းယုန်ငှက်များ ထက်လျင်မြန်ကြ၏။ ငါတို့အရေးရှုံးနိမ့်ကြ လေပြီ။ ငါတို့သည်အမင်္ဂလာရှိပါသည် တကား။-
כַּבְּסִ֨י מֵרָעָ֤ה לִבֵּךְ֙ יְר֣וּשָׁלִַ֔ם לְמַ֖עַן תִּוָּשֵׁ֑עִי עַד־מָתַ֛י תָּלִ֥ין בְּקִרְבֵּ֖ךְ מַחְשְׁב֥וֹת אוֹנֵֽךְ׃ | 14 |
၁၄အို ယေရုရှလင်မြို့၊ သင်သည်ချမ်းသာရာရ စေရန် မိမိစိတ်နှလုံးကိုဆိုးညစ်မှုနှင့်ကင်း စင်စေလော့။ သင်သည်အဘယ်မျှကြာအောင် ဆက်လက်၍ဆိုးညစ်စွာကြံစည်လျက်နေ ဦးမည်နည်း။
כִּ֛י ק֥וֹל מַגִּ֖יד מִדָּ֑ן וּמַשְׁמִ֥יעַ אָ֖וֶן מֵהַ֥ר אֶפְרָֽיִם׃ | 15 |
၁၅ဒန်ပြည်မှလာသောစေတမန်နှင့် ဧဖရိမ် တောင်ကုန်းများမှရှေ့တော်ပြေးတို့က သတင်းဆိုးကိုကြေညာကြ၏။-
הַזְכִּ֣ירוּ לַגּוֹיִ֗ם הִנֵּה֙ הַשְׁמִ֣יעוּ עַל־יְרוּשָׁלִַ֔ם נֹצְרִ֥ים בָּאִ֖ים מֵאֶ֣רֶץ הַמֶּרְחָ֑ק וַֽיִּתְּנ֛וּ עַל־עָרֵ֥י יְהוּדָ֖ה קוֹלָֽם׃ | 16 |
၁၆သူတို့သည်ရပ်ဝေးဒေသမှရန်သူများချီ တက်လာနေကြောင်းလူမျိုးတကာတို့အား သတိပေး၍ ယေရုရှလင်မြို့ကိုကြားပြော ကြလေသည်။ ရန်သူတို့သည်ယုဒမြို့များ အားကြိမ်းမောင်းသံပြုကြလိမ့်မည်။-
כְּשֹׁמְרֵ֣י שָׂדַ֔י הָי֥וּ עָלֶ֖יהָ מִסָּבִ֑יב כִּי־אֹתִ֥י מָרָ֖תָה נְאֻם־יְהוָֽה׃ | 17 |
၁၇သူတို့သည်လယ်စောင့်ကင်းသမားများကဲ့သို့ ထိုမြို့တို့ကိုဝိုင်းရံထားကြလိမ့်မည်။ အဘယ် ကြောင့်ဆိုသော်ယုဒပြည်သည် ထာဝရဘုရား အားပုန်ကန်သောကြောင့်ဖြစ်၏။ ဤကားထာဝရ ဘုရားမြွက်ဟတော်မူသောစကားပင်တည်း။
דַּרְכֵּךְ֙ וּמַ֣עֲלָלַ֔יִךְ עָשׂ֥וֹ אֵ֖לֶּה לָ֑ךְ זֹ֤את רָעָתֵךְ֙ כִּ֣י מָ֔ר כִּ֥י נָגַ֖ע עַד־לִבֵּֽךְ׃ ס | 18 |
၁၈အို ယုဒပြည်၊ သင်သည်မိမိနေထိုင်ပြုကျင့်ပုံ များအားဖြင့် ဤအမှုအရာတို့ကိုဖြစ်ပွား စေလေပြီ။ သင်၏စိတ်နှလုံးကိုဋ္ဌားနှင့်ထိုး လိုက်ဘိသကဲ့သို့ သင်သည်မိမိ၏အပြစ် ကြောင့်ဤဝေဒနာကိုခံရ၏။
מֵעַ֣י ׀ מֵעַ֨י ׀ אוֹחִ֜ילָה קִיר֥וֹת לִבִּ֛י הֹֽמֶה־לִּ֥י לִבִּ֖י לֹ֣א אַחֲרִ֑ישׁ כִּ֣י ק֤וֹל שׁוֹפָר֙ שָׁמַ֣עַתְּ נַפְשִׁ֔י תְּרוּעַ֖ת מִלְחָמָֽה׃ | 19 |
၁၉ငါ့အသည်းနာလှ၏။ မခံမရပ်နိုင်အောင် အသည်းနာ၏။ ငါသည်ပြင်းစွာနှလုံးတုန်၊ရင်ခုန်လျက် နေပါသည်တကား။ ငါသည်အငြိမ်မနေနိုင်တော့ပြီ။ တံပိုးခရာမှုတ်သံကိုလည်းကောင်း၊တိုက်ပွဲ ကြွေးကြော်သံများကိုလည်းကောင်းငါကြား ရ၏။
שֶׁ֤בֶר עַל־שֶׁ֙בֶר֙ נִקְרָ֔א כִּ֥י שֻׁדְּדָ֖ה כָּל־הָאָ֑רֶץ פִּתְאֹם֙ שֻׁדְּד֣וּ אֹהָלַ֔י רֶ֖גַע יְרִיעֹתָֽי׃ | 20 |
၂၀ဘေးအန္တရာယ်ဆိုးသည်တစ်ခုပြီးတစ်ခု ပေါ်ပေါက်၍လာ၏။ တစ်ပြည်လုံးပင်ယိုယွင်းပျက်စီး၍ကျန် ခဲ့၏။ ငါတို့၏တဲများသည်တစ်ခဏချင်း၌ဖြို ပျက်လျက် ၎င်းတို့၏ကန့်လန့်ကာတို့သည်စုတ်ပြတ်၍ သွားကြ၏။
עַד־מָתַ֖י אֶרְאֶה־נֵּ֑ס אֶשְׁמְעָ֖ה ק֥וֹל שׁוֹפָֽר׃ ס | 21 |
၂၁ငါသည်တိုက်ပွဲဆင်နွှဲနေသည်ကိုအဘယ်မျှ ကြာကြာ တွေ့မြင်နေရပါမည်နည်း။ တံပိုးခရာမှုတ်သံကိုအဘယ်မျှကြာကြာ ကြား၍ နေရပါမည်နည်း။
כִּ֣י ׀ אֱוִ֣יל עַמִּ֗י אוֹתִי֙ לֹ֣א יָדָ֔עוּ בָּנִ֤ים סְכָלִים֙ הֵ֔מָּה וְלֹ֥א נְבוֹנִ֖ים הֵ֑מָּה חֲכָמִ֥ים הֵ֙מָּה֙ לְהָרַ֔ע וּלְהֵיטִ֖יב לֹ֥א יָדָֽעוּ׃ | 22 |
၂၂ထာဝရဘုရားက``ငါ၏လူမျိုးတော်သည် မိုက်မဲထုံထိုင်းကြ၏။ သူတို့သည်ငါ့ကိုမသိ ကြ။ သူတို့သည်ကလေးမိုက်များနှင့်တူ၏။ သူတို့တွင်အသိပညာမရှိ။ သူတို့သည်ဒုစရိုက်ပြုရာတွင် ကျွမ်းကျင်ကြသော်လည်းသုစရိုက်ကိုမူ မပြုတတ်ကြ'' ဟုမိန့်တော်မူ၏။
רָאִ֙יתִי֙ אֶת־הָאָ֔רֶץ וְהִנֵּה־תֹ֖הוּ וָבֹ֑הוּ וְאֶל־הַשָּׁמַ֖יִם וְאֵ֥ין אוֹרָֽם׃ | 23 |
၂၃ငါသည်၊ကမ္ဘာမြေကြီးကိုကြည့်လိုက်သော အခါ ယင်းသည်ပုံသဏ္ဌာန်ကင်းမဲ့လျက်နေ၏။ မိုးကောင်းကင်ကိုကြည့်သောအခါ၌လည်း အလင်းရောင်မတွေ့ရ။
רָאִ֙יתִי֙ הֶֽהָרִ֔ים וְהִנֵּ֖ה רֹעֲשִׁ֑ים וְכָל־הַגְּבָע֖וֹת הִתְקַלְקָֽלוּ׃ | 24 |
၂၄ငါသည်တောင်များကိုကြည့်ပြန်သော် တောင်ကြီးတောင်ငယ်တို့သည်တုန်လှုပ်လျက် နေကြ၏။
רָאִ֕יתִי וְהִנֵּ֖ה אֵ֣ין הָאָדָ֑ם וְכָל־ע֥וֹף הַשָּׁמַ֖יִם נָדָֽדוּ׃ | 25 |
၂၅ငါသည်လူတစ်ဦးတစ်ယောက်ကိုမျှမတွေ့ မမြင်။ ငှက်အပေါင်းတို့သည်ပင်လျှင်ပျံပြေးကြ လေကုန်ပြီ။
רָאִ֕יתִי וְהִנֵּ֥ה הַכַּרְמֶ֖ל הַמִּדְבָּ֑ר וְכָל־עָרָ֗יו נִתְּצוּ֙ מִפְּנֵ֣י יְהוָ֔ה מִפְּנֵ֖י חֲר֥וֹן אַפּֽוֹ׃ ס | 26 |
၂၆ထာဝရဘုရား၏ပြင်းထန်သောအမျက် တော် အရှိန်ကြောင့် မြေသြဇာကောင်းသောပြည်သည်သဲကန္တာရ ဖြစ်လျက်၊ မြို့များသည်လည်းယိုယွင်းပျက်စီး၍နေလေပြီ။
כִּי־כֹה֙ אָמַ֣ר יְהוָ֔ה שְׁמָמָ֥ה תִהְיֶ֖ה כָּל־הָאָ֑רֶץ וְכָלָ֖ה לֹ֥א אֶעֱשֶֽׂה׃ | 27 |
၂၇(ကမ္ဘာမြေကြီးတစ်ခုလုံးသည် တောကန္တာရ အဖြစ်သို့ရောက်ရှိရလိမ့်မည်ဖြစ်သော်လည်း အကုန်အစင်ပျက်ပြုန်းသွားရလိမ့်မည်မ ဟုတ်ကြောင်း ထာဝရဘုရားမိန့်ကြားထား တော်မူ၏။)
עַל־זֹאת֙ תֶּאֱבַ֣ל הָאָ֔רֶץ וְקָדְר֥וּ הַשָּׁמַ֖יִם מִמָּ֑עַל עַ֤ל כִּי־דִבַּ֙רְתִּי֙ זַמֹּ֔תִי וְלֹ֥א נִחַ֖מְתִּי וְלֹא־אָשׁ֥וּב מִמֶּֽנָּה׃ | 28 |
၂၈ကမ္ဘာမြေကြီးသည်ဝမ်းနည်းပူဆွေးလျက်နေ လိမ့်မည်။ မိုးကောင်းကင်သည်လည်းမှောင်မဲ၍လာလိမ့် မည်။ ထာဝရဘုရားသည်မိန့်မြွက်တော်မူပြီးနောက် မိမိ၏စိတ်ကိုပြောင်းလဲတော်မူလိမ့်မည်မဟုတ်။ စိတ်ပိုင်းဖြတ်တော်မူပြီးနောက်ကိုယ်တော်သည် နောက်ဆုတ်တော်မူလိမ့်မည်မဟုတ်။
מִקּ֨וֹל פָּרָ֜שׁ וְרֹ֣מֵה קֶ֗שֶׁת בֹּרַ֙חַת֙ כָּל־הָעִ֔יר בָּ֚אוּ בֶּעָבִ֔ים וּבַכֵּפִ֖ים עָל֑וּ כָּל־הָעִ֣יר עֲזוּבָ֔ה וְאֵין־יוֹשֵׁ֥ב בָּהֵ֖ן אִֽישׁ׃ | 29 |
၂၉မြင်းစီးသူရဲများနှင့်လေးသမားတို့၏ အသံကို ကြားသောအခါ လူအပေါင်းတို့သည်ထွက်ပြေးကြလိမ့်မည်။ အချို့သောသူတို့သည်သစ်တောထဲသို့လည်း ကောင်း၊ အချို့တို့သည်ကျောက်ဆောင်များပေါ် သို့လည်းကောင်း၊ထွက်ပြေးကြလိမ့်မည်။ မြို့အပေါင်းတို့သည်အထီးတည်းကျန် ရစ်လျက် လူသူဆိတ်ငြိမ်ရာဖြစ်၍နေလိမ့်မည်။
וְאַ֨תְּ שָׁד֜וּד מַֽה־תַּעֲשִׂ֗י כִּֽי־תִלְבְּשִׁ֨י שָׁנִ֜י כִּי־תַעְדִּ֣י עֲדִי־זָהָ֗ב כִּֽי־תִקְרְעִ֤י בַפּוּךְ֙ עֵינַ֔יִךְ לַשָּׁ֖וְא תִּתְיַפִּ֑י מָאֲסוּ־בָ֥ךְ עֹגְבִ֖ים נַפְשֵׁ֥ךְ יְבַקֵּֽשׁוּ׃ | 30 |
၃၀အို ယေရုရှလင်မြို့၊သင်သည်အမင်္ဂလာ ရှိပါသည်တကား။ သင်သည်အဘယ်ကြောင့်နီးမြန်းသည့်အဝတ် ကို ဝတ်ဆင်ထားသနည်း။ အဘယ်ကြောင့်ကျောက်မျက်ရတနာများကို ဆင်ယင်၍ သင်၏မျက်လုံးများကိုခြယ်လှယ်ထားသနည်း။ သင်သည်မိမိကိုယ်ကိုအကြောင်းမဲ့အလှ ပြင်၍ ထားပါသည်တကား။ သင်၏ချစ်သူတို့သည်သင့်ကိုပစ်ပယ်လိုက်ကြ လေပြီ။ သူတို့သည်သင့်ကိုသတ်လိုကြ၏။
כִּי֩ ק֨וֹל כְּחוֹלָ֜ה שָׁמַ֗עְתִּי צָרָה֙ כְּמַבְכִּירָ֔ה ק֧וֹל בַּת־צִיּ֛וֹן תִּתְיַפֵּ֖חַ תְּפָרֵ֣שׂ כַּפֶּ֑יהָ אֽוֹי־נָ֣א לִ֔י כִּֽי־עָיְפָ֥ה נַפְשִׁ֖י לְהֹרְגִֽים׃ פ | 31 |
၃၁သားဖွားဝေဒနာခံရသောအမျိုးသမီး ၏အသံ၊ သားဦးကိုဖွားမြင်သည့်အမျိုးသမီးဟစ် အော်သံနှင့် တူသည့်အသံတစ်ခုကိုငါကြား၏။ ထိုအသံမှာမောဟိုက်၍လက်တုန်နေသော ယေရုရှလင်မြို့၏အသံပင်ဖြစ်ပေသည်။ သူက``ငါသည်အမင်္ဂလာရှိ၏။ သူတို့သည် ငါ့အားသတ်ရန်လာကြလေပြီဆို၏။''