< יִרְמְיָהוּ 23 >
ה֣וֹי רֹעִ֗ים מְאַבְּדִ֧ים וּמְפִצִ֛ים אֶת־צֹ֥אן מַרְעִיתִ֖י נְאֻם־יְהוָֽה׃ | 1 |
၁ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ့ ထံမှာကျက်စား သော သိုး တို့ကို ဖျက်ဆီး ၍ ၊ အရပ်ရပ်သို့ ကွဲပြား စေသော သိုးထိန်း တို့သည် အမင်္ဂလာ ရှိကြ၏။
לָ֠כֵן כֹּֽה־אָמַ֨ר יְהוָ֜ה אֱלֹהֵ֣י יִשְׂרָאֵ֗ל עַֽל־הָרֹעִים֮ הָרֹעִ֣ים אֶת־עַמִּי֒ אַתֶּ֞ם הֲפִצֹתֶ֤ם אֶת־צֹאנִי֙ וַתַּדִּח֔וּם וְלֹ֥א פְקַדְתֶּ֖ם אֹתָ֑ם הִנְנִ֨י פֹקֵ֧ד עֲלֵיכֶ֛ם אֶת־רֹ֥עַ מַעַלְלֵיכֶ֖ם נְאֻם־יְהוָֽה׃ | 2 |
၂ထိုကြောင့်၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ ၏ လူ တို့ကို ကျွေးမွေး ရသောသိုးထိန်း တို့အမှုမှာ သင်တို့သည် ငါ ၏ သိုးစု ကို မ ကြည့်ရှု ၊ မပြုစု၊ အရပ်ရပ်သို့ ကွဲပြား စေ၍ နှင်ထုတ် သောကြောင့်၊ သင် တို့ပြု သောဒုစရိုက် အပြစ်ကို သင် တို့အပေါ် မှာ ငါ သက်ရောက် စေမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
וַאֲנִ֗י אֲקַבֵּץ֙ אֶת־שְׁאֵרִ֣ית צֹאנִ֔י מִכֹּל֙ הָאֲרָצ֔וֹת אֲשֶׁר־הִדַּ֥חְתִּי אֹתָ֖ם שָׁ֑ם וַהֲשִׁבֹתִ֥י אֶתְהֶ֛ן עַל־נְוֵהֶ֖ן וּפָר֥וּ וְרָבֽוּ׃ | 3 |
၃တဖန်မိန့်တော်မူသည်ကား၊ ငါ ၏သိုးစု ကို ငါနှင်ထုတ် သော ပြည် ရှိသမျှ တို့၌ ကျန် ကြွင်းသော သိုး တို့ကို ငါစုဝေး ၍၊ နေရင်းသိုးခြံ သို့ တဖန်ငါဆောင် ခဲ့ ဦးမည်။ သူတို့သည်လည်း ၊ သားဘွား ၍ များ ပြားကြ လိမ့်မည်။
וַהֲקִמֹתִ֧י עֲלֵיהֶ֛ם רֹעִ֖ים וְרָע֑וּם וְלֹא־יִֽירְא֨וּ ע֧וֹד וְלֹא־יֵחַ֛תּוּ וְלֹ֥א יִפָּקֵ֖דוּ נְאֻם־יְהוָֽה׃ ס | 4 |
၄သူတို့ကို ကျွေးမွေးသော သိုးထိန်း တို့ကို သူ တို့ အပေါ် မှာ ငါခန့် ထားသဖြင့် ၊ သူတို့သည် နောက် တဖန် ကြောက် ခြင်း၊ ထိတ်လန့် ခြင်းမ ရှိ ရကြ။ ဆုံးမ ခြင်းကိုလည်း မ ခံရကြဟု ထာဝရဘုရား မိန့် တော်မူ၏။
הִנֵּ֨ה יָמִ֤ים בָּאִים֙ נְאֻם־יְהוָ֔ה וַהֲקִמֹתִ֥י לְדָוִ֖ד צֶ֣מַח צַדִּ֑יק וּמָ֤לַךְ מֶ֙לֶךְ֙ וְהִשְׂכִּ֔יל וְעָשָׂ֛ה מִשְׁפָּ֥ט וּצְדָקָ֖ה בָּאָֽרֶץ׃ | 5 |
၅ထာဝရဘုရား မိန့် တော်မူသည်ကား၊ သန့်ရှင်း သော အညွန့် ကို ဒါဝိဒ် အဘို့ ငါပေါက် စေသည်အတိုင်း ၊ ဉာဏ် ကောင်းသောရှင်ဘုရင် တဦးသည် စိုးစံ ၍ ၊ မြေကြီး ပေါ် မှာ တရား သဖြင့် ဖြောင့်မတ် စွာ စီရင် ရာ ကာလ သည် ရောက် လိမ့်မည်။
בְּיָמָיו֙ תִּוָּשַׁ֣ע יְהוּדָ֔ה וְיִשְׂרָאֵ֖ל יִשְׁכֹּ֣ן לָבֶ֑טַח וְזֶה־שְּׁמ֥וֹ אֲֽשֶׁר־יִקְרְא֖וֹ יְהוָ֥ה ׀ צִדְקֵֽנוּ׃ ס | 6 |
၆ထိုမင်း လက်ထက် ၌ ယုဒ ပြည်သည် ကယ်တင် ခြင်းသို့ရောက်၍ ၊ ဣသရေလ ပြည်လည်း ငြိမ်ဝပ် စွာ နေ ရ လိမ့်မည်။ ထို မင်းသည် ယေဟောဝါ ဇေဒကနု ဟူသော ဘွဲ့ နာမရှိ လိမ့်သတည်း။
לָכֵ֛ן הִנֵּֽה־יָמִ֥ים בָּאִ֖ים נְאֻם־יְהוָ֑ה וְלֹא־יֹ֤אמְרוּ עוֹד֙ חַי־יְהוָ֔ה אֲשֶׁ֧ר הֶעֱלָ֛ה אֶת־בְּנֵ֥י יִשְׂרָאֵ֖ל מֵאֶ֥רֶץ מִצְרָֽיִם׃ | 7 |
၇သို့ ဖြစ်၍၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးသား တို့ကို အဲဂုတ္တု ပြည် မှ နှုတ် ဆောင် သော ထာဝရဘုရား အသက်ရှင် တော်မူသည်ဟူ၍မ ကျိန်ဆို ဘဲ၊
כִּ֣י אִם־חַי־יְהוָ֗ה אֲשֶׁ֣ר הֶעֱלָה֩ וַאֲשֶׁ֨ר הֵבִ֜יא אֶת־זֶ֨רַע בֵּ֤ית יִשְׂרָאֵל֙ מֵאֶ֣רֶץ צָפ֔וֹנָה וּמִכֹּל֙ הָֽאֲרָצ֔וֹת אֲשֶׁ֥ר הִדַּחְתִּ֖ים שָׁ֑ם וְיָשְׁב֖וּ עַל־אַדְמָתָֽם׃ ס | 8 |
၈ဣသရေလ အမျိုးသား အစဉ် အဆက်တို့ကို မြောက် ပြည် မှစ၍ ၊ နှင်ထုတ် ဘူးသော ပြည် ရှိသမျှ တို့မှ ပို့ဆောင် သော ထာဝရဘုရား အသက် ရှင်တော်မူသည် ဟူ၍ကျိန်ဆိုရသော ကာလသည် နောက်တဖန် ရောက် လိမ့်မည်။ သူ တို့သည် နေရင်းပြည် ၌ တဖန် နေ ရကြ လိမ့်မည်။
לַנְּבִאִ֞ים נִשְׁבַּ֧ר לִבִּ֣י בְקִרְבִּ֗י רָֽחֲפוּ֙ כָּל־עַצְמוֹתַ֔י הָיִ֙יתִי֙ כְּאִ֣ישׁ שִׁכּ֔וֹר וּכְגֶ֖בֶר עֲבָ֣רוֹ יָ֑יִן מִפְּנֵ֣י יְהוָ֔ה וּמִפְּנֵ֖י דִּבְרֵ֥י קָדְשֽׁוֹ׃ | 9 |
၉ပရောဖက် များနှင့် ဆိုင်သော စကားဟူမူကား၊ ထာဝရဘုရား ကြောင့် ၎င်း ၊ သန့်ရှင်း သော စကား တော် ကြောင့် ၎င်း ငါ့ စိတ် ပျက် လျက်ရှိ၏။ ငါ့ အရိုး ရှိသမျှ တို့သည် လှုပ်ရှား ကြ၏။ ယစ်မူး သောသူ နှင့် စပျစ်ရည် နိုင် သော သူ ကဲ့သို့ ငါဖြစ် ၏။
כִּ֤י מְנָֽאֲפִים֙ מָלְאָ֣ה הָאָ֔רֶץ כִּֽי־מִפְּנֵ֤י אָלָה֙ אָבְלָ֣ה הָאָ֔רֶץ יָבְשׁ֖וּ נְא֣וֹת מִדְבָּ֑ר וַתְּהִ֤י מְרֽוּצָתָם֙ רָעָ֔ה וּגְבוּרָתָ֖ם לֹא־כֵֽן׃ | 10 |
၁၀အကြောင်း မူကား၊ မတရား သောမေထုန် ၌မှီဝဲ သောသူတို့သည် တပြည် လုံး၌ အနှံ့အပြားရှိ ကြ၏။ ထိုသူတို့ကြောင့် တပြည် လုံးမြည်တမ်း ရ၏။ တော ၌ ကျက်စား ရာအရပ်တို့သည် သွေ့ ခြောက်ကြ၏။ ပြည်သားများလိုက်သောလမ်း သည် မဖြောင့် ၊ သူ တို့အစွမ်း သတ္တိ သည် တရား ဘက်၌ မ နေတတ်။
כִּֽי־גַם־נָבִ֥יא גַם־כֹּהֵ֖ן חָנֵ֑פוּ גַּם־בְּבֵיתִ֛י מָצָ֥אתִי רָעָתָ֖ם נְאֻם־יְהוָֽה׃ | 11 |
၁၁ပရောဖက် နှင့် ယဇ်ပုရောဟိတ် နှစ်ပါးတို့သည် ဘုရားကို မရိုမသေ ပြုကြပြီ။ ငါ့ အိမ် ၌ ပင် သူ တို့ပြုသောအဓမ္မ အမှုကို ငါတွေ့ ပြီဟု ထာဝရဘုရား မိန့် တော်မူ၏။
לָכֵן֩ יִֽהְיֶ֨ה דַרְכָּ֜ם לָהֶ֗ם כַּחֲלַקְלַקּוֹת֙ בָּֽאֲפֵלָ֔ה יִדַּ֖חוּ וְנָ֣פְלוּ בָ֑הּ כִּֽי־אָבִ֨יא עֲלֵיהֶ֥ם רָעָ֛ה שְׁנַ֥ת פְּקֻדָּתָ֖ם נְאֻם־יְהוָֽה׃ | 12 |
၁၂ထိုကြောင့်၊ သူ တို့သွားသောလမ်း သည် မှောင်မိုက် ၌ ချော တတ်သော လမ်းကဲ့သို့ ဖြစ်၍၊ သူတို့သည် တွန်း တိုးခြင်းကို ခံရ၍ လဲ ကြလိမ့်မည်။ အကြောင်း မူကား၊ သူ တို့သည် ဆုံးမ ခြင်းကို ခံရသောကာလ ၌ သူ တို့အပေါ် မှာ ဘေးဥပဒ် ကို သင့် ရောက် စေမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
וּבִנְבִיאֵ֥י שֹׁמְר֖וֹן רָאִ֣יתִי תִפְלָ֑ה הִנַּבְּא֣וּ בַבַּ֔עַל וַיַּתְע֥וּ אֶת־עַמִּ֖י אֶת־יִשְׂרָאֵֽל׃ ס | 13 |
၁၃ရှမာရိ ပြည်သား ပရောဖက် တို့၌ လည်း ၊ မိုက် သောသဘောကို ငါမြင် ပြီ။ သူတို့သည် ဗာလ ဘုရားကို မှီဝဲ ၍ ပရောဖက် ပြုသဖြင့် ၊ ငါ ၏လူ ဣသရေလ အမျိုးသားတို့ကို မှားယွင်း စေကြပြီ။
וּבִנְבִאֵ֨י יְרוּשָׁלִַ֜ם רָאִ֣יתִי שַׁעֲרוּרָ֗ה נָא֞וֹף וְהָלֹ֤ךְ בַּשֶּׁ֙קֶר֙ וְחִזְּקוּ֙ יְדֵ֣י מְרֵעִ֔ים לְבִ֨לְתִּי־שָׁ֔בוּ אִ֖ישׁ מֵרָֽעָת֑וֹ הָֽיוּ־לִ֤י כֻלָּם֙ כִּסְדֹ֔ם וְיֹשְׁבֶ֖יהָ כַּעֲמֹרָֽה׃ ס | 14 |
၁၄ယေရုရှလင် မြို့သား ပရောဖက် တို့၌ လည်း ၊ စက်ဆုပ် ရွံရှာဘွယ်သောသဘောကို ငါမြင် ပြီ။ သူတို့သည် မတရား သောမေထုန် ၌မှီဝဲလျက် ၊ မုသာ ကိုလည်း သုံး လျက် ၊ အဓမ္မ ပြုသောသူတို့ကို အားပေး တတ်သဖြင့်၊ အဘယ်သူမျှမိမိ ပြုသော အဓမ္မ အမှုကို မ စွန့် ။ ထိုသူ ရှိ သမျှတို့သည် ငါ၌ သောဒုံ မြို့သားကဲ့သို့ ၎င်း ၊ ယေရုရှလင် မြို့သား တို့သည် ဂေါမောရ မြို့သားကဲ့သို့ ၎င်း ဖြစ် ကြ၏။
לָכֵ֞ן כֹּֽה־אָמַ֨ר יְהוָ֤ה צְבָאוֹת֙ עַל־הַנְּבִאִ֔ים הִנְנִ֨י מַאֲכִ֤יל אוֹתָם֙ לַֽעֲנָ֔ה וְהִשְׁקִתִ֖ים מֵי־רֹ֑אשׁ כִּ֗י מֵאֵת֙ נְבִיאֵ֣י יְרוּשָׁלִַ֔ם יָצְאָ֥ה חֲנֻפָּ֖ה לְכָל־הָאָֽרֶץ׃ פ | 15 |
၁၅ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ပရောဖက် တို့အမှု ၌ မိန့် တော်မူသည်ကား ၊ သူ တို့ကို ဒေါန နှင့် ငါ ကျွေး မည်။ ဆေးခါး ကိုလည်း သောက် စေမည်။ ယေရုရှလင် မြို့သား ပရောဖက် တို့သည် မူလအမြစ်ဖြစ်၍၊ အဓမ္မ အမှုသည် တပြည် လုံး ကို နှံ့ပြား လေပြီ။
כֹּֽה־אָמַ֞ר יְהוָ֣ה צְבָא֗וֹת אַֽל־תִּשְׁמְע֞וּ עַל־דִּבְרֵ֤י הַנְּבִאִים֙ הַנִּבְּאִ֣ים לָכֶ֔ם מַהְבִּלִ֥ים הֵ֖מָּה אֶתְכֶ֑ם חֲז֤וֹן לִבָּם֙ יְדַבֵּ֔רוּ לֹ֖א מִפִּ֥י יְהוָֽה׃ | 16 |
၁၆ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ပရောဖက်ပြု၍ သင် တို့အား ဟော တတ်သော ဆရာ တို့၏ စကား ကို နား မ ထောင်ကြနှင့်။ သူ တို့သည် သင်တို့အား အချည်းနှီးဟော တတ် ကြ၏။ ထာဝရဘုရား ၏ နှုတ် တော်ထွက်သို့မ လိုက်၊ ကိုယ် အလို အလျောက်ရူပါရုံ ကို မြင်သည်အတိုင်း ဟော ပြောတတ်ကြ၏။
אֹמְרִ֤ים אָמוֹר֙ לִֽמְנַאֲצַ֔י דִּבֶּ֣ר יְהוָ֔ה שָׁל֖וֹם יִֽהְיֶ֣ה לָכֶ֑ם וְ֠כֹל הֹלֵ֞ךְ בִּשְׁרִר֤וּת לִבּוֹ֙ אָֽמְר֔וּ לֹֽא־תָב֥וֹא עֲלֵיכֶ֖ם רָעָֽה׃ | 17 |
၁၇ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို မထီမဲ့မြင် ပြုသောသူတို့ အား ၊ သင် တို့သည် ငြိမ်ဝပ် ခြင်းရှိ ကြ လိမ့်မည်ဟု ဟော တတ်ကြ၏။ မိမိ တို့စိတ်နှလုံး ခိုင်မာ ခြင်း သဘောသို့ လိုက် သောသူတို့ အား၊ သင် တို့သည် ဘေးဥပဒ် နှင့် မ တွေ့ ရကြဟု ဟော တတ်ကြ၏။
כִּ֣י מִ֤י עָמַד֙ בְּס֣וֹד יְהוָ֔ה וְיֵ֖רֶא וְיִשְׁמַ֣ע אֶת־דְּבָר֑וֹ מִֽי־הִקְשִׁ֥יב דְּבָר֖וֹ וַיִּשְׁמָֽע׃ ס | 18 |
၁၈ထိုသူတို့တွင် အဘယ်သူ သည် ထာဝရဘုရား နှင့် တိုင်ပင်ဘက် ပြုသနည်း။ အဘယ်သူသည် အမှုတော်ကို ကြား မြင် သနည်း။ အဘယ်သူ သည် နှုတ်ကပတ် တော်ကို နားထောင် ၍ ကြား သနည်း။
הִנֵּ֣ה ׀ סַעֲרַ֣ת יְהוָ֗ה חֵמָה֙ יָֽצְאָ֔ה וְסַ֖עַר מִתְחוֹלֵ֑ל עַ֛ל רֹ֥אשׁ רְשָׁעִ֖ים יָחֽוּל׃ | 19 |
၁၉ထာဝရဘုရား ၏ လေဘွေ တော်သည် ပူသော အရှိန်နှင့်ထွက် ၏။ ပြင်းစွာသော လေဘွေ ဖြစ်၍၊ မတရား သောသူတို့ ခေါင်း ပေါ် မှာ ပြင်းစွာတိုက် လိမ့်မည်။
לֹ֤א יָשׁוּב֙ אַף־יְהוָ֔ה עַד־עֲשֹׂת֥וֹ וְעַד־הֲקִימ֖וֹ מְזִמּ֣וֹת לִבּ֑וֹ בְּאַֽחֲרִית֙ הַיָּמִ֔ים תִּתְבּ֥וֹנְנוּ בָ֖הּ בִּינָֽה׃ | 20 |
၂၀ထာဝရဘုရား သည် လက်စ သတ်၍ ၊ အကြံအစည် တော်ကို ပြည့်စုံ စေတော်မမူမှီ အမျက် တော် မ ငြိမ်း ရ။ နောက် ကာလ ၌ သင်တို့သည် ရှင်းလင်းစွာ နားလည် ကြလိမ့်မည်။
לֹא־שָׁלַ֥חְתִּי אֶת־הַנְּבִאִ֖ים וְהֵ֣ם רָ֑צוּ לֹא־דִבַּ֥רְתִּי אֲלֵיהֶ֖ם וְהֵ֥ם נִבָּֽאוּ׃ | 21 |
၂၁ငါမ စေလွှတ် ဘဲ ထိုပရောဖက် တို့သည် ပြေး ကြပြီ ။ ငါမ မှာ ထားဘဲ သူ တို့သည် ကိုယ်အလိုအလျောက်ဟော ပြောကြပြီ။
וְאִֽם־עָמְד֖וּ בְּסוֹדִ֑י וְיַשְׁמִ֤עוּ דְבָרַי֙ אֶת־עַמִּ֔י וִֽישִׁבוּם֙ מִדַּרְכָּ֣ם הָרָ֔ע וּמֵרֹ֖עַ מַֽעַלְלֵיהֶֽם׃ ס | 22 |
၂၂ထိုသူတို့သည် ငါ နှင့် တိုင်ပင်ဘက် ပြု လျှင် ၊ ငါ့ စကား ကို ငါ၏ လူမျိုးအားဆင့်ဆို ၍ ၊ ငါ ၏လူမျိုး ကို မတရား သော လမ်း မှ ၎င်း ၊ မကောင်း သောအကျင့် ဓလေ့မှ ၎င်း လွဲသွား စေကြပြီ။
הַאֱלֹהֵ֧י מִקָּרֹ֛ב אָ֖נִי נְאֻם־יְהוָ֑ה וְלֹ֥א אֱלֹהֵ֖י מֵרָחֹֽק׃ | 23 |
၂၃ငါ သည်နီး သော အရပ်၌ သာ ဘုရား ဖြစ် သလော။ ဝေး သော အရပ်၌ လည်း ဘုရား ဖြစ်သည် မ ဟုတ်လောဟု ထာဝရဘုရား မေး တော်မူ၏။
אִם־יִסָּתֵ֨ר אִ֧ישׁ בַּמִּסְתָּרִ֛ים וַאֲנִ֥י לֹֽא־אֶרְאֶ֖נּוּ נְאֻם־יְהוָ֑ה הֲל֨וֹא אֶת־הַשָּׁמַ֧יִם וְאֶת־הָאָ֛רֶץ אֲנִ֥י מָלֵ֖א נְאֻם־יְהוָֽה׃ | 24 |
၂၄ငါ မ မြင် စေခြင်းငှါ အဘယ်သူသည် မထင်ရှား သော အရပ်၌ ပုန်းရှောင် ၍ နေနိုင်သနည်းဟု ထာဝရဘုရား မေး တော်မူ၏။ ငါ သည် ကောင်းကင် မြေကြီး ကို နှံ့ပြား သည် မ ဟုတ်လောဟု ထာဝရဘုရား မေး တော်မူ ၏။
שָׁמַ֗עְתִּי אֵ֤ת אֲשֶׁר־אָֽמְרוּ֙ הַנְּבִאִ֔ים הַֽנִּבְּאִ֥ים בִּשְׁמִ֛י שֶׁ֖קֶר לֵאמֹ֑ר חָלַ֖מְתִּי חָלָֽמְתִּי׃ | 25 |
၂၅ငါသည် အိပ်မက် မြင်ပြီ၊ အိပ်မက် မြင်ပြီဟု၊ ငါ့ နာမ ကို အမှီပြု၍၊ မုသာဖြင့် ဟောပြော သော ပရောဖက် တို့၏ စကား ကို ငါကြား ပြီ။
עַד־מָתַ֗י הֲיֵ֛שׁ בְּלֵ֥ב הַנְּבִאִ֖ים נִבְּאֵ֣י הַשָּׁ֑קֶר וּנְבִיאֵ֖י תַּרְמִ֥ת לִבָּֽם׃ | 26 |
၂၆ထိုပရောဖက် တို့သည် အဘယ် မျှကာလပတ်လုံး ဤသို့ကြံစည်ကြလိမ့်မည်နည်း။ သူတို့သည် မုသာ စကား ကို ဟော ပြောတတ်ကြ၏။ ကိုယ် စိတ် နှလုံးလှည့်စား သည် အတိုင်း ဟောပြောတတ်ကြ၏။
הַחֹשְׁבִ֗ים לְהַשְׁכִּ֤יחַ אֶת־עַמִּי֙ שְׁמִ֔י בַּחֲל֣וֹמֹתָ֔ם אֲשֶׁ֥ר יְסַפְּר֖וּ אִ֣ישׁ לְרֵעֵ֑הוּ כַּאֲשֶׁ֨ר שָׁכְח֧וּ אֲבוֹתָ֛ם אֶת־שְׁמִ֖י בַּבָּֽעַל׃ | 27 |
၂၇ဘိုးဘေး တို့သည် ဗာလ ကြောင့် ငါ့ နာမ ကို မေ့လျော့ သကဲ့သို့ ၊ သူတို့သည် အိမ်နီးချင်း တ ယောက်ကို တယောက်ပြော တတ်သော အိပ်မက် များအားဖြင့် ငါ ၏ လူမျိုး သည် ငါ့ နာမ ကို မေ့လျော့ စေမည်ဟု အကြံ ရှိကြ သည်တကား။
הַנָּבִ֞יא אֲשֶׁר־אִתּ֤וֹ חֲלוֹם֙ יְסַפֵּ֣ר חֲל֔וֹם וַאֲשֶׁ֤ר דְּבָרִי֙ אִתּ֔וֹ יְדַבֵּ֥ר דְּבָרִ֖י אֱמֶ֑ת מַה־לַתֶּ֥בֶן אֶת־הַבָּ֖ר נְאֻם־יְהוָֽה׃ | 28 |
၂၈အိပ်မက် မြင်သော ပရောဖက် သည် အိပ်မက် စကားကို ပြော ပါလေစေ။ ငါ ၏နှုတ်ကပတ် တော်ကို ခံရသောသူ သည်နှုတ်ကပတ် စကားတော်ကို မှန်ကန် စွာ ဟော ပြောပါလေစေ။ အဖျင်း သည်စပါး နှင့် အဘယ် သို့ဆိုင် သနည်းဟု ထာဝရဘုရား မိန့် တော်မူ၏။
הֲל֨וֹא כֹ֧ה דְבָרִ֛י כָּאֵ֖שׁ נְאֻם־יְהוָ֑ה וּכְפַטִּ֖ישׁ יְפֹ֥צֵֽץ סָֽלַע׃ ס | 29 |
၂၉ငါ ၏ နှုတ်ကပတ် တော်သည် မီး ကဲ့သို့ ၎င်း ၊ ကျောက် ကို ထု ချေသောသံတူ ကဲ့သို့ ၎င်း ဖြစ်သည်မဟုတ် လောဟု ထာဝရဘုရား မေး တော်မူ၏။
לָכֵ֛ן הִנְנִ֥י עַל־הַנְּבִאִ֖ים נְאֻם־יְהוָ֑ה מְגַנְּבֵ֣י דְבָרַ֔י אִ֖ישׁ מֵאֵ֥ת רֵעֵֽהוּ׃ | 30 |
၃၀သို့ဖြစ်၍၊ ငါ့ စကား တော်ကို အိမ်နီးချင်း တယောက်မှ တယောက်ခိုး သော ပရောဖက် တို့ကို ငါ သည် ဆန့်ကျင် ဘက်ပြုမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
הִנְנִ֥י עַל־הַנְּבִיאִ֖ם נְאֻם־יְהוָ֑ה הַלֹּקְחִ֣ים לְשׁוֹנָ֔ם וַֽיִּנְאֲמ֖וּ נְאֻֽם׃ | 31 |
၃၁မိမိ တို့အလို အလျောက်ဟော ပြောလျက် နှင့် အမိန့် တော်ရှိ သည်ဟုဆိုသော ပရောဖက် တို့ကို ငါ သည် ဆန့်ကျင် ဘက်ပြုမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
הִ֠נְנִי עַֽל־נִבְּאֵ֞י חֲלֹמ֥וֹת שֶׁ֙קֶר֙ נְאֻם־יְהוָ֔ה וַֽיְסַפְּרוּם֙ וַיַּתְע֣וּ אֶת־עַמִּ֔י בְּשִׁקְרֵיהֶ֖ם וּבְפַחֲזוּתָ֑ם וְאָנֹכִ֨י לֹֽא־שְׁלַחְתִּ֜ים וְלֹ֣א צִוִּיתִ֗ים וְהוֹעֵ֛יל לֹֽא־יוֹעִ֥ילוּ לָֽעָם־הַזֶּ֖ה נְאֻם־יְהוָֽה׃ | 32 |
၃၂မှား သောအိပ်မက် ကိုဟော ပြော၍၊ မုသာ စကား နှင့် အချည်းနှီး စကားအားဖြင့် ငါ ၏လူမျိုး ကိုမှားယွင်း စေသော ပရောဖက်တို့ကို ငါ သည် ဆန့်ကျင် ဘက်ပြုမည်။ သူ တို့ကို ငါ မ စေလွှတ် ၊ မ မှာ ထားသောကြောင့် ၊ ဤ လူမျိုး သည် ကျေးဇူး မ ရှိဟု ထာဝရဘုရား မိန့် တော်မူ၏။
וְכִי־יִשְׁאָלְךָ֩ הָעָ֨ם הַזֶּ֜ה אֽוֹ־הַנָּבִ֤יא אֽוֹ־כֹהֵן֙ לֵאמֹ֔ר מַה־מַשָּׂ֖א יְהוָ֑ה וְאָמַרְתָּ֤ אֲלֵיהֶם֙ אֶת־מַה־מַשָּׂ֔א וְנָטַשְׁתִּ֥י אֶתְכֶ֖ם נְאֻם־יְהוָֽה׃ | 33 |
၃၃ဤ လူမျိုး တွင် ဆင်းရဲသားဖြစ်စေ၊ ပရောဖက် ဖြစ်စေ ၊ ယဇ်ပုရောဟိတ် ဖြစ်စေ၊ တစုံတယောက်က၊ ထာဝရဘုရား ၏ ဗျာဒိတ် တော်အဘယ်သို့ နည်းဟု သင့် ကို မေး လျှင် ၊ ပြန် ပြော ရမည်မှာ၊ သင်တို့နှင့်ဆိုင်သော ဗျာဒိတ် တော်ဟူမူကား၊ သင် တို့ကို ငါစွန့်ပစ် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
וְהַנָּבִ֤יא וְהַכֹּהֵן֙ וְהָעָ֔ם אֲשֶׁ֥ר יֹאמַ֖ר מַשָּׂ֣א יְהוָ֑ה וּפָקַדְתִּ֛י עַל־הָאִ֥ישׁ הַה֖וּא וְעַל־בֵּיתֽוֹ׃ | 34 |
၃၄ထာဝရဘုရား ၏ ဗျာဒိတ် တော်ရှိသည်ဟု ပြော ဆို သော ပရောဖက် ၊ ယဇ်ပုရောဟိတ် ၊ ပြည်သူ ပြည်သားကို၎င်း၊ ထိုသူ ၏ အိမ် သူအိမ်သားတို့ကို၎င်း၊ ငါသည် ဒဏ်ပေး မည်။
כֹּ֥ה תֹאמְר֛וּ אִ֥ישׁ עַל־רֵעֵ֖הוּ וְאִ֣ישׁ אֶל־אָחִ֑יו מֶה־עָנָ֣ה יְהוָ֔ה וּמַה־דִּבֶּ֖ר יְהוָֽה׃ | 35 |
၃၅သင်တို့က၊ ထာဝရဘုရား သည် အဘယ် သို့ပြန်ပြော တော်မူသနည်းဟူ၍၎င်း ၊ အဘယ်သို့ မိန့် တော်မူသနည်းဟူ၍၎င်း ၊ အိမ်နီးချင်း ၊ ညီအစ်ကို ချင်း တယောက် ကို တယောက် မေးမြန်း ရမည်။
וּמַשָּׂ֥א יְהוָ֖ה לֹ֣א תִזְכְּרוּ־ע֑וֹד כִּ֣י הַמַּשָּׂ֗א יִֽהְיֶה֙ לְאִ֣ישׁ דְּבָר֔וֹ וַהֲפַכְתֶּ֗ם אֶת־דִּבְרֵי֙ אֱלֹהִ֣ים חַיִּ֔ים יְהוָ֥ה צְבָא֖וֹת אֱלֹהֵֽינוּ׃ | 36 |
၃၆ထာဝရဘုရား ၏ ဗျာဒိတ် တော်ရှိသည်ဟူ၍နောက် တဖန် မ ဆို ရ။ လူ တိုင်းမိမိ စကား မှတပါး အခြား သောဗျာဒိတ် တော်မရှိရ။ အကြောင်းမူကား၊ သင်တို့သည် အသက်ရှင် တော်မူသောဘုရား ၊ ငါ တို့၏ ဘုရား သခင်တည်းဟူသောကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရား ၏ စကား တော်ကို ဖျက် ကြပြီ။
כֹּ֥ה תֹאמַ֖ר אֶל־הַנָּבִ֑יא מֶה־עָנָ֣ךְ יְהוָ֔ה וּמַה־דִּבֶּ֖ר יְהוָֽה׃ | 37 |
၃၇ထာဝရဘုရား သည် သင့် အား အဘယ်သို့ ပြန်ပြော တော်မူသနည်း။ ထာဝရဘုရား သည် အဘယ်သို့ မိန့် တော်မူသနည်းဟု ပရောဖက် ကို မေး လော့။
וְאִם־מַשָּׂ֣א יְהוָה֮ תֹּאמֵרוּ֒ לָכֵ֗ן כֹּ֚ה אָמַ֣ר יְהוָ֔ה יַ֧עַן אֲמָרְכֶ֛ם אֶת־הַדָּבָ֥ר הַזֶּ֖ה מַשָּׂ֣א יְהוָ֑ה וָאֶשְׁלַ֤ח אֲלֵיכֶם֙ לֵאמֹ֔ר לֹ֥א תֹאמְר֖וּ מַשָּׂ֥א יְהוָֽה׃ | 38 |
၃၈သင်တို့က၊ ထာဝရဘုရား ၏ ဗျာဒိတ် တော်ဟု ဆို ကြသည်ဖြစ်၍ ၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ထာဝရဘုရား ၏ ဗျာဒိတ် တော်ရှိ သည်ဟု မ ဆို ရမည် အကြောင်း၊ ငါပညတ် သော်လည်း ၊ သင် တို့သည် ထာဝရဘုရား ၏ ဗျာဒိတ် တော်ရှိ သည်ဟူသောစကား ကို သုံး ကြ သောကြောင့် ၊
לָכֵ֣ן הִנְנִ֔י וְנָשִׁ֥יתִי אֶתְכֶ֖ם נָשֹׁ֑א וְנָטַשְׁתִּ֣י אֶתְכֶ֗ם וְאֶת־הָעִיר֙ אֲשֶׁ֨ר נָתַ֧תִּי לָכֶ֛ם וְלַאֲבוֹתֵיכֶ֖ם מֵעַ֥ל פָּנָֽי׃ | 39 |
၃၉ငါသည် သင် တို့ကို၎င်း၊ သင် တို့နှင့် ဘိုးဘေး တို့ အား ငါပေး သော မြို့ ကို၎င်း၊ ငါ့ ထံမှ အကုန်အစင်ကျုံး ၍ ပစ်လိုက်မည်။
וְנָתַתִּ֥י עֲלֵיכֶ֖ם חֶרְפַּ֣ת עוֹלָ֑ם וּכְלִמּ֣וּת עוֹלָ֔ם אֲשֶׁ֖ר לֹ֥א תִשָּׁכֵֽחַ׃ ס | 40 |
၄၀အစဉ်အမြဲ မ မေ့လျော့ နိုင်သော ထာဝရ ကဲ့ရဲ့ ခြင်းနှင့် အရှက်ကွဲ ခြင်းကို သင် တို့အပေါ် မှာ သက်ရောက် စေမည်။