< יִרְמְיָהוּ 12 >

צַדִּ֤יק אַתָּה֙ יְהוָ֔ה כִּ֥י אָרִ֖יב אֵלֶ֑יךָ אַ֤ךְ מִשְׁפָּטִים֙ אֲדַבֵּ֣ר אוֹתָ֔ךְ מַדּ֗וּעַ דֶּ֤רֶךְ רְשָׁעִים֙ צָלֵ֔חָה שָׁל֖וּ כָּל־בֹּ֥גְדֵי בָֽגֶד׃ 1
အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​၏​အ​မှု​ကို အ​ထံ​တော်​တွင်​လျှောက်​လဲ​ရ​သော် ကိုယ်​တော်​ရှင်​သာ​လျှင်​ဖြောင့်​မတ်​သော​အ​ရှင် ဖြစ်​ပါ​သည်။ သို့​ရာ​တွင်​တ​ရား​မျှ​တ​မှု​ရှိ​မ​ရှိ​နှင့်​ပတ် သက်​၍ ကျွန်​တော်​မျိုး​လျှောက်​ထား​လို​ပါ​၏။ အ​ဘယ်​ကြောင့်​သူ​ယုတ်​မာ​တို့​သည် ချမ်း​သာ​ကြွယ်​ဝ​ကြ​ပါ​သ​နည်း။ မ​ရိုး​မ​ဖြောင့်​သူ​တို့​သည်​အ​ဘယ်​ကြောင့် အေး​ချမ်း​စွာ​နေ​ရ​ပါ​သ​နည်း။
נְטַעְתָּם֙ גַּם־שֹׁרָ֔שׁוּ יֵלְכ֖וּ גַּם־עָ֣שׂוּ פֶ֑רִי קָר֤וֹב אַתָּה֙ בְּפִיהֶ֔ם וְרָח֖וֹק מִכִּלְיוֹתֵיהֶֽם׃ 2
ကိုယ်​တော်​ရှင်​သည်​သူ​တို့​အား​စိုက်​ပျိုး​တော် မူ​သ​ဖြင့် သူ​တို့​သည်​အ​မြစ်​စွဲ​ကာ​ကြီး​ပွား​လျက် အ​သီး​အ​နှံ​များ​အောင်​ကြ​ပါ​၏။ သူ​တို့​သည်​အ​စဉ်​ပင်​ကိုယ်​တော်​ရှင်​ကောင်း မြတ် တော်​မူ​ကြောင်း​ကို​ပြော​ဆို​ကြ​သော်​လည်း၊ အ​မှန်​အား​ဖြင့်​ကိုယ်​တော်​ရှင်​ကို​ပ​မာ​ဏ မပြု​ကြ​ပါ။
וְאַתָּ֤ה יְהוָה֙ יְדַעְתָּ֔נִי תִּרְאֵ֕נִי וּבָחַנְתָּ֥ לִבִּ֖י אִתָּ֑ךְ הַתִּקֵם֙ כְּצֹ֣אן לְטִבְחָ֔ה וְהַקְדִּשֵׁ֖ם לְי֥וֹם הֲרֵגָֽה׃ ס 3
သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​၏​အ​ကြောင်း​ကို​သိ​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​ပြု​ကျင့်​သည့်​အ​မှု​ကို​လည်းကောင်း၊ ကိုယ်​တော်​ရှင်​အား၊ကျွန်​တော်​မျိုး​၏​အ​ကြံ အ​စည် ကို​လည်း​ကောင်း​သိ​မြင်​တော်​မူ​ပါ​၏။ ထို​ဆိုး​ညစ်​သူ​တို့​အား​အ​သတ်​ခံ​ရ​မည့်​သိုး များ​ကဲ့​သို့ ဆွဲ​ထုတ်​သွား​တော်​မူ​ပါ​၏။ အ​သတ်​ခံ​ရ​ချိန်​မ​တိုင်​မီ​သူ​တို့​အား စောင့်​ကြပ်​ထား​တော်​မူ​ပါ​၏။
עַד־מָתַי֙ תֶּאֱבַ֣ל הָאָ֔רֶץ וְעֵ֥שֶׂב כָּל־הַשָּׂדֶ֖ה יִיבָ֑שׁ מֵרָעַ֣ת יֹֽשְׁבֵי־בָ֗הּ סָפְתָ֤ה בְהֵמוֹת֙ וָע֔וֹף כִּ֣י אָמְר֔וּ לֹ֥א יִרְאֶ֖ה אֶת־אַחֲרִיתֵֽנוּ׃ 4
ကျွန်​တော်​မျိုး​တို့​၏​ပြည်​သည်​အ​ဘယ်​မျှ ကြာ​ကြာ ခြောက်​သွေ့​လျက်၊ လယ်​ကွင်း​များ​ရှိ​မြက်​တို့​သည်​လည်း၊အ​ဘယ်​မျှ ကြာ​ကြာ​ညှိုး​နွမ်း​လျက်​နေ​ရ​ပါ​မည်​နည်း။ `ငါ​တို့​ပြု​ကျင့်​ပုံ​ကို​ဘု​ရား​သ​ခင်​တွေ့​မြင်​တော် မမူ' ဟု​ပြော​ဆို​ကြ​သည့် ဤ​ပြည်​သူ​တို့​၏​ယုတ်​မာ​မှု​ကြောင့်​ငှက်​များ၊ တိ​ရစ္ဆာန်​များ​သည်​သေ​ကြေ​ပျက်​စီး​လျက်​ရှိ ပါ​၏။''
כִּ֣י אֶת־רַגְלִ֥ים ׀ רַ֙צְתָּה֙ וַיַּלְא֔וּךָ וְאֵ֥יךְ תְּתַֽחֲרֶ֖ה אֶת־הַסּוּסִ֑ים וּבְאֶ֤רֶץ שָׁלוֹם֙ אַתָּ֣ה בוֹטֵ֔חַ וְאֵ֥יךְ תַּעֲשֶׂ֖ה בִּגְא֥וֹן הַיַּרְדֵּֽן׃ 5
ထာ​ဝ​ရ​ဘု​ရား​က``ယေ​ရ​မိ၊အ​ကယ်​၍​သင်​သည် လူ​တို့​နှင့်​အ​ပြေး​ပြိုင်​ရာ​တွင်​မော​ပန်း​နေ​ပါ​မူ မြင်း​များ​နှင့်​အ​ဘယ်​သို့​အ​ပြေး​ပြိုင်​နိုင်​မည် နည်း။ သင်​သည်​လွင်​ပြင်​တွင်​လဲ​နေ​လျှင်​ယော်​ဒန်​မြစ် အ​နီး​ရှိ တော​အုပ်​များ​၌​အ​ဘယ်​သို့​ခံ​ရပ်​နိုင်​မည်​နည်း။
כִּ֧י גַם־אַחֶ֣יךָ וּבֵית־אָבִ֗יךָ גַּם־הֵ֙מָּה֙ בָּ֣גְדוּ בָ֔ךְ גַּם־הֵ֛מָּה קָרְא֥וּ אַחֲרֶ֖יךָ מָלֵ֑א אַל־תַּאֲמֵ֣ן בָּ֔ם כִּֽי־יְדַבְּר֥וּ אֵלֶ֖יךָ טוֹבֽוֹת׃ ס 6
သင်​၏​အိမ်​ထောင်​စု​သား​များ၊သင့်​ညီ​အစ်​ကို များ ပင်​လျှင်​သင့်​အား​သစ္စာ​ဖောက်​ကြ​လေ​ပြီ။ သူ​တို့​သည်​သင်​၏​တစ်​ဘက်​မှ​ဝင်​၍​သင့်​အား အော်​ဟစ်​နေ​ကြ​၏။ သူ​တို့​သည်​သင့်​အား​နှုတ်​ချို​စွာ​ပြော​သော်​လည်း သူ​တို့​ကို​သင်​မ​ယုံ​နှင့်'' ဟု​မိန့်​တော်​မူ​၏။
עָזַ֙בְתִּי֙ אֶת־בֵּיתִ֔י נָטַ֖שְׁתִּי אֶת־נַחֲלָתִ֑י נָתַ֛תִּי אֶת־יְדִד֥וּת נַפְשִׁ֖י בְּכַ֥ף אֹיְבֶֽיהָ׃ 7
ထာ​ဝ​ရ​ဘု​ရား​က၊ ``ငါ​သည်​ငါ​၏​အိမ်​ကို​စွန့်​ပစ်​လိုက်​လေ​ပြီ။ ငါ​ရွေး​ချယ်​ထား​သည့်​ငါ​၏​အ​မွေ​ခံ​ကို​ပစ်​ပယ် လိုက်​လေ​ပြီ။ ငါ​ချစ်​မြတ်​နိုး​သည့်​လူ​တို့​အား​ရန်​သူ​များ​၏ လက်​သို့ အပ်​နှံ​လိုက်​လေ​ပြီ။
הָיְתָה־לִּ֥י נַחֲלָתִ֖י כְּאַרְיֵ֣ה בַיָּ֑עַר נָתְנָ֥ה עָלַ֛י בְּקוֹלָ֖הּ עַל־כֵּ֥ן שְׂנֵאתִֽיהָ׃ 8
ငါ​ရွေး​ချယ်​ထား​သည့်​ငါ​၏​အ​မွေ​ခံ​တို့​သည် တော​တွင်း​မှ​ခြင်္သေ့​ကဲ့​သို့​ငါ့​ကို​တော်​လှန်​ကြ လေ​ပြီ။ သူ​တို့​သည်​ငါ့​ကို​ဟိန်း​ဟောက်​ကြ​သ​ဖြင့် ငါ​သည်​သူ​တို့​ကို​မုန်း​၏။
הַעַ֨יִט צָב֤וּעַ נַחֲלָתִי֙ לִ֔י הַעַ֖יִט סָבִ֣יב עָלֶ֑יהָ לְכ֗וּ אִסְפ֛וּ כָּל־חַיַּ֥ת הַשָּׂדֶ֖ה הֵתָ֥יוּ לְאָכְלָֽה׃ 9
ငါ​ရွေး​ချယ်​ထား​သည့်​ငါ​၏​အ​မွေ​ခံ​သည်​သိမ်း ငှက်​များ ဝိုင်း​ဝန်း​၍​ထိုး​ဆိတ်​ခံ​ရ​သည့်​ငှက်​နှင့်​တူ​၏။ သား​ရဲ​တိ​ရစ္ဆာန်​တို့​လာ​၍​စား​သောက်​ကြ​ရန် ခေါ်​ဖိတ်​လော့။
רֹעִ֤ים רַבִּים֙ שִֽׁחֲת֣וּ כַרְמִ֔י בֹּסְס֖וּ אֶת־חֶלְקָתִ֑י נָֽתְנ֛וּ אֶת־חֶלְקַ֥ת חֶמְדָּתִ֖י לְמִדְבַּ֥ר שְׁמָמָֽה׃ 10
၁၀လူ​မျိုး​ခြား​ဘု​ရင်​အ​များ​ပင်​ငါ​၏ စ​ပျစ် ဥ​ယျာဉ်​ကို​ဖျက်​ဆီး​ပစ်​ကြ​လေ​ပြီ။ သူ​တို့​သည်​ငါ​၏​လယ်​ယာ​များ​ကို နင်း​ချေ​ပစ်​ကြ​လေ​ပြီ။ နှစ်​သက်​ဖွယ်​ကောင်း​သည့်​ငါ့​ပြည်​တော် ကို သဲ​ကန္တာ​ရ​ဖြစ်​စေ​ကြ​လေ​ပြီ။
שָׂמָהּ֙ לִשְׁמָמָ֔ה אָבְלָ֥ה עָלַ֖י שְׁמֵמָ֑ה נָשַׁ֙מָּה֙ כָּל־הָאָ֔רֶץ כִּ֛י אֵ֥ין אִ֖ישׁ שָׂ֥ם עַל־לֵֽב׃ 11
၁၁သူ​တို့​သည်​ထို​ပြည်​ကို​မြေ​ရိုင်း​ဖြစ်​စေ​ကြ လေ​ပြီ။ ထို​ပြည်​သည်​ငါ​၏​ရှေ့​မှောက်​၌​လူ​သူ ကင်း​မဲ့​လျက်​ရှိ​၏။ တစ်​ပြည်​လုံး​ပင်​စွန့်​ပစ်​ခြင်း​ခံ​ရ​၍​အ​ဘယ်​သူ​မျှ ဂ​ရု​မ​စိုက်​ကြ။
עַֽל־כָּל־שְׁפָיִ֣ם בַּמִּדְבָּ֗ר בָּ֚אוּ שֹֽׁדְדִ֔ים כִּ֣י חֶ֤רֶב לַֽיהוָה֙ אֹֽכְלָ֔ה מִקְצֵה־אֶ֖רֶץ וְעַד־קְצֵ֣ה הָאָ֑רֶץ אֵ֥ין שָׁל֖וֹם לְכָל־בָּשָֽׂר׃ ס 12
၁၂လူ​တို့​သည်​တိုက်​ခိုက်​လု​ယက်​ရန်​သဲ​ကန္တာ​ရ​ရှိ ကုန်း​မြင့်​များ​ကို​ဖြတ်​၍​လာ​လေ​ပြီ။ ဤ​ပြည်​တစ်​ခု​လုံး​ကို​ဖျက်​ဆီး​ချေ​မှုန်း​ပစ်​ရန် ငါ​သည်​စစ်​ပွဲ​ကို​ဖြစ်​ပွား​စေ​လေ​ပြီ။ အ​ဘယ်​သူ​မျှ​ငြိမ်း​ချမ်း​စွာ​မ​နေ​မ​ထိုင် ရ​ကြ။
זָרְע֤וּ חִטִּים֙ וְקֹצִ֣ים קָצָ֔רוּ נֶחְל֖וּ לֹ֣א יוֹעִ֑לוּ וּבֹ֙שׁוּ֙ מִתְּבוּאֹ֣תֵיכֶ֔ם מֵחֲר֖וֹן אַף־יְהוָֽה׃ ס 13
၁၃ငါ​၏​လူ​မျိုး​တော်​သည်​ဂျုံ​စ​ပါး​ကို​စိုက်​ပျိုး သော်​လည်း ဆူး​ပင်​များ​ကို​ရိတ်​သိမ်း​ရ​ကြ​၏။ သူ​တို့​သည်​အ​လုပ်​ကို​ကြိုး​စား​၍​လုပ်​သော် လည်း အ​ဘယ်​သို့​မျှ​အ​ကျိုး​မ​ရှိ။ ငါ​၏​အ​မျက်​တော်​ပြင်း​ထန်​မှု​ကြောင့် သူ​တို့​သည်​ရှက်​ကြောက်​ခြင်း​သီး​နှံ​ကို ရိတ်​သိမ်း ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
כֹּ֣ה ׀ אָמַ֣ר יְהוָ֗ה עַל־כָּל־שְׁכֵנַי֙ הָֽרָעִ֔ים הַנֹּֽגְעִים֙ בַּֽנַּחֲלָ֔ה אֲשֶׁר־הִנְחַ֥לְתִּי אֶת־עַמִּ֖י אֶת־יִשְׂרָאֵ֑ל הִנְנִ֤י נֹֽתְשָׁם֙ מֵעַ֣ל אַדְמָתָ֔ם וְאֶת־בֵּ֥ית יְהוּדָ֖ה אֶתּ֥וֹשׁ מִתּוֹכָֽם׃ 14
၁၄ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ငါ​အ​မွေ​ပေး​အပ်​ခဲ့​သည့် ပြည်​တော်​ကို​ပျက်​စီး​ယို​ယွင်း​စေ​သော ဣ​သ​ရေ​လ ပြည်​၏​အိမ်​နီး​ချင်း​နိုင်​ငံ​တို့​နှင့်​ပတ်​သက်​၍​ငါ ပြော​စ​ရာ​ရှိ​၏။ ငါ​သည်​ထို​သူ​ယုတ်​မာ​တို့​အား အ​မြစ်​ပြုတ်​သည့်​အ​ပင်​ငယ်​ကဲ့​သို့​သူ​တို့​ပြည် မှ​ဆွဲ​ထုတ်​မည်။ ယု​ဒ​ပြည်​ကို​သူ​တို့​လက်​မှ ဆွဲ​ထုတ်​ကယ်​ဆယ်​မည်။-
וְהָיָ֗ה אַֽחֲרֵי֙ נָתְשִׁ֣י אוֹתָ֔ם אָשׁ֖וּב וְרִֽחַמְתִּ֑ים וַהֲשִׁבֹתִ֛ים אִ֥ישׁ לְנַחֲלָת֖וֹ וְאִ֥ישׁ לְאַרְצֽוֹ׃ 15
၁၅သို့​ရာ​တွင်​ငါ​သည်​သူ​တို့​အား​ယင်း​သို့​ဆွဲ ထုတ်​ပြီး​နောက်​က​ရု​ဏာ​ပြ​မည်။ ထို​လူ​မျိုး အ​သီး​သီး​ကို​မိ​မိ​တို့​ပိုင်​သည့်​နယ်​မြေ​သို့ လည်း​ကောင်း၊ မိ​မိ​တို့​၏​ပြည်​သို့​လည်း​ကောင်း ပြန်​လည်​ပို့​ဆောင်​မည်။-
וְהָיָ֡ה אִם־לָמֹ֣ד יִלְמְדוּ֩ אֶת־דַּֽרְכֵ֨י עַמִּ֜י לְהִשָּׁבֵ֤עַ בִּשְׁמִי֙ חַי־יְהוָ֔ה כַּאֲשֶׁ֤ר לִמְּדוּ֙ אֶת־עַמִּ֔י לְהִשָּׁבֵ֖עַ בַּבָּ֑עַל וְנִבְנ֖וּ בְּת֥וֹךְ עַמִּֽי׃ 16
၁၆အ​ကယ်​၍​သူ​တို့​သည်​ငါ့​လူ​မျိုး​တော်​၏ ဘာ​သာ​တ​ရား​ကို​လက်​ခံ​ကာ အ​ခါ​တစ်​ပါး က​ဗာ​လ​ဘု​ရား​အား​တိုင်​တည်​ကျိန်​ဆို​မှု ကို​သူ​တို့​သည် ငါ​၏​လူ​မျိုး​တော်​အား​သင် ကြား​ပေး​ခဲ့​သည့်​နည်း​တူ​ယ​ခု​အ​ခါ`ထာ​ဝ​ရ ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည့်​အ​တိုင်း' ဟု ငါ​၏​နာ​မ​တော်​အား​ဖြင့်​ကျိန်​ဆို​ကြ​ပါ​မူ သူ​တို့​သည်​ငါ​၏​လူ​မျိုး​တော်​တွင်​အ​ပါ အ​ဝင်​ဖြစ်​လျက်​ကောင်း​စား​ကြ​လိမ့်​မည်။-
וְאִ֖ם לֹ֣א יִשְׁמָ֑עוּ וְנָ֨תַשְׁתִּ֜י אֶת־הַגּ֥וֹי הַה֛וּא נָת֥וֹשׁ וְאַבֵּ֖ד נְאֻם־יְהוָֽה׃ ס 17
၁၇သို့​ရာ​တွင်​ငါ့​စ​ကား​ကို​နား​မ​ထောင်​သော လူ​မျိုး​ကို ငါ​သည်​အ​မြစ်​မှ​နုတ်​၍​ဖျက်​ဆီး ပစ်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

< יִרְמְיָהוּ 12 >