< דְּבָרִים 30 >
וְהָיָה֩ כִֽי־יָבֹ֨אוּ עָלֶ֜יךָ כָּל־הַדְּבָרִ֣ים הָאֵ֗לֶּה הַבְּרָכָה֙ וְהַקְּלָלָ֔ה אֲשֶׁ֥ר נָתַ֖תִּי לְפָנֶ֑יךָ וַהֲשֵׁבֹתָ֙ אֶל־לְבָבֶ֔ךָ בְּכָל־הַגּוֹיִ֔ם אֲשֶׁ֧ר הִדִּיחֲךָ֛ יְהוָ֥ה אֱלֹהֶ֖יךָ שָֽׁמָּה׃ | 1 |
၁သင့် ရှေ့ ၌ ငါထား ၍ အထက်ဆိုခဲ့ပြီး သမျှသော အရာတည်း ဟူသော ကောင်းကြီး မင်္ဂလာနှင့် ကျိန် ခြင်းအမင်္ဂလာတို့သည် သင့် အပေါ် မှာ ရောက် ၍ ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင့် ကို နှင်ထုတ် တော်မူရာ အပြည်ပြည် တို့၌ ထို အရာ တို့ကို အောက်မေ့ လျက်၊
וְשַׁבְתָּ֞ עַד־יְהוָ֤ה אֱלֹהֶ֙יךָ֙ וְשָׁמַעְתָּ֣ בְקֹל֔וֹ כְּכֹ֛ל אֲשֶׁר־אָנֹכִ֥י מְצַוְּךָ֖ הַיּ֑וֹם אַתָּ֣ה וּבָנֶ֔יךָ בְּכָל־לְבָבְךָ֖ וּבְכָל־נַפְשֶֽׁךָ׃ | 2 |
၂သင် ၏ဘုရားသခင် ထာဝရဘုရား ထံ တော်သို့ ပြန်လာ ၍ ၊ ယနေ့ ငါ မှာ ထားသမျှ အတိုင်း ၊ သင် နှင့် သားသမီး တို့သည် စကား တော်ကို စိတ်နှလုံး အကြွင်းမဲ့ နားထောင် လျှင်၊
וְשָׁ֨ב יְהוָ֧ה אֱלֹהֶ֛יךָ אֶת־שְׁבוּתְךָ֖ וְרִחֲמֶ֑ךָ וְשָׁ֗ב וְקִבֶּצְךָ֙ מִכָּל־הָ֣עַמִּ֔ים אֲשֶׁ֧ר הֱפִֽיצְךָ֛ יְהוָ֥ה אֱלֹהֶ֖יךָ שָֽׁמָּה׃ | 3 |
၃သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင် ခံရ သောသိမ်းသွား ခြင်းအမှုကို ကုန်စေမည် အကြောင်း၊ သင့် ကို သနား သဖြင့် တဖန် ပြန်လာ ၍၊ အထက်ကအရပ်ရပ်နှင်ထုတ် ရာ အပြည်ပြည် တို့မှ သိမ်းယူ တော်မူလိမ့်မည်။
אִם־יִהְיֶ֥ה נִֽדַּחֲךָ֖ בִּקְצֵ֣ה הַשָּׁמָ֑יִם מִשָּׁ֗ם יְקַבֶּצְךָ֙ יְהוָ֣ה אֱלֹהֶ֔יךָ וּמִשָּׁ֖ם יִקָּחֶֽךָ׃ | 4 |
၄သင်၏လူအချို့ တို့သည် မိုဃ်း ကောင်းကင်အောက် အဝေးဆုံးသော အရပ် သို့ နှင်ထုတ် ခြင်းကို ခံ ရသော်လည်း ၊ ထို အရပ်မှ သင် ၏ဘုရားသခင် ထာဝရဘုရား သိမ်းယူ ဆောင်ခဲ့တော်မူလိမ့်မည်။
וֶהֱבִֽיאֲךָ֞ יְהוָ֣ה אֱלֹהֶ֗יךָ אֶל־הָאָ֛רֶץ אֲשֶׁר־יָרְשׁ֥וּ אֲבֹתֶ֖יךָ וִֽירִשְׁתָּ֑הּ וְהֵיטִֽבְךָ֥ וְהִרְבְּךָ֖ מֵאֲבֹתֶֽיךָ׃ | 5 |
၅ဘိုးဘေး တို့ ဝင်စား သော ပြည် သို့ တဖန် ဆောင် ခဲ့ တော်မူသဖြင့် ၊ သင်သည် ဝင်စား ရလိမ့်မည်။ ထိုအခါ ကျေးဇူး ပြုတော်မူပြန်သဖြင့်၊ ဘိုးဘေး များတို့ထက် သင့် ကို သာ၍များ စေတော်မူလိမ့်မည်။
וּמָ֨ל יְהוָ֧ה אֱלֹהֶ֛יךָ אֶת־לְבָבְךָ֖ וְאֶת־לְבַ֣ב זַרְעֶ֑ךָ לְאַהֲבָ֞ה אֶת־יְהוָ֧ה אֱלֹהֶ֛יךָ בְּכָל־לְבָבְךָ֥ וּבְכָל־נַפְשְׁךָ֖ לְמַ֥עַן חַיֶּֽיךָ׃ | 6 |
၆သင် သည် အသက်ရှင် မည်အကြောင်း ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ကို စိတ်နှလုံး အကြွင်းမဲ့ ချစ် စေခြင်းငှာ ၊ သင့် နှလုံး နှင့် သင့် အမျိုး ၏ နှလုံး အရေဖျား ကို လှီးဖြတ်တော်မူလိမ့်မည်။
וְנָתַן֙ יְהוָ֣ה אֱלֹהֶ֔יךָ אֵ֥ת כָּל־הָאָל֖וֹת הָאֵ֑לֶּה עַל־אֹיְבֶ֥יךָ וְעַל־שֹׂנְאֶ֖יךָ אֲשֶׁ֥ר רְדָפֽוּךָ׃ | 7 |
၇သင် ၏ရန်သူ တည်းဟူသော သင့် ကိုမုန်း ၍ ညှဉ်းဆဲ သောသူတို့ အပေါ် ၌လည်း၊ အထက်ဆိုခဲ့ပြီးသော ကျိန် ခြင်းအမင်္ဂလာ ရှိသမျှ တို့ကို သက်ရောက် စေတော်မူလိမ့်မည်။
וְאַתָּ֣ה תָשׁ֔וּב וְשָׁמַעְתָּ֖ בְּק֣וֹל יְהוָ֑ה וְעָשִׂ֙יתָ֙ אֶת־כָּל־מִצְוֹתָ֔יו אֲשֶׁ֛ר אָנֹכִ֥י מְצַוְּךָ֖ הַיּֽוֹם׃ | 8 |
၈သင် သည် ပြန် လာလျက် ထာဝရဘုရား ၏ စကား တော်ကို နားထောင် ၍ ၊ ယနေ့ ငါ မှာ ထားသမျှ သော ပညတ် တော်တို့ကို စောင့်ရှောက် လိမ့်မည်။
וְהוֹתִֽירְךָ֩ יְהוָ֨ה אֱלֹהֶ֜יךָ בְּכֹ֣ל ׀ מַעֲשֵׂ֣ה יָדֶ֗ךָ בִּפְרִ֨י בִטְנְךָ֜ וּבִפְרִ֧י בְהֶמְתְּךָ֛ וּבִפְרִ֥י אַדְמָתְךָ֖ לְטוֹבָ֑ה כִּ֣י ׀ יָשׁ֣וּב יְהוָ֗ה לָשׂ֤וּשׂ עָלֶ֙יךָ֙ לְט֔וֹב כַּאֲשֶׁר־שָׂ֖שׂ עַל־אֲבֹתֶֽיךָ׃ | 9 |
၉သင်သည် သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ စကား တော်ကို နားထောင် ၍၊
כִּ֣י תִשְׁמַ֗ע בְּקוֹל֙ יְהוָ֣ה אֱלֹהֶ֔יךָ לִשְׁמֹ֤ר מִצְוֹתָיו֙ וְחֻקֹּתָ֔יו הַכְּתוּבָ֕ה בְּסֵ֥פֶר הַתּוֹרָ֖ה הַזֶּ֑ה כִּ֤י תָשׁוּב֙ אֶל־יְהוָ֣ה אֱלֹהֶ֔יךָ בְּכָל־לְבָבְךָ֖ וּבְכָל־נַפְשֶֽׁךָ׃ פ | 10 |
၁၀ဤ ပညတ္တိ ကျမ်းစာ ၌ ရေး ထားသော စီရင် ထုံးဖွဲ့တော်မူချက်တို့ကို စောင့်ရှောက် လျှင် ၎င်း၊ သင် ၏ဘုရားသခင် ထာဝရဘုရား ထံ တော်သို့ စိတ် နှလုံးအကြွင်းမဲ့ ပြန် လာလျှင် ၎င်း၊ သင် ပြု လေရာရာ ၌ အောင်မည်အကြောင်းနှင့် သင် ၏သားသမီး ၊ တိရစ္ဆာန် ၊ အသီးအနှံတိုးပွားများပြား မည်အကြောင်းကို စီရင်၍ သင့်အကျိုးကို ပြုစုတော်မူလိမ့်မည်။ ထာဝရဘုရား သည် သင် ၏ဘိုးဘေး တို့၌ အားရ ဝမ်းမြောက်သကဲ့သို့ သင် ၌ အားရ ဝမ်းမြောက်၍၊ သင့်အကျိုးကို ပြုစုတော်မူလိမ့်မည်။
כִּ֚י הַמִּצְוָ֣ה הַזֹּ֔את אֲשֶׁ֛ר אָנֹכִ֥י מְצַוְּךָ֖ הַיּ֑וֹם לֹֽא־נִפְלֵ֥את הִוא֙ מִמְּךָ֔ וְלֹ֥א רְחֹקָ֖ה הִֽוא׃ | 11 |
၁၁ယနေ့ ငါ မှာထား သော ပညတ် တရားတော် သည် သင် နားမလည် နိုင်သော တရားမဟုတ်။
לֹ֥א בַשָּׁמַ֖יִם הִ֑וא לֵאמֹ֗ר מִ֣י יַעֲלֶה־לָּ֤נוּ הַשָּׁמַ֙יְמָה֙ וְיִקָּחֶ֣הָ לָּ֔נוּ וְיַשְׁמִעֵ֥נוּ אֹתָ֖הּ וְנַעֲשֶֽׂנָּה׃ | 12 |
၁၂သင် နှင့် ဝေး သည်မဟုတ်။ တရားတော်ကို ငါ တို့ သည် နားထောင် ၍ စောင့်ရှောက် မည်အကြောင်း ၊ ကောင်းကင် သို့ အဘယ်သူ တက် ၍ ငါ တို့ထံသို့ ဆောင် ခဲ့ လိမ့်မည်နည်းဟုမေး စေခြင်းငှာ ကောင်းကင် ၌ ရှိသည် မ ဟုတ်။
וְלֹֽא־מֵעֵ֥בֶר לַיָּ֖ם הִ֑וא לֵאמֹ֗ר מִ֣י יַעֲבָר־לָ֜נוּ אֶל־עֵ֤בֶר הַיָּם֙ וְיִקָּחֶ֣הָ לָּ֔נוּ וְיַשְׁמִעֵ֥נוּ אֹתָ֖הּ וְנַעֲשֶֽׂנָּה׃ | 13 |
၁၃တရားတော်ကို ငါတို့သည် နားထောင်၍ စောင့်ရှောက် မည်အကြောင်း၊ ပင်လယ် ကို အဘယ်သူ ကူး ၍ ငါတို့ထံသို့ဆောင်ခဲ့လိမ့်မည်နည်းဟုမေး စေခြင်းငှာ၊ ပင်လယ် တဘက် ၌ ရှိသည်မဟုတ်။
כִּֽי־קָר֥וֹב אֵלֶ֛יךָ הַדָּבָ֖ר מְאֹ֑ד בְּפִ֥יךָ וּבִֽלְבָבְךָ֖ לַעֲשֹׂתֽוֹ׃ ס | 14 |
၁၄တရား တော်သည် သင်စောင့်ရှောက် ဘို့ ရာသင် နှင့် အလွန်နီး ၏။ သင် ၏နှုတ် ၌ ၎င်း၊ သင် ၏နှလုံး ၌ ၎င်း ရှိ၏။
רְאֵ֨ה נָתַ֤תִּי לְפָנֶ֙יךָ֙ הַיּ֔וֹם אֶת־הַֽחַיִּ֖ים וְאֶת־הַטּ֑וֹב וְאֶת־הַמָּ֖וֶת וְאֶת־הָרָֽע׃ | 15 |
၁၅ကြည့် ပါတော့၊ အသက်ရှင် ခြင်း ချမ်းသာ နှင့် သေ ခြင်း ဆင်းရဲ တို့ကို သင့် ရှေ့ မှာ ယနေ့ ငါထား ၏။
אִם־תִּשְׁמַע אֶל מִצְוֹת יְהוָה אֱלֹהֶיךָ אֲשֶׁ֨ר אָנֹכִ֣י מְצַוְּךָ֮ הַיּוֹם֒ לְאַהֲבָ֞ה אֶת־יְהוָ֤ה אֱלֹהֶ֙יךָ֙ לָלֶ֣כֶת בִּדְרָכָ֔יו וְלִשְׁמֹ֛ר מִצְוֹתָ֥יו וְחֻקֹּתָ֖יו וּמִשְׁפָּטָ֑יו וְחָיִ֣יתָ וְרָבִ֔יתָ וּבֵֽרַכְךָ֙ יְהוָ֣ה אֱלֹהֶ֔יךָ בָּאָ֕רֶץ אֲשֶׁר־אַתָּ֥ה בָא־שָׁ֖מָּה לְרִשְׁתָּֽהּ׃ | 16 |
၁၆သင်သည် အသက်ရှင် ၍ တိုးပွား မည်အကြောင်းနှင့် သင် ဝင်စား လတံ့သောပြည် ၌ ၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ကို ကောင်းကြီး ပေးတော်မူမည် အကြောင်း၊ သင် ၏ဘုရားသခင် ထာဝရဘုရား ကို ချစ် သဖြင့် နောက် တော်သို့ လိုက် ၍ ၊ စီရင် ထုံးဖွဲ့တော်မူချက်ပညတ် တရားတော်တို့ကို စောင့်ရှောက် လော့ဟု ငါ မှာထား ၏။
וְאִם־יִפְנֶ֥ה לְבָבְךָ֖ וְלֹ֣א תִשְׁמָ֑ע וְנִדַּחְתָּ֗ וְהִֽשְׁתַּחֲוִ֛יתָ לֵאלֹהִ֥ים אֲחֵרִ֖ים וַעֲבַדְתָּֽם׃ | 17 |
၁၇သို့မဟုတ်သင့် နှလုံး လွဲ သွားသဖြင့် ၊ သင်သည် နား မ ထောင်ဘဲ သူတပါး သွေးဆောင် ရာသို့ လိုက်၍ ၊ အခြား တပါးသောဘုရား တို့ကို ဝတ်ပြု ကိုးကွယ်လျှင်၊
הִגַּ֤דְתִּי לָכֶם֙ הַיּ֔וֹם כִּ֥י אָבֹ֖ד תֹּאבֵד֑וּן לֹא־תַאֲרִיכֻ֤ן יָמִים֙ עַל־הָ֣אֲדָמָ֔ה אֲשֶׁ֨ר אַתָּ֤ה עֹבֵר֙ אֶת־הַיַּרְדֵּ֔ן לָבֹ֥א שָׁ֖מָּה לְרִשְׁתָּֽהּ׃ | 18 |
၁၈ယော်ဒန် မြစ်ကို ကူး ၍ ဝင်စား လတံ့သော ပြည် ၌ အသက်တာ မ ရှည် ၊ ဧကန်အမှန်ပျက်စီး ခြင်းသို့ ရောက် လိမ့်မည်ဟု ယနေ့ ငါသတိ ပေး၏။
הַעִידֹ֨תִי בָכֶ֣ם הַיּוֹם֮ אֶת־הַשָּׁמַ֣יִם וְאֶת־הָאָרֶץ֒ הַחַיִּ֤ים וְהַמָּ֙וֶת֙ נָתַ֣תִּי לְפָנֶ֔יךָ הַבְּרָכָ֖ה וְהַקְּלָלָ֑ה וּבָֽחַרְתָּ֙ בַּֽחַיִּ֔ים לְמַ֥עַן תִּחְיֶ֖ה אַתָּ֥ה וְזַרְעֶֽךָ׃ | 19 |
၁၉အသက်ရှင် ခြင်း၊ သေ ခြင်း၊ ကောင်းကြီး ပေး ခြင်း၊ ကျိန် ခြင်းတို့ကို သင့် ရှေ့ ၌ ငါထား သည်ဟု သင့် တဘက် ၌ ကောင်းကင် မြေကြီး ကို ငါတိုင်တည် ၏။
לְאַֽהֲבָה֙ אֶת־יְהוָ֣ה אֱלֹהֶ֔יךָ לִשְׁמֹ֥עַ בְּקֹל֖וֹ וּלְדָבְקָה־ב֑וֹ כִּ֣י ה֤וּא חַיֶּ֙יךָ֙ וְאֹ֣רֶךְ יָמֶ֔יךָ לָשֶׁ֣בֶת עַל־הָאֲדָמָ֗ה אֲשֶׁר֩ נִשְׁבַּ֨ע יְהוָ֧ה לַאֲבֹתֶ֛יךָ לְאַבְרָהָ֛ם לְיִצְחָ֥ק וּֽלְיַעֲקֹ֖ב לָתֵ֥ת לָהֶֽם׃ פ | 20 |
၂၀သို့ဖြစ်၍ ၊ သင် နှင့် သင့် အမျိုးအနွယ် သည် အသက်ရှင် မည် အကြောင်း နှင့်၎င်း၊ သင် ၏ဘုရားသခင် ထာဝရဘုရား ကို ချစ် ၍ စကား တော်ကို နားထောင် သဖြင့် ၊ အသက်ရှင် ခြင်းအကျိုး၊ အသက်တာ ရှည် ခြင်း အကျိုးကိုပေး တော်မူသောကိုယ်တော် ကို ဆည်းကပ် မှီဝဲ မည် အကြောင်း နှင့် ၎င်း၊ ထာဝရဘုရား သည် သင် ၏ဘိုးဘေး အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့အား ကျိန်ဆို တော်မူ သော ပြည် ၌ နေ မည်အကြောင်း နှင့် ယှဉ်သော အသက် တရားကို ရွေးယူ လော့ဟု ဣသရေလအမျိုးအား ဟောပြော ၏။