< דְּבָרִים 15 >
מִקֵּ֥ץ שֶֽׁבַע־שָׁנִ֖ים תַּעֲשֶׂ֥ה שְׁמִטָּֽה׃ | 1 |
၁ခုနစ် နှစ် တခါ လွှတ် ခြင်းကို ပြု ရမည်။
וְזֶה֮ דְּבַ֣ר הַשְּׁמִטָּה֒ שָׁמ֗וֹט כָּל־בַּ֙עַל֙ מַשֵּׁ֣ה יָד֔וֹ אֲשֶׁ֥ר יַשֶּׁ֖ה בְּרֵעֵ֑הוּ לֹֽא־יִגֹּ֤שׂ אֶת־רֵעֵ֙הוּ֙ וְאֶת־אָחִ֔יו כִּֽי־קָרָ֥א שְׁמִטָּ֖ה לַֽיהוָֽה׃ | 2 |
၂လွှတ် ခြင်းတရား ဟူမူကား ၊ ကိုယ် နှင့်စပ်ဆိုင် သောသူအား ဥစ္စာကို ချေးငှားသော ကြွေးရှင် မည်သည်ကား၊ ထို ကြွေး ကို လွှတ် ရမည်။ ထာဝရဘုရား လွှတ် ခြင်းကာလဖြစ်သောကြောင့် ၊ ထိုကြွေးကို အိမ်နီးချင်း၊ ညီအစ်ကို ချင်း၌ မ တောင်း ရ။
אֶת־הַנָּכְרִ֖י תִּגֹּ֑שׂ וַאֲשֶׁ֨ר יִהְיֶ֥ה לְךָ֛ אֶת־אָחִ֖יךָ תַּשְׁמֵ֥ט יָדֶֽךָ׃ | 3 |
၃တကျွန်း တနိုင်ငံသား၌ တောင်း ရသောအခွင့် ရှိ၏။ ညီအစ်ကို ၌ ရှိ သောကိုယ် ဥစ္စာ ကို မတောင်းဘဲ လွှတ် ရမည်။
אֶ֕פֶס כִּ֛י לֹ֥א יִֽהְיֶה־בְּךָ֖ אֶבְי֑וֹן כִּֽי־בָרֵ֤ךְ יְבָֽרֶכְךָ֙ יְהוָ֔ה בָּאָ֕רֶץ אֲשֶׁר֙ יְהוָ֣ה אֱלֹהֶ֔יךָ נֹֽתֵן־לְךָ֥ נַחֲלָ֖ה לְרִשְׁתָּֽהּ׃ | 4 |
၄သင် ၌ ဆင်းရဲသား မ ရှိ စေခြင်းငှာ ၊ ထိုသို့ပြုရ မည်။ သင် ၏ဘုရားသခင် ထာဝရဘုရား သည် အမွေခံ ဘို့ ရာအပိုင် ပေး တော်မူသော ပြည် ၌ သင့် ကို အလွန် ကောင်းကြီး ပေးတော်မူမည်။
רַ֚ק אִם־שָׁמ֣וֹעַ תִּשְׁמַ֔ע בְּק֖וֹל יְהוָ֣ה אֱלֹהֶ֑יךָ לִשְׁמֹ֤ר לַעֲשׂוֹת֙ אֶת־כָּל־הַמִּצְוָ֣ה הַזֹּ֔את אֲשֶׁ֛ר אָנֹכִ֥י מְצַוְּךָ֖ הַיּֽוֹם׃ | 5 |
၅ယနေ့ ငါ မှာ ထားသမျှ သော ဤ ပညတ် တို့ကို ကျင့် မည်အကြောင်း စောင့်ရှောက် ခြင်းငှာ ၊ သင် ၏ဘုရားသခင် ထာဝရဘုရား ၏ စကား တော်ကို စေ့စေ့နားထောင် လော့။
כִּֽי־יְהוָ֤ה אֱלֹהֶ֙יךָ֙ בֵּֽרַכְךָ֔ כַּאֲשֶׁ֖ר דִּבֶּר־לָ֑ךְ וְהַֽעֲבַטְתָּ֞ גּוֹיִ֣ם רַבִּ֗ים וְאַתָּה֙ לֹ֣א תַעֲבֹ֔ט וּמָֽשַׁלְתָּ֙ בְּגוֹיִ֣ם רַבִּ֔ים וּבְךָ֖ לֹ֥א יִמְשֹֽׁלוּ׃ ס | 6 |
၆သင် ၏ဘုရားသခင် ထာဝရဘုရား သည်၊ ဂတိတော် ရှိသည်အတိုင်း ကောင်းကြီး ပေးတော်မူသဖြင့် ၊ သင် သည် လူမျိုး များတို့အား ချေးငှား ရသောအခွင့်ရှိ လိမ့်မည်။ သူတို့သည် သင့် အား ချေးငှား သော အခွင့်မ ရှိရ။ သင်သည် လူမျိုး များတို့ကို အစိုး ပိုင်ရလိမ့်မည်။ သူတို့ သည် သင့် ကို အစိုး မ ပိုင်ရကြ။
כִּֽי־יִהְיֶה֩ בְךָ֨ אֶבְי֜וֹן מֵאַחַ֤ד אַחֶ֙יךָ֙ בְּאַחַ֣ד שְׁעָרֶ֔יךָ בְּאַ֨רְצְךָ֔ אֲשֶׁר־יְהוָ֥ה אֱלֹהֶ֖יךָ נֹתֵ֣ן לָ֑ךְ לֹ֧א תְאַמֵּ֣ץ אֶת־לְבָבְךָ֗ וְלֹ֤א תִקְפֹּץ֙ אֶת־יָ֣דְךָ֔ מֵאָחִ֖יךָ הָאֶבְיֽוֹן׃ | 7 |
၇သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် တွင် ၊ မြို့ တစုံတမြို့၌ ဆင်းရဲ သော ညီအစ်ကို ချင်း ရှိ လျှင် ၊ ထိုဆင်းရဲ သော ညီအစ်ကို ၌ သင် သည် သနားသောစိတ် ကို မ ချုပ်တည်း ရ။ လက် ကိုလည်း မ ပိတ် ရ။
כִּֽי־פָתֹ֧חַ תִּפְתַּ֛ח אֶת־יָדְךָ֖ ל֑וֹ וְהַעֲבֵט֙ תַּעֲבִיטֶ֔נּוּ דֵּ֚י מַחְסֹר֔וֹ אֲשֶׁ֥ר יֶחְסַ֖ר לֽוֹ׃ | 8 |
၈သင် ၏လက် ကို သူ့ အဘို့ ကျယ်ကျယ်ဖွင့် ၍ ၊ သူ ၏ ဆင်းရဲ ပျောက်လောက် အောင် ချေးငှား ရမည်။
הִשָּׁ֣מֶר לְךָ֡ פֶּן־יִהְיֶ֣ה דָבָר֩ עִם־לְבָבְךָ֨ בְלִיַּ֜עַל לֵאמֹ֗ר קָֽרְבָ֣ה שְׁנַֽת־הַשֶּׁבַע֮ שְׁנַ֣ת הַשְּׁמִטָּה֒ וְרָעָ֣ה עֵֽינְךָ֗ בְּאָחִ֙יךָ֙ הָֽאֶבְי֔וֹן וְלֹ֥א תִתֵּ֖ן ל֑וֹ וְקָרָ֤א עָלֶ֙יךָ֙ אֶל־יְהוָ֔ה וְהָיָ֥ה בְךָ֖ חֵֽטְא׃ | 9 |
၉သင့် စိတ် နှလုံး၌ ဆိုးညစ် သော သဘော ရှိ ၍ ၊ သတ္တမ နှစ် တည်းဟူသောလွှတ်ရာနှစ်နီးပြီဟု အောက်မေ့လျက်၊ ထိုဆင်းရဲသော ညီအစ်ကိုကို မနာလိုသောစိတ်ရှိ ၍၊ ဘာမျှမပေးဘဲနေလျှင် သူ သည်ထာဝရဘုရား အား အော်ဟစ် သဖြင့် ၊ သင် ၌ အပြစ် မ ရောက် မည်အကြောင်း သတိ ပြုလော့။
נָת֤וֹן תִּתֵּן֙ ל֔וֹ וְלֹא־יֵרַ֥ע לְבָבְךָ֖ בְּתִתְּךָ֣ ל֑וֹ כִּ֞י בִּגְלַ֣ל ׀ הַדָּבָ֣ר הַזֶּ֗ה יְבָרֶכְךָ֙ יְהוָ֣ה אֱלֹהֶ֔יךָ בְּכָֽל־מַעֲשֶׂ֔ךָ וּבְכֹ֖ל מִשְׁלַ֥ח יָדֶֽךָ׃ | 10 |
၁၀အကယ်စင်စစ်သူ့ အား ပေး ရမည်။ ပေး သောအခါ နှမြော သောစိတ်မ ရှိရ။ အကြောင်း မူကား၊ ထို ဒါန ကြောင့် သင် ၏ဘုရားသခင် ထာဝရဘုရား သည်၊ သင် ပြု လေရာရာ ၊ လုပ်ဆောင် လေရာရာ ၌ ကောင်းကြီး ပေးတော်မူမည်။
כִּ֛י לֹא־יֶחְדַּ֥ל אֶבְי֖וֹן מִקֶּ֣רֶב הָאָ֑רֶץ עַל־כֵּ֞ן אָנֹכִ֤י מְצַוְּךָ֙ לֵאמֹ֔ר פָּ֠תֹחַ תִּפְתַּ֨ח אֶת־יָדְךָ֜ לְאָחִ֧יךָ לַעֲנִיֶּ֛ךָ וּלְאֶבְיֹנְךָ֖ בְּאַרְצֶֽךָ׃ ס | 11 |
၁၁သင့်နေရာပြည် ၌ ဆင်းရဲသား မ ပြတ် ရ။ ထို့ကြောင့် ၊ သင့် ပြည် ၌ ဆင်းရဲ ငတ်မွတ်သော ညီအစ်ကို ချင်းတို့အား သင် ၏လက် ကို ကျယ်ကျယ်ဖွင့် ရမည်အကြောင်း ငါ မှာ ထား၏။
כִּֽי־יִמָּכֵ֨ר לְךָ֜ אָחִ֣יךָ הָֽעִבְרִ֗י א֚וֹ הָֽעִבְרִיָּ֔ה וַעֲבָֽדְךָ֖ שֵׁ֣שׁ שָׁנִ֑ים וּבַשָּׁנָה֙ הַשְּׁבִיעִ֔ת תְּשַׁלְּחֶ֥נּוּ חָפְשִׁ֖י מֵעִמָּֽךְ׃ | 12 |
၁၂သင် ၏ညီအစ်ကို ချင်း၊ ဟေဗြဲ အမျိုးယောက်ျား မိန်းမ သည် သင် ၌ ကျွန် ဖြစ်၍ ၊ ခြောက် နှစ် အစေခံ ပြီးမှ ၊ သတ္တမ နှစ် ရောက် လျှင် လွှတ် ရမည်။
וְכִֽי־תְשַׁלְּחֶ֥נּוּ חָפְשִׁ֖י מֵֽעִמָּ֑ךְ לֹ֥א תְשַׁלְּחֶ֖נּוּ רֵיקָֽם׃ | 13 |
၁၃လွှတ် သောအခါ ၊ လက်ချည်း မ လွှတ် ဘဲ၊
הַעֲנֵ֤יק תַּעֲנִיק֙ ל֔וֹ מִצֹּ֣אנְךָ֔ וּמִֽגָּרְנְךָ֖ וּמִיִּקְבֶ֑ךָ אֲשֶׁ֧ר בֵּרַכְךָ֛ יְהוָ֥ה אֱלֹהֶ֖יךָ תִּתֶּן־לֽוֹ׃ | 14 |
၁၄သင် ၏ဘုရားသခင် ထာဝရဘုရား သည် ကောင်းကြီး ပေးတော်မူသည်အတိုင်း ၊ သင် ၏သိုးစု ၊ ကောက်နယ် တလင်း၊ စပျစ်သီး နယ်ရာကျင်းထဲက များစွာပေး ရမည်။
וְזָכַרְתָּ֗ כִּ֣י עֶ֤בֶד הָיִ֙יתָ֙ בְּאֶ֣רֶץ מִצְרַ֔יִם וַֽיִּפְדְּךָ֖ יְהוָ֣ה אֱלֹהֶ֑יךָ עַל־כֵּ֞ן אָנֹכִ֧י מְצַוְּךָ֛ אֶת־הַדָּבָ֥ר הַזֶּ֖ה הַיּֽוֹם׃ | 15 |
၁၅သင်သည် အဲဂုတ္တု ပြည် ၌ ကျွန် ခံ ခဲ့ဘူးကြောင်းကို ၎င်း ၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ကို ရွေးနှုတ် တော်မူကြောင်း ကို၎င်း၊ အောက်မေ့ ရမည်။ ထိုကြောင့် ဤ ပညတ် ကို ယနေ့ ငါ ထား ၏။
וְהָיָה֙ כִּֽי־יֹאמַ֣ר אֵלֶ֔יךָ לֹ֥א אֵצֵ֖א מֵעִמָּ֑ךְ כִּ֤י אֲהֵֽבְךָ֙ וְאֶת־בֵּיתֶ֔ךָ כִּי־ט֥וֹב ל֖וֹ עִמָּֽךְ׃ | 16 |
၁၆သို့ရာတွင် ကျွန်က၊ ကျွန်တော်သည် မ ထွက် မသွားလိုပါ။ ကိုယ်တော်နှင့် ကိုယ်တော် အိမ်သူ အိမ်သားတို့ကို ချစ် ပါ၏။ နေ၍ပျော် ပါ၏ ဟုဆို လျှင်၊
וְלָקַחְתָּ֣ אֶת־הַמַּרְצֵ֗עַ וְנָתַתָּ֤ה בְאָזְנוֹ֙ וּבַדֶּ֔לֶת וְהָיָ֥ה לְךָ֖ עֶ֣בֶד עוֹלָ֑ם וְאַ֥ף לַאֲמָתְךָ֖ תַּעֲשֶׂה־כֵּֽן׃ | 17 |
၁၇သင်သည် စူး ကိုယူ ၍ တံခါး ၌ ကျွန် ၏နားရွက် ကို ဖောက် ပြီးမှ ၊ သူသည် အစဉ်အမြဲ ကျွန် ခံ ရမည်။ ထိုအတူ ကျွန် မ၌ လည်း ပြု ရမည်။
לֹא־יִקְשֶׁ֣ה בְעֵינֶ֗ךָ בְּשַׁלֵּֽחֲךָ֙ אֹת֤וֹ חָפְשִׁי֙ מֵֽעִמָּ֔ךְ כִּ֗י מִשְׁנֶה֙ שְׂכַ֣ר שָׂכִ֔יר עֲבָֽדְךָ֖ שֵׁ֣שׁ שָׁנִ֑ים וּבֵֽרַכְךָ֙ יְהוָ֣ה אֱלֹהֶ֔יךָ בְּכֹ֖ל אֲשֶׁ֥ר תַּעֲשֶֽׂה׃ פ | 18 |
၁၈သင် ၏ကျွန် ကို လွှတ် သောအခါ ခက် သည်ဟူ၍မ ထင် ရ။ အကြောင်း မူကား၊ ခြောက် နှစ် ပတ်လုံးအစေခံ သဖြင့် ၊ သူငှား ဆောင်ရွက် သောအမှု နှစ်ဆ ကို သူသည်ဆောင်ရွက်လေပြီ။ သင် ၏ဘုရားသခင် ထာဝရဘုရား သည်လည်း သင်ပြု လေရာရာ ၌ ကောင်းကြီး ပေးတော်မူမည်။
כָּֽל־הַבְּכ֡וֹר אֲשֶׁר֩ יִוָּלֵ֨ד בִּבְקָרְךָ֤ וּבְצֹֽאנְךָ֙ הַזָּכָ֔ר תַּקְדִּ֖ישׁ לַיהוָ֣ה אֱלֹהֶ֑יךָ לֹ֤א תַעֲבֹד֙ בִּבְכֹ֣ר שׁוֹרֶ֔ךָ וְלֹ֥א תָגֹ֖ז בְּכ֥וֹר צֹאנֶֽךָ׃ | 19 |
၁၉သင် ၏သိုး နွားတို့တွင် အဦး ဘွား သော အထီး ရှိသမျှ တို့ ကို သင် ၏ဘုရားသခင် ထာဝရဘုရား အဘို့ သန့်ရှင်း စေရမည်။ အဦး ဘွားသောနွား ၊ အဦး ဘွားသော သိုး ကို မ သုံးဆောင် ရ။
לִפְנֵי֩ יְהוָ֨ה אֱלֹהֶ֤יךָ תֹאכֲלֶ֙נּוּ֙ שָׁנָ֣ה בְשָׁנָ֔ה בַּמָּק֖וֹם אֲשֶׁר־יִבְחַ֣ר יְהוָ֑ה אַתָּ֖ה וּבֵיתֶֽךָ׃ | 20 |
၂၀ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် ၌ သင် ၏ဘုရားသခင် ထာဝရဘုရား ရှေ့ တော်မှာ ထိုသိုးနွားတို့ကို နှစ် စဉ်မပြတ် အိမ်သူ အိမ်သားတို့နှင့်တကွ ကိုယ်တိုင် စား ရမည်။
וְכִֽי־יִהְיֶ֨ה ב֜וֹ מ֗וּם פִּסֵּ֙חַ֙ א֣וֹ עִוֵּ֔ר כֹּ֖ל מ֣וּם רָ֑ע לֹ֣א תִזְבָּחֶ֔נּוּ לַיהוָ֖ה אֱלֹהֶֽיךָ׃ | 21 |
၂၁ထို သိုးနွားတို့၌ ခြေဆွံ့ ၊ မျက်စိကန်း အစ ရှိသော အင်္ဂါချို့တဲ့ခြင်းအပြစ် ၊ အခြားသောအပြစ် တစုံတခု ရှိ လျှင် ၊ သင် ၏ဘုရားသခင် ထာဝရဘုရား အား ယဇ် မ ပူဇော်ရ။
בִּשְׁעָרֶ֖יךָ תֹּאכֲלֶ֑נּוּ הַטָּמֵ֤א וְהַטָּהוֹר֙ יַחְדָּ֔ו כַּצְּבִ֖י וְכָאַיָּֽל׃ | 22 |
၂၂သင့် နေရာ အရပ်၌ စား ရမည်။ သမင် ၊ ဒရယ် ကို စားသကဲ့သို့ စင်ကြယ် သောသူ၊ မ စင်ကြယ်သောသူတို့ သည် အတူ စားရကြမည်။
רַ֥ק אֶת־דָּמ֖וֹ לֹ֣א תֹאכֵ֑ל עַל־הָאָ֥רֶץ תִּשְׁפְּכֶ֖נּוּ כַּמָּֽיִם׃ פ | 23 |
၂၃သို့ရာတွင် အသွေး ကို မ စား ရ။ ရေ ကို သွန် သကဲ့သို့ မြေ ပေါ် မှာသွန်ရမည်။