< 1 שְׁמוּאֵל 27 >
וַיֹּ֤אמֶר דָּוִד֙ אֶל־לִבּ֔וֹ עַתָּ֛ה אֶסָּפֶ֥ה יוֹם־אֶחָ֖ד בְּיַד־שָׁא֑וּל אֵֽין־לִ֨י ט֜וֹב כִּ֣י הִמָּלֵ֥ט אִמָּלֵ֣ט ׀ אֶל־אֶ֣רֶץ פְּלִשְׁתִּ֗ים וְנוֹאַ֨שׁ מִמֶּ֤נִּי שָׁאוּל֙ לְבַקְשֵׁ֤נִי עוֹד֙ בְּכָל־גְּב֣וּל יִשְׂרָאֵ֔ל וְנִמְלַטְתִּ֖י מִיָּדֽוֹ׃ | 1 |
၁တဖန် ဒါဝိဒ် က၊ ငါသည် ရှောလု လက် ဖြင့် ဆုံးရှုံး ရသောအချိန် ရောက်လိမ့်မည်။ သို့ဖြစ်၍ဖိလိတ္တိ ပြည် သို့ အလျင်အမြန်ပြေး ကောင်း၏။ သည်ထက်ကောင်း သော အရာမ ရှိ။ သို့ပြုလျှင် ရှောလု သည် ဣသရေလ ပြည်နယ် တွင် ငါ့ ကို ရှာ ၍မတွေ့နိုင်ကြောင်းကို သိလျက်၊ အားလျော့ ၍ သူ့ လက် မှ ငါလွတ် လိမ့်မည်ဟု အကြံ ရှိသည်အတိုင်း၊
וַיָּ֣קָם דָּוִ֔ד וַיַּעֲבֹ֣ר ה֔וּא וְשֵׁשׁ־מֵא֥וֹת אִ֖ישׁ אֲשֶׁ֣ר עִמּ֑וֹ אֶל־אָכִ֥ישׁ בֶּן־מָע֖וֹךְ מֶ֥לֶךְ גַּֽת׃ | 2 |
၂မိမိ ၌ ပါသော လူ ခြောက် ရာ နှင့်တကွထ ၍ ဂါသ မင်း မောခ သား အာခိတ် ထံသို့ ကူးသွား ကြ၏။
וַיֵּשֶׁב֩ דָּוִ֨ד עִם־אָכִ֥ישׁ בְּגַ֛ת ה֥וּא וַאֲנָשָׁ֖יו אִ֣ישׁ וּבֵית֑וֹ דָּוִד֙ וּשְׁתֵּ֣י נָשָׁ֔יו אֲחִינֹ֙עַם֙ הַיִּזְרְעֵאלִ֔ית וַאֲבִיגַ֥יִל אֵֽשֶׁת־נָבָ֖ל הַֽכַּרְמְלִֽית׃ | 3 |
၃ဒါဝိဒ် နှင့် သူ ၏လူ များတို့သည် အသီးအသီးမိမိ သား မယားပါလျက် ဂါသ မြို့၊ အာခိတ် မင်းထံမှာ နေ ကြ၏။ ဒါဝိဒ် မယား နှစ် ယောက်၊ ယေဇရေလ မြို့သူအဟိနောင် နှင့် နာဗလ မယား ၊ ကရမေလ မြို့သူအဘိဂဲလ ပါသတည်း။
וַיֻּגַּ֣ד לְשָׁא֔וּל כִּֽי־בָרַ֥ח דָּוִ֖ד גַּ֑ת וְלֹֽא־יָסַ֥ף ע֖וֹד לְבַקְשֽׁוֹ׃ ס | 4 |
၄ဒါဝိဒ် သည် ဂါသ မြို့သို့ ပြေး သွားကြောင်း ကို ရှောလု သည် ကြား ၍ နောက် တဖန်မ လိုက် မရှာဘဲ နေ၏။
וַיֹּ֨אמֶר דָּוִ֜ד אֶל־אָכִ֗ישׁ אִם־נָא֩ מָצָ֨אתִי חֵ֤ן בְּעֵינֶ֙יךָ֙ יִתְּנוּ־לִ֣י מָק֗וֹם בְּאַחַ֛ת עָרֵ֥י הַשָּׂדֶ֖ה וְאֵ֣שְׁבָה שָּׁ֑ם וְלָ֨מָּה יֵשֵׁ֧ב עַבְדְּךָ֛ בְּעִ֥יר הַמַּמְלָכָ֖ה עִמָּֽךְ׃ | 5 |
၅ဒါဝိဒ် သည် အာခိတ် မင်းထံသို့ ဝင်၍၊ ကျွန်တော်သည် ရှေ့ တော်၌မျက်နှာရ သည်မှန်လျှင် ကျွန်တော် နေစရာ တောရွာ တရွာ ကို သနား တော်မူပါ။ ကိုယ်တော် ကျွန် သည် မြို့ တော်၌ ကိုယ်တော် နှင့်အတူ အဘယ်ကြောင့် နေ ရပါသနည်းဟု လျှောက် လေသော်၊
וַיִּתֶּן־ל֥וֹ אָכִ֛ישׁ בַּיּ֥וֹם הַה֖וּא אֶת־צִֽקְלָ֑ג לָכֵ֞ן הָיְתָ֤ה צִֽקְלַג֙ לְמַלְכֵ֣י יְהוּדָ֔ה עַ֖ד הַיּ֥וֹם הַזֶּֽה׃ פ | 6 |
၆ထို နေ့၌ အာခိတ် မင်းသည် ဇိကလတ် မြို့ကိုပေး ၏။ ထို့ကြောင့် ယနေ့ တိုင်အောင် ယုဒ ရှင် ဘုရင်တို့သည် ဇိကလတ် မြို့ကို ပိုင်ကြ၏။
וַֽיְהִי֙ מִסְפַּ֣ר הַיָּמִ֔ים אֲשֶׁר־יָשַׁ֥ב דָּוִ֖ד בִּשְׂדֵ֣ה פְלִשְׁתִּ֑ים יָמִ֖ים וְאַרְבָּעָ֥ה חֳדָשִֽׁים׃ | 7 |
၇ဒါဝိဒ် သည် ဖိလိတ္တိ ပြည် ၌ နေ သော နေ့ရက် ပေါင်း ကား တနှစ်နှင့် လေး လ စေ့သတည်း။
וַיַּ֤עַל דָּוִד֙ וַֽאֲנָשָׁ֔יו וַֽיִּפְשְׁט֛וּ אֶל־הַגְּשׁוּרִ֥י וְהַגִּזְרִ֖י וְהָעֲמָלֵקִ֑י כִּ֣י הֵ֜נָּה יֹשְׁב֤וֹת הָאָ֙רֶץ֙ אֲשֶׁ֣ר מֵֽעוֹלָ֔ם בּוֹאֲךָ֥ שׁ֖וּרָה וְעַד־אֶ֥רֶץ מִצְרָֽיִם׃ | 8 |
၈တရံရောအခါဒါဝိဒ် နှင့် သူ ၏လူ တို့သည် သွား ၍ ဂေရှုရိ လူ၊ ဂေရဇိ လူ၊ အာမလက် လူတို့ကို တိုက် ကြ၏။ ထိုလူမျိုးတို့သည် ရှေး ကာလ၌ ရှုရ မြို့လမ်းမှစ၍ အဲဂုတ္တု ပြည် တိုင်အောင် အမြဲနေ သောသူဖြစ်သတည်း။
וְהִכָּ֤ה דָוִד֙ אֶת־הָאָ֔רֶץ וְלֹ֥א יְחַיֶּ֖ה אִ֣ישׁ וְאִשָּׁ֑ה וְלָקַח֩ צֹ֨אן וּבָקָ֜ר וַחֲמֹרִ֤ים וּגְמַלִּים֙ וּבְגָדִ֔ים וַיָּ֖שָׁב וַיָּבֹ֥א אֶל־אָכִֽישׁ׃ | 9 |
၉ထိုပြည် ကို ဒါဝိဒ် သည် လုပ်ကြံ ၍ ယောက်ျား မိန်းမ တစုံတယောက်ကိုမျှ အသက် ချမ်းသာမ ပေး။ သိုး ၊ နွား ၊ မြည်း ၊ ကုလားအုပ် ၊ အဝတ် တန်ဆာတို့ကို သိမ်းယူ ၍ အာခိတ် မင်းထံသို့ ပြန် သွားလေ၏။
וַיֹּ֣אמֶר אָכִ֔ישׁ אַל־פְּשַׁטְתֶּ֖ם הַיּ֑וֹם וַיֹּ֣אמֶר דָּוִ֗ד עַל־נֶ֤גֶב יְהוּדָה֙ וְעַל־נֶ֣גֶב הַיַּרְחְמְאֵלִ֔י וְאֶל־נֶ֖גֶב הַקֵּינִֽי׃ | 10 |
၁၀အာခိတ် မင်းက၊ သင်တို့သည် ယနေ့ အဘယ်အရပ်သို့ သွား၍ တိုက် သနည်းဟုမေး သော် ၊ ဒါဝိဒ် က၊ ယုဒ ပြည်တောင် ဘက်၊ ယေရမေလ ပြည်တောင် ဘက်၊ ကေနိ ပြည်တောင် ဘက်သို့ သွား၍ တိုက်ပါသည်ဟု လျှောက် ၏။
וְאִ֨ישׁ וְאִשָּׁ֜ה לֹֽא־יְחַיֶּ֣ה דָוִ֗ד לְהָבִ֥יא גַת֙ לֵאמֹ֔ר פֶּן־יַגִּ֥דוּ עָלֵ֖ינוּ לֵאמֹ֑ר כֹּֽה־עָשָׂ֤ה דָוִד֙ וְכֹ֣ה מִשְׁפָּט֔וֹ כָּל־הַ֨יָּמִ֔ים אֲשֶׁ֥ר יָשַׁ֖ב בִּשְׂדֵ֥ה פְלִשְׁתִּֽים׃ | 11 |
၁၁ထိုသို့ ဒါဝိဒ် ပြု ပြီဟု ဂါသ မြို့သို့ လာ၍ သိတင်းကြား ပြောမည့်သူမ ရှိစေခြင်းငှါ ယောက်ျား မိန်းမ တစုံတယောက်ကိုမျှ အသက် ချမ်းသာမ ပေး။ ဒါဝိဒ်သည် ဖိလိတ္တိ ပြည် ၌ နေ သော ကာလ ပတ်လုံး ထိုသို့ ပြုလေ့ရှိ၏။
וַיַּאֲמֵ֥ן אָכִ֖ישׁ בְּדָוִ֣ד לֵאמֹ֑ר הַבְאֵ֤שׁ הִבְאִישׁ֙ בְּעַמּ֣וֹ בְיִשְׂרָאֵ֔ל וְהָ֥יָה לִ֖י לְעֶ֥בֶד עוֹלָֽם׃ פ | 12 |
၁၂အာခိတ် မင်းက၊ ဒါဝိဒ်သည် မိမိကို မိမိ လူမျိုး အလွန်စက်ဆုပ် ရွံရှာသည်တိုင်အောင်ပြုပြီ။ သို့ဖြစ်၍ ငါ့ ထံ၌ အစဉ် ကျွန် ခံ လိမ့်မည်ဟု ဒါဝိဒ် စကားကို ယုံ လျက် ဆို ၏။