< 1 מְלָכִים 20 >
וּבֶן־הֲדַ֣ד מֶֽלֶךְ־אֲרָ֗ם קָבַץ֙ אֶת־כָּל־חֵיל֔וֹ וּשְׁלֹשִׁ֨ים וּשְׁנַ֥יִם מֶ֛לֶךְ אִתּ֖וֹ וְס֣וּס וָרָ֑כֶב וַיַּ֗עַל וַיָּ֙צַר֙ עַל־שֹׁ֣מְר֔וֹן וַיִּלָּ֖חֶם בָּֽהּ׃ | 1 |
၁ရှုရိ ရှင်ဘုရင် ဗင်္ဟာဒဒ် သည် မိမိ ဗိုလ်ခြေ အပေါင်း တို့ကို စုဝေး စေ၍ ၊ မင်းကြီး သုံး ကျိပ်နှစ် ပါးနှင့်တကွ မြင်း စီးသူရဲ၊ ရထား စီးသူရဲများပါလျက် စစ်ချီ ပြီးလျှင် ရှမာရိ မြို့ကို ဝိုင်း ထား၍ တိုက် လေ၏။
וַיִּשְׁלַ֧ח מַלְאָכִ֛ים אֶל־אַחְאָ֥ב מֶֽלֶךְ־יִשְׂרָאֵ֖ל הָעִֽירָה׃ וַיֹּ֣אמֶר ל֗וֹ כֹּ֚ה אָמַ֣ר בֶּן־הֲדַ֔ד | 2 |
၂သံတမန် တို့ကို ဣသရေလ ရှင်ဘုရင် အာဟပ် ထံ ၊ မြို့ ထဲသို့ စေလွှတ် ၍ ၊ ဗင်္ဟာဒဒ် ၏အမိန့် တော်ကား၊
כַּסְפְּךָ֥ וּֽזְהָבְךָ֖ לִֽי־ה֑וּא וְנָשֶׁ֧יךָ וּבָנֶ֛יךָ הַטּוֹבִ֖ים לִי־הֵֽם׃ | 3 |
၃သင့် ရွှေ ငွေ သည် ငါ့ဥစ္စာဖြစ်၏။ သင့် သား မယား အကောင်းဆုံး တို့ကိုလည်း ငါပိုင်၏ဟု မှာ လိုက်သတည်း။
וַיַּ֤עַן מֶֽלֶךְ־יִשְׂרָאֵל֙ וַיֹּ֔אמֶר כִּדְבָרְךָ֖ אֲדֹנִ֣י הַמֶּ֑לֶךְ לְךָ֥ אֲנִ֖י וְכָל־אֲשֶׁר־לִֽי׃ | 4 |
၄ဣသရေလ ရှင် ဘုရင်က အရှင် မင်းကြီး ၊ အမိန့် တော်အတိုင်း ငါ နှင့် ငါ့ဥစ္စာရှိသမျှ သည် ကိုယ်တော်၏ ဥစ္စာဖြစ်ပါသည်ဟု ပြန်ပြော၏။
וַיָּשֻׁ֙בוּ֙ הַמַּלְאָכִ֔ים וַיֹּ֣אמְר֔וּ כֹּֽה־אָמַ֥ר בֶּן־הֲדַ֖ד לֵאמֹ֑ר כִּֽי־שָׁלַ֤חְתִּי אֵלֶ֙יךָ֙ לֵאמֹ֔ר כַּסְפְּךָ֧ וּזְהָבְךָ֛ וְנָשֶׁ֥יךָ וּבָנֶ֖יךָ לִ֥י תִתֵּֽן׃ | 5 |
၅သံတမန် တို့သည် တဖန် လာ၍ ဗင်္ဟာဒဒ် ၏ အမိန့်တော်ကား၊ သင် ပိုင်သော ရွှေ ငွေ သား မယား တို့ကို ငါ ၌ အပ် ရမည်ဟု ငါမှာ လိုက်သည် အမှုမှာ၊
כִּ֣י ׀ אִם־כָּעֵ֣ת מָחָ֗ר אֶשְׁלַ֤ח אֶת־עֲבָדַי֙ אֵלֶ֔יךָ וְחִפְּשׂוּ֙ אֶת־בֵּ֣יתְךָ֔ וְאֵ֖ת בָּתֵּ֣י עֲבָדֶ֑יךָ וְהָיָה֙ כָּל־מַחְמַ֣ד עֵינֶ֔יךָ יָשִׂ֥ימוּ בְיָדָ֖ם וְלָקָֽחוּ׃ | 6 |
၆နက်ဖြန် နေ့ယခု အချိန်ရောက်သောအခါ ငါ့ ကျွန် တို့ကို ငါစေလွှတ် မည်။ သူတို့သည် သင် နေသောအိမ် နှင့် သင့် ကျွန် နေသောအိမ် တို့ကိုစစ် ၍ အလို ရှိသမျှ တို့ကို ယူ စေရမည်ဟု မှာ လိုက်သတည်း။
וַיִּקְרָ֤א מֶֽלֶךְ־יִשְׂרָאֵל֙ לְכָל־זִקְנֵ֣י הָאָ֔רֶץ וַיֹּ֙אמֶר֙ דְּעֽוּ־נָ֣א וּרְא֔וּ כִּ֥י רָעָ֖ה זֶ֣ה מְבַקֵּ֑שׁ כִּֽי־שָׁלַ֨ח אֵלַ֜י לְנָשַׁ֤י וּלְבָנַי֙ וּלְכַסְפִּ֣י וְלִזְהָבִ֔י וְלֹ֥א מָנַ֖עְתִּי מִמֶּֽנּוּ׃ | 7 |
၇ထိုအခါ ဣသရေလ ရှင် ဘုရင်သည် ပြည်သား အသက်ကြီး သူအပေါင်း တို့ကို ခေါ် ၍ ၊ ဤ သူသည် အဘယ်မျှလောက်ရန်ရှာ ချင်သည်ကို ကြည့် မှတ် ကြပါ လော့။ ငါ့ ရွှေ ငွေ သား မယား တို့ကို တောင်း ၍ မှာ လိုက် သောအခါ ငါမငြင်း ပါတကားဟု ကြားပြော ၏။
וַיֹּאמְר֥וּ אֵלָ֛יו כָּל־הַזְּקֵנִ֖ים וְכָל־הָעָ֑ם אַל־תִּשְׁמַ֖ע וְל֥וֹא תֹאבֶֽה׃ | 8 |
၈အသက်ကြီး သူအပေါင်း တို့နှင့် ပြည်သား အပေါင်း တို့က၊ ထိုသူ ၏ စကားကိုနားထောင် တော်မ မူပါ နှင့်။ ဝန်ခံ တော်မ မူပါနှင့်ဟု ပြန်လျှောက်ကြ၏။
וַיֹּ֜אמֶר לְמַלְאֲכֵ֣י בֶן־הֲדַ֗ד אִמְר֞וּ לַֽאדֹנִ֤י הַמֶּ֙לֶךְ֙ כֹּל֩ אֲשֶׁר־שָׁלַ֨חְתָּ אֶל־עַבְדְּךָ֤ בָרִֽאשֹׁנָה֙ אֶעֱשֶׂ֔ה וְהַדָּבָ֣ר הַזֶּ֔ה לֹ֥א אוּכַ֖ל לַעֲשׂ֑וֹת וַיֵּֽלְכוּ֙ הַמַּלְאָכִ֔ים וַיְשִׁבֻ֖הוּ דָּבָֽר׃ | 9 |
၉သို့ဖြစ်၍ ရှင်ဘုရင်က၊ ကိုယ်တော်သည် အထက် မိန့် တော်မူသမျှ အတိုင်း ကိုယ်တော် ကျွန် ပြု ပါမည်။ နောက် မိန့် တော်မူသည်အတိုင်း မ ပြု သင့်ဟု ငါ အရှင် မင်းကြီး အား ပြန် လျှောက်ကြလော့ဟု ဗင်္ဟာဒဒ် ၏သံတမန် တို့ အား မှာ လိုက်လျှင် ၊ ထိုသူတို့သည် သွား ၍ လျှောက်ကြ၏။
וַיִּשְׁלַ֤ח אֵלָיו֙ בֶּן־הֲדַ֔ד וַיֹּ֕אמֶר כֹּֽה־יַעֲשׂ֥וּן לִ֛י אֱלֹהִ֖ים וְכֹ֣ה יוֹסִ֑פוּ אִם־יִשְׂפֹּק֙ עֲפַ֣ר שֹׁמְר֔וֹן לִשְׁעָלִ֕ים לְכָל־הָעָ֖ם אֲשֶׁ֥ר בְּרַגְלָֽי׃ | 10 |
၁၀တဖန်ဗင်္ဟာဒဒ် သည် စေလွှတ် ၍၊ ရှမာရိ မြို့၌ ရှိသောမြေမှုန့် သည် ငါ့ နောက်သို့ လိုက်သောသူ အပေါင်း တို့တွင်၊ တယောက်တလက်ဆုပ် စီစေ့ငလောက်လျှင် ၊ ဘုရား တို့သည် ငါ ၌ ထိုမျှမက ပြု ပါစေသောဟု မှာ လိုက် လေသော်၊
וַיַּ֤עַן מֶֽלֶךְ־יִשְׂרָאֵל֙ וַיֹּ֣אמֶר דַּבְּר֔וּ אַל־יִתְהַלֵּ֥ל חֹגֵ֖ר כִּמְפַתֵּֽחַ׃ | 11 |
၁၁ဣသရေလ ရှင်ဘုရင် က၊ လက်နက်စုံကို ချွတ် သောသူသည် ဝါကြွားသကဲ့သို့ ဝတ်ဆင် သောသူသည် မ ဝါကြွား စေနှင့်ဟု ပြန်ပြော ၏။
וַיְהִ֗י כִּשְׁמֹ֙עַ֙ אֶת־הַדָּבָ֣ר הַזֶּ֔ה וְה֥וּא שֹׁתֶ֛ה ה֥וּא וְהַמְּלָכִ֖ים בַּסֻּכּ֑וֹת וַיֹּ֤אמֶר אֶל־עֲבָדָיו֙ שִׂ֔ימוּ וַיָּשִׂ֖ימוּ עַל־הָעִֽיר׃ | 12 |
၁၂ဗင်္ဟာဒဒ်သည် မင်းကြီး တို့နှင့်တကွတဲ တော်၌ သောက် စဉ်၊ ထို စကား ကိုကြား လျှင် စစ်ခင်းကျင်း ကြဟု မိမိ ကျွန် တို့အား မိန့် တော်မူသည်အတိုင်း၊ သူတို့သည် မြို့ ရှေ့ မှာစစ်ခင်းကျင်း ကြ၏။
וְהִנֵּ֣ה ׀ נָבִ֣יא אֶחָ֗ד נִגַּשׁ֮ אֶל־אַחְאָ֣ב מֶֽלֶךְ־יִשְׂרָאֵל֒ וַיֹּ֗אמֶר כֹּ֚ה אָמַ֣ר יְהוָ֔ה הְֽרָאִ֔יתָ אֵ֛ת כָּל־הֶהָמ֥וֹן הַגָּד֖וֹל הַזֶּ֑ה הִנְנִ֨י נֹתְנ֤וֹ בְיָֽדְךָ֙ הַיּ֔וֹם וְיָדַעְתָּ֖ כִּֽי־אֲנִ֥י יְהוָֽה׃ | 13 |
၁၃ထိုအခါ ပရောဖက် တပါး သည် ဣသရေလ ရှင်ဘုရင် အာဟပ် ထံသို့ လာ ၍ ၊ ထာဝရဘုရား မိန့် တော်မူသည် ကား၊ ထို ကြီးစွာ သော အလုံးအရင်း အပေါင်း ကို မြင် ပြီလော။ သင့် လက် ၌ ယနေ့ ငါ အပ် မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်သိ ရလိမ့်မည်ဟု အမိန့် တော်ကို ဆင့်ဆို၏။
וַיֹּ֤אמֶר אַחְאָב֙ בְּמִ֔י וַיֹּ֙אמֶר֙ כֹּֽה־אָמַ֣ר יְהוָ֔ה בְּנַעֲרֵ֖י שָׂרֵ֣י הַמְּדִינ֑וֹת וַיֹּ֛אמֶר מִֽי־יֶאְסֹ֥ר הַמִּלְחָמָ֖ה וַיֹּ֥אמֶר אָֽתָּה׃ | 14 |
၁၄အာဟပ် ကလည်း၊ အဘယ်သူ အားဖြင့် အပ်တော်မူမည်နည်းဟုမေး လျှင် ၊ မြို့ဝန် များ၏လုလင် တို့ အားဖြင့် အပ်မည်ဟု ထာဝရဘုရား မိန့် တော်မူကြောင်းကို ဆင့်ဆို ၏။ စစ်မှု ကိုအဘယ်သူ စီရင်ရမည်နည်းဟုမေး ပြန်သော်၊ မင်းကြီးကိုယ်တိုင်စီရင်ရမည်ဟု ဆို၏။
וַיִּפְקֹ֗ד אֶֽת־נַעֲרֵי֙ שָׂרֵ֣י הַמְּדִינ֔וֹת וַיִּהְי֕וּ מָאתַ֖יִם שְׁנַ֣יִם וּשְׁלֹשִׁ֑ים וְאַחֲרֵיהֶ֗ם פָּקַ֧ד אֶת־כָּל־הָעָ֛ם כָּל־בְּנֵ֥י יִשְׂרָאֵ֖ל שִׁבְעַ֥ת אֲלָפִֽים׃ | 15 |
၁၅အာဟပ်မင်းသည်မြို့ဝန် များ၏ လုလင် တို့ကို ရေတွက် ၍ နှစ် ရာသုံး ဆယ်နှစ် ယောက်ရှိ ၏။ ဣသရေလ အမျိုးသား အပေါင်း တို့ကို ရေတွက် ပြန်သော် ခုနစ် ထောင် ရှိ၏။
וַיֵּצְא֖וּ בַּֽצָּהֳרָ֑יִם וּבֶן־הֲדַד֩ שֹׁתֶ֨ה שִׁכּ֜וֹר בַּסֻּכּ֗וֹת ה֧וּא וְהַמְּלָכִ֛ים שְׁלֹשִֽׁים־וּשְׁנַ֥יִם מֶ֖לֶךְ עֹזֵ֥ר אֹתֽוֹ׃ | 16 |
၁၆မွန်းတည့်အချိန်၌ ထွက်ကြ၏။ ဗင်္ဟာဒဒ် မင်းမူကား၊ ဝိုင်းသော မင်းကြီး သုံး ဆယ်နှစ်ပါး တို့နှင့်တကွ တဲတော်၌ ယစ်မူးအောင် သောက်လျက် နေကြ၏။
וַיֵּצְא֗וּ נַעֲרֵ֛י שָׂרֵ֥י הַמְּדִינ֖וֹת בָּרִֽאשֹׁנָ֑ה וַיִּשְׁלַ֣ח בֶּן־הֲדַ֗ד וַיַּגִּ֤ידוּ לוֹ֙ לֵאמֹ֔ר אֲנָשִׁ֕ים יָצְא֖וּ מִשֹּׁמְרֽוֹן׃ | 17 |
၁၇မြို့ဝန် များ၏ လုလင် တို့သည် အရင် ထွက် ကြ၏။ ရှမာရိ မြို့ထဲက လူ ထွက် ပါသည်ဟု ဗင်္ဟာဒဒ် မင်းထံသို့စေလွှတ် ၍ ကြား လျှောက်လျှင်၊
וַיֹּ֛אמֶר אִם־לְשָׁל֥וֹם יָצָ֖אוּ תִּפְשׂ֣וּם חַיִּ֑ים וְאִ֧ם לְמִלְחָמָ֛ה יָצָ֖אוּ חַיִּ֥ים תִּפְשֽׂוּם׃ | 18 |
၁၈စစ်ငြိမ်း စေခြင်းငှါ ထွက် သည်ဖြစ်စေ ၊ စစ်တိုက် ခြင်းငှါ ထွက် သည်ဖြစ်စေ ၊ အရှင် ဘမ်းဆီး ကြဟု မိန့် တော်မူ ၏။
וְאֵ֙לֶּה֙ יָצְא֣וּ מִן־הָעִ֔יר נַעֲרֵ֖י שָׂרֵ֣י הַמְּדִינ֑וֹת וְהַחַ֖יִל אֲשֶׁ֥ר אַחֲרֵיהֶֽם׃ | 19 |
၁၉ထိုသို့ မြို့ဝန် များ၏ လုလင် တို့သည် လိုက် သော ဗိုလ်ခြေ နှင့်တကွ မြို့ ထဲက ထွက် ၍၊
וַיַּכּוּ֙ אִ֣ישׁ אִישׁ֔וֹ וַיָּנֻ֣סוּ אֲרָ֔ם וַֽיִּרְדְּפֵ֖ם יִשְׂרָאֵ֑ל וַיִּמָּלֵ֗ט בֶּן־הֲדַד֙ מֶ֣לֶךְ אֲרָ֔ם עַל־ס֖וּס וּפָרָשִֽׁים׃ | 20 |
၂၀ရန်သူတို့ကို လူ တိုင်းတယောက်စီ သတ် ကြသဖြင့် ရှုရိ လူတို့သည် ပြေး ကြ၏။ ဣသရေလ လူတို့သည် လိုက် ကြသဖြင့် ရှုရိ ရှင်ဘုရင် ဗင်္ဟာဒဒ် သည် မြင်း စီး၍ မြင်းစီး သူရဲတို့နှင့်အတူ အလွတ် ပြေး၏။
וַיֵּצֵא֙ מֶ֣לֶךְ יִשְׂרָאֵ֔ל וַיַּ֥ךְ אֶת־הַסּ֖וּס וְאֶת־הָרָ֑כֶב וְהִכָּ֥ה בַאֲרָ֖ם מַכָּ֥ה גְדוֹלָֽה׃ | 21 |
၂၁ဣသရေလ ရှင် ဘုရင်သည်လည်း ထွက် ၍ မြင်း တပ်၊ ရထား တပ်များကို ဖျက် ၍ ရှုရိ လူတို့ကို ကြီးစွာ သော လုပ်ကြံ ခြင်းအားဖြင့် သတ် လေ၏။
וַיִּגַּ֤שׁ הַנָּבִיא֙ אֶל־מֶ֣לֶךְ יִשְׂרָאֵ֔ל וַיֹּ֤אמֶר לוֹ֙ לֵ֣ךְ הִתְחַזַּ֔ק וְדַ֥ע וּרְאֵ֖ה אֵ֣ת אֲשֶֽׁר־תַּעֲשֶׂ֑ה כִּ֚י לִתְשׁוּבַ֣ת הַשָּׁנָ֔ה מֶ֥לֶךְ אֲרָ֖ם עֹלֶ֥ה עָלֶֽיךָ׃ ס | 22 |
၂၂တဖန် ပရောဖက် သည် ဣသရေလ ရှင်ဘုရင် ထံသို့ လာ ၍ ၊ ကိုယ်ကိုခိုင်ခံ့ စေလော့။ အဘယ်သို့ ပြု ရမည်ကို သတိ နှင့်ဆင်ခြင်လော့။ နှစ်လည် သောအခါ ရှုရိ ရှင် ဘုရင်သည် စစ်ချီ ၍ လာလေဦးမည်ဟုဆို ၏။
וְעַבְדֵ֨י מֶֽלֶךְ־אֲרָ֜ם אָמְר֣וּ אֵלָ֗יו אֱלֹהֵ֤י הָרִים֙ אֱלֹ֣הֵיהֶ֔ם עַל־כֵּ֖ן חָזְק֣וּ מִמֶּ֑נּוּ וְאוּלָ֗ם נִלָּחֵ֤ם אִתָּם֙ בַּמִּישׁ֔וֹר אִם־לֹ֥א נֶחֱזַ֖ק מֵהֶֽם׃ | 23 |
၂၃ရှုရိ ရှင်ဘုရင် ၏ ကျွန် တို့ကလည်း ၊ သူ တို့၏ဘုရား သည် တောင် ကိုသာ အစိုးရသောဘုရား ဖြစ်၏။ ထိုကြောင့် သူတို့သည် ငါ တို့ကို နိုင် ပါ၏။ ငါတို့သည် လွင်ပြင် ၌ တခါတိုက် ကြကုန်အံ့။ ထိုသို့တိုက်လျှင် စင်စစ် နိုင် ကြလိမ့်မည်။
וְאֶת־הַדָּבָ֥ר הַזֶּ֖ה עֲשֵׂ֑ה הָסֵ֤ר הַמְּלָכִים֙ אִ֣ישׁ מִמְּקֹמ֔וֹ וְשִׂ֥ים פַּח֖וֹת תַּחְתֵּיהֶֽם׃ | 24 |
၂၄မင်းကြီး အပေါင်းတို့ကိုလည်း ပယ် ၍ သူ တို့ အရာ ၌ ဗိုလ်ချုပ် တို့ကို ခန့်ထား တော်မူပါ။
וְאַתָּ֣ה תִֽמְנֶה־לְךָ֣ ׀ חַ֡יִל כַּחַיִל֩ הַנֹּפֵ֨ל מֵאוֹתָ֜ךְ וְס֣וּס כַּסּ֣וּס ׀ וְרֶ֣כֶב כָּרֶ֗כֶב וְנִֽלָּחֲמָ֤ה אוֹתָם֙ בַּמִּישׁ֔וֹר אִם־לֹ֥א נֶחֱזַ֖ק מֵהֶ֑ם וַיִּשְׁמַ֥ע לְקֹלָ֖ם וַיַּ֥עַשׂ כֵּֽן׃ פ | 25 |
၂၅ရှုံး သောမြင်း တပ် ၊ ရထား တပ်နှင့်အမျှ များသော တပ်ကို ခင်းကျင်း တော်မူပါ။ လွင်ပြင် ၌ တိုက် ၍ ဆက်ဆက် နိုင် ကြပါလိမ့်မည်ဟု လျှောက်ထားသော စကား ကို ရှင်ဘုရင်သည် နားထောင် ၍ စီရင် လေ၏။
וַֽיְהִי֙ לִתְשׁוּבַ֣ת הַשָּׁנָ֔ה וַיִּפְקֹ֥ד בֶּן־הֲדַ֖ד אֶת־אֲרָ֑ם וַיַּ֣עַל אֲפֵ֔קָה לַמִּלְחָמָ֖ה עִם־יִשְׂרָאֵֽל׃ | 26 |
၂၆နှစ်လည် သောအခါ ဗင်္ဟာဒဒ် မင်းသည် ရှုရိ လူတို့ကို ရေတွက် ၍ ဣသရေလ ပြည်သားတို့ကို စစ်တိုက် အံ့သောငှါ ၊ အာဖက် မြို့သို့ ချီသွား ၏။
וּבְנֵ֣י יִשְׂרָאֵ֗ל הָתְפָּקְדוּ֙ וְכָלְכְּל֔וּ וַיֵּלְכ֖וּ לִקְרָאתָ֑ם וַיַּחֲנ֨וּ בְנֵֽי־יִשְׂרָאֵ֜ל נֶגְדָּ֗ם כִּשְׁנֵי֙ חֲשִׂפֵ֣י עִזִּ֔ים וַאֲרָ֖ם מִלְא֥וּ אֶת־הָאָֽרֶץ׃ | 27 |
၂၇ဣသရေလ အမျိုးသား တို့သည် စာရင်းဝင်၍ ရိက္ခါ ကို ပြင်ဆင်ပြီးမှ စစ်ချီ ကြ၏။ ရှုရိ လူတို့သည် တပြည်လုံး အနှံ့အပြား နေလျက် ၊ သူ တို့ရှေ့ မှာ ဣသရေလ လူ တို့သည် ငယ်သောဆိတ်သငယ် နှစ် စုကဲ့သို့ တပ်ချ ကြ ၏။
וַיִּגַּ֞שׁ אִ֣ישׁ הָאֱלֹהִ֗ים וַיֹּאמֶר֮ אֶל־מֶ֣לֶךְ יִשְׂרָאֵל֒ וַיֹּ֜אמֶר כֹּֽה־אָמַ֣ר יְהוָ֗ה יַ֠עַן אֲשֶׁ֨ר אָמְר֤וּ אֲרָם֙ אֱלֹהֵ֤י הָרִים֙ יְהוָ֔ה וְלֹֽא־אֱלֹהֵ֥י עֲמָקִ֖ים ה֑וּא וְ֠נָתַתִּי אֶת־כָּל־הֶהָמ֨וֹן הַגָּ֤דוֹל הַזֶּה֙ בְּיָדֶ֔ךָ וִֽידַעְתֶּ֖ם כִּֽי־אֲנִ֥י יְהוָֽה׃ | 28 |
၂၈ဘုရားသခင် ၏ လူ တယောက်သည် ဣသရေလ ရှင်ဘုရင် ထံသို့ လာ ၍ ထာဝရဘုရား မိန့် တော်မူသည် ကား၊ ရှုရိ လူတို့က ထာဝရဘုရား သည် တောင် ကိုသာအစိုးရသောဘုရား ဖြစ်၏။ လွင်ပြင် ကိုအစိုးရသောဘုရား မ ဟုတ်ဟု ဆို မိသောကြောင့် ၊ ထို ကြီးစွာ သော အလုံးအရင်း အပေါင်း ကို သင့် လက် သို့ ငါအပ် မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိ ရကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို ၏။
וַֽיַּחֲנ֧וּ אֵ֦לֶּה נֹ֥כַח אֵ֖לֶּה שִׁבְעַ֣ת יָמִ֑ים וַיְהִ֣י ׀ בַּיּ֣וֹם הַשְּׁבִיעִ֗י וַתִּקְרַב֙ הַמִּלְחָמָ֔ה וַיַּכּ֨וּ בְנֵֽי־יִשְׂרָאֵ֧ל אֶת־אֲרָ֛ם מֵאָה־אֶ֥לֶף רַגְלִ֖י בְּי֥וֹם אֶחָֽד׃ | 29 |
၂၉ထို သူတို့သည် ခုနစ် ရက် ပတ်လုံးတစ်ဘက်တချက် တွင် တပ်ချ လျက် နေပြီးမှ ၊ သတ္တမ နေ့ ၌ စစ်ပြိုင် ၍ ဣသရေလ လူတို့သည် တနေ့ ခြင်းတွင် ရှုရိ ခြေသည် သူရဲတသိန်း ကိုသတ် ကြ၏။
וַיָּנֻ֨סוּ הַנּוֹתָרִ֥ים ׀ אֲפֵקָה֮ אֶל־הָעִיר֒ וַתִּפֹּל֙ הַחוֹמָ֔ה עַל־עֶשְׂרִ֨ים וְשִׁבְעָ֥ה אֶ֛לֶף אִ֖ישׁ הַנּוֹתָרִ֑ים וּבֶן־הֲדַ֣ד נָ֔ס וַיָּבֹ֥א אֶל־הָעִ֖יר חֶ֥דֶר בְּחָֽדֶר׃ ס | 30 |
၃၀ကျန် သောသူတို့သည် အာဖက် မြို့သို့ ပြေး ၍ မြို့ရိုး လဲ သဖြင့် နှစ်သောင်း ခုနစ်ထောင်ကို ဖိလေ၏။ ဗင်္ဟာဒဒ် သည် ပြေး ၍ မြို့ ထဲ အတွင်း အခန်း ၌ ပုန်းလျက် နေ၏။
וַיֹּאמְר֣וּ אֵלָיו֮ עֲבָדָיו֒ הִנֵּֽה־נָ֣א שָׁמַ֔עְנוּ כִּ֗י מַלְכֵי֙ בֵּ֣ית יִשְׂרָאֵ֔ל כִּֽי־מַלְכֵ֥י חֶ֖סֶד הֵ֑ם נָשִׂ֣ימָה נָּא֩ שַׂקִּ֨ים בְּמָתְנֵ֜ינוּ וַחֲבָלִ֣ים בְּרֹאשֵׁ֗נוּ וְנֵצֵא֙ אֶל־מֶ֣לֶךְ יִשְׂרָאֵ֔ל אוּלַ֖י יְחַיֶּ֥ה אֶת־נַפְשֶֽׁךָ׃ | 31 |
၃၁ဗင်္ဟာဒဒ်၏ ကျွန် တို့ကလည်း ၊ ဣသရေလ အမျိုးသား ရှင် ဘုရင်တို့သည် သနား တတ်သောမင်း ဖြစ် ကြောင်း ကို ကျွန်တော်တို့ ကြား ပါပြီ။ ကျွန်တော်တို့သည် လျှော်တေ အဝတ်ကို ဝတ် ၍၊ ခေါင်း ပေါ် မှာ ကြိုး ကို ရွက်လျက်၊ ဣသရေလ ရှင်ဘုရင် ထံသို့ ထွက် ရသောအခွင့် ကိုပေး တော်မူပါ။ အသက် တော်ကို ချမ်းသာ ပေးကောင်း ပေးပါလိမ့်မည်ဟု လျှောက် သည်အတိုင်း၊
וַיַּחְגְּרוּ֩ שַׂקִּ֨ים בְּמָתְנֵיהֶ֜ם וַחֲבָלִ֣ים בְּרָאשֵׁיהֶ֗ם וַיָּבֹ֙אוּ֙ אֶל־מֶ֣לֶךְ יִשְׂרָאֵ֔ל וַיֹּ֣אמְר֔וּ עַבְדְּךָ֧ בֶן־הֲדַ֛ד אָמַ֖ר תְּחִֽי־נָ֣א נַפְשִׁ֑י וַיֹּ֛אמֶר הַעוֹדֶ֥נּוּ חַ֖י אָחִ֥י הֽוּא׃ | 32 |
၃၂လျှော်တေ အဝတ်ကိုဝတ် ၍၊ ခေါင်း ပေါ် မှာ ကြိုး ကိုရွက်လျက် ၊ ဣသရေလ ရှင်ဘုရင် ထံသို့ ရောက် လျှင် ၊ ကိုယ်တော် ကျွန် ဗင်္ဟာဒဒ် က၊ ကျွန်တော် အသက် ကို ချမ်းသာ ပေးတော်မူပါဟု တောင်းပန် ကြောင်းကို လျှောက် ကြသော် ၊ အာဟပ်မင်းက၊ ငါ့ အစ်ကို သည် အသက် ရှင်သေး သလောဟုမေး ၏။
וְהָאֲנָשִׁים֩ יְנַחֲשׁ֨וּ וַֽיְמַהֲר֜וּ וַיַּחְלְט֣וּ הֲמִמֶּ֗נּוּ וַיֹּֽאמְרוּ֙ אָחִ֣יךָ בֶן־הֲדַ֔ד וַיֹּ֖אמֶר בֹּ֣אוּ קָחֻ֑הוּ וַיֵּצֵ֤א אֵלָיו֙ בֶּן־הֲדַ֔ד וַֽיַּעֲלֵ֖הוּ עַל־הַמֶּרְכָּבָֽה׃ | 33 |
၃၃ထိုသူတို့သည် အာဟပ်မင်း၏ စကားကို စေ့စေ့ နားထောင်၍ ၊ ချက်ခြင်း စကားအရိပ်ကို ဘမ်း လျက် ၊ ကိုယ်တော် အစ်ကို ဟူ၍မိမိတို့သခင်ကို ခေါ် ကြ၏။ အာဟပ်ကလည်းသွား ၍ ခေါ် ကြလော့ဟု စေလွှတ် သည် အတိုင်း ဗင်္ဟာဒဒ်သည် ထွက် လာ၍ ၊ အာဟပ်မင်းအခွင့် နှင့် ရထား တော်ပေါ် သို့ တက် ရ၏။
וַיֹּ֣אמֶר אֵלָ֡יו הֶעָרִ֣ים אֲשֶׁר־לָֽקַח־אָבִי֩ מֵאֵ֨ת אָבִ֜יךָ אָשִׁ֗יב וְ֠חוּצוֹת תָּשִׂ֨ים לְךָ֤ בְדַמֶּ֙שֶׂק֙ כַּאֲשֶׁר־שָׂ֤ם אָבִי֙ בְּשֹׁ֣מְר֔וֹן וַאֲנִ֖י בַּבְּרִ֣ית אֲשַׁלְּחֶ֑ךָּ וַיִּכְרָת־ל֥וֹ בְרִ֖ית וַֽיְשַׁלְּחֵֽהוּ׃ ס | 34 |
၃၄ဗင်္ဟာဒဒ်ကလည်း၊ ငါ့ အဘ သည် ကိုယ်တော် အဘ ၏ လက်မှ လုယူ သော မြို့ တို့ကို ငါပြန် ပေးပါမည်။ ငါ့ အဘ သည် ရှမာရိ မြို့၌ ရှုရိတန်းကို လုပ် သကဲ့သို့ ကိုယ်တော် သည် ဒမာသက် မြို့၌ ဣသရေလတန်းကို လုပ် ရပါသည်ဟုဆို လျက် ၊ အာဟပ်ကထိုသို့ မိဿဟာယ ဖွဲ့လျက်၊ သင့် ကို ငါလွှတ်လိုက် မည်ဟုဆို၍ မိဿဟာယ ဖွဲ့ လျက် လွှတ်လိုက် လေ၏။
וְאִ֨ישׁ אֶחָ֜ד מִבְּנֵ֣י הַנְּבִיאִ֗ים אָמַ֧ר אֶל־רֵעֵ֛הוּ בִּדְבַ֥ר יְהוָ֖ה הַכֵּ֣ינִי נָ֑א וַיְמָאֵ֥ן הָאִ֖ישׁ לְהַכֹּתֽוֹ׃ | 35 |
၃၅ပရောဖက် အမျိုးသား တယောက် က၊ ငါ့ ကို ရိုက် ပါလော့ဟု ထာဝရဘုရား ၏ နှုတ်ကပတ် တော် အတိုင်း အိမ်နီးချင်း အား ဆို ၏။ ထိုသူက ငါမရိုက် ပါဟု ငြင်းပယ် ၏။
וַיֹּ֣אמֶר ל֗וֹ יַ֚עַן אֲשֶׁ֤ר לֹֽא־שָׁמַ֙עְתָּ֙ בְּק֣וֹל יְהוָ֔ה הִנְּךָ֤ הוֹלֵךְ֙ מֵֽאִתִּ֔י וְהִכְּךָ֖ הָאַרְיֵ֑ה וַיֵּ֙לֶךְ֙ מֵֽאֶצְל֔וֹ וַיִּמְצָאֵ֥הוּ הָאַרְיֵ֖ה וַיַּכֵּֽהוּ׃ | 36 |
၃၆ပရောဖက်ကလည်း၊ ထာဝရဘုရား ၏ အမိန့် တော်ကို နား မ ထောင်သောကြောင့် ငါ့ ထံမှ သွား စဉ်တွင်၊ ခြင်္သေ့ သတ် လိမ့်မည်ဟုဆို သည်အတိုင်း ၊ ထိုသူသွား စဉ်တွင် ခြင်္သေ့ တွေ့ ၍ သတ် ၏။
וַיִּמְצָא֙ אִ֣ישׁ אַחֵ֔ר וַיֹּ֖אמֶר הַכֵּ֣ינִי נָ֑א וַיַּכֵּ֥הוּ הָאִ֖ישׁ הַכֵּ֥ה וּפָצֹֽעַ׃ | 37 |
၃၇အခြား သောသူ ကိုတွေ့ ၍ ငါ့ ကိုရိုက် ပါလော့ဟု ဆို ပြန်လျှင် ၊ ထိုသူသည် နာကျင် စွာရိုက် လေ၏။
וַיֵּ֙לֶךְ֙ הַנָּבִ֔יא וַיַּעֲמֹ֥ד לַמֶּ֖לֶךְ עַל־הַדָּ֑רֶךְ וַיִּתְחַפֵּ֥שׂ בָּאֲפֵ֖ר עַל־עֵינָֽיו׃ | 38 |
၃၈ထိုပရောဖက် သည်သွား ၍ မိမိ မျက်နှာ ကို ပုဝါ နှင့် ဖုံးအုပ် လျက် ရှင်ဘုရင် ကို ငံ့လင့် ၏။
וַיְהִ֤י הַמֶּ֙לֶךְ֙ עֹבֵ֔ר וְה֖וּא צָעַ֣ק אֶל־הַמֶּ֑לֶךְ וַיֹּ֜אמֶר עַבְדְּךָ֣ ׀ יָצָ֣א בְקֶֽרֶב־הַמִּלְחָמָ֗ה וְהִנֵּֽה־אִ֨ישׁ סָ֜ר וַיָּבֵ֧א אֵלַ֣י אִ֗ישׁ וַיֹּ֙אמֶר֙ שְׁמֹר֙ אֶת־הָאִ֣ישׁ הַזֶּ֔ה אִם־הִפָּקֵד֙ יִפָּקֵ֔ד וְהָיְתָ֤ה נַפְשְׁךָ֙ תַּ֣חַת נַפְשׁ֔וֹ א֥וֹ כִכַּר־כֶּ֖סֶף תִּשְׁקֽוֹל׃ | 39 |
၃၉ရှင် ဘုရင်သည် ရှောက်သွား သောအခါ ထိုသူက၊ ကိုယ်တော် ကျွန် သည် စစ်တိုက် သွား ပါ၏။ လူ တယောက်သည် စစ်ပွဲထဲကထွက်လာ၍ ကျွန်တော် ၌ လူတယောက်ကို အပ်သဖြင့် ဤ လူ ကိုစောင့် လော့။ တစုံတခုအားဖြင့်ပျောက် လျှင် သူ့ အသက် အတွက် သင့် အသက် သေရမည်။ သို့မဟုတ် ငွေ အခွက် တဆယ် လျော် ရမည်ဟု မှာထား သော်လည်း၊
וַיְהִ֣י עַבְדְּךָ֗ עֹשֵׂ֥ה הֵ֛נָּה וָהֵ֖נָּה וְה֣וּא אֵינֶ֑נּוּ וַיֹּ֨אמֶר אֵלָ֧יו מֶֽלֶךְ־יִשְׂרָאֵ֛ל כֵּ֥ן מִשְׁפָּטֶ֖ךָ אַתָּ֥ה חָרָֽצְתָּ׃ | 40 |
၄၀ကိုယ်တော် ကျွန် သည် အရပ်ရပ် ၌ အမှု များသောအခါ ၊ ထိုသူ ပျောက်ပါသည်ဟု လျှောက် လျှင် ၊ ဣသရေလ ရှင်ဘုရင် က၊ သင့် အမှုကို ထိုသို့ပင် စီရင်ရမည်။ သင့်ကိုယ်တိုင်လည်း စီရင်ပြီးဖြစ်သည်ဟု မိန့်တော်မူ ၏။
וַיְמַהֵ֕ר וַיָּ֙סַר֙ אֶת־הָ֣אֲפֵ֔ר מֵעֲלֵ֖י עֵינָ֑יו וַיַּכֵּ֤ר אֹתוֹ֙ מֶ֣לֶךְ יִשְׂרָאֵ֔ל כִּ֥י מֵֽהַנְּבִאִ֖ים הֽוּא׃ | 41 |
၄၁ထိုပရောဖက်သည်မျက်နှာဖုံး ပုဝါကို ချက်ခြင်း ပယ် သဖြင့် ၊ ပရောဖက် တစုံတပါးဖြစ်ကြောင်း ကို ဣသရေလ ရှင်ဘုရင် သိ ၏။
וַיֹּ֣אמֶר אֵלָ֗יו כֹּ֚ה אָמַ֣ר יְהוָ֔ה יַ֛עַן שִׁלַּ֥חְתָּ אֶת־אִישׁ־חֶרְמִ֖י מִיָּ֑ד וְהָיְתָ֤ה נַפְשְׁךָ֙ תַּ֣חַת נַפְשׁ֔וֹ וְעַמְּךָ֖ תַּ֥חַת עַמּֽוֹ׃ | 42 |
၄၂ပရောဖက်ကလည်း၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါကျိန် သောသူကို သင်လွှတ် သောကြောင့် ၊ သင့် အသက် သည် သူ့ အသက် အတွက် ၊ သင့် လူ တို့သည် သူ့ လူ တို့အတွက် အရှုံးခံရမည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို ၏။
וַיֵּ֧לֶךְ מֶֽלֶךְ־יִשְׂרָאֵ֛ל עַל־בֵּית֖וֹ סַ֣ר וְזָעֵ֑ף וַיָּבֹ֖א שֹׁמְרֽוֹנָה׃ פ | 43 |
၄၃ဣသရေလ ရှင် ဘုရင်သည် ညစ်ညူး သောစိတ် နှင့် ညှိုးငယ် လျက် ရှမာရိ မြို့၊ နန်း တော်သို့ သွား ၏။