< 1 דִּבְרֵי הַיָּמִים 17 >
וַיְהִ֕י כַּאֲשֶׁ֛ר יָשַׁ֥ב דָּוִ֖יד בְּבֵית֑וֹ וַיֹּ֨אמֶר דָּוִ֜יד אֶל־נָתָ֣ן הַנָּבִ֗יא הִנֵּ֨ה אָנֹכִ֤י יוֹשֵׁב֙ בְּבֵ֣ית הָֽאֲרָזִ֔ים וַאֲר֥וֹן בְּרִית־יְהוָ֖ה תַּ֥חַת יְרִיעֽוֹת׃ | 1 |
၁ယခုအခါဒါဝိဒ်မင်းသည် မိမိနန်းတော်တွင် စံမြန်းလျက်နေတော်မူလေပြီ။ တစ်နေ့သ၌ သူသည်ပရောဖက်နာသန်အားခေါ်ပြီးလျှင်``ငါ သည်အာရစ်သားနှင့်တည်ဆောက်သောနန်းတော် တွင်စံနေရ၏။ ဘုရားသခင်၏ပဋိညာဉ် သေတ္တာတော်မူကား တဲတော်၌ပင်ရှိနေပေ သည်'' ဟုမိန့်တော်မူ၏။
וַיֹּ֤אמֶר נָתָן֙ אֶל־דָּוִ֔יד כֹּ֛ל אֲשֶׁ֥ר בִּֽלְבָבְךָ֖ עֲשֵׂ֑ה כִּ֥י הָאֱלֹהִ֖ים עִמָּֽךְ׃ ס | 2 |
၂နာသန်က``အကြံအစည်တော်ရှိသည့်အတိုင်း ပြုတော်မူပါ။ ဘုရားသခင်သည်အရှင်မင်း ကြီးနှင့်အတူရှိတော်မူပါ၏'' ဟုလျှောက်၏။
וַֽיְהִ֖י בַּלַּ֣יְלָה הַה֑וּא וַיְהִי֙ דְּבַר־אֱלֹהִ֔ים אֶל־נָתָ֖ן לֵאמֹֽר׃ | 3 |
၃သို့ရာတွင်ထိုည၌ဘုရားသခင်သည်နာသန် အား၊
לֵ֤ךְ וְאָמַרְתָּ֙ אֶל־דָּוִ֣יד עַבְדִּ֔י כֹּ֖ה אָמַ֣ר יְהוָ֑ה לֹ֥א אַתָּ֛ה תִּבְנֶה־לִּ֥י הַבַּ֖יִת לָשָֽׁבֶת׃ | 4 |
၄``ငါ၏အစေခံဒါဝိဒ်ထံသို့သွား၍သူသည် ငါကျိန်းဝပ်ရန်ဗိမာန်တော်ကိုတည်ဆောက် ရမည့်သူမဟုတ်ကြောင်းပြောကြားလော့။-
כִּ֣י לֹ֤א יָשַׁ֙בְתִּי֙ בְּבַ֔יִת מִן־הַיּ֗וֹם אֲשֶׁ֤ר הֶעֱלֵ֙יתִי֙ אֶת־יִשְׂרָאֵ֔ל עַ֖ד הַיּ֣וֹם הַזֶּ֑ה וָֽאֶהְיֶ֛ה מֵאֹ֥הֶל אֶל־אֹ֖הֶל וּמִמִּשְׁכָּֽן׃ | 5 |
၅ဣသရေလအမျိုးသားတို့ကိုအီဂျစ်ပြည်မှ ထုတ်ဆောင်လာချိန်မှအစပြု၍ ငါသည်အဘယ် အခါမျှဗိမာန်တော်တွင်မကျိန်းမဝပ်ခဲ့။ တဲ တော်များတွင်သာလျှင်ကျိန်းဝပ်၍ တစ်နေရာ မှတစ်နေရာသို့ပြောင်းရွှေ့ခဲ့၏။-
בְּכֹ֥ל אֲשֶֽׁר־הִתְהַלַּכְתִּי֮ בְּכָל־יִשְׂרָאֵל֒ הֲדָבָ֣ר דִּבַּ֗רְתִּי אֶת־אַחַד֙ שֹׁפְטֵ֣י יִשְׂרָאֵ֔ל אֲשֶׁ֥ר צִוִּ֛יתִי לִרְע֥וֹת אֶת־עַמִּ֖י לֵאמֹ֑ר לָ֛מָּה לֹא־בְנִיתֶ֥ם לִ֖י בֵּ֥ית אֲרָזִֽים׃ | 6 |
၆ဣသရေလပြည်သားတို့နှင့်အတူလှည့်လည် သွားလာလေသမျှသောအရပ်တို့တွင် ငါသည် မိမိခန့်ထားသောမည်သည့်ခေါင်းဆောင်ကို မျှ`သင်တို့သည်ငါ၏အတွက်အာရစ်သား ဗိမာန်တော်ကို အဘယ်ကြောင့်မတည်မဆောက် သနည်း' ဟုမေးမြန်းခဲ့ဖူးသည်မရှိ။''
וְ֠עַתָּה כֹּֽה־תֹאמַ֞ר לְעַבְדִּ֣י לְדָוִ֗יד ס כֹּ֤ה אָמַר֙ יְהוָ֣ה צְבָא֔וֹת אֲנִ֤י לְקַחְתִּ֙יךָ֙ מִן־הַנָּוֶ֔ה מִֽן־אַחֲרֵ֖י הַצֹּ֑אן לִהְי֣וֹת נָגִ֔יד עַ֖ל עַמִּ֥י יִשְׂרָאֵֽל׃ | 7 |
၇``သို့ဖြစ်၍ငါ၏အစေခံဒါဝိဒ်အား၊ အနန္တ တန်ခိုးရှင်ထာဝရဘုရားမိန့်တော်မူသည် ကား`ငါသည်သင့်အားသိုးတို့ကိုထိန်းကျောင်း ရာမှခေါ်ယူ၍ ငါ၏လူမျိုးတော်ဣသရေလ အမျိုးသားတို့၏ဘုရင်အဖြစ်ဖြင့်ချီး မြှောက်တော်မူခဲ့၏။-
וָֽאֶהְיֶ֣ה עִמְּךָ֗ בְּכֹל֙ אֲשֶׁ֣ר הָלַ֔כְתָּ וָאַכְרִ֥ית אֶת־כָּל־אוֹיְבֶ֖יךָ מִפָּנֶ֑יךָ וְעָשִׂ֤יתִֽי לְךָ֙ שֵׁ֔ם כְּשֵׁ֥ם הַגְּדוֹלִ֖ים אֲשֶׁ֥ר בָּאָֽרֶץ׃ | 8 |
၈သင်သွားလေရာရာသို့သင်နှင့်အတူငါရှိ ခဲ့၏။ သင်၏လမ်းမှရန်သူအပေါင်းတို့ကို သုတ်သင်ဖျက်ဆီးခဲ့၏။ ကမ္ဘာမြေပေါ်တွင် အကြီးမြတ်ဆုံးသူများနည်းတူသင့်ကို ငါထင်ပေါ်ကျော်ကြားစေမည်။-
וְשַׂמְתִּ֣י מָ֠קוֹם לְעַמִּ֨י יִשְׂרָאֵ֤ל וּנְטַעְתִּ֙יהוּ֙ וְשָׁכַ֣ן תַּחְתָּ֔יו וְלֹ֥א יִרְגַּ֖ז ע֑וֹד וְלֹא־יוֹסִ֤יפוּ בְנֵי־עַוְלָה֙ לְבַלֹּת֔וֹ כַּאֲשֶׁ֖ר בָּרִאשׁוֹנָֽה׃ | 9 |
၉ငါသည်မိမိ၏လူမျိုးတော်ဖြစ်သောဣသရေလ အမျိုးသားတို့နေထိုင်ရန်အရပ်ကိုရွေးချယ်၍ သူ တို့အားနေရာချထားပေးခဲ့၏။ သူတို့သည်နောင် အဘယ်အခါ၌မျှဖိစီးနှိပ်စက်မှုကိုခံရ ကြလိမ့်မည်မဟုတ်။ ဤပြည်သို့ဝင်ရောက်လာ ချိန်မှအစပြု၍အကြမ်းဖက်သမားတို့၏ တိုက်ခိုက်မှုကိုခံခဲ့ရသော်လည်း နောင်အဘယ် အခါ၌မျှခံရကြတော့မည်မဟုတ်။ ငါ သည်သင်၏ရန်သူအပေါင်းကိုနှိမ်နင်းမည်၊ သင်၏အမျိုးအနွယ်ကိုလည်းတည်မြဲစေ မည်ဟူ၍ကတိပြု၏။-
וּלְמִיָּמִ֗ים אֲשֶׁ֨ר צִוִּ֤יתִי שֹֽׁפְטִים֙ עַל־עַמִּ֣י יִשְׂרָאֵ֔ל וְהִכְנַ֖עְתִּי אֶת־כָּל־אוֹיְבֶ֑יךָ וָאַגִּ֣ד לָ֔ךְ וּבַ֖יִת יִֽבְנֶה־לְּךָ֥ יְהוָֽה׃ | 10 |
၁၀
וְהָיָ֗ה כִּֽי־מָלְא֤וּ יָמֶ֙יךָ֙ לָלֶ֣כֶת עִם־אֲבֹתֶ֔יךָ וַהֲקִֽימוֹתִ֤י אֶֽת־זַרְעֲךָ֙ אַחֲרֶ֔יךָ אֲשֶׁ֥ר יִהְיֶ֖ה מִבָּנֶ֑יךָ וַהֲכִינוֹתִ֖י אֶת־מַלְכוּתֽוֹ׃ | 11 |
၁၁သင်သည်ကွယ်လွန်၍ဘိုးဘေးတို့၏သင်္ချိုင်း များအနီးတွင်သင်္ဂြိုဟ်ခြင်းကိုခံရသော အခါ ငါသည်သင့်သားတစ်ယောက်ကိုဘုရင် အဖြစ်ချီးမြှင့်၍သူ၏နိုင်ငံကိုတည်တံ့ ခိုင်မြဲစေမည်။-
ה֥וּא יִבְנֶה־לִּ֖י בָּ֑יִת וְכֹנַנְתִּ֥י אֶת־כִּסְא֖וֹ עַד־עוֹלָֽם׃ | 12 |
၁၂သူသည်ငါ၏အတွက်ဗိမာန်တော်တစ်ဆောင် ကိုတည်ဆောက်လိမ့်မည်။ ငါသည်လည်းသူ၏ မင်းဆက်ကိုထာဝစဉ်တည်မြဲစေမည်။-
אֲנִי֙ אֶֽהְיֶה־לּ֣וֹ לְאָ֔ב וְה֖וּא יִֽהְיֶה־לִּ֣י לְבֵ֑ן וְחַסְדִּי֙ לֹא־אָסִ֣יר מֵֽעִמּ֔וֹ כַּאֲשֶׁ֣ר הֲסִיר֔וֹתִי מֵאֲשֶׁ֥ר הָיָ֖ה לְפָנֶֽיךָ׃ | 13 |
၁၃ငါသည်သူ၏အဖဖြစ်လိမ့်မည်။ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည်။ ငါသည်သင့်အားဘုရင် အဖြစ်ဖြင့်ချီးမြှောက်နိုင်ရန်ရှောလုကိုဖယ် ရှား၍ ငါ၏အထောက်အကူကိုသူ့ထံမှ ရုတ်သိမ်းသကဲ့သို့ သင်၏သားထံမှရုတ်သိမ်း လိမ့်မည်မဟုတ်။-
וְהַֽעֲמַדְתִּ֛יהוּ בְּבֵיתִ֥י וּבְמַלְכוּתִ֖י עַד־הָעוֹלָ֑ם וְכִסְא֕וֹ יִהְיֶ֥ה נָכ֖וֹן עַד־עוֹלָֽם׃ | 14 |
၁၄ငါ၏လူမျိုးတော်နှင့်ငါ့နိုင်ငံတော်ကိုထာဝ စဉ်စောင့်ရှောက်ရန် သူ့ကိုတာဝန်ပေးအပ်မည်။ သူ၏မင်းဆက်သည်အဘယ်အခါ၌မျှ ပြတ်ရလိမ့်မည်မဟုတ်' ဟုပြောကြားလော့'' ဟူ၍နာသန်အားမိန့်တော်မူ၏။
כְּכֹל֙ הַדְּבָרִ֣ים הָאֵ֔לֶּה וּכְכֹ֖ל הֶחָז֣וֹן הַזֶּ֑ה כֵּ֛ן דִּבֶּ֥ר נָתָ֖ן אֶל־דָּוִֽיד׃ פ | 15 |
၁၅နာသန်သည်ဘုရားသခင်ဖွင့်ပြတော်မူသော ဗျာဒိတ်တော်မှန်သမျှကို ဒါဝိဒ်အားပြန် ကြားလျှောက်ထားလေ၏။
וַיָּבֹא֙ הַמֶּ֣לֶךְ דָּוִ֔יד וַיֵּ֖שֶׁב לִפְנֵ֣י יְהוָ֑ה וַיֹּ֗אמֶר מִֽי־אֲנִ֞י יְהוָ֤ה אֱלֹהִים֙ וּמִ֣י בֵיתִ֔י כִּ֥י הֲבִיאֹתַ֖נִי עַד־הֲלֹֽם׃ | 16 |
၁၆ဒါဝိဒ်မင်းသည်တဲတော်ထဲသို့ဝင်၍ထာဝရ ဘုရား၏ရှေ့တော်၌ထိုင်ပြီးလျှင်``အို ထာဝရ အရှင်ဘုရားသခင်၊ ကျွန်တော်မျိုးနှင့်ကျွန် တော်မျိုး၏အိမ်ထောင်စုသည် ကိုယ်တော်ရှင် ပြုတော်မူသောကျေးဇူးတော်အပေါင်းနှင့် မထိုက်တန်ပါ။-
וַתִּקְטַ֨ן זֹ֤את בְּעֵינֶ֙יךָ֙ אֱלֹהִ֔ים וַתְּדַבֵּ֥ר עַל־בֵּֽית־עַבְדְּךָ֖ לְמֵרָח֑וֹק וּרְאִיתַ֗נִי כְּת֧וֹר הָאָדָ֛ם הַֽמַּעֲלָ֖ה יְהוָ֥ה אֱלֹהִֽים׃ | 17 |
၁၇သို့ရာတွင်ကိုယ်တော်ရှင်သည်ဤထက်မက ပို၍ပင် ကျေးဇူးပြုတော်မူလျက်ရှိပါ၏။ နောင်လာလတ္တံ့သောနှစ်များတွင်ကျွန်တော်မျိုး ၏သားမြေးတို့အတွက် မည်သို့ပြုတော်မူမည် ကိုကတိထားတော်မူပါပြီ။ အို ထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော် မျိုးအားကြီးမြတ်သူတစ်ဦးအဖြစ်ကြို တင်၍သိမှတ်တော်မူပါပြီ။-
מַה־יּוֹסִ֨יף ע֥וֹד דָּוִ֛יד אֵלֶ֖יךָ לְכָב֣וֹד אֶת־עַבְדֶּ֑ךָ וְאַתָּ֖ה אֶֽת־עַבְדְּךָ֥ יָדָֽעְתָּ׃ | 18 |
၁၈ဤထက်ပို၍မည်သို့လျှောက်ထားရပါမည် နည်း။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ အကြောင်းကိုကောင်းစွာသိတော်မူသော်လည်း ကိုယ်တော်ရှင်၏အစေခံကျွန်တော်မျိုးအား ချီးမြှင့်မြှောက်စားတော်မူပါ၏။-
יְהוָ֕ה בַּעֲב֤וּר עַבְדְּךָ֙ וּֽכְלִבְּךָ֔ עָשִׂ֕יתָ אֵ֥ת כָּל־הַגְּדוּלָּ֖ה הַזֹּ֑את לְהֹדִ֖יעַ אֶת־כָּל־הַגְּדֻלּֽוֹת׃ | 19 |
၁၉အနာဂတ်ကာလ၌ကျွန်တော်မျိုးကြီးမြတ် လာမည်ကိုဖော်ပြရန် ကျွန်တော်မျိုးအတွက် အလိုတော်နှင့်အကြံအစည်တော်အရ ဤ သို့ပြုတော်မူခြင်းပင်ဖြစ်ပါ၏။-
יְהוָה֙ אֵ֣ין כָּמ֔וֹךָ וְאֵ֥ין אֱלֹהִ֖ים זוּלָתֶ֑ךָ בְּכֹ֥ל אֲשֶׁר־שָׁמַ֖עְנוּ בְּאָזְנֵֽינוּ׃ | 20 |
၂၀အို ထာဝရဘုရား၊ ကိုယ်တော်ရှင်နှင့်အဘယ် သူမျှမတူပါ။ ကျွန်တော်မျိုးတို့အစဉ်သိ မြင်သည်အတိုင်း ကိုယ်တော်ရှင်သာလျှင် ဘုရားသခင်ဖြစ်တော်မူပါ၏။-
וּמִי֙ כְּעַמְּךָ֣ יִשְׂרָאֵ֔ל גּ֥וֹי אֶחָ֖ד בָּאָ֑רֶץ אֲשֶׁר֩ הָלַ֨ךְ הָאֱלֹהִ֜ים לִפְדּ֧וֹת ל֣וֹ עָ֗ם לָשׂ֤וּם לְךָ֙ שֵׁ֚ם גְּדֻלּ֣וֹת וְנֹרָא֔וֹת לְגָרֵ֗שׁ מִפְּנֵ֧י עַמְּךָ֛ אֲשֶׁר־פָּדִ֥יתָ מִמִּצְרַ֖יִם גּוֹיִֽם׃ | 21 |
၂၁ကမ္ဘာမြေကြီးပေါ်တွင်ဣသရေလလူမျိုးနှင့် တူသောလူမျိုးမရှိပါ။ သူတို့အားကိုယ်တော် ရှင်သည်မိမိပိုင်တော်မူသောလူမျိုးတော်ဖြစ် လာစေရန် ကျွန်ဘဝမှကယ်ဆယ်တော်မူခဲ့ ပါ၏။ သူတို့အတွက်ကိုယ်တော်ပြုတော်မူ သောကြီးမြတ်၍အံ့သြဖွယ်ကောင်းသည့် အမှုများကြောင့် ဂုဏ်သတင်းတော်သည်ကမ္ဘာ သို့ပျံ့နှံ့ပါ၏။ ကိုယ်တော်ရှင်သည်မိမိ၏ လူစုတော်အားအီဂျစ်ပြည်မှကယ်ဆယ် တော်မူခဲ့ပြီးလျှင် သူတို့ချီတက်လာကြ သောအခါအခြားလူမျိုးအပေါင်းတို့ ကိုနှင်ထုတ်တော်မူပါ၏။-
וַ֠תִּתֵּן אֶת־עַמְּךָ֨ יִשְׂרָאֵ֧ל ׀ לְךָ֛ לְעָ֖ם עַד־עוֹלָ֑ם וְאַתָּ֣ה יְהוָ֔ה הָיִ֥יתָ לָהֶ֖ם לֵאלֹהִֽים׃ | 22 |
၂၂ဣသရေလအမျိုးသားတို့အား ကိုယ်တော်ရှင် ထာဝစဉ်ပိုင်တော်မူသောလူမျိုးတော်ဖြစ်စေ တော်မူပါပြီ။ အို ထာဝရဘုရား၊ ကိုယ်တော် ရှင်သည်သူတို့၏ဘုရားသခင်ဖြစ်လာတော် မူပါပြီ။
וְעַתָּ֣ה יְהוָ֔ה הַדָּבָ֗ר אֲשֶׁ֨ר דִּבַּ֤רְתָּ עַֽל־עַבְדְּךָ֙ וְעַל־בֵּית֔וֹ יֵאָמֵ֖ן עַד־עוֹלָ֑ם וַעֲשֵׂ֖ה כַּאֲשֶׁ֥ר דִּבַּֽרְתָּ׃ | 23 |
၂၃``သို့ဖြစ်၍ထာဝရဘုရား၊ ကျွန်တော်မျိုး နှင့်သားမြေးတို့အတွက်ကိုယ်တော်ရှင်ပြု တော်မူသောကတိတော်ကို ယခုပင်အကောင် အထည်ပေါ်စေတော်မူပါ။ ကိုယ်တော်ရှင်ပြု တော်မူမည်ဟုအမိန့်တော်ရှိသည်အတိုင်း အစဉ်ပင်ပြုတော်မူပါ။-
וְ֠יֵֽאָמֵן וְיִגְדַּ֨ל שִׁמְךָ֤ עַד־עוֹלָם֙ לֵאמֹ֔ר יְהוָ֤ה צְבָאוֹת֙ אֱלֹהֵ֣י יִשְׂרָאֵ֔ל אֱלֹהִ֖ים לְיִשְׂרָאֵ֑ל וּבֵית־דָּוִ֥יד עַבְדְּךָ֖ נָכ֥וֹן לְפָנֶֽיךָ׃ | 24 |
၂၄ကိုယ်တော်ရှင်၏သတင်းတော်သည်ထင်ပေါ် ကျော်ကြားပါလိမ့်မည်။ လူတို့ကလည်း`အနန္တ တန်ခိုးရှင်ထာဝရဘုရားသည် ဣသရေလ အမျိုးသားအပေါင်းတို့၏ဘုရားဖြစ်တော် မူ၏' ဟုအစဉ်အမြဲမြွက်ဆိုကြပါလိမ့် မည်။ ကျွန်တော်မျိုး၏ရာဇပလ္လင်ကိုလည်း ထာဝစဉ်တည်စေတော်မူပါလိမ့်မည်။-
כִּ֣י ׀ אַתָּ֣ה אֱלֹהַ֗י גָּלִ֙יתָ֙ אֶת־אֹ֣זֶן עַבְדְּךָ֔ לִבְנ֥וֹת ל֖וֹ בָּ֑יִת עַל־כֵּן֙ מָצָ֣א עַבְדְּךָ֔ לְהִתְפַּלֵּ֖ל לְפָנֶֽיךָ׃ | 25 |
၂၅ကိုယ်တော်ရှင်သည်မိမိ၏အစေခံကျွန်တော် မျိုးအား ဤအမှုအရာအလုံးစုံကိုဖွင့်ပြ တော်မူသောကြောင့်လည်းကောင်း၊ ကျွန်တော် မျိုး၏သားမြေးတို့အားဘုရင်အဖြစ်ဖြင့် ချီးမြှင့်မြှောက်စားတော်မူမည်ဟုမိန့်တော် မူသောကြောင့်လည်းကောင်းကျွန်တော်မျိုး သည် ဤဆုတောင်းပတ္ထနာကိုကျွန်တော်မျိုး ၏ဘုရားထံတော်သို့တင်လျှောက်ဝံ့ခြင်း ဖြစ်ပါ၏။-
וְעַתָּ֣ה יְהוָ֔ה אַתָּה־ה֖וּא הָאֱלֹהִ֑ים וַתְּדַבֵּר֙ עַֽל־עַבְדְּךָ֔ הַטּוֹבָ֖ה הַזֹּֽאת׃ | 26 |
၂၆အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ဘုရားသခင်ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးအား ဤအံ့သြဖွယ်သောကတိတော်ကိုပေး တော်မူပါပြီ။-
וְעַתָּ֗ה הוֹאַ֙לְתָּ֙ לְבָרֵךְ֙ אֶת־בֵּ֣ית עַבְדְּךָ֔ לִהְי֥וֹת לְעוֹלָ֖ם לְפָנֶ֑יךָ כִּֽי־אַתָּ֤ה יְהוָה֙ בֵּרַ֔כְתָּ וּמְבֹרָ֖ךְ לְעוֹלָֽם׃ פ | 27 |
၂၇ကျွန်တော်မျိုး၏သားမြေးတို့သည်ကိုယ်တော် ရှင်၏ရှေ့တော်၌ဆက်လက်၍မျက်နှာရကြ စေရန် သူတို့အားကောင်းချီးပေးတော်မူပါ ဟုပန်ကြားလျှောက်ထားပါ၏။ အို ထာဝရ ဘုရား၊ ကိုယ်တော်ရှင်သည်သူတို့အားကောင်း ချီးပေးတော်မူပါပြီ။ သူတို့သည်ကိုယ်တော် ရှင်၏ကောင်းချီးမင်္ဂလာကိုအစဉ်အမြဲ ခံစားရကြပါစေသော'' ဟုဆုတောင်း သတည်း။