< תְהִלִּים 68 >

לַמְנַצֵּ֥חַ לְדָוִ֗ד מִזְמֹ֥ור שִֽׁיר׃ יָק֣וּם אֱ֭לֹהִים יָפ֣וּצוּ אֹויְבָ֑יו וְיָנ֥וּסוּ מְ֝שַׂנְאָ֗יו מִפָּנָֽיו׃ 1
ဘု​ရား​သ​ခင်​သည်​ထ​တော်​မူ​၍​ကိုယ်​တော်​၏ ရန်​သူ​များ​ကို​ကွဲ​လွင့်​စေ​တော်​မူ​၏။ ကိုယ်​တော်​ကို​မုန်း​သော​သူ​တို့​သည်​အ​ရေး​နိမ့်​၍ ထွက်​ပြေး​ကြ​၏။
כְּהִנְדֹּ֥ף עָשָׁ֗ן תִּ֫נְדֹּ֥ף כְּהִמֵּ֣ס דֹּ֭ונַג מִפְּנֵי־אֵ֑שׁ יֹאבְד֥וּ רְ֝שָׁעִ֗ים מִפְּנֵ֥י אֱלֹהִֽים׃ 2
ကိုယ်​တော်​သည်​သူ​တို့​အား​လေ​တွင်​လွင့်​ပါ သွား​သော မီး​ခိုး​ကဲ့​သို့​လွင့်​စင်​သွား​စေ​တော်​မူ​၏။ ဖ​ယောင်း​သည်​မီး​ရှေ့​တွင်​အ​ရည်​ပျော်​သ​ကဲ့​သို့ လူ​ယုတ်​မာ​တို့​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တွင် သေ​ကျေ​ပျက်​စီး​ကြ​၏။
וְֽצַדִּיקִ֗ים יִשְׂמְח֣וּ יַֽ֭עַלְצוּ לִפְנֵ֥י אֱלֹהִ֗ים וְיָשִׂ֥ישׂוּ בְשִׂמְחָֽה׃ 3
သူ​တော်​ကောင်း​တို့​မူ​ကား​ကိုယ်​တော်​၏​ရှေ့​တော်​တွင် ဝမ်း​မြောက်​ရွှင်​လန်း​ကြ​၏။ သူ​တို့​သည်​အ​လွန်​ပင်​ပျော်​ရွှင်​ကြ​၍ ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​ကြ​၏။
שִׁ֤ירוּ ׀ לֵֽאלֹהִים֮ זַמְּר֪וּ שְׁ֫מֹ֥ו סֹ֡לּוּ לָרֹכֵ֣ב בָּ֭עֲרָבֹות בְּיָ֥הּ שְׁמֹ֗ו וְעִלְז֥וּ לְפָנָֽיו׃ 4
ဘု​ရား​သ​ခင်​အား​သီ​ချင်း​ဆို​ကြ​လော့။ ကိုယ်​တော်​၏​နာ​မ​တော်​အား​ထော​မ​နာ သီ​ချင်း​ဆို​ကြ​လော့။ မိုး​တိမ်​ကို​စီး​တော်​မူ​သော​အ​ရှင်​၏​အ​တွက် လမ်း​ခ​ရီး​ကို​ပြင်​ဆင်​ကြ​လော့။ ထို​အ​ရှင်​၏​နာ​မ​တော်​ကား​ထာ​ဝ​ရ​ဘု​ရား ဖြစ်​သ​တည်း။ ကိုယ်​တော်​၏​ရှေ့​တော်​တွင်​ဝမ်း​မြောက်​ကြ​လော့။
אֲבִ֣י יְ֭תֹומִים וְדַיַּ֣ן אַלְמָנֹ֑ות אֱ֝לֹהִ֗ים בִּמְעֹ֥ון קָדְשֹֽׁו׃ 5
သန့်​ရှင်း​မြင့်​မြတ်​သည့်​ဗိ​မာန်​တော်​တွင် ကိန်း​ဝပ်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် မိ​ဘ​မဲ့​သူ​များ​ကို​စောင့်​ရှောက်​၍​မု​ဆိုး​မ များ​ကို ကာ​ကွယ်​တော်​မူ​၏။
אֱלֹהִ֤ים ׀ מֹ֘ושִׁ֤יב יְחִידִ֨ים ׀ בַּ֗יְתָה מֹוצִ֣יא אֲ֭סִירִים בַּכֹּושָׁרֹ֑ות אַ֥ךְ סֹ֝ורֲרִ֗ים שָׁכְנ֥וּ צְחִיחָֽה׃ 6
ကိုယ်​တော်​သည်​အ​ဖော်​မဲ့​သူ​တို့​အား​အိမ် ထောင်​နှင့် နေ​ထိုင်​ခွင့်​ကို​ပေး​တော်​မူ​၍ အ​ကျဉ်း​ခံ​ရ​သူ​တို့​ကို​အ​နှောင်​အ​ဖွဲ့​မှ လွတ်​မြောက်​စေ​တော်​မူ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​အား​ပုန်​ကန်​ကြ​သူ​တို့ သည်​ကား သွေ့​ခြောက်​သည့်​အ​ရပ်​တွင်​နေ​ထိုင်​ကြ​ရ​လိမ့်​မည်။
אֱ‍ֽלֹהִ֗ים בְּ֭צֵאתְךָ לִפְנֵ֣י עַמֶּ֑ךָ בְּצַעְדְּךָ֖ בִֽישִׁימֹ֣ון סֶֽלָה׃ 7
အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​လူ​စု​တော်​အား လမ်း​ပြ​ပို့​ဆောင်​ကာ​တော​ကန္တာ​ရ​ကို​ဖြတ်​၍ ချီ​တက်​တော်​မူ​သော​အ​ခါ​၌
אֶ֤רֶץ רָעָ֨שָׁה ׀ אַף־שָׁמַ֣יִם נָטְפוּ֮ מִפְּנֵ֪י אֱלֹ֫הִ֥ים זֶ֥ה סִינַ֑י מִפְּנֵ֥י אֱ֝לֹהִ֗ים אֱלֹהֵ֥י יִשְׂרָאֵֽל׃ 8
မြေ​ကြီး​သည်​တုန်​လှုပ်​၍​မိုး​ကောင်း​ကင်​မှ မိုး​ရွာ​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် သိ​နာ​တောင်​၏​ဘု​ရား​တည်း​ဟူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သည် ကြွ​လာ​တော်​မူ​သော​ကြောင့်​ဖြစ်​ပါ​၏။
גֶּ֣שֶׁם נְ֭דָבֹות תָּנִ֣יף אֱלֹהִ֑ים נַחֲלָתְךָ֥ וְ֝נִלְאָ֗ה אַתָּ֥ה כֹֽונַנְתּֽ͏ָהּ׃ 9
ကိုယ်​တော်​ရှင်​သည်​မိုး​ကို​သည်း​ထန်​စွာ​ရွာ​စေ သ​ဖြင့် ပင်​ပန်း​နွမ်း​နယ်​လျက်​နေ​သည့်​ပြည်​တော်​ကို ပြန်​လည်​၍​လန်း​ဆန်း​စေ​တော်​မူ​ပါ​၏။
חַיָּתְךָ֥ יָֽשְׁבוּ־בָ֑הּ תָּ֤כִ֥ין בְּטֹובָתְךָ֖ לֶעָנִ֣י אֱלֹהִֽים׃ 10
၁၀ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​သည်​ထို​အ​ရပ်​တွင် နေ​ထိုင်​ကြ​၏။ ဆင်း​ရဲ​နွမ်း​ပါး​သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏ ကောင်း​မြတ်​တော်​မူ​ခြင်း​ကြောင့်​ဖူ​လုံ​လျက်​ရှိ ကြ​ပါ​၏။
אֲדֹנָ֥י יִתֶּן־אֹ֑מֶר הַֽ֝מְבַשְּׂרֹ֗ות צָבָ֥א רָֽב׃ 11
၁၁ဘု​ရား​ရှင်​အ​မိန့်​တော်​ရှိ​၍​အ​မျိုး​သ​မီး အ​မြောက်​အ​မြား​သည် ``ရှင်​ဘု​ရင်​များ​နှင့်​သူ​တို့​၏​စစ်​သည်​ဗိုလ်​ခြေ တို့​သည် ဆုတ်​ပြေး​ကြ​လေ​ပြီ'' ဟု​သ​တင်း​လွှင့်​ကြ​၏။ အ​မျိုး​သ​မီး​တို့​သည်​မိ​မိ​တို့​အိမ်​များ​တွင် လက်​ရ​ပစ္စည်း​များ​ကို​ခွဲ​ဝေ​ကြ​၏။
מַלְכֵ֣י צְ֭בָאֹות יִדֹּד֣וּן יִדֹּד֑וּן וּנְוַת בַּ֝֗יִת תְּחַלֵּ֥ק שָׁלָֽל׃ 12
၁၂
אִֽם־תִּשְׁכְּבוּן֮ בֵּ֪ין שְׁפַ֫תָּ֥יִם כַּנְפֵ֣י יֹ֭ונָה נֶחְפָּ֣ה בַכֶּ֑סֶף וְ֝אֶבְרֹותֶ֗יהָ בִּֽירַקְרַ֥ק חָרֽוּץ׃ 13
၁၃ယင်း​ပစ္စည်း​များ​မှာ​ရွှေ​ရောင်​ပြောင်​လက်​သော အ​မွေး​အ​တောင်​များ​ရှိ​သည့် ငွေ​ဖြင့်​ဖုံး​အုပ်​သော​ချိုး​ငှက်​ရုပ်​များ​ဖြစ်​သည်။ (သင်​တို့​အ​ချို့​သည်​စစ်​ပွဲ​ဝင်​သော​နေ့​တွင် အ​ဘယ်​ကြောင့်​သိုး​ခြံ​များ​၌​နေ​ခဲ့​သ​နည်း။)
בְּפָ֘רֵ֤שׂ שַׁדַּ֓י מְלָ֘כִ֤ים בָּ֗הּ תַּשְׁלֵ֥ג בְּצַלְמֹֽון׃ 14
၁၄အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​သည် ဇာ​လ​မုန်​တောင်​ပေါ်​တွင်​ဘု​ရင်​မင်း​တို့​ကို ကွဲ​လွင့်​စေ​တော်​မူ​သော​အ​ခါ​ထို​တောင်​ပေါ် တွင် မိုး​ပွင့်​များ​ကျ​စေ​တော်​မူ​၏။
הַר־אֱ֭לֹהִים הַר־בָּשָׁ֑ן הַ֥ר גַּ֝בְנֻנִּ֗ים הַר־בָּשָֽׁן׃ 15
၁၅ဗာ​ရှန်​တောင်​သည်​လွန်​စွာ​ကြီး​မား​လှ​ပါ​ပေ​သည်။ တောင်​ထိပ်​များ​စွာ​ရှိ​သည့်​တောင်​ဖြစ်​ပါ​သည် တ​ကား။
לָ֤מָּה ׀ תְּֽרַצְּדוּן֮ הָרִ֪ים גַּבְנֻ֫נִּ֥ים הָהָ֗ר חָמַ֣ד אֱלֹהִ֣ים לְשִׁבְתֹּ֑ו אַף־יְ֝הוָ֗ה יִשְׁכֹּ֥ן לָנֶֽצַח׃ 16
၁၆ကြီး​မား​သည့်​တောင်​ထိပ်​များ​မှ​သင်​သည် အ​ဘယ်​ကြောင့်​ဘု​ရား​သ​ခင်​ကိန်း​ဝပ်​တော် မူ​ရန် ရွေး​ချယ်​ထား​သည့်​တောင်​တော်​ကို​မ​ထီ​လေး​စား စိတ်​ဖြင့်​ကြည့်​ပါ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​ထို​တောင်​ပေါ်​တွင်​ထာ​ဝ​စဉ် ကိန်း​ဝပ်​တော်​မူ​မည်။
רֶ֤כֶב אֱלֹהִ֗ים רִבֹּתַ֣יִם אַלְפֵ֣י שִׁנְאָ֑ן אֲדֹנָ֥י בָ֝֗ם סִינַ֥י בַּקֹּֽדֶשׁ׃ 17
၁၇ထာ​ဝ​ရ​ဘု​ရား​သည်​အင်​အား​ကြီး​မား​သည့် စစ်​ရ​ထား​ထောင်​ပေါင်း​များ​စွာ​နှင့် သိ​နာ​တောင်​မှ​သန့်​ရှင်း​မြင့်​မြတ်​သည့် အ​ရပ်​သို့ ကြွ​လာ​တော်​မူ​၏။
עָ֘לִ֤יתָ לַמָּרֹ֨ום ׀ שָׁ֘בִ֤יתָ שֶּׁ֗בִי לָקַ֣חְתָּ מַ֭תָּנֹות בָּאָדָ֑ם וְאַ֥ף סֹ֝ורְרִ֗ים לִשְׁכֹּ֤ן ׀ יָ֬הּ אֱלֹהִֽים׃ 18
၁၈ကိုယ်​တော်​သည်​သုံ့​ပန်း​များ​ကို​ခေါ်​ဆောင်​၍ မြင့်​သော​အ​ရပ်​သို့​တက်​ကြွ​တော်​မူ​၏။ ကိုယ်​တော်​သည်​ပုန်​ကန်​သူ​တို့​၏​ထံ​မှ လက်​ဆောင်​ပဏ္ဏာ​များ​ကို​ခံ​ယူ​တော်​မူ​၏။ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်​ထို​အ​ရပ် တွင် ကိန်း​ဝပ်​တော်​မူ​မည်။
בָּ֤ר֣וּךְ אֲדֹנָי֮ יֹ֤ום ׀ יֹ֥ום יַֽעֲמָס־לָ֗נוּ הָ֘אֵ֤ל יְֽשׁוּעָתֵ֬נוּ סֶֽלָה׃ 19
၁၉ငါ​တို့​၏​ဝန်​ထုပ်​များ​ကို​နေ့​စဉ်​နေ့​တိုင်း သယ်​ဆောင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​သည်​ငါ​တို့​ကို​ကယ်​တော်​မူ​သော ဘု​ရား​ဖြစ်​တော်​မူ​၏။
הָ֤אֵ֣ל ׀ לָנוּ֮ אֵ֤ל לְֽמֹושָׁ֫עֹ֥ות וְלֵיהוִ֥ה אֲדֹנָ֑י לַ֝מָּ֗וֶת תֹּוצָאֹֽות׃ 20
၂၀ငါ​တို့​၏​ဘု​ရား​သည်​ကယ်​တော်​မူ​သော​ဘု​ရား ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​ကား​ထာ​ဝ​ရ​ဘု​ရား၊ ငါ​တို့​အား​သေ​ဘေး​မှ​ကယ်​ဆယ်​တော် မူ​သော ငါ​တို့​၏​ဘု​ရား​ရှင်​ဖြစ်​တော်​မူ​၏။
אַךְ־אֱלֹהִ֗ים יִמְחַץ֮ רֹ֤אשׁ אֹ֫יְבָ֥יו קָדְקֹ֥ד שֵׂעָ֑ר מִ֝תְהַלֵּ֗ךְ בַּאֲשָׁמָֽיו׃ 21
၂၁ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​ရန်​သူ​များ​နှင့် အ​ပြစ်​ပြု​မြဲ​ပြု​နေ​သူ​များ​၏​ဦး​ခေါင်း​ကို ဧ​ကန်​အ​မှန်​ခုတ်​ဖြတ်​တော်​မူ​လိမ့်​မည်။
אָמַ֣ר אֲ֭דֹנָי מִבָּשָׁ֣ן אָשִׁ֑יב אָ֝שִׁ֗יב מִֽמְּצֻלֹ֥ות יָֽם׃ 22
၂၂ဘု​ရား​သ​ခင်​က``သင်​တို့​သည်​ရန်​သူ​များ​၏ သွေး​အိုင်​တွင်​လျှောက်​သွား​နိုင်​ကြ​စေ​ရန်​နှင့် သင်​တို့​၏​ခွေး​များ​သည်​သူ​တို့​၏​သွေး​ကို အ​လို​ရှိ​သ​မျှ​လျက်​သောက်​နိုင်​ကြ​စေ​ရန် သူ​တို့​အား​ဗာ​ရှန်​ပြည်​မှ​ငါ​ပြန်​လည်​ခေါ်​ဆောင် ခဲ့​မည်။ သ​မုဒ္ဒ​ရာ​ရေ​နက်​ကြီး​ထဲ​မှ​ပြန်​လည်​ခေါ်​ဆောင် ခဲ့​မည်'' ဟု​မိန့်​တော်​မူ​၏။
לְמַ֤עַן ׀ תִּֽמְחַ֥ץ רַגְלְךָ֗ בְּ֫דָ֥ם לְשֹׁ֥ון כְּלָבֶ֑יךָ מֵאֹיְבִ֥ים מִנֵּֽהוּ׃ 23
၂၃
רָא֣וּ הֲלִיכֹותֶ֣יךָ אֱלֹהִ֑ים הֲלִ֘יכֹ֤ות אֵלִ֖י מַלְכִּ֣י בַקֹּֽדֶשׁ׃ 24
၂၄အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​အောင်​စစ်​ချီ​တော်​မူ​ခြင်း၊ ကျွန်​တော်​မျိုး​၏​အ​ရှင်​ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​သို့​ကြွ​ဝင်​တော်​မူ​ခြင်း​ကို လူ​ပေါင်း​တို့​တွေ့​မြင်​ကြ​ပါ​၏။
קִדְּמ֣וּ שָׁ֭רִים אַחַ֣ר נֹגְנִ֑ים בְּתֹ֥וךְ עֲ֝לָמֹ֗ות תֹּופֵפֹֽות׃ 25
၂၅သီ​ချင်း​သီ​ဆို​သူ​များ​သည်​ရှေ့​မှ​လိုက်​၍ တူ​ရိ​ယာ​တီး​မှုတ်​သူ​များ​က​နောက်​မှ​လိုက် ကြ​ပါ​၏။ ပတ်​သာ​တီး​မှုတ်​သူ​အ​မျိုး​သ​မီး​ငယ်​များ​က​မူ အ​လယ်​မှ​လိုက်​ပါ​ကြ​ပါ​၏။
בְּֽ֭מַקְהֵלֹות בָּרְכ֣וּ אֱלֹהִ֑ים יְ֝הוָ֗ה מִמְּקֹ֥ור יִשְׂרָאֵֽל׃ 26
၂၆ကိုယ်​တော်​၏​လူ​စု​တော်​အ​စည်း​အ​ဝေး​တွင် ဘု​ရား​သ​ခင်​အား​ထော​မ​နာ​ပြု​လော့။ ယာ​ကုပ်​၏​သား​မြေး​အ​ပေါင်း​တို့၊ထာ​ဝ​ရ ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။
שָׁ֤ם בִּנְיָמִ֨ן ׀ צָעִ֡יר רֹדֵ֗ם שָׂרֵ֣י יְ֭הוּדָה רִגְמָתָ֑ם שָׂרֵ֥י זְ֝בֻל֗וּן שָׂרֵ֥י נַפְתָּלִֽי׃ 27
၂၇ချီ​တက်​လာ​သော​ထို​လူ​စု​ထဲ​တွင်​ဦး​စွာ အ​ငယ်​ဆုံး​ဖြစ်​သော​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​များ၊ ထို​နောက်​ယု​ဒ​ခေါင်း​ဆောင်​များ​နှင့်​အ​နွယ် ဝင်​များ၊ သူ​တို့​နောက်​မှ​ဇာ​ဗု​လုန်​နှင့်​န​ဿ​လိ ခေါင်း​ဆောင်​များ​နှင့်​အ​နွယ်​ဝင်​များ​လိုက်​ပါ ကြ​၏။
צִוָּ֥ה אֱלֹהֶ֗יךָ עֻ֫זֶּ֥ךָ עוּזָּ֥ה אֱלֹהִ֑ים ז֝֗וּ פָּעַ֥לְתָּ לָּֽנוּ׃ 28
၂၈အို ဘု​ရား​သ​ခင်၊ ရှင်​ဘု​ရင်​များ​ကိုယ်​တော်​ထံ​လက်​ဆောင်​များ ဆက်​သ​ရာ​ယေ​ရု​ရှင်​လင်​မြို့​ရှိ​ဗိ​မာန်​တော်​မှ ကျွန်​တော်​မျိုး​တို့​အ​တွက်​အ​သုံး​ပြု​တော်​မူ ခဲ့​သော တန်​ခိုး​တော်​ကို​ပြ​တော်​မူ​ပါ။
מֵֽ֭הֵיכָלֶךָ עַל־יְרוּשָׁלָ֑͏ִם לְךָ֤ יֹובִ֖ילוּ מְלָכִ֣ים שָֽׁי׃ 29
၂၉
גְּעַ֨ר חַיַּ֪ת קָנֶ֡ה עֲדַ֤ת אַבִּירִ֨ים ׀ בְּעֶגְלֵ֬י עַמִּ֗ים מִתְרַפֵּ֥ס בְּרַצֵּי־כָ֑סֶף בִּזַּ֥ר עַ֝מִּ֗ים קְרָבֹ֥ות יֶחְפָּֽצוּ׃ 30
၃၀ကူ​တော​မှ​သား​ရဲ​တိ​ရစ္ဆာန်​ဖြစ်​သည့်​အီ​ဂျစ် ပြည်​ကို ဆုံး​မ​တော်​မူ​ပါ။ နွား​လား​ဥ​သ​ဘ​များ​နှင့်​နောက်​လိုက် နွား​ပျို​များ​တည်း​ဟူ​သော​လူ​မျိုး​များ သည် ကိုယ်​တော်​ရှင်​အား​ဦး​ညွှတ်​ပျပ်​ဝပ်​၍ လက်​ဆောင် ပဏ္ဏာ​ဆက်​သ​လာ​သည်​တိုင်​အောင်​သူ​တို့​အား ဆုံး​မ​တော်​မူ​ပါ။ စစ်​တိုက်​ရန်​နှစ်​သက်​သော​လူ​မျိုး​တို့​ကို​ကွဲ​လွင့် စေ​တော်​မူ​ပါ။
יֶאֱתָ֣יוּ חַ֭שְׁמַנִּים מִנִּ֣י מִצְרָ֑יִם כּ֥וּשׁ תָּרִ֥יץ יָ֝דָ֗יו לֵאלֹהִֽים׃ 31
၃၁အီ​ဂျစ်​ပြည်​မှ​သံ​တ​မန်​များ​သည်​အ​ထံ တော်​သို့ လာ​ကြ​ပါ​လိမ့်​မည်။ ဆူ​ဒန်​ပြည်​သား​တို့​သည်​လက်​အုပ်​ချီ​၍ ဘု​ရား​သ​ခင်​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထနာ ပြု​ကြ​ပါ​လိမ့်​မည်။
מַמְלְכֹ֣ות הָ֭אָרֶץ שִׁ֣ירוּ לֵאלֹהִ֑ים זַמְּר֖וּ אֲדֹנָ֣י סֶֽלָה׃ 32
၃၂လော​က​နိုင်​ငံ​အ​ပေါင်း​တို့၊ဘု​ရား​သ​ခင်​အား သီ​ချင်း​ဆို​၍​ချီး​မွမ်း​ကြ​လော့။ ရှေး​မ​ဆွ​က​တည်​ရှိ​နေ​သည့်​မိုး​ကောင်း​ကင်​တွင် ကြွ​မြန်း​တော်​မူ​သော​ဘု​ရား​ရှင်​အား ထော​မ​နာ​သီ​ချင်း​ဆို​ကြ​လော့။ ကျယ်​စွာ​မိန့်​မြွက်​တော်​မူ​သော​အ​သံ​ကို နား​ထောင်​ကြ​လော့။
לָ֭רֹכֵב בִּשְׁמֵ֣י שְׁמֵי־קֶ֑דֶם הֵ֥ן יִתֵּ֥ן בְּ֝קֹולֹו קֹ֣ול עֹֽז׃ 33
၃၃
תְּנ֥וּ עֹ֗ז לֵֽאלֹ֫הִ֥ים עַֽל־יִשְׂרָאֵ֥ל גַּאֲוָתֹ֑ו וְ֝עֻזֹּ֗ו בַּשְּׁחָקִֽים׃ 34
၃၄ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော်​ကို​ထုတ်​ဖော် ကြေ​ညာ​ကြ​လော့။ ကိုယ်​တော်​၏​ဂုဏ်​ကျက်​သ​ရေ​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ်​တွင်​လွှမ်း​မိုး​၍ ကိုယ်​တော်​၏​ဘုန်း​အာ​နု​ဘော်​တော်​သည် မိုး​ကောင်း​ကင်​၌​ထင်​ရှား​လျက်​ရှိ​၏။
נֹ֤ורָ֥א אֱלֹהִ֗ים מִֽמִּקְדָּ֫שֶׁ֥יךָ אֵ֤ל יִשְׂרָאֵ֗ל ה֤וּא נֹתֵ֨ן ׀ עֹ֖ז וְתַעֲצֻמֹ֥ות לָעָ֗ם בָּר֥וּךְ אֱלֹהִֽים׃ 35
၃၅သန့်​ရှင်း​ရာ​ဌာ​န​တော်​မှ​ကြွ​လာ​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် သည် ရို​သေ​ကြောက်​ရွံ့​ဖွယ်​ဖြစ်​ပါ​သည်​တ​ကား။ ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​အား​တန်​ခိုး​နှင့် စွမ်း​ရည်​ကို​ပေး​တော်​မူ​၏။ ဘု​ရား​သ​ခင်​အား​ထော​မ​နာ​ပြု​ကြ​လော့။

< תְהִלִּים 68 >